MPT သုံးစွဲသူများအနေဖြင့် City Rewards ပွိုင့်များကို မိုဘိုင်းဒေတာအဖြစ် လဲလှယ်အသုံးပြုနိုင်ပြီဖြစ်ကာ ဒီဂျစ်တယ်လူနေမှုဘဝ အကျိုးကျေးဇူးများကို ပိုမိုခံစားရရှိနိုင်တော့မည်
(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် “City Rewards ပွိုင့်များမှ MPT ဒေတာပက်ကေ့ချ်များ သို့ လဲလှယ်နိုင်” သည့်အစီအစဉ်ကို ယနေ့မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ယခုအစီအစဉ်မှာ လွန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်တွင် MPT နှင့် City Mart Holding Co., Ltd (CMHL) တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပြီးနောက် မဟာဗျူဟာကျ ဒီဂျစ်တယ် ဝန်ဆောင်မှု စနစ် တိုးချဲ့မှုအတွက် ပထမ အဆင့်ကို ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ အထူးသီးသန့် ဝန်ဆောင်မှုပေးအပ်ခြင်းမှ တစ်ဆင့် MPT သုံးစွဲသူများသည် ၎င်းတို့စုဆောင်းထားသော City Rewards ပွိုင့်များကို MPT မိုဘိုင်းဒေတာပက်ကေ့ချ်များအဖြစ် အဆင်ပြေလွယ်ကူစွာ ချက်ချင်း တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ လဲလှယ်ရရှိထားသည့် ဒေတာများကို မည်သည့်အင်တာနက် သုံးစွဲမှု မျိုးတွင်မဆို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ အသုံးပြုခြင်းဖြင့် မိမိတို့၏ ဒီဂျစ်တယ်လူနေမှုပုံစံနှင့် အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ပေါင်းစပ် သွားနိုင်မည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်သည် MPT သုံးစွဲသူများကို ပိုမိုတန်ဖိုးရှိပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှု အတွေ့အကြုံ များကို တိုက်ရိုက်ရရှိခံစားနိုင်စေမည်ဖြစ်ပါသည်။ သုံးစွဲသူများအတွက် အကျိုးကျေးဇူးများ အမြင့်မားဆုံးရရှိစေရန် ရည်ရွယ်ထားသော ယခုအစီအစဉ်တွင် လက်လီနှင့် ကုန်စုံဈေးကွက်တွင် နေ့စဉ်စျေးဝယ်ခြင်းမှ စုဆောင်း ရရှိထားသော City Rewards ပွိုင့်များကို ထပ်မံကုန်ကျမှုမရှိဘဲ အသုံးဝင်သော မိုဘိုင်းအင်တာနက် ဒေတာပက်ကေ့ချ်များ အဖြစ် လဲလှယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မိုဘိုင်းအက်ပလီကေးရှင်းက တစ်ဆင့် အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်ကို ပံ့ပိုးပေးထားခြင်းဖြင့် သုံးစွဲသူများသည် မိမိတို့၏ ဒေတာလဲလှယ်မှုများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူစိတ်ချစွာ ဆောင်ရွက်နိုင်ပါသည်။
လဲလှယ်အသုံးပြုနိုင်သော ဒေတာပက်ကေ့ချ်များ
မိမိတို့၏ အကောင့်များနှင့် ချိတ်ဆက်ထားသော MPT သုံးစွဲသူများသည် တွက်ခြေကိုက်ပြီးသင့်တင်မျှတသော လဲလှယ်မှုနှုန်းထား စံသတ်မှတ်ချက်ဖြစ်သည့် City Rewards ပွိုင့် ၁ ပွိုင့် = တန်ဖိုး ၁ ကျပ် = ဒေတာ 1 MB ပေါ် အခြေခံ၍ City Rewards ပွိုင့်များကို လဲလှယ်အသုံးပြုနိုင်ပါသည်။
| City Rewards ပွိုင့်များ | ရရှိမည့် MPT ဒေတာ | သက်တမ်း | နည်းလမ်း |
|---|---|---|---|
| ပွိုင့် ၂၅၀ | 250 MB | လဲလှယ်ပြီး ၃၀ ရက်အတွင်း | City Rewards အက်ပလီကေးရှင်းဗားရှင်း ၂.၁.၁၀ |
| ပွိုင့် ၅၀၀ | 500 MB | ||
| ပွိုင့် ၁,၀၀၀ | 1000 MB |
ဒေတာစုဆောင်းမှုနှင့်ပတ်သက်သော မှတ်ချက်- အသစ်လဲလှယ်၍ ရရှိသော ဒေတာပမာဏများသည် လက်ရှိ MPT-City Rewards ဒေတာပမာဏနှင့် ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာပက်ကေ့ချ်အလိုက် အရှည်ဆုံး သက်တမ်းရှိသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အလိုအလျောက် တိုးမြှင့်သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။ဤဒေတာပမာဏသည် သီးသန့်အသုံးပြုနိုင်သောစနစ်ဖြစ်ပြီး ပုံမှန် MPT ဒေတာပက်ကေ့ချ်များနှင့် ပေါင်းစည်းခြင်းမရှိပါ။
MPTJO ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr. Mikinori Naito က “ကျွန်တော်တို့အနေနဲ့ MPT ရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်ကို စဉ်ဆက်မပြတ် တိုးချဲ့နိုင်ဖို့ကို အလုံးစုံ ကတိပြုဆောင်ရွက်နေပြီး သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အဓိပ္ပာယ်ရှိရှိ၊ တန်ဖိုးရှိစွာနဲ့ အဆင်ပြေချောမွေ့တဲ့ အတွေ့အကြုံတွေ ပေးအပ်ဖို့ ရည်ရွယ်ထား ပါတယ်။ သုံးစွဲသူတွေအနေနဲ့ လက်လီအရောင်းဆိုင်တွေက ရရှိတဲ့ ပွိုင့်တွေကို MPT မိုဘိုင်းဒေတာပက်ကေ့ချ် များ အဖြစ် ချက်ချင်း ပြောင်းလဲအသုံးပြုနိုင်စေခြင်းက ကျွန်တော်တိုရဲ့ လက်လီနဲ့ ဒီဂျစ်တယ်လူနေမှုဘဝ လိုအပ်ချက်တွေကြားက ကွာဟမှုကို ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဆန်းသစ်တဲ့ ပထမ အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ MPT သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT ဒေတာနှင့် City Rewards ပွိုင့်များကို လဲလှယ်ရန်အတွက် သုံးစွဲသူများသည် City Rewards အက်ပလီကေးရှင်း ဗားရှင်း 2.1.10 ကို အန်းဒရွိုက်အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက် ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။
MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် CMHL အကြောင်း ပိုမိုသိရှိလိုပါက CMHL Call Center +95 (01) 523967~75 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
MPT ဒေတာပက်ကေ့ချ် လဲလှယ်အသုံးပြုခြင်း

မူလစာမျက်နှာရှိ Website Banner

MPT x City Rewards လဲလှယ်သည့် စာမျက်နှာသို့ တိုက်ရိုက်ရောက်သွားပါမည်။

ပွိုင့်ပေါ်မူတည်၍ 250 MB၊ 500 MB ၊ 1000 MB ကိုရွေးချယ်ပါ။


PIN အတည်ပြုခြင်း အောင်မြင်ပါက Pop-Up ပြသမည်ဖြစ်ပြီး MPT ဝန်ဆောင်မှုကို သုံးစွဲသူ၏ မိုဘိုင်းဖုန်းနံပါတ် သို့ ပို့ပေးမည်

သုံးစွဲသူများအနေဖြင့် ပက်ကေ့ချ်ရရှိသည့်အခါ MPT နံပါတ်သို့ SMS (စာတို) ရရှိပါမည်။




