pr-mm-desktop

MPTက မြန်မာ့ရိုးရာဓလေ့  သီတင်းကျွတ်ကာလ လှူဒါန်းမှုများကို နိုင်ငံတစ်ဝန်းရှိ  ဘိုးဘွားရိပ်သာနှင့် လူမှုစောင့်ရှောက်ရေးဂေဟာ စုစုပေါင်း (၁၉) ခုတို့တွင် ကျင်းပပြုလုပ်

Published 23 Oct 2026

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ‌အောက်တိုဘာလ ၂၃ ရက်] – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့ပေါင်း (၁၈) ခုတွင် သီတင်းကျွတ်ကာလ လူမှုအကျိုးပြု လှူဒါန်းမှုများကို အောက်တိုဘာလ (၁၉) ရက်မှ (၂၂) ရက်အထိ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ MPT သည် “အတူလက်တွဲအမြဲရှိမည်” ဆိုသည့် ကတိကဝတ်နှင့်အညီ ဘုန်းတော်ကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ ဂေဟာများနှင့် သီလရှင် စာသင်တိုက်များ အပါအဝင် လူမှုအဖွဲ့အစည်းအသီးသီးတို့တွင် မရှိမဖြစ်လိုအပ်နေသော အကူအညီများကို ထောက်ပံ့လှူဒါန်းဆောင်ရွက်ခဲ့ပါသည်။ သီတင်းကျွတ်ပွဲတော်ကာလအတွင်း မြန်မာတို့၏ မြတ်နိုးဖွယ် ယဉ်ကျေးမှုအစဉ်အလာကို အလေးထားသောအားဖြင့် MPT သည် ဘက်ပေါင်းစုံပါဝင်ပြီး ထိရောက်မှုရှိသော လှူဒါန်းမှု များမှတစ်ဆင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါသည်။  

MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုအစီအစဉ်များနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရန် ထားရှိသောကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ နေရာဒေသအသီးသီးသို့ သီတင်းကျွတ်ကာလ ဂါရဝပြုလှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လှူဒါန်းမှုတွင် ငွေသားများ၊ ဆန်နှင့် ဆီကဲ့သို့သော အခြေခံစားသောက်ကုန်များ၊ တစ်နေ့စာ အာဟာရအလှူများအပြင် ဂေဟာများရှိ ကလေးငယ်များအတွက် နေ့စဉ်သုံး ပစ္စည်းများ၊ မုန့်များနှင့် အချိုရည်များလည်း ပါဝင်ပါသည်။

အဆိုပါ လှူဒါန်းမှုအစီအစဉ်တွင် MPT ၏ စီမံခန့်ခွဲမှုအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန်နေဂျာများနှင့် ဝန်ထမ်းများက သက်ဆိုင်ရာနေရာဒေသအလိုက် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များကို ကိုယ်တိုင် ကိုယ်ကျသွားရောက်ပြီး လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည့်အပြင် လူမှုအသိုက်အဝန်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများကိုလည်း သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ယင်းသို့ တိုက်ရိုက်ထောက်ပံ့ကူညီမှုများကို နိုင်ငံတစ်ဝန်းရှိ အောက်ဖော်ပြပါ နေရာ (၁၉)ခု တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  

စဉ်တိုင်း/ပြည်နယ်လှူဒါန်းသည့်နေရာ
၁။ရန်ကုန်တိုင်းဒေသကြီးရွှေသံလွင်ဘိုးဘွားရိပ်သာ

ချမ်းမြေ့မေတ္တာ မိဘမဲ့ ပရဟိတ ပညာဒါနကျောင်း
၂။ကချင်ပြည်နယ်အလင်းအိမ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး‌ဂေဟာ
၃။ကယားပြည်နယ်ကယားပြည်နယ်ဘိုးဘွားရိပ်သာ
၄။ကရင်ပြည်နယ်ဇွဲကပင်ဘိုးဘွားရိပ်သာ
၅။ချင်းပြည်နယ်ဗေသလအသင်းတော် ဘိုးဘွားရိပ်သာ
၆။စစ်ကိုင်းတိုင်းဒေသကြီးမုံရွာဘိုးဘွားရိပ်သာ
၇။ဧရာဝတီတိုင်းဒေသကြီးမောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်
၈။ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)သာသနပါလ ကျောင်းတိုက်၊ ရင်ခွင်မဲ့သူများ ဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေးကျောင်း
၉။ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ရတနာမဥ္ဇရီသီလရှင်သင် ပညာရေးကျောင်း
၁၀။မကွေးတိုင်းဒေသကြီးဖန်ခါးမြေဘိုးဘွားရိပ်သာ
၁၁။မန္တလေးတိုင်းဒေသကြီးမန်းတောင်ခြေ ဘိုးဘွားရိပ်သာ
၁၂။မွန်ပြည်နယ်မေတ္တာစွမ်းရည်၊ ဒေါ်လန်းသီလရှင်စာသင်တိုက်
၁၃။ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ
၁၄။နေပြည်တော်ကောင်စီမဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဉယျာဉ်
၁၅။ရှမ်းပြည်နယ် (တောင်ပိုင်း)အဝါရောင်မျိုးဆက်သစ်ကလေးများစောင့်ရှောက်ရေးကျောင်း(YGW)
၁၆။ရှမ်းပြည်နယ် (မြောက်ပိုင်း)သာသနာ့အလင်းရောင်သီလရှင်စာသင်တိုက်
၁၇။ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဓမ္မရက္ခိတ သီလရှင်စာသင်တိုက်
၁၈။တနင်္သာရီတိုင်းဒေသကြီးထားဝယ်ဘိုးဘွားရိပ်သာ

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “သီတင်းကျွတ်ကာလဆိုတာ ကျေးဇူးတရားကို အောက်မေ့သတိရတာ၊ စည်းလုံးညီညွတ်မှုကို ဖော်ပြတာနဲ့ ကုသိုလ်ကောင်းမှုတွေကို အတူတကွ မျှဝေကြတဲ့ ထူးခြားလှတဲ့ ရာသီပွဲတော်တစ်ခု ဖြစ်ပါတယ်။ MPT အနေနဲ့ အခုလို နိုင်ငံတစ်ဝန်း သီတင်းကျွတ်ကာလ လူမှုအကျိုးပြု အစီအစဉ်က တစ်ဆင့် အကူအညီအလိုအပ်ဆုံးသူတွေထံ လက်တွေ့ကျတဲ့ ထောက်ပံ့မှုတွေ ပေးအပ်ရင်း တန်ဖိုးရှိလှတဲ့ မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းခွင့်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မြို့ပေါင်း (၁၈) ခု မှာရှိတဲ့ နေရာဒေသ (၁၉) ခုကို သွားရောက်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့် ရရှိခဲ့ တာဟာလည်း “အတူလက်တွဲအမြဲရှိမည်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်တာ  ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် ယခုလိုဝါလကင်းလွတ်သည့် ပွဲတော်ကာလတွင်  မိမိတို့၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ် မပြတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၁၅) ရက်မှ နိုဝင်ဘာလ (၃၀) ရက်အထိ ဆောင်ရွက်လျက်ရှိသော “သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ၏ ဆုတွေမြိုင်” ပရိုမိုးရှင်းအစီအစဉ်ကိုလည်း မကြာသေးမီက မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ အထူးပရိုမိုးရှင်း အစီအစဉ်မှတစ်ဆင့် ပါဝင်ဆင်နွှဲသူများသည် ဒေတာလက်ဆောင်များကို ချက်ချင်း ရရှိနိုင်မည့်အပြင် အထူးဆုကြီးများဖြစ်သည့် iPhone 18 Pro နှင့် 100GB ဒေတာပက်ကေ့ချ်များကို ကံထူးနိုင်မည့် အခွင့်အရေးများကိုလည်း ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်တွင် ပါဝင်ဆင်နွှဲပြီး ပွဲတော်ရာသီ၏ ဆုလက်ဆောင် များကို အတူတကွ ရယူကြရန် MPT က နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ  MPT သုံးစွဲသူများ၏ ကူညီပံ့ပိုးမှုများနှင့် အစဉ်တစိုက် အားပေးမှုများကြောင့်သာ ဖြစ်ပါသည်။ MPT သုံးစွဲသူများအား ကျေးဇူးအထူးတင်ရှိပြီး  ရှေ့ဆက်ဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ကဏ္ဍအသီးသီးအတွက် လူမှုအကျိုးပြုအစီအစဉ်များကို အားလုံးနှင့်အတူ လက်တွဲဆောင်ရွက် သွားမည် ဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar