pr-mm-desktop

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို ထောက်ကြန့်မြို့နယ်ရှိ သုံးစွဲသူများအားလုံး အသုံးပြုနိုင်ပြီဖြစ်

Published 16 Oct 2026

သုံးစွဲသူများအနေဖြင့် ကနဦး တပ်ဆင်ခ ကင်းလွတ်ခွင့်အပြင် ထပ်ဆောင်း မိုဘိုင်း ခံစားခွင့်များကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၎င်း၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ထောက်ကြန့်မြို့နယ်သို့ ထပ်မံ တိုးချဲ့လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါသည်။ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ယုံကြည်မှုနှင့် ထောက်ခံအားပေးမှုများကြောင့် ယခုကဲ့သို့ တိုးချဲ့နိုင်ခဲ့ခြင်းဖြစ်ပြီး MPT ၏ ဒုံးပျံ အိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်ပေါင်း (၁၈၉) မြို့နယ်အထိ သုံးစွဲနိုင်ပြီဖြစ်ပါသည်။ ထို့ကြောင့်အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်လူနေမှု ဘဝ၏ ဒီဂျစ်တယ် လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆင်ပြေချောမွေ့ပြီး စိတ်ချယုံကြည် ရသော မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။

အသစ်ထပ်မံ တိုးချဲ့လိုက်သည့် ထောက်ကြန့်မြို့နယ်မှ သုံးစွဲသူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် မြန်နှုန်းမြင့်ပြီး တည်ငြိမ်စိတ်ချရသော အင်တာနက် ဝန်ဆောင်မှုကို အဆင်ပြေချောမွေ့စွာ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။  ယခုလို ကွန်ရက်တိုးချဲ့ခြင်းအထိမ်းအမှတ်အဖြစ် ဝန်ဆောင်မှုရယူလိုသည့် သုံးစွဲသူများအတွက် ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နှင့်အတူ ကြိုတင်ငွေပေးချေမှုများအတွက် ဝန်ဆောင်မှုအမျိုးအစားအလိုက် ကြိုတင်ပေးသွင်းမည့်ကာလပေါ်မူတည်၍ အနည်းဆုံး ၆,၀၀၀ ကျပ် မှ  ၂ သိန်းခွဲကျပ်အထိ လျှော့စျေးခံစားခွင့်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ ထို့အပြင် 3GB အထိ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း မိနစ် ၂၀၀ အထိ ဖုန်းခေါ်ဆိုခွင့် နှင့် MPT မိုဘိုင်းနံပါတ်များသို့ အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များပါဝင်သည့် ထပ်ဆောင်း အကျိုးကျေးဇူးများကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ မြန်နှုန်း အမျိုးအစားပေါ်မူတည်၍ အများဆုံးရရှိနိုင်မည့် လျှော့ဈေးအပါဈေးနှုန်းများ နှင့် ထပ်ဆောင်းရရှိမည့် မိုဘိုင်းအကျိုးခံစားခွင့်များကို အောက်ပါဇယားတွင် ကြည့်ရှု နိုင်ပါသည်။

လျှော့ဈေးအပါ လစဉ်ကြေး (ကျပ်)လိုင်းဆွဲအား အမြန်နှုန်းရရှိမည့် မိုဘိုင်း အရေအတွက်ထပ်ဆောင်းရရှိမည့် မိုဘိုင်းအကျိုးခံစားခွင့်များ
ဒေတာ အသံ (MPT အချင်းချင်း)စာတို(SMS)(MPT အချင်းချင်း)
၂၈,၀၀၀ ကျပ် မှစ၍Max. 15 Mbps၂ လုံး500 MB၅၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၃၃,၀၀၀ ကျပ် မှစ၍Max. 22 Mbps၃ လုံး1 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၄၅,၀၀၀ ကျပ် မှစ၍Max. 30 Mbps၅ လုံး1 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၈၅,၀၀၀ ကျပ် မှစ၍Max. 60 Mbps2 GB၁၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်
၁၁၄,၀၀၀ ကျပ် မှစ၍Max. 110 Mbps3 GB၂၀၀ မိနစ်အကန့်အသတ်မရှိပေးပို့နိုင်

ဝန်ဆောင်မှုရယူလိုသည့် သုံးစွဲသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို လျှောက်ထားရန် (သို့မဟုတ်) ဝန်ဆောင်မှု ရရှိနိုင်သည့် မြို့နယ် (၁၈၉) မြို့နယ်၏ အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် https://mpt.com.mm/mm/dome-pyan-mm/  (သို့မဟုတ်) နီးစပ်ရာ MPT ဆိုင်များနှင့် တရားဝင် ကိုယ်စားလှယ်ဆိုင်များတွင် သွားရောက် စုံစမ်း လျှောက်ထားနိုင်ပါသည်။ ထို့အပြင် လွယ်ကူလျင်မြန်သည့် အွန်လိုင်းငွေပေးချေမှုများနှင့် E-invoice ငွေတောင်းခံလွှာ ဝန်ဆောင်မှုအတွက် စာရင်းသွင်းခြင်းကို https://einvoice.mpt.com.mm/#/Einvoice တွင် ရယူနိုင်ပါသည်။

MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar