MPT ၏ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်မှ ဧပြီလအတွက် ကံထူးရှင်များကို ကြေညာ
(ရန်ကုန်၊၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်) _ MPT သည် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ ဧပြီလအတွက် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သင်တန်းကျောင်း၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ကံထူးရှင်များရွေးချယ်ခြင်းကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ခဲ့ပြီး တစ်ဦးလျှင် ငွေသားဆု ကျပ်သိန်း (၃၀) ကံထူးရှင် (၅) ဦး နှင့် အထူးဆု iPhone 17 ကံထူးရှင် (၁) ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။
ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ MPT က ငွေသားဆုနှင့် iPhone 17 ဆုရရှိသူများအားလုံးကို ၎င်းတို့၏ ဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဒေတာဆုလက်ဆောင်များကိုလည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကံထူးရှင်များ၏ အကောင့်များထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး ဖြစ်ပါသည်။
“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်မှ တစ်ဆင့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များနှင့် ပျော်ရွှင်စရာအတွေ့အကြုံများကို ဆက်လက်ဖန်တီးပေးလျက်ရှိပါသည်။

“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်မှ စတင်၍ ပြုလုပ်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် အထူးဆု အသစ်စက်စက် Leapmotor B10 EV ကားတစ်စီး၊ လစဉ် ကျပ်သိန်း (၃၀) ငွေသားဆုများ၊ iPhone 17 နှင့် ဒေတာဆုလက်ဆောင်များကို မေလနှင့် ဇွန်လအတွင်း ဆွတ်ခူးနိုင်မည့် အခွင့်အရေးများရှိပါသည်။ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ်ဆုလက်ဆောင်များကို ရရှိနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့်
၁) နေ့စဉ် ဒေတာဆုလက်ဆောင်များ ရယူရန် ဖုန်းငွေဖြည့်ပြီး “Kick & Win” ဂိမ်းကစားပါ။
၂) အပတ်စဉ် ဒေတာဆုလက်ဆောင်များရယူနိုင်ရန်အတွက် နှစ်သက်ရာနည်းလမ်းများမှတစ်ဆင့် အခမဲ့ စာရင်းသွင်းပါ။
၃) အထူးဆု အသစ်စက်စက် Leapmotor B10 EV ကား (၁) စီး၊ လစဉ် ကျပ်သိန်း (၃၀) ငွေသားဆု နှင့် iPhone 17 ဆုလက်ဆောင်များကို ရယူနိုင်ရန် မိမိကြိုက်နှစ်သက်ရာပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းနိုင်ပါသည်။
“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၏ အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/zeim-zeim-promotion/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူး တင်ရှိပါသည်။ MPT ၏ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။



