MPT က “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ် နောက်ဆုံးအကြိမ် ကံထူးရှင်ရွေးချယ်ပွဲကိုအောင်မြင်စွာကျင်းပခဲ့ပြီး အထူးဆု အသစ်စက်စက် Leapmotor B10 EV ကား ကံထူးရှင် နှင့် အခြားကံထူးရှင်များပေါ်ထွက်လာ
(ရန်ကုန်၊၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်) _ MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် (၃) လ ကြာဆောင်ရွက်ခဲ့သည့် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပါသည်။ ပရိုမိုးရှင်းကာလအတွင်း သုံးစွဲသူများသည် အချိန်မရွေး MPT4U အက်ပလီကေးရှင်းကို အသုံးပြုကာ ဂိမ်းများကစားပြီး နေ့စဉ် ဒေတာဆုများ နှင့် လစဉ် ကံစမ်းမဲ အစီအစဉ်တွင်လည်းပါဝင်နိုင်ပြီး ငွေသားဆုများ၊ iPhone 17 များ နှင့် အထူးဆု အသစ်စက်စက် Leapmotor B10 EV ကားတစ်စီးကို ကံထူးနိုင်သည့် အခွင့်အရေးများကို ရရှိခဲ့ကြပါသည်။
MPT သည် “ဇိမ်ဇိမ်”ပရိုမိုးရှင်းအစီအစဉ် နောက်ဆုံးအကြိမ် ကံထူးရှင် ရွေးချယ်ပွဲ တိုက်ရိုက် (Live) ထုတ်လွှင့်မှု အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ခဲ့ပြီး သုံးစွဲသူများနှင့် အများပြည်သူများ အနေဖြင့် ကံထူးရှင် ရွေးချယ်မှုကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ခဲ့ပါသည်။
မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်မှ ဇွန်လ (၃၀) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်သည် MPT သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ယုံကြည်အားပေးမှုနှင့် ဆက်လက်ပံ့ပိုးပေးမှုများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ပေးထားသော အစီအစဉ် ဖြစ်ပါသည်။ ပရိုမိုးရှင်းအစီအစဉ်တစ်လျှောက်လုံးတွင် ပါဝင်ခဲ့သည့် သုံးစွဲသူများအား ဆုလက်ဆောင်အမျိုးမျိုး ရရှိနိုင်မည့် အခွင့်အလမ်းများ ပေးအပ်ခဲ့ပြီး အဆိုပါအစီအစဉ်သည် MPT ၏ ယခုနှစ်အတွင်း သုံးစွဲသူများအား အကြီးမားဆုံးသော ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်များထဲမှ တစ်ခု ဖြစ်ပါသည်။
အသစ်စက်စက် Leapmotor B10 EV ကား အထူးဆု ကံထူးရှင်ဖြစ်သည့် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်မှ ဦးခွန်အောင်သာ က “ကျွန်တော် MPT ကို အသုံးပြုတာဆိုရင် နှစ်ပေါင်းများစွာ ရှိပါပြီ။ အထူးဆု EV ကား ကံထူးလိမ့်မယ်လို့လည်း လုံးဝ မမျှော်လင့်ထားပါဘူး။ ဒီဆုကံထူးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ MPT ကိုလည်း ဆက်လက်အားပေးသွားမှာ ဖြစ်ပါတယ်။ MPT ဒီထက်မက အောင်မြင်ပါစေလို့” ယခုကဲ့သို့ မျှဝေပြောကြားခဲ့ပါသည်။
နောက်ဆုံးအကြိမ် ကံထူးရှင်ရွေးချယ်ပွဲတွင် အထူးဆု အသစ်စက်စက် Leapmotor B10 EV ကား ကံထူးရှင်တစ်ဦးအား ရွေးချယ်ခဲ့သည့်အပြင် ငွေသားဆု ကျပ်သိန်း (၃၀) ကံထူးရှင် (၅) ဦးနှင့် iPhone 17 ကံထူးရှင် တစ်ဦး ရွေးချယ်ခဲ့ပါသည်။ ကံထူးရှင်များရွေးချယ်ခြင်းကို ပရိုမိုးရှင်းအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
MPT သည် “ဇိမ်ဇိမ်” ပရိုမိုးရှင်း၏ ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးခဲ့ပြီး ဖြစ်ပါသည်။ MPT က အထူးဆု၊ ငွေသားဆုနှင့် iPhone 17 ဆုရရှိသူများ အားလုံးကို ဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဒေတာဆုလက်ဆောင်များကိုလည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကံထူးရှင်များ၏ အကောင့်များထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး ဖြစ်ပါသည်။


MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Koichi KAWASE က “မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူတွေရဲ့ စဉ်ဆက်မပြတ်ယုံကြည်အားပေးမှုနဲ့ ဆက်လက်ပံ့ပိုးပေးမှုတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီပရိုမိုးရှင်းအစီအစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ်။ ဒီနေ့ရဲ့ ကံထူးရှင်တွေ အထူးသဖြင့် အထူးဆုကြီးဖြစ်တဲ့ အသစ်စက်စက် Leapmotor B10 EV ကား ကံထူးခဲ့တဲ့ ကံထူးရှင် နဲ့ အခြားကံထူးသူအားလုံးကိုလည်း ဂုဏ်ပြုလိုက်ရပါတယ်။ ဒီပရိုမိုးရှင်းအစီအစဉ်တစ်လျှောက်လုံးမှာ ပါဝင်ခဲ့တဲ့ သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုတန်ဖိုးရှိတဲ့ အကျိုးကျေးဇူးတွေနဲ့ ဆုလက်ဆောင်အတွေ့အကြုံတွေ ပေးစွမ်းနိုင်မယ့် စိတ်လှုပ်ရှားဖွယ်ရာပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေကိုလည်း ဆက်လက် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူများနှင့် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်တွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့သည့် သုံးစွဲသူများအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။
MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။



