B2B လျှောက်ထားနိုင်သော အရောင်းဆိုင်များ

MPT အား ချစ်ခင်စွာဖြင့် အစဉ်တစိုက် ယုံကြည်အားပေးလျက်ရှိကြသော လေးစားတန်ဖိုးထားရသည့် MPT သုံးစွဲသူ မိဘပြည်သူ အပေါင်းတို့အတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ MPT Own Shop ဆိုင်ကြီ:များတွင် MPT ၏ B2B ဝန်ဆောင်မှုများအား အချိန်နဲ့ တစ်ပြေးညီ အလွယ်တကူ ဝန်ဆောင်မှု လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ B2B မိုဘိုင်း ဝန်ဆောင်မှု Packages သည် အစိုးရ အဖွဲ့အစည်းများ ၊ ကုမ္ပဏီပိုင်ရှင်များ ၊ SME လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအတွက် အသင့်တော်ဆုံး ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ မိမိတို့၏ B2B ဝန်ဆောင်မှုများအနေဖြင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးတို့ကို အဓိက ဦးစားပေးသည် ဖြစ်သည့်အတွက် သင့်တင့်သော နှုန်းထားများဖြင့် အခြား အော်ပရေတာများအား ခေါ်ဆိုနိုင်ခြင်း အပြင် ဒေတာ ပမာဏကိုပါ လုံလုံလောက်လောက် အသုံးပြုလို့ ရနိုင်မည် ဖြစ်ပါသည်။

  • Business Bundle
  • Business Allowance
  • B2B Any-Net
  • B2B Data Plans နှင့် အခြားသော ဝန်ဆောင်မှုများကိုပါ ရယူနိုင်မည်ဖြစ်သည်။
B2B Shops small body image

1) လုပ်ငန်းဆိုင်ရာ အချက်အလက် အနည်းငယ်ရှိရုံဖြင့် အလွယ်တကူ လျှောက်ထားနိုင်ခြင်း

2) B2B မိုဘိုင်းလ်နှင့် ပတ်သက်သော ဝန်ဆောင်မှုများ ရယူနိုင်ခြင်း

3) အသုံးစရိတ်များ သိသိသာသာ လျှော့ချပေးနိုင်ခြင်း

4) တစ်ဦးချင်း အကြံပေးဝန်ဆောင်မှုများ ရယူဆွေးနွေးနိုင်ခြင်း

5) လိုအပ်ချက်အလိုက် ဝန်ဆောင်မှုများ ရွေးချယ်အသုံးပြုနိုင်ခြင်း

ဝန်ဆောင်မှု ရယူရန် လိုအပ်ချက်များမှာ

စီးပွားရေးလုပ်ငန်းများအတွက်

  • ကုမ္ပဏီလိုင်စင် (သို့မဟုတ်) စည်ပင်လုပ်ငန်းလိုင်စင်နှင့် လျှောက်ထားလိုသူ၏ မှတ်ပုံတင် (အရှေ့ဖက် မျက်နှာစာနှင့် ကျောဖက်ပါ ) မိတ္တူ

အစိုးရနှင့် အခြား
အဖွဲ့အစည်းများအတွက်

  • ဌာနဆိုင်ရာ ထောက်ခံချက်နှင့် လျှောက်ထားလိုသူ၏ မှတ်ပုံတင် (အရှေ့ဖက် မျက်နှာစာနှင့် ကျောဖက်ပါ ) မိတ္တူ

ဝန်ထမ်းများအတွက်

  • ဝန်ထမ်းကဒ်နှင့် ကုမ္ပဏီ ထောက်ခံစာ ၊ လျှောက်ထားလိုသူ၏ မှတ်ပုံတင် (အရှေ့ဖက် မျက်နှာစာနှင့် ကျောဖက်ပါ ) မိတ္တူ

မှတ်ချက်။ စီးပွားရေး လုပ်ငန်းသုံး ဝန်ဆောင်မှု ရယူရန် အနည်းဆုံး MPT ဆင်းမ်ကတ် (၂) ကတ်မှ စတင်လျှောက်ထားနိုင်ပါသည်။

စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုများပါ တစ်ပါးတည်း ရယူလျှောက်ထားနိုင်သော MPT ၏ အရောင်းဆိုင်များ

စဉ်ဆိုင်အမည်ဆိုင်လိပ်စာဆိုင်ဖွင့်ချိန် - ပိတ်ချိန်မြို့နယ်တိုင်း
၁MPT ( မြန်မာ ပလာဇာ )(၁၉၂) ကမ္ဘာအေးဘုရားလမ်း၊​ အမှတ် ကေ(၁၀၂)၊ မြန်မာ ပလာဇာ ပထမထပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။​နေ့စဉ်နေ့တိုင်း
မနက်(၉)နာရီမှ ညနေ(၆)နာရီ အထိ
ဗဟန်းရန်ကုန်
၂MPT ( ဆူးလေ )ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဆူးလေဘုရားအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ ။​နေ့စဉ်နေ့တိုင်း
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ပန်းဘဲတန်းရန်ကုန်
၃MPT ( လမ်း ၄၀ )အမှတ်(၁၀၃) ၊ လမ်း(၄၀) ၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြား ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ကျောက်တံတားရန်ကုန်
၄MPT ( သင်္ဃန်းကျွန်း )သုမင်္ဂလာလမ်းနှင့် သုမနလမ်းထောင့်၊ (၁၆/၄)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
သင်္ဃန်းကျွန်းရန်ကုန်
၅MPT ( ရွှေဂုံတိုင် )အမှတ်(၇၄)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ကမ္ဘောဇဘဏ်ရှေ့၊ ဗဟန်းမြိုနယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ဗဟန်းရန်ကုန်
၆MPT ( မရမ်းကုန်း )မရမ်းကုန်း အိတ်ချိန်းဝင်း၊ ကမ္ဘာအေးဘုရားလမ်း၊ (၈)မိုင် ပန်းခြံအနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
မရမ်းကုန်းရန်ကုန်
၇MPT (အလုံ )အလုံအိတ်ချိန်းဝင်း၊ အမှတ်(၈၃၉/၈၄၁)၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
လမ်းမတော်ရန်ကုန်
၈MPT ( ပန်းဆိုးတန်း )ပန်းဆိုးတန်း ကြေးနန်းရုံး၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ကျောက်တံတားရန်ကုန်
၉MPT ( အင်းစိန် )အမှတ်(၂) လိူင်မြစ်လမ်း ၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်စာတိုက်ဝင်း ၊ EPC ရုံးအနီး ၊ အင်းစိန်မြို့နယ် ၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
အင်းစိန်ရန်ကုန်
၁၀MPT ( ဗဟန်း )ဗဟန်း အိတ်ချိန်းဝင်း၊ အမှတ်(၁၀၃)၊ ဗညားဒလလမ်း၊ ဘိုချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ဗဟန်းရန်ကုန်
၁၁MPT ( စော်ဘွားကြီးကုန်း )​​ကျောက်စိမ်းလမ်းနှင့် (၅) လမ်းထောင့်၊ စော်ဘွားကြီးကုန်း ပွဲရုံ၊ အင်းစိန်မြို့နယ် ၊ ရန်ကုန်မြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
အင်းစိန်ရန်ကုန်
၁၂MPT (ဝေဠုဝန်) ဝေဠုဝန် အိတ်ချိန်းဝင်း ၊Time city အရှေ့၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
စမ်းချောင်းရန်ကုန်
၁၃MPT ( မန္တလေး - အောင်မြေသာဇံ )မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးမန်နေဂျာရုံး၊ (၂၅)လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား ၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
အောင်မြေသာဇံမန္တလေး
၁၄MPT (နေပြည်တော်)No. S-12 နေပြည်တော် အိတ်ချိန်းရုံးဝင်း၊ ဇဗ္ဗူကျက်သရေ လမ်း၊ ဇဗ္ဗူသီရိ မြို့နယ်။တနင်္လာမှ သောကြာ
မနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲ အထိ
ဇဗ္ဗူသီရိ မြို့နယ်နေပြည်တော်

( ပြင်ပ အခြေအနေ၊ အချိန်အခါများအရ တိုင်းဒေသအလိုက် ဝန်ဆောင်မှုအမျိုးအစားနှင့် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန် ကွာခြားမှု ရှိနိုင်ပါသည်။)

CONTACT US

best operator in Myanmar