IP-VPN မှ လုံခြုံစိတ်ချရသော အပိတ်ကွန်ယက်ဝန်ဆောင်မှုအား MPLS နည်းပညာဖြင့် ကျယ်ပြန့်သော ဧရိယာအတွင်းထောက်ပံ့နိုင်ပါသည်။ IP-VPN သည် ယနေ့ခေတ်နှင့်အညီပြောင်းလဲနေသော အဖွဲ့အစည်းများအတွက် ထိရောက်သော ကုန်ကျစရိတ်ဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့် ကွန်ယက်နှင့်သက်ဆိုင်သော အဖြေတစ်ခုဖြစ်ပါသည်။ IP-VPN service မှ အဖွဲ့အစည်းလိုအပ်ချက်များ ရိုးရှင်းသော၊ လုံခြုံစိတ်ချရသော ဆက်သွယ်မှုကွန်ရက်အား ပံ့ပိုးပေးနိုင်ပါသည်။
IP-VPN

IP-VPN Global Connection
MPT ၏ ပြည်တွင်း IP-VPN ဝန်ဆောင်မှုကို သုံးပြုသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ၎င်းးတို့၏ စီးပွားရေးကွန်ရက်ကို လွယ်ကူစွာချဲ့ထွင်နိုင်ရန်နှင့် ပြည်ပရှိ ၎င်းတို့၏ ရုံးဌာနခွဲများနှင့်လည်း လုံခြုံစွာကွန်ယက်တည်ဆောက်နိုင်ရန် ယခု IP-VPN Global Connection ဝန်ဆောင်မှုကို ထပ်ပေါင်းအသုံးပြုနိုင်ပါသည်။ ဤဝန်ဆောင်မှုကို ရယူခြင်းနှင့် အသုံးပြုခပေးချေခြင်း လုပ်ငန်းဆောင်တာများကိုလည်း မြန်မာနိုင်ငံတွင်သာ လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် အချိန်ကုန် ငွေကုန်သက်သာစေမည့်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
- ထပ်တိုးအဆင့်မြှင့်ထားသော MPLS နည်းပညာ
- နိုင်ငံရပ်ခြားအတွက် ကြီးမားဆုံးသောစွမ်းဆောင်နိုင်မှု
- ကျယ်ပြန့်များပြားလှသော လမ်းကြောင်းများမှတဆင့် ကမ္ဘာ အနှံ့ကို ချိတ်ဆက်နိုင်မှု
- မည်သည့်ကွန်ယက်မှမဆို ချိတ်ဆက်နိုင်မှု
- ဝန်ဆောင်မှုသဘောတူစာချုပ်ပါဝင်သော အဆင့်မြင့် ဖွဲ့စည်းချိတ်ဆက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု

စီးပွားရေးသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုများ
MPT မှ ပြည့်စုံသည့် အစီအစဉ်များ ဖြင့် fixed line ဝန်ဆောင်မှုအား မတူညီသော လုံခြုံမှု အဆင့်များ၊ အရည်အသွေးများ၊ အထောက်အပံ့များ နှင့်အတူ ပြည်တွင်းမှ နိုင်ငံတကာ အထိ ဝန်ဆောင်မှု များ ချိတ်ဆက် ပေးထားပါသည်။

Dedicated Fiber Internet

Business Premium/Eco

SME Broadband
