စီးပွားရေးသုံး မိုဘိုင်းလ် ဝန်ဆောင်မှုများ၏
အမေးအများဆုံး အထွေထွေမေးခွန်းများ
၁။ ရရှိနိုင်သော Business Mobile Plans များအဘယ်နည်း?
MPT သည် စီးပွားရေးလုပ်ငန်းများအတွက် Business Bundle, Business Allowance, B2B Data Plan, B2B Any-Net, SME Talk နှင့် အခြားသော Business Mobile Plans များကို ဝန်ဆောင်မှုပေးနေပါသည်။
၂။ Mobile packages များသည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို လျော့ကျစေနိုင်ပါသလား?
MPT Business Mobile packages များသည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို လျော့ကျနိုင်စေရန် ရည်ရွယ်ပါသည်။ Data, Voice, SMS အပါအဝင် bundled packages များကို သက်သာသောနှုန်းထားဖြင့် ပံ့ပိုးပေးထားပြီး အရည်အသွေးမြင့် ဝန်ဆောင်မှုများကို ထိရောက်စွာ အသုံးပြုနိုင်ပါသည်။
၃။ Business Mobile Packages များကို ဘယ်သူများ ဝယ်ယူနိုင်ပါသလဲ?
B2B SIM အသုံးပြုသူများသည် Business Mobile Packages များကို ဝယ်ယူနိုင်ပါသည်။ B2B SIM အဖြစ် လျှောက်ထားရန်အတွက် ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) အလုပ်သမားအဖြစ် လက်မှတ်ရအထောက်အထားရှိရမည်။
၄။ B2B Mobile Packages များကို MPT ကိုယ်ပိုင် Own Shop ဆိုင်များတွင် ဝယ်ယူနိုင်ပါသလား?
B2B Mobile Packages များကို ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) အလုပ်သမားအဖြစ် လက်မှတ်ရအထောက်အထားများ နှင့်အတူ MPT ကိုယ်ပိုင် Own Shop ဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။ MPT Own Shop ဆိုင်လိပ်စာများအား အသေးစိတ်သိရှိနိုင်ရန်။
၅။ ဝန်ဆောင်မှု လျှောက်ထားမှုအတွက် လုပ်ငန်းစဉ်များကို မည်သို့မေးမြန်းနိုင်မည်နည်း?
B2B အီးမေးလ် [email protected] သို့မဟုတ် B2B Hotline 0800 800 9990 (MPT Subscribers များအတွက် အခမဲ့) နှင့် 09426000323 (အခြား Operator များအတွက်) တို့ကို ဆက်သွယ်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ Sales Account Manager နှင့် ဆက်သွယ်၍ နောက်ထပ်လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ပါသည်။
၆။ လက်ရှိ ရယူထားသော ဝန်ဆောင်မှုအစီအစဉ်ကို မည်သို့ဖျက်သိမ်းနိုင်မည်နည်း?
ဝန်ဆောင်မှုကို ဖျက်သိမ်းလိုပါက လစဉ်ကုန်ဆုံးမည့်အချိန်မတိုင်မှီ သင့်အား ပေးအပ်ထားသည့် Salesperson ထံသို့ တစ်ပတ်ကြိုတင်သတိပေးပေးရမည်ဖြစ်ပါသည်။ (USSD အသုံးပြုသူများအနေဖြင့်လည်း B2B Call Center ကို ဆက်သွယ်ကာ အကူအညီရယူနိုင်ပါသည်။) USSD နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များအား သိရှိနိုင်ရန်။
Bulk SMS Service
Q1: Bulk SMS Service ဆိုသည်မှာဘာလဲ။
A1: Bulk SMS Service ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော SMS messages များအား လုံခြုံ၊ စိတ်ချ ၊ မြန်ဆန်စွာဖြင့် သုံးစွဲသူများဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် အသုံးဝင်သော အကျိုးရှိသောဝန်ဆောင်မှုတစ်ခုဖြစ်သည်။
Q2: Customerများသည် Bulk SMS Service အား မည်သို့သော ရည်ရွယ်ချက်ဖြင့် အသုံးပြုသင့်ပါသနည်း။
A2: Customer များသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို မြှင့်တင်ရန်နှင့် ကြေညာလိုပါက MPT၏
Bulk SMS service သည် အသင့်တော်ဆုံးတစ်ခုဖြစ်သည်။
Mobile Remote Access Service
Q1:Mobile Remote Access ဆိုသည်မှာဘာလဲ။
A1: Mobile Remote Access Services ဆိုသည်မှာ လုံခြုံသော access ဖြင့် သင် ၏စီးပွားရေးလုပ်ငန်း များ တိုးတက်ရန် ကူညီပေးသော အကောင်းဆုံး ဝန်ဆောင်မှုဖြစ်သည်။
Q2:မည်သည့် စက်အမျိုးအစားတွင် အသုံးပြူရန် ခွင့်ပြုထားသနည်း။
A2:Mobile remote access ဝန်ဆောင်မှုအား စက်အမျိုးအစားအမျိုးမျိုး၊ POS, ATM စက်များ
Laptopsအပါအဝင် tablets နှင့် smartphones များတွင် အသုံးပြုရန် ခွင့်ပြုထားပါသည်။
Voice Pool
Q1: Voice Pool သည် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1: Mobileဖုန်းများ အချင်းချင်းသော်လည်းကောင်း PSTNလိုင်းဖုန်းများအားလည်းကောင်း
စျေးနှုန်းချိုသာစွာ မျှဝေခေါ်ဆိုနိုင်ပါသည်။
Data Pool
Q1: Data Pool သည် မည်သို့သောဝန်ဆောင်မှုများဖြစ်သနည်း။
A1: Group တစ်ခုအတွင်း Mobile data များကို မျှဝေ အသုံးပြုနိုင်ပါသည်။
( ဥပမာ-ATM စက်များ၊ POS များ နှင့် Mobile Phone အချင်းချင်း )
Self-care Service
Q1: B2B Self-care ကမည်သည့်ဝန်ဆောင်မှု အတွက်အကျူံးဝင်သနည်း။
A1: B2B Self-care သည် mobile services အတွက်သီးသန့်ဖြစ်ပြီး Customer ကသာ ကြည့်ရှုစစ်ဆေး၍ ရသော Portal တခုဖြစ်သည်။