စီးပွားရေးသုံး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ၏
အမေးအများဆုံး အထွေထွေမေးခွန်းများ
၁။ Business Fixed Line Services ဆိုတာဘာလဲ?
MPT သည် Business Line, Fiber Internet, Dedicated Internet Access (DIA) အပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် ထူးခြားသော Fixed Network Plans များကို ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။ ဤဝန်ဆောင်မှုများသည် မြန်နှုန်းမြင့် အင်တာနက်နှင့် ဖုန်းဖြင့်ဆက်သွယ်ခြင်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုအနေဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါသည်။ အသေးစိတ်သိရှိနိုင်ရန်။
၂။ Fixed Line Services သည် စီးပွားရေးလုပ်ငန်း၏ ချိတ်ဆက်မှုကို မည်သို့ မြှင့်တင်ပေးနိုင်ပါသလဲ?
MPT ၏ Fixed Line Services သည် မြန်နှုန်းမြင့် အင်တာနက်နှင့် ဖုန်းဖြင့်ဆက်သွယ်ခြင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးပြီး စီးပွားရေးလုပ်ငန်းအတွင်းပိုင်းနှင့် ပြင်ပနှင့် ချိတ်ဆက်မှုကို လွယ်ကူစိတ်ချရစေခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုအား မြှင့်တင်ပေးနိုင်ပါသည်။
၃။ MPT Fixed Line Services များကို စီးပွားရေးလိုအပ်ချက်များအလိုက် ပြုပြင်နိုင်ပါသလား?
MPT ၏ Fixed Line Services များကို သင့်လုပ်ငန်း၏ အသုံးပြုမှု၊ မျှော်မှန်းထားသောစွမ်းဆောင်ရည်နှင့် ဘတ်ဂျက်အလိုက် ပြုပြင်နိုင်ပါသည်။ မြန်နှုန်းမြင့် အင်တာနက်၊ Dedicated Leased Lines (သီးသန့်လိုင်း) သို့မဟုတ် ဖုန်းဖြင့်ဆက်သွယ်ခြင်း လိုအပ်ချက်များရှိပါက သင့်လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုများပံ့ပိုးနိုင်သောကြောင့် သင်အလိုရှိသလို ဝန်ဆောင်မှုရယူနိုင်ပါသည်။
၄။ ဘယ်သူတွေ Business Fixed Line Services ကို လျှောက်ထားနိုင်ပါသလဲ?
SME (အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း)များ၊ လုပ်ငန်းကြီးများ၊ အစိုးရအဖွဲ့အစည်းများနှင့် NGO အဖွဲ့အစည်းများသည် Business Fixed Line Services များကို လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရန်အတွက် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) အလုပ်သမားအဖြစ် လက်မှတ်ရအထောက်အထားရှိရမည်ဖြစ်ပါသည်။
၅။ နောက်ထပ်လုပ်ငန်းစဉ်များကို မည်သို့မေးမြန်းနိုင်မည်နည်း?
သက်ဆိုင်ရာ Dedicated Account Managers များနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့် သင့်လိုအပ်ချက်များအတွက် အကူအညီရယူနိုင်ပါသည်။ B2B Hotline နံပါတ်များနှင့် အီးမေးလ်များကိုလည်း အသုံးပြုနိုင်ပါသည်။ အသေးစိတ်သိရှိနိုင်ရန်
Dedicated Fiber Internet
Q1: Dedicated Fiber Internet ဝန်ဆောင်မှုဆိုတာ ဘာလဲ?
A1:MPT၏ Dedicated Internet Service မှာ သီးသန့်ဖိုင်ဘာကြိုး (Fiber Cable) ဆက်သွယ်မှုဖြင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကို လျင်မြန်ဆန်စွာ ဆက်သွယ်နိုင်သော အင်တာနက် service တစ်ခုဖြစ်ပါသည်။
Q2: Bandwidth အတွက် ရွေးချယ်စရာအမျိုးမျိုးရှိပါသလား?
A2: Bandwidth အတွက် ရွေးချယ်စရာ အမျိုးမျိုးရှိပါသည်။ ၎င်းမှာ 2 Mbps မှ 100 Mbp အထိ ဖြစ်ပါသည်။
(Customer တောင်းဆိုမှုအရ 100 Mbps ထက်ကျော်လွန်သော bandwidth ရှိပါက MPTဖက်မှ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ )
Q3: Customer များသည် Fiber Internet ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခနှုန်းထားများကို ဘယ်လိုပေးဆောင်ရမလဲ?
A3: Customer များသည် Fiber Internet ဝန်ဆောင်မှုအတွက် စတင်သုံးစွဲခ(activation fee) နှင့်လူကြီးမင်းတို့ ရွေးချယ်ထားသောBandwidth အလိုက် လစဉ်သုံးစွဲခ ပေးဆောင်ရန် လိုအပ်ပါသည်။ ထို့အပြင် customerများ၏ တည်နေရာပေါ်မူတည်၍ ပစ္စည်းကိရိယာ ကုန်ကျစရိတ်များနှင့် တပ်ဆင်ရန် ကုန်ကျစရိတ်အား ထပ်ဆောင်းပေးဆောင်ရမည် ဖြစ်ပါသည်။
Domestic Leased Line Service (DLLS)
Q1: : Domestic Leased Line ဝန်ဆောင်မှု ဆိုတာဘာလဲ?
A1: DLLS(Domestic Leased Line Service) ဝန်ဆောင်မှုသည် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အမှတ်တစ်ခုမှ တစ်ခုသို့ တိုက်ရိုက်ချိတ်ဆက်ပေးသော လုံခြုံစိတ်ချမှုရှိသည့် ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။ ထိုဝန်ဆောင်မှုသည် သီးခြားဝန်ဆောင်မှုအဖြစ် ဒီဇိုင်းလုပ်ထားပြီး မြန်နှုန်း 2 Mbps မှ 10 Gbps အတွင်း ရွေးချယ်နိုင်စေရန် စီစဉ်ထားပါသည်။
PSTN Service (Auto Telephone Line)
Q1:PSTN ဝန်ဆောင်မှုဆိုတာဘာလဲ?
A1: PSTN ဆိုသည်မှာ ရုံးခန်း(သို့မဟုတ်) အိမ်များတွင် ကြိုးဖြင့် ဆက်သွယ်အသုံးပြုနိုင်သည့် အများပြည်သူသုံး တယ်လီဖုန်း ကွန်ယက်တစ်ခုဖြစ်ပါသည်။ လိုင်းတစ်လိုင်းလျှင် ၃၂၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ MPTလမ်း(၄၀)ရုံးတွင် လျှောက်ထားနိုင်ပါသည်။
TOLL FREE CALL
Q1: Toll Free Call ဝန်ဆောင်မှုဆိုတာဘာလဲ?
A1: Toll Free Call သည် Customerများမှ ဆက်သွယ်မှုကုန်ကျ စရိတ်ပေးဆောင်ရန်မလိုပဲ ဖုန်းလက်ခံဖြေကြားသူ Company ဘက်မှသာ ဖုန်းခေါ်ဆိုခကို ပေးဆောင်စေမည့် ဝန်ဆောင်မှု ဖြစ်သည်။
IP-VPN Service (Domestic)
Q1: IP-VPN ဝန်ဆောင်မှုဆိုတာ ဘာလဲ?
A1: IPVPN ဆိုသည်မှာ အလယ်အလတ်မှ အကြီးစားစီးပွားရေး အတွက် သင့်တော်ပါသည်။ ရုံးချုပ်နှင့်အဝေးမှာရှိသော ရုံးခွဲများ (Point to Multi Point) ချိတ်ဆက်၍ လူကြီးမင်းတို့၏ အရေးကြီးသော သတင်းအချက်အလက်များကို ပေးပို့နိုင်ခြင်းနှင့် Companyရဲ့ Intranetကို အဝေးတစ်နေရာမှ လုံခြုံစိတ်ချမှုအပြည့်နဲ့ ချိတ်ဆက်နိုင်ဖို့ရာ အလွန်အသုံးဝင်သော Solution တစ်ခုဖြစ်ပါသည်။ Multi-Protocol Label Switching (MPLS) နည်းပညာ အား အခြေခံထားသည့် လုံခြုံစိတ်ချရသော၊ တည်ငြိမ်သော သီးသန့်ဖြစ်သော စီးပွားရေး ဆိုင်ရာ သုံးစွဲသူများ ဆက်သွယ်နိုင်ရန် စီစဉ်ပေးထားသည့် ဝန်ဆောင်မှုဖြစ်ပါသည်။
Q2: Bandwidth ဘယ်လောက်ရရှိနိုင်သလဲ?
A2: Bandwidth 1 Mbps မှ 1 Gbps အထိ ရရှိနိုင်ပါသည်။ Customerများ၏ စီးပွားရေး လိုအပ်ချက်များအလိုက် သင့်လျော်ဆုံး Bandwidth ကိုရွေးချယ်နိုင်ပါသည်။
Q3: IP-VPN (Global Connection) ဝန်ဆောင်မှုဆိုတာ ဘာလဲ?
A3: IP VPN(Global Connection) ဆိုသည်မှာ ပြည်တွင်း IP VPN ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ပြည်ပနိုင်ငံများတွင် ၎င်းတို့၏ စီးပွားရေးကွန်ရက်ကို လွယ်ကူစွာ ချဲ့ထွင်နိုင်ရန်နှင့် ပြည်ပရှိ ၎င်းတို့၏ ရုံးခွဲဌာနများနှင့်လည်း လုံခြုံစွာ ကွန်ရက်တည်ဆောက်နိုင်ရန် IP VPN Global Connection ဝန်ဆောင်မှုကို သုံးစွဲနိုင်ပါသည်။ မြန်မာပြည်တွင်းရုံးများနှင့် နိုင်ငံခြား ပြည်ပတွင် ရှိသောရုံးများ ချိတ်ဆက်၍ လူကြီးမင်းတို့၏ အရေးကြီးသော သတင်းအချက်အလက်များကို ပေးပို့ဆက်သွယ်နိုင်ခြင်းနှင့် Companyရဲ့ Intranetကို အဝေးတစ်နေရာမှ လုံခြုံစိတ်ချမှုအပြည့်နဲ့ ချိတ်ဆက်နိုင်ဖို့ရာ အလွန်အသုံးဝင်သော Solution တစ်ခုဖြစ်ပါသည်။ Multi-protocol label switching (MPLS) နည်းပညာအား အခြေခံထားသည့် လုံခြုံစိတ်ချရသော၊ တည်ငြိမ်သော သီးသန့်ဖြစ်သော စီးပွားရေး ဆိုင်ရာ သုံးစွဲသူများ ဆက်သွယ်နိုင်ရန် စီစဉ်ပေးထားသည့် ဝန်ဆောင်မှုဖြစ်ပါသည်။ နိုင်ငံပေါင်း(၁၀၀)အား ချိတ်ဆက်ပေးနိုင်ပါသည်။
SME Broadband
Q1:SME Broadband ၀န်ဆောင်မှုဆိုတာဘာလဲ?
A1: SME Broadband သည် သင်၏ နေ့စဉ်အလုပ်ပမာဏကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်သော ခေတ်မီ ဖိုင်ဘာအင်တာနက် နည်းပညာတစ်ခု ဖြစ်သည်။
Q2: Bandwidth ဘယ်လောက်ရရှိနိုင်သလဲ?
A2: Bandwidth 20 Mbps မှ 125 Mbps အထိ ရရှိနိုင်ပါသည်။ Customerများ၏ စီးပွားရေး လိုအပ်ချက်များအလိုက် သင့်လျော်ဆုံး Bandwidth ကို ရွေးချယ်နိုင်ပါသည်။
Q3: Customer များသည် SME Broadband ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခနှုန်းထားများကို ဘယ်လိုပေးဆောင်ရမလဲ?
A3: Customer များသည် SME Broadband ဝန်ဆောင်မှုအတွက် လူကြီးမင်းတို့ ရွေးချယ်ထားသော Bandwidth အလိုက် လစဉ်သုံးစွဲခ ပေးဆောင်ရန် လိုအပ်ပါသည်။ ထို့အပြင် Customerများ၏ တည်နေရာပေါ်မူတည်၍ ပစ္စည်းကိရိယာ ကုန်ကျစရိတ်များနှင့် တပ်ဆင်ရန်ကုန်ကျစရိတ်အား ထပ်ဆောင်းပေးဆောင်ရမည် ဖြစ်ပါသည်။
SIP Trunk
Q1: SIP Trunk ဝန်ဆောင်မှုဆိုတာဘာလဲ?
A1: Internet connection မှတစ်ဆင့် ဖုန်းကွန်ယက်များကို VoIP system ဖြင့် ချိတ်ဆက်ထားပြီး ဖုန်းလက်ခံနိုင်ခြင်းနှင့် ဖုန်းခေါ်ဆိုမှုများအား တပြိုင်နက် ပြုလုပ်နိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။
Q2: SIP Trunk ဝန်ဆောင်မှုကို မည်သို့လျှောက်ထားနိုင်သနည်း။
A2: SIP Trunk ဝန်ဆောင်မှု အသုံးပြုရန်အတွက် MPT စီးပွားရေးသုံး ဝန်ဆောင်မှုများမှ ဝယ်ယူထားသော ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု ရှိထားရပါမည်။
Q3: SIP Trunk ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးများ ရရှိမည်နည်း။
A3: Customer ထံမှ ဖုန်းခေါ်ဆိုမှုများနှင့် မေးမြန်းစုံးစမ်းခြင်းများ ပိုမိုရရှိခြင်းဖြင့် Customer Experience ကို တိုးမြှင့်ပေးနိုင်ပါတယ်။
IP Transit
Q1: IP Transit ဝန်ဆောင်မှုဆိုတာဘာလဲ?
A1: Multiple content providers အချင်းချင်းကို ပင်လယ်ကြိုးကေဘယ်ဆက်ကြောင်းနှစ်ခု နှင့်လည်းကောင်း၊ အခြားမြေပြင် ဆက်ကြောင်းများဖြင့်လည်းကောင်း ချိတ်ဆက် ပံ့ပိုးပေးသော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
Q2: IP Transit ကိုလျှောက်ထားလျှင် မည်သည့် အချက်အလက်များ လိုအပ်ပါသလဲ။
Q2:လျှောက်ထားသူများသည် PTD မှ ထုတ်ပေးသောလိုင်စင်ဖြင့် IP Transit ကိုလျှောက်ထားနိုင်သည်။
Q3: Q2:Bandwidth ဘယ်လောက်ရရှိနိုင်သလဲ?
A3: Customerများ၏ စီးပွားရေး လိုအပ်ချက်များအလိုက် သင့်လျော်ဆုံး Bandwidth ကိုရွေးချယ်နိုင်ပါသည်။ Bandwidth 100 Mbps မှ စတင်ရရှိနိုင်ပါသည်။