blank

MPT က “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ဟူသော အမည်ဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အသိပညာမြှင့်တင်သည့် လှုပ်ရှားမှု စတင်

Published 30 Oct 2017

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သန့်ရှင်းရေးအတွက်ရည်ရွယ်၍ MPT ၏ သန့်ရှင်းရေးလှုပ်ရှားမှုအစီအစဉ်သစ်ကို မန္တလေးမြို့တွင်စတင်ကျင်းပပြုလုပ်ခဲ့

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်) _ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သန့်ရှင်းရေးအတွက် နိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းများထံသို့ လှုံ့ဆော်တိုက်တွန်းမှု ပြုလုပ်မည့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှု အစီအစဉ်တစ်ခုကို MPT က စတင်လိုက်ပြီ ဖြစ်သည်။ “သန့်ရှင်းခေတ်မီ ရှေ့သို့ချီ” ဟူသော ဆောင်ပုဒ်နှင့်အတူ လွန်ခဲ့သည့် ရက်သတ္တပတ် ကုန်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ (၂၉၊ အောက်တိုဘာ) က မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည့် အဆိုပါအစီအစဉ်မှာဘေးကင်းလုံခြုံပြီး သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေရေးအရေးပါပုံ နှင့် ယင်းတို့အတွက် လူတိုင်းတွင်တဝန်ရှိကြောင်းကို မီးမောင်းထိုးပြရန်အတွက်ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

MPT က ဦးဆောင်ကျင်းပသည့် အဆိုပါအစီအစဉ်ကို မန္တလေး အပါအဝင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ေ မာ်လမြိုင်၊ ဧရာဝတီစသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခု၌ ၂၀၁၇ အောက်တိုဘာလမှ ၂၀၁၈ ဖေဖော်ဝါရီလအထိ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ သဘာဝပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အသိပညာပေးလှု့ဆော်မှု အစီအစဉ်တွင် အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်စေရန် စီမံဆောင်ရွက်ခြင်း၊ လမ်းများ၊ ပန်းခြံများ၊ ရေမြောင်းများ နှင့် အခြားသောနေရာများ၊ အများပြည်သူပိုင်နေရာများရှိ အမှိုက်များ
ရှင်းလင်းခြင်းနှင့် သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ရှိခြင်းကြောင်း လူမှုအဖွဲ့အစည်းကရရှိမည့် အကျိုးကျေးဇူးများကိုပါ သိရှိစေရန်အတွက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလို အသိပညာမြှင့်တင်သည့် အစီအစဉ်စတင်မှုအဖြစ် MPT ၏ မန္တလေးတိုင်းဒေသကြီးမှ အဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) တို့မှဝန်ထမ်းများနှင့် ဒေသခံ စေတနာ့ဝန်ထမ်း အဖွဲ့များအပါအဝင် စုစုပေါင်း လူ ၅၀၀ ကျော်တို့ပူးပေါင်းပြီး မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးပြင်ဦးလွင် ကားလမ်းပေါ်ရှိ ပန်းရံတော်ချောင်းတံတားမှ သမ္မတောရွာအထိ အမှိုက်ကောက်သန့်ရှင်းရေး ကို ဆောင်ရွက်ခဲ့ကာ အမှိုက်အိတ်ဒါဇင်ပေါင်းများစွာကို ကောက်ယူပြီး သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန်အတွက်ကြိုးပမ်းမှုကို ဖော်ပြခဲ့ပါသည်။

MPT-KSGM Joint Operations ၏ COO ဖြစ်သော Mr. Yoshiaki Benino က “MPT အနေနဲ့ တာဝန်သိတဲ့ လုပ်ငန်းတစ်ခုဖြစ်တာနဲ့အညီ ကျန်းမာရေးကိုမထိခိုက်စေဘဲ သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပျိုးထောင်ဖို့၊ လက်ရှိနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအတွက် ကောင်းမွန် သန်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းမှာ ရှိနေသူတွေကို အားပေးလိုပါတယ်။ အခုလို လူမှုအဖွဲ့အစည်းအတွက်ကာလရှည်ကြာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ရပ်တွေကိုပူးပေါင်းဆောင်ရွက်ခြင်းကတစ်ဆင့် ရည်ရှည်မှာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစေနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လာစေမှာဖြစ်ပြီး အခြားအချက်တွေဖြစ်တဲ့ လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်တားဆီး နိုင်ဖို့အတွက်လည်း အရမ်းကို အရေးပါတဲ့
လုပ်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။” ဟုပြောကြားသည်။

လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်ကာဆောင်ရွက်နေသည့် MPT အနေဖြင့် မြန်မာ့လူမှု အဖွဲ့အစည်းများအကြား လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းများအတွက်ရေရှည်အပေါင်းလက္ခဏာဆောင်သော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက်လည်း သင့်လျော်သော အခွင့်အလမ်းများကို ဆက်လက်ရှာဖွေလျက်ရှိပါသည်။ MPT အနေဖြင့် ကျန်းမာရေး၊ ပညာရေး၊
သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအပြင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ရေရရှိရေး၊ ရေရှည်တည့်တံ့စေမည့် သဘာဝပတ်ဝန်းကျင်တစ်ခုအတွက် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုအပါအဝင် လူမှုအကျိုးပြု လုပ်ငန်းများစွာအတွက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

လာမည့်နှစ်အတွက်အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ပိုမိုရရှိစေရန်ရည်ရွယ်ထားသည့်MPT အနေဖြင့် “တူညီလှမ်းချီမျိုးဆက်သစ်တို့အနာဂတ်ဆီ” ဟူသော ဆောင်ပုဒ်ဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း စီစဉ်ထားပါသည်။ MPT အနေဖြင့် ရည်ရွယ်ထားသည့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် မတူညီသော အဖွဲ့အစည်းအမျိုးမျိုးနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းတို့ကိုလည်း မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

best operator in Myanmar