latest news

MPT သုံးစွဲသူများ နှင့် မိတ်ဖက်လုပ်ငန်းများအနေဖြင့် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို အင်တာနက်မလိုအပ်ဘဲ အသုံးပြုနိုင်ပြီ

Published 11 Apr 2021

MPT အနေဖြင့် သုံးစွဲသူပြည်သူများသို့ ဝန်ဆောင်မှုများကို အကောင်းဆုံးနှင့် အဆင်အပြေဆုံး ပေးအပ်နိုင်ရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်းများကို အင်တာနက်မလိုဘဲ ရယူ သုံးစွဲနိုင်မည့် နည်းလမ်းကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။

ယခုလိုမိတ်ဆက်လိုက်ခြင်းကြောင့် MPT4U အက်ပလီကေးရှင်းကို သုံးစွဲသူများအနေဖြင့် MPT ၏ 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို ဒေတာ၀န်ဆောင်ခပေးရန် မလိုဘဲ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များ၀ယ်ယူခြင်း၊ ငွေလက်ကျန်လွှဲပြောင်းခြင်း နှင့် နေ့စဉ်ဖုန်းအသုံးပြုမှုကိုစစ်ဆေးခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို အင်တာနက်မလိုဘဲ အက်ပလီကေးရှင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

MPT Pay အက်ပလီကေးရှင်းကို အသုံးပြုသူများအနေဖြင့်လည်း ငွေလက်ခံခြင်းနှင့် ငွေလွှဲပြောင်းခြင်း၊ မိုဘိုင်းဖုန်းများသို့ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ အွန်လိုင်းမှ တစ်ဆင့်ငွေပေးချေ ခြင်းစသည့် ဝန်ဆောင်မှု များကို မိုဘိုင်းအင်တာနက်မရရှိချိန်တွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူများသည် ၎င်းတို့၏ဖုန်းတွင် VPN ဝန်ဆောင်မှုကိုအသုံးပြုထားပါက ယင်းတို့ကို ပိတ်ထား ရန်လိုအပ်သည်။ အက်ပလီ​ကေးရှင်းများကို Android ဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး iOS ဖုန်းများတွင် မကြာမီအသုံးပြုနိုင်မည်ဖြစ်သည်။

MPT နှင့် MPT Pay ၏ အရောင်းကိုယ်စားလှယ်များ၊ စျေးဆိုင်များ အနေဖြင့်လည်း အင်တာနက် မရရှိနိုင်သည့် အချိန်မျိုး တွင် သုံးစွဲသူများနည်းတူ အဆိုပါအက်ပလီပကေးရှင်းများကို ဆက်လက်အသုံးပြုနိုင်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများကို အကောင်းဆုံးဝန်ဆောင်မှုများ ဆက်လက်ပေး အပ်နိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် MPT ဆင်းမ်ကတ်နှင့်ကွန်ရက်ကိုအသုံးပြုခြင်း မရှိပါက အဆိုပါအက်ပလီကေးရှင်း များကို အသုံးပြုနိုင်မည်မဟုတ်ပါ။

ဤနည်းလမ်းအသစ်ဖြင့် ယခုလိုခက်ခဲသောကာလအတွင်း MPT ၀န်ဆောင်မှုများကို အင်တာနက် ပြတ်တောက်ခြင်းအတွက် စိုးရိမ်ရန်မလိုဘဲ ဖိုင်ဘာအင်တာနက်ရရှိသည့် အချိန်အတိုင်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာဖြင့် စဥ်ဆက်မပြတ် အသုံးပြု နိုင်မည်ဖြစ်သည်။

MPT အနေဖြင့် ယခုကဲ့သို့ခက်ခဲသော အချိန်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာပြည်သူ ပြည်သား များ အားလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံမှု ရှိပါစေကြောင်း နှင့် ဝန်ဆောင်မှုများ ကိုလည်း အကောင်းဆုံးနည်းလမ်းများဖြင့် ပေးအပ်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါသည်။

best operator in Myanmar