B2b sim mpt

MPT ၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့်Live Chatbot ဝန်ဆောင်မှုများဖြစ်သည့် “တူတူChat” က သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကူညီပေးနိုင်မည်

Published 10 Nov 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)- MPT သည် ၎င်း၏ နိုင်ငံတစ်ဝန်းရှိ 2G, 3G နှင့် 4G/ LTE ကို အသုံးပြု၍  သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်  MPT4U အက်ပလီကေးရှင်း နှင့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှုဖြစ်သည့် “တူတူChat” နှင့်  အလိုအလျောက် အပြန်အလှန် ဖြေကြားပေးသည့် IVR စနစ်များကို ဆောင်ရွက်ထားပြီး ဖြစ်သည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် မြန်မာပြည်သူ ပြည်သားများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးစွမ်းရန် ရည်ရွယ်ချက်ဖြင့် မရှိမဖြစ် လိုအပ်သည့် တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ဆန်းသစ်တီထွင်မှုနှင့်အတူ မိမိတို့၏ သန္နိဌာန်ဖြစ်သော “အတူလက်တွဲ အမြဲရှိမည် MPT” ဟူသည့်  ဆောင်ပုဒ်ဖြင့်  အတူလက်တွဲ၍ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

တူတူChat” ဟု အမည်ပေးထားသည့် MPT ၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် ဒေတာနှင့် အသံပက်ကေ့ချ်များ၊ အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ပယ်ဖျက်ခြင်း၊ လက်ကျန်ဖုန်းဘေလ် စစ်ဆေးခြင်းများအပြင်  ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ၊ MPT Club ဝန်ဆောင်မှုများ နှင့် MPT ၏ ပရိုမိုးရှင်းများကို အချိန်မရွေး စုံစမ်းမေးမြန်းအသုံးပြုနိုင်ပါသည်။ Chatbot ဝန်ဆောင်မှုများသည် သုံးစွဲသူများအား မိုဘိုင်းလ် ဝန်ဆောင်မှုများသာမက အိမ်သုံးဖိုင်ဘာ အင်တာနက် (FTTH) နှင့် စီးပွားရေး လုပ်ငန်း(B2B)သုံး ဝန်ဆောင်မှုများအတွက် လိုအပ်သော အချက်အလက်များကိုပါ ပံ့ပိုးပေးနိုင်ရန် ကူညီပေးပါသည်။ အဆိုပါဝန်ဆောင်မှုများအပြင် MPT ၏ သုံးစွဲသူ ဝန်ဆောင်မှု ဌာနသည် သုံးစွဲသူများ အဆင်ပြေ ချောမွေ့စေရန်အတွက် တူညီသောလမ်းကြောင်းဖြင့် သုံးစွဲသူများကို  အကောင်းဆုံး ကူညီပေးသွားမည် ဖြစ်သည်။

သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းရှိ တူတူChat Chatbot ဝန်ဆောင်မှုအသစ်တွင် ဒီဂျစ်တယ် အတွေ့အကြုံသစ်များကို အောက်ပါအတိုင်း တွေ့ကြုံခံစားအသုံးပြုနိုင်ပါသည်။

 

အဆင့် ၁: ပင်မ စာမျက်နှာတွင် တူတူChat ကိုရွေးချယ်ပါ။

အဆင့် ၂: ဘာသာစကား ရွေး ချယ်ပါ။

အဆင့် ၃: မိမိသိရှိလိုသည့် ဝန်ဆောင်မှုကို ရွေးချယ်ပါ။

 

* အဆင့် ကို ဆောင်ရွက်ပြီးနောက် သုံးစွဲသူများသည် ၎င်းတို့၏လိုအပ်ချက်များကို ရွေးချယ်နိုင်ပါသည်။ MPT ဝန်ဆောင်မှုများ အကြောင်း မေးမြန်းရန်အတွက် MPT Chatbot လမ်းညွှန်ချက်အတိုင်းဆောင်ရွက်နိုင်ပါသည်။

သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းတွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် “တူတူChat”  ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် MPT4U အက်ပလီကေးရှင်းကို iOS အသုံးပြုသူများအတွက် App Store တွင်လည်းကောင်း၊ Android အသုံးပြုသူများအတွက် http://bit.ly/DataFreeApp (သို့) https://lotaya.mpt.com.mm/event/191 (သို့)  *4040#  သို့ တိုက်ရိုက်ခေါ်ဆို၍ လည်းကောင်း ဒေတာအခမဲ့ဖြင့် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။    MPT4U အက်ပလီကေးရှင်းသည် MPT သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံး ရရှိနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ငွေဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်း၊ မိမိ၏ နေ့စဉ်အသုံးပြုမှုများကို စစ်ဆေးခြင်းနှင့် အခြားစိတ်ဝင်စားစရာများနှင့် ဖျော်ဖြေရေးများ စသည့် အကြောင်းအရာများအပါအဝင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။

MPT ၏ 106 Call Center မှာ စတင်ဖွင့်လှစ်ပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား အမြဲကူညီပေးလျက်ရှိပြီး အမျိုးမျိုးသော ပံ့ပိုးမှုများကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခု IVR စနစ်သစ်သည် ဖုန်းခေါ်ဆိုသူနှင့် အပြန်အလှန် အလိုအလျောက် ဖြေကြားပေးနိုင်သည့် အသံတုံ့ပြန်မှု စနစ်တစ်ခုဖြစ်သည်။ ဖုန်းခေါ်ဆိုသူသည် IVR စနစ်၏ လိုရာရွေးချယ်နိုင်သည့် အချက်များကို နားထောင်ပြီး ၎င်း၏ဖုန်းပေါ်ရှိ  နံပါတ်ပြားမှ ဆိုင်ရာနံပါတ်ကို နှိပ်ရုံဖြင့် ယင်းစနစ်မှတစ်ဆင့် သက်ဆိုင်သည့်တုံ့ပြန်မှုကို ပြုလုပ်ပေးမည် ဖြစ်သည်။ ဖုန်းခေါ်ဆိုသူ၏ အဖြေပေါ်မူတည်၍ IVR စနစ်သည် သုံးစွဲသူများအား ဝန်ထမ်းများ၏ အကူအညီမလိုအပ်ဘဲ မိမိတို့ လိုအပ်ချက်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် အကူအညီပေးပါသည်။  အထူးသဖြင့် အချို့သော ဒေတာပက်ကေ့ချ်များ၊ အသံပက်ကေ့ချ်များနှင့် အခြားသော ပက်ကေ့ချ်များ  ဝယ်ယူခြင်း၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း၊ လက်ကျန်ဖုန်းဘေလ်စစ်ဆေးခြင်း၊ MPT Club အစရှိသည့် ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်စေနိုင်ပြီး အချိန်ကုန်သက်သာစေမည်ဖြစ်သည်။

IVR နှင့် Chatbot ဝန်ဆောင်မှုနှစ်မျိုးလုံးသည် ဒီဂျစ်တယ်နည်းလမ်းဖြင့် ကူညီပေးသည့် စနစ်အဖြစ် နယ်ပယ် အသီးသီးတွင် လူသိများကာ သုံးစွဲသူများ၏ ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်စေရန်အတွက် သုံးစွဲသူများနှင့် ဝန်ဆောင်မှုပေးသူ အဖွဲ့အစည်းအကြား လွယ်ကူသော တိုက်ရိုက်ဆက်သွယ်ဖြေကြား ပြောဆိုနိုင်သည့် ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေးသည့် အထောက်အကူပြု ကိရိယာများ ဖြစ်ပါသည်။

MPT သည် ခက်ခဲသော ကာလများအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်ရန်နှင့် ဝန်ဆောင်မှုသုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများပိုမိုတိုးတက် လာစေရန်အတွက် အမြဲကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် MPT အနေဖြင့် သုံးစွဲသူများ၏ ဝန်ဆောင်မှုအားလုံး စဥ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန်အတွက် မိမိတို့ ဌာနများအားလုံး လုံခြုံစိတ်ချစွာ လုပ်ငန်း လည်ပတ်မှုဆောင်ရွက်ခြင်း၊ ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ဆောင်ရွက်ခြင်းများကို ဆက်လက် လုပ်ဆောင်နေပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ ထို့အပြင် MPT4U အက်ပလီကေးရှင်း နှင့် တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် MPT၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုကိုအသုံးပြုပြီးလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ပြီး 106 Call Center သို့လည်း ခေါ်ဆို ဆက်သွယ်နိုင်ပါသည်။

best operator in Myanmar