pr-mm-desktop

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တွင် MPT မှ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Network)အား ဖိုင်ဘာကွန်ရက်စနစ် (Fiber Network)ဖြင့်  အစားထိုး၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်

Published 08 Jul 2026

(ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်) – MPT သည် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တွင် မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ် (Fiber Network) အဆင့်မြှင့်တင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT သည် ၂၀၁၆ ခုနှစ်တွင် ဖိုင်ဘာကွန်ရက်ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၎င်း၏ လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်အစား မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ်ဖြင့်အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ MPT သည် အဆိုပါအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှစတင်၍ ယခင်အသုံးပြုလျက်ရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်များကို မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ် (Fiber Network)ဖြင့် အပြည့်အဝ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။  

မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ် (Fiber Network)သို့ အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးသော ‌ဒေသများရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သောVoIP ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် ဖိုင်ဘာကွန်ရက်နှင့် ဝေးကွာသော အချို့နေရာများရှိ သုံးစွဲသူနေအိမ်များအနေဖြင့် အဆိုပါ VoIP ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်မဟုတ်ပါ။

အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသော အိတ်ချိန်း နှင့် ဖုန်းနံပါတ်များ၏ အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

နယ်မြေအိတ်ချိန်းအဆင့်မြှင့်တင်ဆောင်ရွက်ပြီးသည့် အော်တိုတယ်လီဖုန်းနံပါတ်
ပဲခူးတိုင်း‌ဒေသကြီး (အရှေ့ပိုင်း)ပဲခူး အိတ်ချိန်း၀၅၂-၂၂၀၀xxx
၀၅၂-၂၂၀၁xxx
၀၅၂-၂၂၂၁xxx
၀၅၂-၂၂၂၂xxx
၀၅၂-၂၂၂၃xxx
၀၅၂-၂၂၂၄xxx
၀၅၂-၂၂၃၀xxx
၀၅၂-၂၆၀၀xxx

သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ် (Fiber Network) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် ပဲခူးအိတ်ချိန်းရုံးတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။

best operator in Myanmar