MPT မှ ဒဂုံတက္ကသိုလ်တွင် မိုဘိုင်းအင်တာနက်လုံခြုံရေးအကြောင်း ဆွေးနွေးပွဲပြုလုပ်

Published 21 Jan 2016

၂၀၁၆ ခုုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် _ ရန်ကုုန်၊ မြန်မာ။ မြန်မာနိုုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦး ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း (MPT) မှ ဒဂုံတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နှင့် ၂၁ရက်နေ့တို့တွင် မိုဘိုင်းအင်တာနက်လုံခြံုရေးအကြောင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့ပါသည်။

အခုပါဆွေးနွေးပွဲသည် MPT မှ မြန်မာကျောင်းသားများအတွက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပေးသည့် ဆွေးနွေးပွဲဖြစ်ပါသည်။ ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ စမတ်ဖုန်းများ၏ အသုံးဝင်ပုံနှင့် စမတ်ဖုန်းများကို နည်းစနစ်ကျနစွာအသုံးပြုခြင်းမရှိသည့်အတွက် မိမိ၏ ကိုယ်ပိုင်လုံခြံုရေးဆိုင်ရာ များအတွက် မည်သို့သော ပြဿနာဖြစ်ပေါ်လာနို်င်ကြောင်းကို ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအကြား သိရှိစေရန်နှင့် ဗဟုသုတတိုးပွားစေရန် ဖြစ်ပါသည်။ MPT မှ မြန်မာပြည်သူပြည်သားများကို မိုးဘိုင်းအင်တာနက်လုံခြံုရေးနှင့် ပတ်သက်ပြီး ဗဟုသုတနှင့် အသိပညာများပိုမိုတိုးပွားစေလိုပါသည်။

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော MPT ၏ ကော်ပိုရိတ်လူမှုပူးပေါင်းပါ၀င်မှုလုပ်ငန်း၏ တစ်စိတ် တစ်ဒေသအဖြစ် မြန်မာလူငယ်များအတွက် အဆိုပါ မိုဘိုင်းအင်တာနက်လုံခြံုရေး အကြောင်းဆွေးနွေးပွဲ ပြုလုပ်ပေးခြင်းခြင်းဖြစ်ကာ အခြားကျောင်းများသို့လည်းသွားရောက်ပြီး မိုဘိုင်းအင်တာနက် လုံခြံုရေးဆိုင်ရာ ဆွေးနွေးပွဲများကို မကြာမီကာလအတွင်း ကျင်းပပြုလုပ်ပေးသွားမည်လည်း ဖြစ်ပါသည်။

best operator in Myanmar