၁) eBanking ဖြင့် ပေးချေခြင်း – “KBZ/ CB Pay/ AYA/ AYA Pay/ YOMA/ A+ Wallet” ၏ Mobile Banking/ Internet Banking မှတဆင့် “MPT (Business)” Account သို့ တိုက်ရိုက်ငွေပေးချေခြင်း။
၂) ငွေသားဖြင့် ပေးချေခြင်း – မိမိတို့နှင့်နီးစပ်ရာ “KBZ / CB / AYA/ YOMA” ဘဏ်ခွဲများမှတဆင့် “MPT Business (Special Cash Account)” သို့ လည်းကောင်း၊ NearMe အမှတ်အသားရှိသော eService retail shops များတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီဖုန်းအခွန်ဌာန (TRA) ရုံးများတွင် လည်းကောင်း ငွေသားဖြင့် ပေးချေခြင်း။
ငွေပေးချေရာတွင် မိမိပေးသွင်းလိုသော ငွေတောင်းခံလွှာတွင် ဖော်ပြပါရှိသည့် သုံးစွဲသူအမှတ် (Customer No)၊ ငွေတောင်းခံလွှာအမှတ် (Invoice Number) နှင့် ကျသင့်ငွေပမာဏ (Amount) တို့အား မှန်ကန်စွာဖြည့်စွက်ဖော်ပြ၍ ငွေပေးချေရမည် ဖြစ်ပါသည်။