SME Talk ပက်ကေ့ဂျ်သည် နေ့စဉ် MPT အချင်းချင်း ဖုန်းပြောမိနစ်များ၊ စာတိုပို့ပေးနိုင်ခြင်းများသာမက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုချောမွေ့စေရန်အပြင် လုပ်ငန်းတွင်း ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်နှင့် ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။
SME Talk

အထူး ခံစားခွင့် အကျိုးကျေးဇူးများ

လုပ်ငန်းတွင်းကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း
မနက်၈နာရီမှ ညနေ၆နာရီ လုပ်ငန်းတွင်း ဆက်သွယ်မှု ကုန်ကျစရိတ်အား သိသာစွာ လျှော့ချနိုင်ပါသည်။

ဆက်သွယ်မှုအား ပိုမိုလုပ်ဆောင်နိုင်ခြင်း
customer များအား သက်သာသောနှုန်းထားဖြင့် ဆက်သွယ်နိုင်ခြင်းတို့ကြောင့် ကောင်းမွန်သော ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ပါသည်။

အလွယ်တကူ ဝန်ဆောင်မှုရယူနိုင်ခြင်း
USSD code ဖြင့် အလွယ်တကူ ဝန်ဆောင်မှု ရယူနိုင်ပါသည်။
အမေးများဆုံး မေးခွန်းများ
၁။ SME Talk ပက်ကေ့ချ် ဆိုတာဘာလဲ။
SME Talk ပက်ကေ့ချ် သည် လုပ်ငန်းသုံး ဖုန်းပြောဝန်ဆောင်မှုတစ်ခုဖြစ်ပြီး MPT အချင်းချင်း နေ့စဉ်ဖုန်းပြောမိနစ်များနှင့် စာတိုပေးပို့မှုများကို မနက် ၈နာရီမှ ညနေ ၆နာရီအတွင်း ဝန်ဆောင်မှုကို နေ့စဉ်ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ SME Talk ပက်ကေ့ချ်ကို မည်သို့သော customer များအနေဖြင့် ဝယ်ယူနိုင်မည်လဲ။
SME Talk ပက်ကေ့ချ် သည် B2B SIM ဖြစ်ပြီးသား customers များအနေဖြင့်သာ အလွယ်တကူဝယ်ယူနိုင်မည်ဖြစ်ပါသည်။
၃။ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်ပါသလဲ။
SME Talk ပက်ကေ့ချ်ကို *2332*99# ကို ခေါ်ဆိုပြီး ဝယ်ယူနိုင်ပါသည်။
၄။ ပက်ကေ့ချ်၏ သက်တမ်းက ဘယ်လောက်ပါလဲ။
သုံးစွဲသူများသည် နေ့စဉ် ဖုန်းပြောမိနစ်များနှင့် စာတိုပေးပို့ခြင်း အကျိုးခံစားခွင့်များကို စတင်ဝယ်ယူသည့် ရက်မှ စတင်ပြီး သတ်မှတ်ချိန်အတွင်း ရက် ၃၀ ထိ အသုံးပြုလို့ရနိုင်ပါသည်။
၅။ သက်တမ်းကုန်သွားတဲ့အခါ ဘယ်လိုထပ်ဝယ်လို့ရနိုင်မလဲ။
ရက် ၃၀ ပက်ကကေ့ချ် သက်တမ်းကုန်သွားတဲ့အခါ *2332*99# ကို ခေါ်ဆိုပြီး ထပ်မံ ဝယ်ယူလို့ရနိုင်ပါသည်။
စီးပွားရေးသုံး မိုဘိုင်းဝန်ဆောင်မှုများ
MPT ၏ B2Bမိုဘိုင်းဝန်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းများ နှင့် အစိုးရဝန်ကြီးဌာနများ၏ လိုအပ်ချက်များအတွက် တစ်နေရာတည်း ပြီးပြည့်စုံစေသော ဝန်ဆောင်မှုဖြစ်ပါသည်။