သတင်းထုတ်ပြန်ကြေညာချက်များ
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) မန္တလေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂)ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝန်ထမ်း (၁)ဦး စုစုပေါင်းဝန်ထမ်း (၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်းနှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် အဆိုပါ ဝန်ထမ်း(၃)ဦး သည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသည့်ဖြစ်ရပ်အတွက် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်မှု အရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးကိုလည်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ပိုမို ကြည့်ရှု့ရန်
မြန်နှုန်းမြင့်ဒေတာနှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုပေါင်းစည်းထားသည့် DaVo ပက်ကေ့ချ်အသစ်ကို အံ့ဩဖွ...
(MPT သုံးစွဲသူများအနေနှင့် ပိုမိုကောင်းမွန်သော ဒီဂျစ်တယ်လူမှုဘဝရရှိခံစားနိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်...
ပိုမို ကြည့်ရှု့ရန်
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရ...
ပိုမို ကြည့်ရှု့ရန်
M2 World Championship ပြိုင်ပွဲကြီးတွင် 1st Runner Up ဆုကို ထိုက်တန်စွာရရှိခဲ့သော မြန်မာနိုင်ငံတွ...
(မြန်မာနိုင်ငံတွင်လူကြိုက်အများဆုံးအသင်းနှင့် အာရှ အီလက်ထရောနစ် အားကစားကဏ္ဍ (E-sports) ၏ ထွန်းတောက်နေသောကြယ...
ပိုမို ကြည့်ရှု့ရန်
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်) စစ်ကိုင်းတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ...
ပိုမို ကြည့်ရှု့ရန်
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်) ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်း...
ပိုမို ကြည့်ရှု့ရန်
MPT Club မှ “Surprise & Delight” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်မှစ၍ MPT Club အဖွဲ့ဝင်အားလုံး MPT Club point ၃၀၀၀ နှင့် JOOX VIP အား အခမဲ့ ၁-လ...
ပိုမို ကြည့်ရှု့ရန်
COVID-19 စစ်ဆေးတွေ့ရှိမှုအတွက် အသိပေးခြင်း
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်) ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆ...
ပိုမို ကြည့်ရှု့ရန်
MPT က ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (မန္တလေး) ၌ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုများ ဆောင်ရ...
(မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၌ မြန်မာပြည်နှင...
ပိုမို ကြည့်ရှု့ရန်



