blank

MPT အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ် များတွင် ဖိုင်ဘာ အင်တာနက်များချိတ်ဆက်ဆောင်ရွက်လှူဒါန်းပေးခြင်းဖြင့် ဆက်သွယ်ရေး အထောက်အပံ့များ တိုးချဲ့ဆောင်ရွက်

Published 17 Sep 2020

MPT အနေဖြင့် COVID-19 ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို လွန်ခဲ့သည့် ဧပြီလမှ စတင်ပြီး ဖောင်ကြီး COVID-19 ကုသရေးစင်တာ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အသွားအလာကန့်သတ် ဆောင်ရွက်ထားသည့် နေရာ ၆၀ ကျော်ကို ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ယခုလိုရောဂါပိုးတွေ့ရှိမှု များပြားလာသည့် အချိန်တွင် ဖောင်ကြီး COVID-19 ကုသရေး စင်တာအတွက် ထပ်မံလိုအပ်လျက် ရှိသော ဖိုင်ဘာအင်တာနက်လိုင်း ၃ လိုင်းကို ယခင်အပတ်ကပင် တိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ပူးပေါင်း ဆောင်ရွက်ထားသော အတည်ပြုလူနာ ၄၁၆ နှင့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) ဉီးတို့နေထိုင်နိုင်မည့် Covid-19 အရေးပေါ်ရောဂါကုသရေးဌာန (သုဝဏ္ဏ)တွင် အင်တာနက် ရရှိအသုံးပြုနိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအဖြစ် ဖိုင်ဘာအင်တာနက်လိုင်းနှင့် Wi-Fi စနစ်တပ်ဆင်ခြင်းနှင့်ဆက်စပ်ပစ္စည်းများကို MPT မှထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုလို COVID-19 ကူးစက်မှုမြင့်မားလာသည့်ကာလအတွင်းတွင် MPT အနေဖြင့် မြန်မာပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းတို့အတွက် လိုအပ်သည့် အထောက်အပံ့များကို ဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သည် ဧပြီလမှ စတင်ကာ MPT အနေဖြင့် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အတွက်လိုအပ်သည့် အခြားသော လှူဒါန်းမှုများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

#မြန်မာပြည်နှင့် အတူရှိနေမည့် MPT

best operator in Myanmar