latest news

MPT က နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများ အဆင်ပြေစေရန် မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းဘေလ် လွှဲပြောင်း ပေးနိုင်သည့် ဝန်ဆောင်မှုကို အခမဲ့ပေးအပ်သွားမည်

Published 12 Apr 2021

MPT သုံးစွဲသူများအနေဖြင့် ချစ်ခင်ရသူ မိသားစုများ၊ သူငယ်ချင်းများ ထံသို့ မိုဘိုင်းဖုန်းအချင်းချင်း မိမိတို့၏ ဖုန်းမှလက်ကျန် ဖုန်းဘေလ်များအား လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂) ရက်မှစတင်ကာ ဝန်ဆောင်ခပေးရန်မလိုဘဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့်ကာလတွင် သုံးစွဲသူများအကြား ဆက်သွယ်မှုများ အဆင်ပြေနိုင်စေရန်အတွက် MPT အနေဖြင့် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။

ယခင်က ၀န်ဆောင်ခအဖြစ် လွှဲပြောင်းသည့်ပမာဏ၏ ၅% ကိုငွေလွှဲသူ၏ မူလ ဖုန်းလက်ကျန်ငွေထဲမှ ကောက်ခံခဲ့ပြီး ယခုပရိုမိုးရှင်းကို မိတ်ဆက်လိုက်ခြင်းအတွက် အဆိုပါ ဝန်ဆောင်ခမှာ ကျသင့်ခြင်း မရှိတော့ဘဲ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ယင်းသို့လွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် စည်းမျဥ်း စည်းကမ်း များမှာမူ ယခင်အတိုင်း အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှု ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂) ရက်မှစ၍ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုကို ရယူရန်အတွက် အောက်ပါ USSD code ကိုရိုက်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။

*223*လွှဲမည့်ငွေပမာဏ*ငွေလက်ခံရယူမည့်သူ၏ Mobile Phone နံပါတ်# [ပေးပို့ပါ]
ဥပမာ။ *223*1000*09456456456#[send]

စည်းမျဥ်း စည်းကမ်းများ

• MPT ကြိုတင်ငွေဖြည့်သွင်းသည့် စနစ် အသုံးပြုသူများသာ အသုံးပြုနိုင်ပါသည်။
• တစ်ကြိမ်လျှင် ဖုန်းငွေ ကျပ် ၃၀၀ မှ ၁၀,၀၀၀ ကြား လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။
• တစ်ရက်တွင် (၅) ကြိမ်သာ ငွေလွှဲနိုင်မည်ဖြစ်သည်။
• ဖုန်းငွေအနည်းဆုံး ၃,ဝဝဝ ကျပ်နှင့်အထက်အသုံးပြုပြီးမှသာ ဖုန်းဘေလ်လွှဲပြောင်း ပေးနိုင်သည့် ဝန်ဆောင်မှုကို စတငအသုံးပြုနိုင်ပါမည်။
• ဝန်ဆောင်ခ အခမဲ့ဖြင့် အသုံးပြုမှုကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၂) ရက်မှစတင်ကာ နောက်ထပ်အပြောင်းအလဲကို မကြေညာမချင်းအသုံးပြုနိုင်မည်ဖြစ်သည်။

လက်ကျန်ငွေလွှဲပြောင်းခြင်း ၀န်ဆောင်မှုနှင့်ပတ်သက်သော မေးခွန်းများအတွက် https://bit.ly/3d00LpK သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT အနေဖြင့် ယခုကဲ့သို့ခက်ခဲသောအချိန်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြန်မာပြည်သူ ပြည်သားများ အားလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံမှု ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

best operator in Myanmar