MPT ၏ ADSL ဝန်ဆောင်မှုများဖြင့် ကမ္ဘာနှင့် ချိတ်ဆက်လိုက်ပါ။ ဈေးနှုန်းများသည် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်ဖြစ်သည်။
အခမဲ့ အီးမေးလ်အကောင့်များကို တောင်းဆိုမှုအရ ပံ့ပိုးပေးမည်ဖြစ်သည်။
ADSL Services

ADSL VALUE ADDED SERVICES

Change Phone Number
Condition: Same Exchange
Initial Setup Fee: 50,000Ks

Change Phone Number
Condition: Different Exchange
Initial Setup Fee: 100,000Ks
စည်းကမ်းသတ်မှတ်ချက်များ
- ဈေးနှုန်းများသည် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်ဖြစ်သည်။
- အခမဲ့ အီးမေးလ်အကောင့်များကို တောင်းဆိုမှုအရ ပံ့ပိုးပေးမည်ဖြစ်သည်။
အမေးများသောမေးခွန်းများ
(၁) ADSL အင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။
လစဉ်ကြေး (ကုန်သွယ်လုပ်ငန်းခွန် ၁၅% ပါဝင်ပြီး) |
အမြန်နှုန်း | မိုဘိုင်းလ် နံပါတ် ၁ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ (လစဉ် မိုဘိုင်းလ် ၁လုံး မှ ၃ လုံး ထိ ခံစားခွင့် ) |
---|---|---|
22,000Kyats | 1Mbps | 1GB ဒေတာ, 100 မိနစ်, စာတိုဝန်ဆောင်မှု အကန့်အသတ်မဲ့ (on-net) ဖုန်း ၁လုံး |
43,000Kyats | 2Mbps | 1GB ဒေတာ, 100 မိနစ်, စာတိုဝန်ဆောင်မှု အကန့်အသတ်မဲ့ (on-net) ဖုန်း ၃ လုံး |
61,000Kyats | 3Mbps | 1GB ဒေတာ, 100 မိနစ်, စာတိုဝန်ဆောင်မှု အကန့်အသတ်မဲ့ (on-net) ဖုန်း ၃ လုံး |
(၂) ADSL စျေးနှုန်းအသစ်သည် မည်သည့်အချိန်တွင် အကျိုးသက်ရောက်မည်နည်း။
ADSL စျေးနှုန်းအသစ်သည် ဖေဖော်ဝါရီ 1 ရက် 2022 မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည်။ ADSL ဝန်ဆောင်မှုသည် နောက်ဆက်တွဲငွေပေးချေမှုစာချုပ်တွင် ပါရှိသောကြောင့်၊ ဇန်နဝါရီလတွင် သင်လက်ခံရရှိသော ဝန်ဆောင်မှုအတွက် ဖေဖော်ဝါရီလတွင် စျေးနှုန်းဟောင်းဖြင့် ပြေစာတစ်စောင်ကို သင်ဆက်လက်ရရှိမည် ဖြစ်သည်။ မတ်လတွင်၊ ဖေဖော်ဝါရီလတွင် ဝန်ဆောင်မှုအတွက် သင့်ငွေတောင်းခံလွှာကို လက်ခံရရှိသောအခါ၊ စျေးနှုန်းအသစ်ကို ၎င်းတွင် ပြသပါမည်။
(၃) အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။
မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၄) ADSL ဝန်ဆောင်မှု ကို ဘယ်နေရာမှာ လျှောက်ထားနိုင်ပါသလဲ။
လျှောက်ထားလိုသူမှ လိုအပ်သည့် ADSL bill receipt များ ပိုင်ဆိုင်ကြောင်း အထောက်အထားတစုံတရာ အချက်အလက်များဖြင့် နီးစပ်ရာ MPT own shops များသို့ သွား၍ လည်းကောင်း ကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။
(၅) MPT သည် ADSL ဝန်ဆောင်မှုများ၏ အမြန်နှုန်းကို အာမခံပါသလား။
MPT သည် ADSL ဝန်ဆောင်မှုများကို အကောင်းဆုံးကြိုးစားအားထုတ်မှုဝန်ဆောင်မှုအဖြစ် ပေးဆောင်လျက်ရှိသည်။ ထို့ကြောင့် ကွန်ရက် ပိတ်ဆို့မှုနှင့် အခြေခံအဆောက်အဦ အခြေအနေတို့အရ အမှန်တကယ် မြန်နှုန်း ကွဲပြားနိုင်သည်။
(၆) လိုင်းခေတ္တပိတ်ခြင်း၊ အမြန်နှုန်းမြှင့်တင်ခြင်း နှင့် အမြန်နှုန်း လျှော့ချခြင်း အား မည်သည့်နေရာများတွင် ပြုလုပ်နိုင်သနည်း။
လိုင်းခေတ္တပိတ်ခြင်း၊အမြန်နှုန်းမြှင့်တင်ခြင်းနှင့်အမြန်နှုန်း လျှော့ချခြင်းများအား ရန်ကုန်တွင် ဆူးလေTRA ရုံးတွင်လည်းကောင်း၊ နယ်မြို့များတွင် သက်ဆိုင်ရာ Commercial Office များတွင်လည်းကောင်း (ပြောင်းလဲလိုသည့်လ မတိုင်ခင် ရုံးဖွင့်ရက် ၅ ရက် အတွင်း လျောက်ထားပေးပါရန်) လျောက်ထားရယူ နိုင်ပါသည်။
(၇) ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။
သုံးစွဲသူများအနေနဲ့ လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။