pr-mm-desktop

၅ မိနစ်နှင့်အထက်ဖုန်းပြောဆိုမှုများအတွက် ဒေတာ (၁၀) ဆ ပေးအပ်မည့် MPT ၏ “ ပိုပြော ပိုရ” အစီအစဉ်ဖြင့် ပွဲတော်ကာလများအတွင်း ချစ်ခင်ရသူများနှင့် မပြတ်တမ်း ဆက်သွယ်နိုင်ပြီ

Published 30 Oct 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ‌အောက်တိုဘာလ (၃၀) ရက်] – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT က တန်ဆောင်တိုင်မှ နှစ်သစ်ကူးအထိ ကျရောက်သည့် ပွဲတော်ကာလများ အတွင်း နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုထူးခြားသည့် တန်ဖိုးများနှင့် အကျိုးခံစားခွင့်များ ပေးအပ်နိုင်ရန် ရည်ရွယ်၍   “ပိုပြော ပိုရ” အထူးပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်အထိ ပြုလုပ်သွားမည့် ယခုလိုအစီအစဉ်မှတစ်ဆင့် MPT သုံးစွဲသူများက ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ချစ်ခင်ရသူများထံ ဖုန်းခေါ်ဆိုခြင်း ပြုလုပ်ရုံဖြင့်  ဒေတာလက်ဆောင်များ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။  

“ပိုပြော ပိုရ” ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ရန် ဆွေသဟာ အစီအစဉ် ကြိုတင်ငွေဖြည့်စနစ်သုံး သုံးစွဲသူများသည် *7711# သို့ အခမဲ့တစ်ကြိမ် ခေါ်ဆိုစာရင်းပေးသွင်းခြင်းကို ပြုလုပ်ပြီးသည့်နောက် သုံးသလောက်ပေးနှုန်းထားဖြင့် (၅) မိနစ်နှင့် အထက် ဖုန်းခေါ်ဆိုမှုတိုင်းအတွက် စုစုပေါင်းဖုန်းခေါ်ဆိုမှုကြာချိန်၏ (၁၀) ဆနှင့်ညီမျှသော (၂) ရက်သုံး ဒေတာလက်ဆောင် (MB) များကို ရရှိမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စုစုပေါင်း (၁၀) မိနစ် ဖုန်းခေါ်ဆိုမှုအတွက် ဒေတာလက်ဆောင် ၁၀၀ MB ရရှိမည်ဖြစ်ပြီး၊ စုစုပေါင်း (၂၀) မိနစ် ဖုန်းခေါ်ဆိုမှုအတွက် ဒေတာလက်ဆောင် ၂၀၀ MBကို ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ဖုန်းပြောဆိုချိန် ပိုကြာမြင့်သည်နှင့်အမျှ ဒေတာလက်ဆောင်များကိုလည်း အချိုးကျ တိုးမြှင့်ရရှိနိုင်မည် ဖြစ်ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Koichi KAWASE က “MPT အနေနဲ့  အတူလက်တွဲအမြဲရှိမည် ဆိုတဲ့ ကတိကဝတ်ကို လက်ကိုင်ထားပြီး သုံးစွဲသူတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ပိုမိုကောင်းမွန်စေဖို့နဲ့  ပိုပြီးတန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေ နိုင်ငံတစ်ဝန်းမှာ ပေးအပ်နိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အခုလို ပျော်စရာကောင်းလှတဲ့ ပွဲတော်ကာလတွေကို ရောက်ရှိလာချိန်မှာ မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နေနိုင်ဖို့က ပိုပြီးအရေးကြီးလာပါတယ်။ ဒါကြောင့် “ပိုပြော ပိုရ” ပရိုမိုးရှင်းအစီအစဉ်သစ်က တစ်ဆင့် ဖုန်းခေါ်ဆိုမှုအသုံးများတဲ့  ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို ဒေတာလက်ဆောင်တွေ ပေးအပ်နိုင်ခဲ့ပြီး  ဖုန်းခေါ်ဆိုမှု တွေနဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေကို  အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းသာကြည်နူး ရပါတယ်။” ဟု ပရိုမိုးရှင်းအစီအစဉ်သစ် မိတ်ဆက်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ယုံကြည်မှုနှင့် စဉ်ဆက်မပြတ် ပံ့ပိုးပေးမှုများအတွက် အထူး ကျေးဇူးတင်ရှိပါသည်။မြန်မာနိုင်ငံ၏ ဦဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီမြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူများ၏ နေ့စဉ်ဆက်သွယ်ရေးအတွေ့အကြုံများ ပိုမိုကောင်းမွန်စေရန် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများစွာ ရရှိစေမည့် ပရိုမိုးရှင်းအစီအစဉ်များကို ပေးအပ်လျက်ရှိပါသည်။ “ပိုပြောပိုရ” ပရိုမိုးရှင်းအစီအစဉ်နှင့် MPT ၏ အခြားသော ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar