blank

MPT က မြန်မာပြည်တစ်ဝှမ်းရှိ သွေးလှူဌာနများတွင် သွေးလှူဒါန်းမှုများပြုလုပ်

Published 15 Jun 2017

(ရန်ကုန်၊ ဇွန်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်) – နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MPT ဝန်ထမ်းများသည် ကမ္ဘာသွေးလှူရှင်များနေ့တွင် ပြည်သူများနှင့်အတူ တညီတညွတ်တည်းဖြင့် သွေးလှူဒါန်းမှုများကို လုပ်ဆောင်ခဲ့ပါသည်။

သွေးလှူဒါန်းခြင်းသည် ကျန်းမာရေးနှင့် အရေးပေါ်ဝန်ဆောင်မှုများတွင် အရေးပါပြီး အလွန်ပင်မွန်မြတ်သော ဒါနတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကြိုတင်စီစဉ်ထားသော ကုသမှုများနှင့် အရေးပေါ်သွေးသွင်းကုသခြင်းများအတွက် သွေးသည် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသော လူနာများအား လူ့ဘဝတွင်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် အကူအညီဖြစ်စေသည့်အပြင် ရှုပ်ထွေးသော ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက်လည်း အသုံးဝင်လှပါသည်။ ထိခိုက်ဒဏ်ရာရရှိသူများအားလုံး (သဘာဝဘေးအန္တရာယ်၊ ယာဉ်မတော်တဆမှု စသည်များ) ကို အရေးပေါ်ကုသခြင်းအတွက် သွေးမှာ အရေးပါလှပြီး သားသည်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်မှုတို့တွင် အသက်ကယ်ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် MPTသည် ၎င်းတို့၏ဝန်ထမ်းများနှင့် သုံးစွဲသူများကို အလှူဒါနပြုရန် တိုက်တွန်းအားပေးခဲ့ကာ ရန်ကုန်နှင့် မန္တလေးရှိ သွေးလှူဌာနများတွင် MPT ဝန်ထမ်းများ ရာနှင့်ချီပြီးသွေးလှူဒါန်းခဲ့ကာ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရှမ်း၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်ပြည်နယ် အစရှိသဖြင့် တိုင်းနှင့်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာဒေသခံ ဝန်ထမ်းများမှ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

“နိုင်ငံအနှံ့အပြားက သွေးလှူဌာနတွေမှာ သွေးလှူဒါန်းခဲ့သူတွေအားလုံးကို MPT ကိုယ်စား ကျွန်တော့အနေနဲ့ ကျေးဇူးတင်ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းပွဲကို ကျင်းပခဲ့ပါတယ်။ အခုဆိုရင်တော့ ဒုတိယအကြိမ်မြောက် အဖွဲ့လိုက် သွေးလှူဒါန်းမှုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတစ်ခေါက်မှာပိုပြီး လုံ့လစိုက် ဆောင်ရွက်နိုင်တဲ့အတွက် အလွန်ပဲကျေနပ် နှစ်သက်မိပါတယ်” ဟု KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino ကပြောကြားခဲ့ပါသည်။
“သွေးကို မကြာခဏ လှူဒါန်းခြင်းကြောင့် အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ပြည်သူများအနေနဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ကို အကြောင်းပြုပြီး တစ်နှစ်ပတ်လုံး သွေးလှူဒါန်းခြင်းရဲ့ အရေးပါမှုကို ပိုမို သိမြင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။” ဟုလည်း ၎င်းက ထပ်လောင်းပြာကြားခဲ့ပါသည်။

ပြည်သူများအနေဖြင့် အဖိုးတန်သောသွေးကို တစ်နှစ်တာလုံး မည်သည့်အချိန်တွင်မဆို ဒါနပြုလှူဒါန်း နိုင်ကြရန်လည်း MPT က တိုက်တွန်းအပ်ပါသည်။ သွေးလှူဒါန်းလိုသူများအနေဖြင့် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်နှင့် လှူဒါန်းမှုပြုလုပ်လိုပါက https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar