ALSFD_1800x550

MPT က realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် “အလန်းစား Friday” ဒီဂျစ်တယ်ကံစမ်းမဲအစီအစဥ်ကို ဆက်လက်ဆောင်ရွက်

Published 20 Apr 2023

MPT က အစဥ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် “အလန်းစား Friday” ကံစမ်းမဲအစီအစဥ်ကို ဆက်လက်ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် “အလန်းစား Friday” ဒီဂျစ်တယ်ကံစမ်းမဲအစီအစဥ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ကံစမ်းမဲကာလမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁) ရက်မှ မေလ (၅) ရက်အထိဖြစ်ပြီး ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွား မည်ဖြစ်ပါသည်။

MPT မှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် “ အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲအစီအစဥ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါအစီအစဥ်မှ “realme 10” ဖုန်းဟန်းဆက် (၁၀)လုံး အတွက် ကံထူးရှင် (၁၀) ဦး ထွက်ပေါ်လာခဲ့ ပြီးဖြစ်ပါသည်။ MPT အနေဖြင့် “ အလန်းစား Friday” ၏ ပထမဆုံး ကံစမ်းမဲအစီအစဥ်တွင် ပါဝင်ခဲ့သည့် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ယခုအစီအစဉ်တွင်လည်း ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်းလိုပါသည်။

MPT သုံးစွဲသူများအားလုံး ယခုကံစမ်းမဲအစီအစဥ်တွင် ပါဝင်နိုင်ပြီး သုံးစွဲသူများသည် (၉၇၉) ကျပ်နှင့်အထက် “အလန်းစား Friday” ပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း(သို့) *777# သို့ ခေါ်ဆိုခြင်းများမှတဆင့်

သောကြာနေ့တိုင်း သို့မဟုတ် ပရိုမိုးရှင်းကာလအတွင်း မိမိနှစ်သက်ရာ သောကြာနေ့ (ဧပြီလ (၂၁)ရက်၊(၂၈)ရက် နှင့် မေလ (၅) ရက်) တွင် ဝယ်ယူပြီး၊  MPT4U application သို့ သွားရောက်၍ ထိပေါက် ကစားခြင်းဖြင့် realme C55 နှင့် 10Pro+ တို့ကို ချက်ချင်း ကံထူးနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ကံစမ်းမဲအစီအစဥ် များရှိသော မည်သည့်သောကြာနေ့တွင်မဆို အလန်းစား Friday ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူကံစမ်းနိုင်ပြီး ဆုအရေအတွက် မကုန်မချင်း ကံထူးနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအားလုံးအနေဖြင့် ဆုလက်ဆောင်များကို အောက်ပါဇယားအတိုင်း ရရှိကံထူးနိုင်မည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်များကို https://mpt.com.mm/mm/a-lann-sar-friday-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပရိုမိုးရှင်း သတ်မှတ်ရက်များရရှိနိုင်မည့်ဆုများအရေအတွက်
၂၁-၄-၂၀၂၃realme C55 - ၁ လုံး
realme 10Pro+ - ၂ လုံး
၃ လုံး
၂၈-၄-၂၀၂၃realme C55 - ၁ လုံး
realme 10Pro+ - ၂ လုံး
၃ လုံး
၅-၅-၂၀၂၃realme C55 - ၂ လုံး
realme 10Pro+ - ၂ လုံး
၄ လုံး
စုစုပေါင်း၁၀ လုံး

သက်ဆိုင်ရာ အပတ်စဉ်အလိုက် ကံထူးရှင်များကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

ဝယ်ယူသုံးစွဲသူများသည် “အလန်းစား Friday” ပက်ကေ့ချ်များအတွက် Data Carry Plus – (အလိုအလျောက် သက်တမ်းတိုး) ပက်ကေ့ချ်များ နှင့် ပုံမှန် Data Carry Plus ပက်ကေ့ချ်များ ကို MPT4U အက်ပလီကေးရှင်း(သို့) *777# သို့ ခေါ်ဆိုခြင်းများမှတဆင့် ဝယ်ယူကာ MPT4U application တွင် သွားရောက်ပြီး ထိပေါက် ကံစမ်းခြင်းအားဖြင့် အဆိုပါ ကံထူးဆုများအပြင် 200 GB အထိ ရရှိ ကံထူးနိုင်မည့် ထိပေါက်ကစားခွင့်လည်း ရရှိမည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်ပြီး များများဝယ်ယူလေလေ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်ပါသည်၊၊
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar