pr-mm-desktop

MPT က “ဇိမ်ဇိမ်” ပရိုမိုးရှင်း အစီအစဉ်၏ အထူးဆု Brand-New Leapmotor B10 EV ကား သစ်ကြီးကို ကံထူးရှင်ထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့

Published 16 Sep 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်] – MPT သည် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ အထူးဆုဖြစ်သည့် Brand-New Leapmotor B10 EV ကားသစ်ကြီးကို  ရှမ်းပြည်နယ်၊ ပင်လုံမြို့မှ အထူးဆုကံထူးရှင် ဦးခွန်အောင်သာထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ LOTTE HOTEL YANGON ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ MPT ၏ စီမံခန့်ခွဲမှုအရာရှိကြီးများ၊ ကံထူးရှင်နှင့် မိသားစုဝင်များ၊ မီဒီယာ မိတ်ဆွေများ တက်ရောက်ခဲ့ကြပါသည်။

MPT ၏ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး သုံးစွဲသူများအတွက် စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် Brand-New Leapmotor B10 EV ကား အထူးဆုအပြင် ငွေသားဆု ကျပ်သိန်း ၃၀ တန် ဆုများကို ကံထူးရှင် ၁၅ ဦး၊ iPhone 17 ဆုများကို ကံထူးရှင် (၃) ဦးနှင့် အခြားကံထူးရှင်များအတွက် Data ဆုများကိုလည်း ပေးအပ်ခဲ့ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Koichi KAWASE က “ကျွန်တော်တို့ရဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်း အစီအစဉ်မှာ အထူးဆု ကံထူးရှင်ဖြစ်တဲ့ ဦးခွန်အောင်သာ ဆီ Leapmotor B10 EV ကားအသစ်စက်စက် လွှဲပြောင်းပေးအပ်ရင်း အခုလို ကြည်နူးဖွယ်အခိုက်အတန့်ကို အတူတကွ ဆင်နွှဲခွင့်ရတဲ့တွက် အလွန် ဝမ်းမြောက်မိပါတယ်။ ဒီဆုလက်ဆောင်က ကံထူးရှင် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ  ပိုပြီးအဆင်ပြေစေသလို ပျော်ရွှင်ဖွယ်အခိုက်အတန့်တွေကို ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီအစီအစဉ်ရဲ့ ကံထူးရှင်တွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ရပြီး ကျွန်တော်တို့ရဲ့ အစီအစဉ်တွေမှာ အမြဲ ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ သုံးစွဲသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုတန်ဖိုးရှိတဲ့ ဆုလက်ဆောင်တွေ ပေးအပ်မယ့် စိတ်လှုပ်ရှားဖွယ် ပရိုမိုးရှင်း အစီအစဉ်တွေကို ဆက်လက် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှ အထူးဆုကံထူးရှင် ဦးခွန်အောင်သာက ၎င်း၏ ဝမ်းမြောက်ဝမ်းသာဖြစ်မှုကို ယခုလိုပြောကြားခဲ့ပါသည်။ “ MPT ရဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကနေတစ်ဆင့် ဒီ EV ကားသစ်ကြီးကို ကံထူးခွင့် ရရှိခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိသလို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်က ပက်ကေ့ချ်တွေကို ဝယ်ယူရင်း ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ကံစမ်းမဲလက်မှတ်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ကံထူးရှင်ဖြစ်လာမယ်လို့တော့ လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။ ဒီကားက ကျွန်တော့်မိသားစုအတွက် အများကြီး အထောက်အကူဖြစ်စေသလို နေ့စဉ်ဘဝကိုလည်း ပိုမိုအဆင်ပြေချောမွေ့စေမယ်လို့ ယုံကြည်ပါတယ်။ ဒီလို အမှတ်တရဖြစ်ဖွယ် အခွင့်အရေးအတွက် MPT ကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်။ MPT ဆက်လက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”

ပြည်တွင်းဦဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ နောက်ဆုံးရ သတင်းအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပရိုမိုးရှင်းအစီအစဉ်များကို သိရှိနိုင်ရန်အတွက် MPT ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာများကို စောင့်ကြည့်ကြဖို့အတွက် တိုက်တွန်းအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar