latest news

ဝန်ဆောင်မှုများ နှင့် ပရိုမိုးရှင်းပက်ကေ့ချ်များ၏ စျေးနှုန်း ပြောင်းလဲမှုအကြောင်း အသိပေးခြင်း

Published 03 Dec 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်)- ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ မကြာသေးမီက ညွှန်ကြားချက် အရ MPT သည် ဝန်ဆောင်မှုများ၊ ဒေတာနှင့် အသံ ပက်ကေ့ချ်များအပါအဝင် ပရိုမိုးရှင်းပက်ကေ့ချ် ဝန်ဆောင်မှုအချို့၏ စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်ခြင်း နှင့် အချို့ကို ယာယီဆိုင်းငံ့ခြင်းများပြုလုပ်သွားမည် ဖြစ်ကြောင်း အလေးအနက်ထား အသိပေးအပ်ပါသည်။

လက်ရှိဝယ်ယူထားပြီးဖြစ်သော ဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းပက်ကေ့ချ်အစီအစဉ်များကို ၎င်းတို့၏ သက်တမ်းကုန်ဆုံးရက်အထိ (သို့မဟုတ်) ရရှိထားသော အသုံးပြုနိုင်မှု ပမာဏ ကုန်ဆုံးချိန်အထိ အပြောင်းအလဲမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။

ဖြစ်ပေါ်လာသော အပြောင်းအလဲများနှင့် သုံးစွဲသူများ၏ အဆင်မပြေမှုများအတွက် နားလည်ပေးမှုပြုပေးပါရန် MPT အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသော ဆောင်ပုဒ်နှင့်အညီ စုပေါင်း ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် သုံးစွဲသူများနှင့် ကိုက်ညီသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် မြန်မာပြည်သူပြည်သားများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

best operator in Myanmar