B2B ၏ CUG ဝန်ဆောင်မှုများသည် အုပ်စုတစ်ခုအတွင်းလွတ်လပ်စွာပြောဆိုဆက်သွယ်နိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။ CUG သည် အုပ်စုအတွင်း အကန့်သတ်မဲ့ ဖုန်းခေါ်ဆိုမှု၊အကန့် သတ်မဲ့ စာတိုပေးပို့မှုနှင့် MPT ၏ကွန်ယက်ဧရိယာအတွင်းအကန့် သတ်မရှိဆက်သွယ်နိုင်သည်။
CUG (Closed User Group)
Free
Voice Call
5
Minimum subscribers
Free
SMS

အမေးများသောမေးခွန်းများ
၁။ CUG ဝန်ဆောင်မှုသည် မည်သို့သော ဝန်ဆောင်မှုဖြစ်သနည်း?
CUG ဝန်ဆောင်မှုဆိုသည်မှာ အုပ်စုတစ်ခုဖွဲ့ ၍ ထိုအုပ်စုအတွင်း အဖွဲ့ဝင်(Member) များ၏ ဖုန်းနံပါတ်များထည့်သွင်း ကာ ထိုဖုန်းနံပါတ်များအချင်းချင်း လွတ်လပ်စွာ ပြောဆို ဆက်သွယ်နိုင်သော ဝန်ဆောင်မှု ဖြစ်ပါသည်။
၂။ CUG ဝန်ဆောင်မှု ၏ ကောင်းကျိုးများကဘာတွေလဲ?
CUG သည် အုပ်စုအတွင်းအကန့်သတ်မဲ့ဖုန်းခေါ်ဆိုမှုနှင် အကန့်သတ်မဲ့စာတိုပေးပို့မှုများကို MPT၏ ကွန်ယက်ဧရိယာအတွင်း အကန့်သတ်မရှိ ဆက်သွယ်နိုင်သည်။
၃။ CUG ဝန်ဆောင်မှုအား မည်သည်သို့သော အဖွဲ့အစည်းများ လျှောက်ထားနိုင်မည်နည်း?
B2B ဆင်းမ်ကတ်အား အသုံးပြုနေသူများအနေဖြင့်သာ CUG ဝန်ဆောင်မှုကို လျှောက်ထားရယူနိုင်ပါသည်။ အသေးစိတ်သိရှိရန်
၄။ CUG ဝန်ဆောင်မှုအား ရပ်ဆိုင်းလိုပါက မည်သို့အကြောင်းကြားရမည်နည်း?
လတစ်လ မကုန်ဆုံးခင် တစ်ပတ်ကြိုတင်၍ သက်ဆိုင်ရာ အရောင်းတာဝန်ရှိသူအား အကြောင်းကြားပေးရပါမည်။
စီးပွားရေးသုံး မိုဘိုင်းဝန်ဆောင်မှုများ
MPT ၏ B2Bမိုဘိုင်းဝန်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းများ နှင့် အစိုးရဝန်ကြီးဌာနများ၏ လိုအပ်ချက်များအတွက် တစ်နေရာတည်း ပြီးပြည့်စုံစေသော ဝန်ဆောင်မှုဖြစ်ပါသည်။