pr-mm-desktop

MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့်  အဖွဲ့အစည်းစိတ်ဓာတ်ကို မြှင့်တင်ပေးသည့်  တတိယအကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့

Published 05 Jul 2026

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) – MPT သည် ဝန်ထမ်းများ၏ ကျန်းမာသုခနှင့် ခွဲခြားမှုမရှိ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်ပေးရန်ဆိုသည့် ကတိကဝတ်ကို ပိုမိုခိုင်မာစေရန်အတွက် တတိယအကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကစားကွင်း၌ ကျင်းပခဲ့ပါသည်။ အဖွဲ့အစည်းအတွင်းရှိ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း နှစ်ခုလုံး ပါဝင်သည့် အဆိုပါ ပြိုင်ပွဲသည် ဝန်ထမ်းများအကြား ပိုမိုကျန်းမာကြံ့ခိုင်မှု၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းခွင်အပေါ် တက်ကြွစွာ ပါဝင်လာစေရန်အတွက် MPT ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှုကို ဖော်ပြနေခြင်း ဖြစ်ပါသည်။

တတိယအကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် MPT ၏ ဌာနကြီး (၅)ခုကို ကိုယ်စားပြုသည့် အမျိုးသားအသင်း (၇) သင်းနှင့် အမျိုးသမီးအသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပွဲစဉ်တစ်လျှောက် ဝန်ထမ်းများသည် အသင်းအဖွဲ့စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်နှင့် စိတ်အားထက်သန်မှု တို့ကို ပြသခဲ့ကြပြီး လုပ်ငန်းခွင်ပြင်ပတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကာ အဓိပ္ပာယ်ရှိသော ချစ်ခင်ရင်းနှီးမှု များကို တည်ဆောက်ပေးနိုင်ခဲ့ပါသည်။

MPTJO ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ  Mr. Mikinori NAITO က “MPT ရဲ့ အကြီးမားဆုံးခွန်အားဟာ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေပဲ ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ဝန်ထမ်းတွေ တက်ကြွလန်းဆန်း နေစေဖို့၊ အချင်းချင်း ချိတ်ဆက်မှုရှိစေဖို့၊ မျှတတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဘဝကို ထိန်းသိမ်းနိုင်စေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာကလည်း ကျွန်တော်တို့ လုပ်ငန်းခွင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ (၆) ကြိမ်မြောက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးတဲ့နောက် တတိယ အကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲကတစ်ဆင့် နောက်ထပ် အောင်မြင်မှု မှတ်တိုင် တစ်ခုကို ဆောင်ရွက်နိုင်ခဲ့လို့ ကျွန်တော်တို့ အထူးပဲဝမ်းမြောက်မိပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ အသင်းအဖွဲ့စိတ်ဓာတ်၊ ကြိုးပမ်းအားထုတ်မှု၊ အားကစားစိတ်ဓာတ်အပြည့်နဲ့ ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့တဲ့ အမျိုးသားအသင်းနဲ့ အမျိုးသမီးဖူဆယ်ဘောလုံးအသင်းတို့ကို ဂုဏ်ပြုလိုက်ပါတယ်။ ပိုပြီးအရေးကြီးတာက ဒီပြိုင်ပွဲဟာ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး ကျန်းမာတဲ့ လူနေမှုပုံစံတွေကို မြှင့်တင်ပေးနိုင်ခဲ့ရုံသာမက အဖွဲ့အစည်း တစ်ခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မယ့် ပျော်ရွှင်စရာအတွေ့အကြုံကောင်းတွေ ကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော MPT ၏ “TeamFit: Unite & Move” အစီအစဉ်သည် ယောဂ၊ Zumba နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကဲ့သို့သော လှုပ်ရှားမှုများမှ တစ်ဆင့်  ဝန်ထမ်းများ၏ ကိုယ်၊ စိတ် နှစ်ပါး ကျန်းမာကြံ့ခိုင်ရေး နှင့် ပိုမိုခိုင်မာသော အသင်းအဖွဲ့စိတ်ဓာတ်တို့ကို မြှင့်တင်ရန်ဆောင်ရွက်ထားသည့် MPT ၏ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက် တတ်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပံ့ပိုးပေးရုံသာမက ဝန်ထမ်းများ တက်ကြွစွာပါဝင်လာစေရန် တွန်းအား ပေးသည့် အရေးကြီးသော ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

တက်ကြွပြီး ကျန်းမာကြံ့ခိုင်သော ဝန်ထမ်းများသည် ကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံများ ပေးအပ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသည်ကို အသိအမှတ်ပြုသည့် အနေဖြင့် MPT သည် ဝန်ထမ်းများ၏ ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောအဖွဲ့အစည်းကို မြှင့်တင်ပေးမည့် လစဉ်ပုံမှန်လှုပ်ရှားမှုများမှ တစ်ဆင့် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို ဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ အား ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နေသည့် အပြင် အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် လူမှုအသိုက်အဝန်းကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့် အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar