
MPT4U အက်ပလီကေးရှင်းတွင် “RedFox Run” ဂိမ်း ကစားပြီး Foodpanda ဘောက်ချာကုတ်များနှင့် လဲလှယ်နိုင်သော အထူးဆုလက်ဆောင်များရနိုင်ပြီ
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)- MPT သုံးစွဲသူများသည် သီတင်းကျွတ်အားလပ်ရက်များ အတွင်း ဒီဂျစ်တယ်ဂိမ်းကစားခြင်းအတွေ့အကြုံကိုခံစားရင်း foodpanda ဘောက်ချာကုတ်များကို ရယူနိုင်မည့် “RedFox Run” ဂိမ်းအစီအစဉ်ကို MPT က မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
MPT သုံးစွဲသူများသည် ဒေတာအခမဲ့ဖြင့် MPT4U အက်ပလီကေးရှင်းတွင် “RedFox Run” ဂိမ်းကစားပြီး ကျပ် ၁၀,၀၀၀ အထိ တန်ဖိုးရှိသော foodpanda ဘောက်ချာကုတ်များကို ရယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများကို ဆုလက်ဆောင်များ ပိုမိုရရှိစေမည့်အခွင့်အရေးပေးနိုင်ရန်အတွက် အဆိုပါ ဂိမ်းအစီအစဉ်ကို အောက်တိုဘာလ ၁၈ ရက် မှ ၂၄ ရက်အထိ တစ်ကြိမ်နှင့် အောက်တိုဘာလ ၂၅ ရက်မှ ၃၀ ရက်အထိတစ်ကြိမ် အဖြစ် အပိုင်း ၂ ပိုင်းခွဲပြီး အသီးသီး ဆောင်ရွက်ပေးထားပါသည်။
MPT သုံးစွဲသူတစ်ဦးချင်းစီအနေဖြင့် MPT4U အက်ပလီကေးရှင်းတွင် ဂိမ်းကစားခြင်းကို ဂိမ်းအစီအစဉ်၏ အပိုင်း ၂ ပိုင်း လုံးတွင် ၁ ကြိမ်စီ ပါဝင်ကစားနိုင်ပြီး “ဂိမ်းတွင်ပါဝင်ခြင်း ဆုလက်ဆောင်” နှင့် “ဂိမ်းကစားခြင်း၏ အဆင့်ပေါ် မူတည်သည့် ဆုလက်ဆောင်” ဟူ၍ ဆုလက်ဆောင်၂ မျိုးကို ရနိုင်မည့် အခွင့်အရေးများ ရရှိမည် ဖြစ်သည်။
“ဂိမ်းတွင်ပါဝင်ခြင်း ဆုလက်ဆောင်” အစီအစဉ်၌ MPT4U အက်ပလီကေးရှင်းတွင် “Redfox Run” ဂိမ်း ကစားသူတိုင်းသည် ၎င်းတို့ ဂိမ်းကစားသည့် အကြိမ်ရေမည်မျှပင်ရှိစေကာမူ ၅၀၀ကျပ် တန်ဖိုးရှိ foodpanda ဘောက်ချာကုတ်ကို တစ်ကြိမ်တိတိ ရရှိမည် ဖြစ်သည်။
“ဂိမ်းကစားခြင်း၏ အဆင့်ပေါ်မူတည်သည့် ဆုလက်ဆောင်” အစီအစဉ်တွင်မူ သုံးစွဲသူများသည် အောက်ဖော်ပြပါ ဇယားရှိ ဂိမ်းအစီအစဉ် အပိုင်းတစ်ပိုင်းစီအလိုက် ၎င်းတို့ရရှိသည့် အဆင့်ပေါ်မူတည်၍ foodpanda ဘောက်ချာကုတ် ဆုလက်ဆောင်များကို ရရှိမည် ဖြစ်သည်။
အဆင့် | foodpanda ဆုလက်ဆောင် ဘောက်ချာကုတ် တန်ဖိုး | ဂိမ်းအစီအစဉ်တစ်ခုစီ၏ ကံထူးရှင် အရေအတွက် |
---|---|---|
၁ မှ ၅ | ၁၀,၀၀၀ | ၅ ဦး |
၆ မှ ၁၅၅ | ၅,၀၀၀ | ၁၅၀ ဦး |
၁၅၆ မှ ၄၅၅ | ၂,၅၀၀ | ၃၀၀ ဦး |
၄၅၆ မှ ၂,၅၀၅ | ၁,၀၀၀ | ၂,၀၅၀ ဦး |
ဂိမ်းအစီအစဉ်တွင် ပါဝင်ကစားသူများ၏ နောက်ဆုံးရရှိသည့် အဆင့်များကို ဂိမ်းအစီအစဉ်၏ အပိုင်းတစ်ပိုင်း ပြီးဆုံးသည့် အချိန်တွင် စစ်ဆေးနိုင်မည် ဖြစ်သည်။ ရရှိလာသည့် ဆုလက်ဆောင်ကို foodpanda လျှော့စျေး ဘောက်ချာကုတ်နှင့် လဲလှယ်ရယူရန်အတွက် သုံးစွဲသူများသည် “Redfox Run” ဂိမ်း စာမျက်နှာသို့ သွားရောက် လုပ်ဆောင်ရမည် ဖြစ်သည်။
MPT4U အက်ပလီကေးရှင်းတွင် “Redfox Run” ဂိမ်းကစားပြီး ဘောက်ချာကုတ်များ လဲလှယ်နိုင်မည့် ဆောင်ရွက်မှု အဆင့်ဆင့်ကို အောက်ပါအတိုင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
၁။ MPT4U အက်ပလီကေးရှင်း၏ ဂိမ်းစာမျက်နှာသို့ သွားပါ။
၂။ Redfox Run ဂိမ်းကို ကစားပါ။
၃။ ဂိမ်းကစားပြီးနောက် ရရှိလာသည့် အဆင့်များကို ဖော်ပြထားပါသည်။
၄။ Redfox စာမျက်နှာသို့သွားပြီး ဆုလက် ဆောင် ကုတ်များကို ထည့်ပါ။ ထို့နောက် foodpandaဘောက်ချာကုတ်များနှင့်လဲလှယ်ပါ။
၅။ foodpanda ဘောက်ချာကုတ်များကို
အသုံးပြုနိုင်ပြီဖြစ်သည်။
MPT4U အက်ပလီကေးရှင်းတွင် အဆိုပါ ဂိမ်းကို ကစားရန် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူရန်လိုအပ်ပြီး iOS အသုံးပြုသူများအနေဖြင့် App Store နှင့် Android အသုံးပြုသူ များအနေဖြင့် http://bit.ly/DataFreeApp (သို့) https://lotaya.mpt.com.mm/event/191 (သို့) USSD ကုတ် * 4040 # ကို ခေါ်ဆို ခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ရယူနိုင် ပါသည်။
MPT4U အက်ပလီကေးရှင်းသည် MPT သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံး ရရှိနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ငွေဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်း၊ မိမိ၏ နေ့စဉ်အသုံးပြုမှုများကို စစ်ဆေးခြင်းနှင့် အခြားစိတ်ဝင်စားစရာများနှင့် ဖျော်ဖြေရေးများ စသည့် အကြောင်းအရာများအပါအဝင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့ပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် Cut the Fruit ၊ Freekicks Master ၊ Yati Sensation ၊ Crazy Balls နှင့် Boom Night ကဲ့သို့ လူကြိုက်များသည့် ဂိမ်းများကိုလည်း ကစားနိုင်ပါသည်။
“RedFox Ran” ဂိမ်းအစီအစဉ် သို့မဟုတ် MPT4U အက်ပလီကေးရှင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း လေ့လာနိုင်ပါသည်။