blank

MPT မှ မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီးများရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား လျှပ်စစ်မီးအိမ်များလှူဒါန်း

Published 26 Feb 2016

ကျောင်းသားများ၏သင်ယူမှုစွမ်းရည်တိုးတက်မှုကို အထောက်အကူဖြစ်စေရန် စာသင်ခန်းများအတွင်း ဆိုလာမီးအိမ်များ တပ်ဆင်လှူဒါန်း

မန္တလေး၊ မြန်မာ၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ် (၈၃၇)လုံး လှူဒါန်းပွဲအခမ်းအနားကို မန္တလေးမြို့ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့တွင် ကျင်းပခဲ့ပါသည်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ အစီအစဉ်တကျ ပေးပို့လှူဒါန်းမည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များအား ကျောင်းသားများ၏ သင်ယူမှုစွမ်းရည်တိုးတက်မှုကို အထောက်အကူဖြစ်စေရန် စာသင်ခန်းများအတွင်းတွင် တပ်ဆင်လှူဒါန်းသွားပါမည်။

အများပြည်သူများ၏လူနေမှုဘဝမြှင့်တင်ရေး လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များ လှူဒါန်းရန်အတွက် MPT ၏ မကြာသေးမီကကျင်းပခဲ့သော နံပါတ်အလှများလေလံတင် ရောင်းချပွဲကြီးတွင် MPT သုံးစွဲသူများမိဘပြည်သူများမှ သဒ္ဒါတရားထက်သန်စွာပါဝင်ခဲ့ကြသည့်အတွက် အောင်မြင်စွာ လှူဒါန်း နိုင်ခဲ့ပါသည်။ လေလံံပွဲသို့ပါဝင်သူပေါင်း (၁၆၄) ယောက်တက်ရောက်ခဲ့ကြပြီး နံပါတ် ၅ လုံးတူ၊ နံပါတ် ၆ လုံးတူ၊ နံပါတ် ၇ လုံးတူနံပါတ်တွဲများပါဝင်သည့် နံပါတ်ပေါင်း(၁၂၆)ခုကို လေလံတင်ခဲ့ရာ အမြင့်ဆုံး သိန်း (၂၂၀)အထိ လေလံအောင်ခဲ့သည်နံပါတ်လည်းပါဝင်ခဲ့ပါသည်။

MPT-KSGM Joint Operation ၏ Chief Operation Officer ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့အနေနဲ့ ငွေကြေးမပြည့်စုံတဲ့ ကျောင်းသားများကို အကျိုးကိုရှေးရှု့ပြီး အခမဲ့ပညာရေးကို သင်ကြားပေးနေသော ဘုန်တော်ကြီးသင်ပညာရေးကျောင်းများကို ယခုလို သဒ္ဒါတရားထက်သန်စွာ ပါဝင်ကုသိုလ်ယူကြတဲ့ MPT ရဲ့ သုံးစွဲသူမိဘပြည်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပြည်သူများရဲ့ ရှေရည်အကျိုးအတွက် အမြဲတမ်းအလေးထားတဲ့ အစီအစဉ်တစ်ခုအဖြစ် မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝကို မြှင့်တင်ပြီး အလင်းရောင်နှင့် လျှပ်စစ်မီးမရရှိတဲ့ဒေသများအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်တဲ့ ပရဟိတလှူဒါန်းမှု လေလံပွဲကြီးနောက်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပ့ံပြုတဲ့ ဒီလုပ်ဆောင်ချက်ရဲ့ အမြင့်ဆုံးအောင်မြင်မှုကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။” ဟုပြောကြားခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှတဆင့် လျှပ်စစ်မီးမရရှိသေးသောဒေသများမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ လှူဒါန်းပါမည်။

ဖောင်တော်ဦးကျောင်းထိုင်ဆရာတော်၊ ဘုန်တော်ကြီးသင်ပညာရေးဆိုင်ရာ မန္တလေးတိုင်းအလုပ်အမှုဆောင် ဆရာတော် ဘဒ္ဒန္တနာယကမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား လှူဒါန်းသည့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်မီးအိမ်များကို လက်ခံရယူပြီး “ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ စာသင်ခန်းလေးတွေ ပိုမိုကောင်းမွန်လာအောင် သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပြီး ကူညီပံ့ပိုးပေးတဲ့ MPT နဲ့ MPT သုံးစွဲသူများကို ကျေးဇူးတင်ပါတယ်။ ယခုလိုလှူဒါန်းတဲ့အတွက် ဘုန်းတော်ကြီးသင်ညာရေး ကျောင်းများမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်ပြီးအလင်းရောင်ပြည့်ဝတဲ့့ ပတ်ဝန်းကျင်မှာ ပညာသင်ကြားစေနိုင်မှာ ဖြစ်တဲ့အတွက် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများနဲ့ ကျောင်းသား၊ ကျောင်းသူများကို များစွာ အထောက်အကူပြုပါတယ်။”ဟုမိန့်ကြားခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းခြင်း အခန်းအနားသို့ မြန်မာ့ဆက်သွယ်ရေးနှင့် KSGM အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးမှ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် Mr Shinjiro Hara နှင့် ဖောင်တော်ဦးကျောင်းမှ အကြီးတန်းအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေးတာဝန်ရှိသူများတက်ရောက်သည်။

နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များကို Panasonic မှာ “Eneloop Solar Storage” ယူနစ်များဖြင့် ထုတ်လုပ်ထားဖြစ်ပါသည်။ ၎င်းတို့ကို ဆိုလာပြားများ၊ ဘထ္ထရီများ နှင့် LED မီးချောင်း တို့ဖြင့်ပြုလုပ်ထားပါ သည်။ အဆိုပါနေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များကို နေ့ဘက်တွင် အားဖြည့်ကာ ညဘက်တွင်သို့မဟုတ် အလင်းရောင်နည်းပါးသည့် မိုးအုံ့သောအချိန်များနှင့် မိုးရွာသော အချိန်များတွင် ၆ နာရီမှ ၈ နာရီ အထိ LED မီးကို အသုံးပြုနိုင်ပါသည်။ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များသည် ငါးနာရီကြာအားသွင်းရုံဖြင့် ၂၄နာရီအထိ အသုံးပြုနိုင်သည်။ ၅ နှစ်ကြာ အသုံးခံနိုင်မည်ဖြစ်ပြီးဘထ္ထရီကို ပြန်လည်လဲလှယ်နိုင်သည်။ ထိန်းသိမ်းစရိတ် လုံးဝမရှိဘဲလည်ပတ်ရန်အတွက်လည်းငွေကုန်ကျမှု ရှိမည်မဟုတ်ပါ။ ထို့ပြင် ဤမီးအိမ်များဖြင့် ညအခါ အလင်းရောင်ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တစ်ဆင့် မိုလ်ဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်ခြင်းဖြင့် ဒေသခံအချင်းချင်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာစေနိုင်မည့် အစီအစဉ်လည်းဖြစ်သည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

best operator in Myanmar