latest news

မြန်မာပြည်နှင့်အတူရှိနေပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲသူများသို့ အကောင်းဆုံး ကြိုးပမ်းအားထုတ်မှုများဖြင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း MPT ကတိပြု

Published 24 May 2021

တယ်လီကွန်းဆက်သွယ်ရေးမှာ မြန်မာပြည်သူများအကြား ကောင်းစွာချိတ်ဆက်နေနိုင်ရေးအတွက် အလွန်ပင်အရေးကြီးသည်နှင့်အညီ စဥ်ဆက်မပြတ်ဖြစ်ပြီး အနှောင်အယှက်ကင်းသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို သုံးစွဲသူများက ရရှိ အသုံးပြုနိုင်ရန်အတွက် MPT က ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုအပ်ပါသည်။ လွန်ခဲ့သည့် အစောပိုင်းကာလများ၌ ဆက်သွယ်ရေး ဝန်ဆောင်မှုများ မရရှိနိုင်မှုအပေါ် MPT အနေဖြင့် စိတ်မကောင်းဖြစ်ရပြီး သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် အကောင်းဆုံးကြိုးစားလုပ်ဆောင်လျက်ရှိကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မည်သည့်အခြေအနေတွင် မဆို ရယူအသုံးပြုနိုင်ရေးမှာ အရေးကြီးကြောင်း ကောင်းစွာမှတ်ယူထားပါသည်။

MPT သည် သုံးစွဲသူများ၏ အဆင်မပြေမှုများကို တတ်နိုင်သမျှအနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ မိုဘိုင်းအင်တာနက် မရရှိသည့်ကာလအတွင်း အသုံးပြုရန်ကျန်ရှိနေသော ဒေတာလက်ကျန်များကို ရက်(၃၀) သက်တမ်းဖြင့် ဆက်လက်အသုံးပြုနိုင်စေရန်နှင့် MPT ထောဘီ အစီအစဉ်ဝယ်ယူသုံးစွဲသူများ၏ သက်တမ်းကျန်ရှိသည့် ထောဘီလက်ကျန် ပမာဏများ ကိုဆက်လက်အသုံးပြုနိုင်ရန်အတွက် ဒေတာ (သို့) ထောဘီပမာဏများကို MPT မှ ဖြည့်သွင်းဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။ ထို့အပြင် MPT သည် မြန်မာပြည်သူများ၏နေ့စဉ်ဘဝများတွင် မည်သည့်အခြေအနေ၌မဆို ချိတ်ဆက်နိုင်စေရန်အတွက် “ကြိုက်ရာခေါ် (Anynet), Super Double Data, Data Carry Plus နှင့် Data Shal Thone” အစရှိသောအမျိုးမျိုးသော ပက်ကေ့ချ်များကို ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။

MPT သည် သုံးစွဲသူများအနေဖြင့် မိုဘိုင်းအင်တာနက် မရရှိသည့် အချိန်မှစတင်ကာ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်စေရန်အတွက် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများ နှင့် Microsoft Office အက်ပလီကေးရှင်းများ၊ MPT4U နှင့် MPT Pay အက်ပလီကေးရှင်းများကို နိုင်ငံအနှံ့ ဖြန့်ကျက်ထားသည့် MPT ၏ကွန်ရက်ပေါ်တွင် ၀င်ရောက် အသုံးပြုနိုင်စေမည့် နည်းလမ်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့်ကာလတွင် MPT သုံးစွဲသူများအကြား ဆက်သွယ်မှုများ အဆင်ပြေနိုင်စေရန်အတွက် ချစ်ခင်ရသူ မိသားစုများ၊ မိတ်ဆွေများ ထံသို့ မိုဘိုင်းဖုန်း အချင်းချင်း မိမိတို့၏ ဖုန်းမှလက်ကျန် ဖုန်းဘေလ်များအား လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုကိုလည်း ဝန်ဆောင်ခပေးရန်မလိုဘဲ အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင့်တင့်သည့်ဈေးနှုန်းများဖြင့် မိုဘိုင်းဒေတာများ၊ ကြိုက်နှစ်သက်ရာပက်​ကေ့ချ်များကို ဝယ်ယူနိုင်ရန်အတွက် MPT ၏ကွန်ရက်ဖြင့် အချိန်မရွေး အသုံးပြုနိုင်သည့် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့်ကိုက်ညီ သည့် ဒေတာပက်ကေ့ချ်များကို ရွေးချယ် ဝယ်ယူနိုင်ပါသည်။

MPTအနေဖြင့် သုံးစွဲသူများ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ပြီး နောက်ဆုံးပေးအပ်ထားသည့် ကမ်းလှမ်းချက်များ၊ သတင်းများ၊ MPT ၏အနာဂတ်ဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှု တစ်ခုချင်းစီတို့ကို MPT ဝက်ဘ်ဆိုက်တွင် မိုဘိုင်းချိက်ဆက်မှုကို အသုံးပြု၍ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT သည် ပြည်တွင်းရှိ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် နှစ်ပေါင်း ၁၃၀ ကျော်ကြာ မြန်မာပြည်သူလူထုသို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး တည်ငြိမ်သော ဆက်သွယ်ရေး ဝန်ဆောင်မှု နှင့်သုံးစွဲသူများ၏ စိတ်ကျေနပ်မှုရရှိရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

best operator in Myanmar