"နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် [၁၁] နှစ်ပြည့် ကျေးဇူးတုံ့ပြန်မှု
BOGO အထူးအစီအစဉ်"
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်
“ နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် [၁၁] နှစ်ပြည့် ကျေးဇူးတုံ့ပြန်မှု BOGO အထူးအစီအစဉ်”  ကို မိတ်ဆက်လိုက်ပါသည်။
*555# (သို့) MPT4U အက်ပလီကေးရှင်းထဲက Special Offer မှာ “BOGO” နာမည်ပါဝင်သည့် အပတ်စဉ် မတူညီသော
တစ်ခုဝယ် တစ်ခုအပိုရနိုင်တဲ့BOGO Offer တွေကို MPT က ယူဆောင်လာပေးသွားမည်ဖြစ်ပါသည်။
သတ်မှတ်ထားသော ပရိုမိုးရှင်းကာလအတွင်းသာ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ ထပ်ဆောင်းခံစားခွင့်များကို ချက်ချင်းကံထူးရယူနိုင်ပါသည်။
| စဉ် | ၀ယ်ယူနိုင်သော နည်းလမ်းများ | 
|---|---|
| 1 | USSD Menu (*555#) | 
| 2 | MPT4U | 
| 3 | SMS | 
| 4 | MPT POS Store (DMS) | 
| 5 | CRM Portal | 
| 6 | Website | 
*555#မှ တစ်ဆင့်ခေါ်ဆိုပြီး Special Offer မှာ သင့်အတွက် မတူညီတဲ့ အကျိုးခံစားခွင့်တွေနဲ့ စျေးနှုန်းချိုသာတဲ့ ပက်ကေ့ချ်များကို ဘယ်လို ရွေးချယ်၀ယ်ယူနိုင်သလဲ ဆိုတာကိုတော့ ဒီ Video လေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။
အမေးများသောမေးခွန်းများ
မေးခွန်း (၁) MPT BOGO (1+1) Offer ပရိုမိုးရှင်းဆိုတာဘာလဲ?
အဖြေ။ “ နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက် [၁၁] နှစ်ပြည့် ကျေးဇူးတုံ့ပြန်မှု BOGO အထူးအစီအစဉ်”
အဖြစ် (တစ်ခုဝယ် တစ်ခုအပိုပါ ရယူနိုင်သော) အထူးပရိုမိုးရှင်း အစီအစဉ်ဖြစ်ပါသည်။
မေးခွန်း (၂) ပရိုမိုးရှင်းတွင် ဘယ်သူတွေပါဝင်နိုင်သလဲ?
MPT GSM/WCDMA Prepaid (ဆွေသဟာ) ဝန်ဆောင်မှုအသုံးပြုသူများ ပါဝင်နိုင်ပါသည်။
မေးခွန်း (၃) ပရိုမိုးရှင်းရဲ့ အကျိုးခံစားခွင့်ကဘာတွေလဲ?
အဖြေ။ အပိုထပ်ဆောင်း အကျိုးခံစားခွင့် (၁ ခုဝယ် ၁ ခုအပိုရ) ကို ရရှိမည် ဖြစ်ပါသည်။
မေးခွန်း (၄) BOGO offers ကဘာတွေလဲ?
အဖြေ။ BOGO offers များသည် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) ပက်ကေ့ချ်ဝယ်ယူခြင်း ဖြစ်နိုင်ပါသည်။
• BOGO ဖုန်းငွေဖြည့် offer အတွက်၊ ဖုန်းငွေဖြည့်ရမည့်ပမာဏသည် တိကျသောပမာဏ (ဥပမာ- ၁၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၅၀၀၀ကျပ် စသည်) သို့မဟုတ် ပမာဏသတ်မှတ်ချက်မရှိ (ဥပမာ- ၁၀၀၀ကျပ်နှင့်အထက် , ၅၀၀၀ကျပ် နှင့်အထက် စသည်) ဖြစ်နိုင်ပါသည်။ Offer ကိုစာရင်းသွင်း ရယူပြီးနောက် ဖော်ပြထားသော ဖုန်းငွေပမာဏအား မိမိနှစ်သက်ရာနည်းလမ်းဖြင့် ငွေဖြည့်ရန် လိုအပ်ပါသည်။
• BOGO ပက်ကေ့ချ် offer များအတွက်၊ ပက်ကေ့ချ်ကို ဝယ်ယူရုံဖြင့် ရရှိနိုင်ပါသည်။
မေးခွန်း (၅) ရရှိနိုင်သော BOGO offers များကို မည်သို့ စစ်ဆေးရယူနိုင်သလဲ?
အဖြေ။ သင့်အတွက်ရရှိနိုင်သော BOGO offers များကို Direct USSD (*555#), MPT4U (Special Offer), SMS, POS အေးဂျင့်များ၊ ဖုန်းဝန်ဆောင်မှုစင်တာနှင့် ဝက်ဘ်ဆိုက် များမှတစ်ဆင့် စစ်ဆေး ရယူနိုင်ပါသည်။
မေးခွန်း (၆) BOGO ဖုန်းငွေဖြည့် offer အတွက် ဖုန်းငွေဖြည့်နိုင်သော နည်းလမ်းနှင့် ငွေဖြည့်ပမာဏ ကန့်သတ်ချက်ရှိပါသလား?
အဖြေ။ မရှိပါ။ မိမိနှစ်သက်ရာ မည်သည့် နည်းလမ်းဖြင့်မဆို ဖြည့်သွင်းနိုင်ပါသည်။ အကျိုးခံစားခွင့်ရရှိရန် BOGO offer တွင် ဖော်ပြထားသော ဖုန်းငွေပမာဏကို စစ်ဆေး၍ ဖြည့်သွင်းရန် လိုအပ်ပါသည်။
ဥပမာ – BOGO offer က ၃၀၀၀ကျပ်ဟု ဖော်ပြထားပါက ၃၀၀၀ကျပ်သာ ခွင့်ပြုပြီး ၁၀၀၀ကျပ်ကို ၃ ကြိမ်ဖြည့်ပါက အကျိုးခံစားခွင့်ရရန် အကျုံးမဝင်ပါ။
BOGO offer က တိကျသော ပမာဏ မဖော်ပြထားပါက၊ အကျိုးခံစားခွင့်ရရန် ၁၀၀၀ကျပ်နှင့်အထက် မည်သည့်ပမာဏကိုမဆို ဖြည့်သွင်းနိုင်ပါသည်။
BOGO offer က >=5,000ks ဟုဖော်ပြထားပါက၊ အကျိုးခံစားခွင့်ရရန် ၅,၀၀၀ကျပ်နှင့်အထက် မည်သည့်ပမာဏကိုမဆို ဖြည့်သွင်းနိုင်ပါသည်။
မေးခွန်း (၇) BOGO ၃၀၀၀ကျပ် ငွေဖြည့် Offer ကို ယူထားပါသည်။ အကျိုးခံစားခွင့်ရရှိရန် ၁၀၀၀ကျပ်ကို ၃ ကြိမ် ဖြည့်သွင်းနိုင်ပါသလား?
အဖြေ။ မရနိုင်ပါ။ အကျိုးခံစားခွင့်ရရှိရန် ၃၀၀၀ကျပ်ကို တစ်ကြိမ်တည်း ဖြည့်သွင်းရန် လိုအပ်ပါသည်။
မေးခွန်း (၈) BOGO offer ကိုစာရင်းသွင်းပြီးနောက် ဘာကြောင့် ပျောက်သွားတာပါလဲ?
အဖြေ။
• BOGO ဖုန်းငွေဖြည့် Offer ကို စာရင်းသွင်း ရယူပြီးပါက ပျောက်ကွယ်သွားမည်ဖြစ်ပြီး နောက် ၇ ရက်တွင် BOGO offer အသစ်ကို ထပ်မံရရှိမည်ဖြစ်ပါသည်။
• BOGO ပက်ကေ့ချ် Offer ကိုအချိန်တိုင်းရရှိမည်ဖြစ်သည် (ပျောက်ကွယ်သွားမည် မဟုတ်ပါ)
မေးခွန်း (၉) BOGO offers က သုံးစွဲသူ အားလုံးအတွက် တူပါသလား?
အဖြေ။ BOGO offers များသည် အသုံးပြုသူတစ်ဦးချင်းစီ၏ သုံးစွဲမှုပေါ်အခြေခံ၍ ကွဲပြားနိုင်ပါသည်။
မေးခွန်း (၁၀) BOGO offer ကို တစ်ကြိမ်ထက်ပို၍ စာရင်းသွင်းနိုင်ပါသလား?
အဖြေ။
• BOGO ဖုန်းငွေဖြည့် offer တစ်ခုကို တစ်ကြိမ်ထက်ပို၍ စာရင်းသွင်း၍မရပါ။ Offer ကို တစ်ကြိမ်ရယူပြီးပါက ထပ်မံရယူ၍မရတော့ဘဲ နောက် ၇ ရက်တွင် BOGO ငွေဖြည့် offer အသစ်ကို ထပ်မံရရှိမည်ဖြစ်ပါသည်။
• BOGO ပက်ကေ့ချ် offer ကို အကြိမ်များစွာ ဝယ်ယူနိုင်ပါသည်။
မေးခွန်း (၁၁) Offer ၏သက်တမ်းကို ဘယ်လိုသိနိုင်ပါလဲ?
အဖြေ။ Offer သက်တမ်း (main ဒေတာ, ဒေတာလက်ဆောင်, ပြန်အမ်းငွေလက်ဆောင်) သည် ပက်ကေ့ချ်နာမည် နှင့် Notification SMS တွင် ဖော်ပြထားသည့် အတိုင်းဖြစ်သည်။
မေးခွန်း (၁၂) 12. BOGO ပက်ကေ့ချ် Offer ၏ဒေတာပမာဏများပေါင်းစည်းသွားပါမည်လား?
အဖြေ။
• Main ဒေတာ ပမာဏချင်း ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးပက်ကေ့ချ်အတိုင်း သက်တမ်းတိုးမည်ဖြစ်သည်။
• Bonus ဒေတာ ပမာဏချင်း ပေါင်းစည်းသွားမည်ဖြစ်ပြီး နောက်ဆုံးပက်ကေ့ချ်အတိုင်း သက်တမ်းတိုးမည်ဖြစ်သည်။
မေးခွန်း (၁၃) ပြန်အမ်းငွေလက်ဆောင်ကို မည်သို့အသုံးပြုနိုင်ပါသလဲ?
အဖြေ။ ပြန်အမ်းငွေလက်ဆောင် ကို ဒေတာ၊ MPT ဖုန်းများသို့ခေါ်ဆိုရန်/ စာတိုပို့ရန်အတွက် သုံးသလောက်ပေးနှုန်းထားဖြင့်သုံးနိုင်ပါသည်။
မေးခွန်း (၁၄) အပိုအကျိုးခံစားခွင့်ကို ချက်ချင်းရရှိနိုင်ပါသလား?
အဖြေ။ အပိုအကျိုးခံစားခွင့်ကို ချက်ချင်းရရှိနိုင်ပါသည်။
မေးခွန်း (၁၅) BOGO offer ကိုအခြားသူများအားလက်ဆောင်အဖြစ်ပေးလို့ရပါသလား?
အဖြေ။ BOGO offer ကို အခြားသူများအား လက်ဆောင်အဖြစ် ပေး၍မရပါ။
မေးခွန်း (၁၅) ထိပေါက်ကစားခွင့် ရရှိနိုင်ပါသလား?
အဖြေ။ ထိပေါက်ကစားခွင့် မရရှိနိုင်ပါ။
မေးခွန်း (၁၇) ပရိုမိုးရှင်းကာလ ဘယ်အချိန်ထိလဲ?
အဖြေ။ ပရိုမိုးရှင်းကာလမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ နောက်ထပ် ထပ်မံ မကြေငြာခင် အချိန်အထိ ဖြစ်ပါသည်။
မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။
 
								 

 
		   


