
NLD ပညာရေးကွန်ရက်၏ ကွန်ပျူတာသင်တန်းပြီးမြောက်အောင်မြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား
MPT မှ မေလ (၇)ရက် မနက် (၁၀)နာရီတွင် ဗဟန်းမြို့နယ် ၊ တော်ဝင်နှင်းဆီခန်းမတွင် NLD ပညာရေးကွန်ရက်၏ ကွန်ပျူတာသင်တန်းပြီးမြောက်အောင်မြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပါသည်။
MPT မှမွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ NLD ပညာရေးကွန်ရက်ကျောင်း (၁၀) ကျောင်းတို့တွင် Laptop ကွန်ပျူတာ အလုံး (၂၀၀)ကျော်နှင့် သင်တန်းဆရာများအပါအဝင် Wi-Fi အင်တာနက်ချိတ်ဆက်အသုံးပြု နိုင်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ တပ်ဆင်ပေးခဲ့ပြီး ပြင်ဆင်ထိန်းသိမ်းမှုစရိတ်အတွက် သုံးနှစ်စာ တာဝန်ယူ ပေးထားခြင်းဖြစ်ပါသည်။
ယင်းအခမ်းအနားတွင် သန်လျင်မြို့နယ်ရှိ မုဒိတာ ၊ စုသစ္စာ၊ အင်းစိန်မြို့နယ်ရှိ အမေ့စေတနာ၊ တောင်ဒဂုံမြို့နယ်ရှိ အမေ့စေတနာ၊ လမ်းမတော်မြို့နယ်ရှိ အမေစုရဲ့ထိန်ထိန်သာ၊ ကျောက်တံတား မြို့နယ်ရှိ အမေ့စေတနာ၊ ပုဇွန်တောင်မြို့နယ်ရှိ ပညာဒါနကျောင်း၊ကော့မှုးမြို့နယ်ရှိ အောင်ဆန်း ရာပြည့်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း စသည့်ကျောင်း (၁၀)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၂၃၀) ကျော်ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
MPT အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိပြည်သူများအတွက် ပညာရေးကဏ္ဍတွင် ဆက်လက်ပြီး အထောက်အပံ့များ ပေးသွားမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှ ထွက်ပေါ်လာသော အသီးအပွင့်များကို တွေ့မြင်နေရပြီဖြစ်ကြောင်းနှင့် ယခုလို ပညာရေးကဏ္ဍ အောင်မြင်ဖြစ်မြောက်လာ အောင် ကူညီပေးသည့် NLDပညာရေးကွန်ရက်နှင့် သင်တန်းဆရာများကိုလည်း MPTအနေဖြင် ့အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လာမည့် အနာဂတ်တွင်လည်း NLD ပညာရေးကွန်ရက်နှင့်ပူးပေါင်းပြီး ယခုလိုအစီအစဉ်ကို ဆက်လက်တိုးချဲ့သွားရန်အတွက် ဆွေးနွေးနေပါ ကြောင်း MPT-KSGM Joint Operations မှ Chief Operating Officer ဖြစ်သူ Mr.Benino မှ ပြောကြားခဲ့သည်။
MPT အနေဖြင့် NLD ပညာရေးကွန်ရက်နှင့်ပူးပေါင်း၍ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ အစီအစဉ် ကို သိန်းပေါင်း(၁၆၀၀) ကျော်ခန့် အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်ကာ ကွန်ပျုတာ အင်တာနက်သင်တန်းများကို နိုင်ငံအနှံ့တွင် သင်ကြားပေးလျက်ရှိပါသည်။