နေ့စဥ် ထူးခြား “Daily Flash” ခံစားခွင့်များ

Daily Flash” ဆိုတာကတော့ MPT သုံးစွဲသူများအတွက် Monday to Sunday (၇)ရက်ပါတ်လုံး ခံစားခွင့်အသစ်တွေနဲ့အတူ ပျော်ရွှင်မှုတွေ အပြည့်အဝယူဆောင်လာပေးမယ့်
ပရိုမိုးရှင်းအသစ်ဖြစ်ပါတယ်။

Daily Flash ပရိုမိုးရှင်းမှာ အောက်ပါအတိုင်း ပါဝင်ဆင်နွှဲရင်း နေ့စဉ် အကျိုးခံစားခွင့်တွေကို ရယူနိုင်ပါတယ်။

    Daily Flash ပရိုမိုးရှင်းမှာ အောက်ပါအတိုင်း ပါဝင်ဆင်နွှဲရင်း နေ့စဉ် အကျိုးခံစားခွင့်တွေကို ရယူနိုင်ပါတယ်။

    ပရိုမိုးရှင်းနေ့ရက်ပရိုမိုးရှင်းအမျိုးအစားခံစားခွင့်များ
    တနင်္လာ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းခြင်း၁၀၀% ပြန်အမ်းငွေလက်ဆောင်
    အင်္ဂါ၁,၀၀၀ကျပ်အထက် Data Carry+ ပက်ကေ့ချ်ဝယ်ယူခြင်း၁၀၀% ပြန်အမ်းငွေလက်ဆောင်
    ဗုဒ္ဓဟူး၁,၀၀၀ကျပ်အထက် ဖုန်းပြော နှင့် ထောဘီ ပက်ကေ့ချ်၁၀၀% ပြန်အမ်းငွေလက်ဆောင်
    ကြာသပတေးအထူးကမ်းလှမ်းမှုများအထူးခံစားခွင့်များ
    သောကြာ၉၉ကျပ်အထက်ဖျော်ဖြေရေး/ ဂိမ်း ပက်ကေ့ချ်များ၁၀၀% ပြန်အမ်းငွေလက်ဆောင်
    စနေ၁,၀၀၀ကျပ်အထက်စိတ်ကြိုက်ဖန်တီးနိုင်သော DIY ပက်ကေ့ချ်များ၁၀၀% ပြန်အမ်းငွေလက်ဆောင်
    တနင်္ဂနွေထိပေါက်
    ဒေတာ လက်ဆောင်

    အမေးများသော မေးခွန်းများ

    1. MPT Daily Flash ဆိုတာဘာလဲ?

    ဤအစီအစဉ်သည် လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ရက်တို့တွင်သာ ကျင်းပခဲ့သည့် MPT Special Flash Promotion ကို ပိုမိုကောင်းမွန်သော ပုံစံအသစ်ဖြင့် ပြန်လည်ယူဆောင်လာသော ပရိုမိုရှင်း ဖြစ်ပါသည်။
    “MPT နဲ့ဆိုရင် နေ့ရက်တိုင်းဟာ ထူးခြားတဲ့ နေ့ရက်တွေပါ” ဆိုသည့်အတိုင်း သုံးစွဲသူများအတွက် သတ်မှတ်ထားသည့် အမျိုးအစားအလိုက် အထူးခံစားခွင့်များကို MPT Daily Flash Promotion နှင့်အတူ နေ့စဉ်ရယူနိုင်ပါသည်။

    တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ တနင်္ဂနွေ
    ဖုန်းငွေဖြည့်သွင်းခြင်း ဒေတာပက်ကေ့ချ် ဖုန်းပြောနှင့် ထောဘီ ပက်ကေ့ချ် Special Offer ဖျော်ဖြေရေး/ ဂိမ်း ပက်ကေ့ချ်များ DIY ထိပေါက်

    2. ဘယ်သူတွေ ပါဝင်နိုင်မှာလဲ?

    MPT GSM/WCDMA prepaid (ဆွေသဟာ) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မှာမဟုတ်ပါ။

    3. လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ရက်တို့တွင် အကျိုးခံစားခွင့် ရရှိနိုင်ပါသေးလား?

    လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ရက် တို့တွင်လုပ်ဆောင်ခဲ့သည့် Special Flash ပရိုမိုးရှင်းအား နေ့ရက်တိုင်းတွင် အကျိုးခံစားခွင့် ရရှိနိုင်သည့် ပိုမိုကောင်းမွန်သော နေ့စဉ်အစီအစဉ် Daily Flash အဖြစ်သို့ တိုးတက်ပြောင်းလဲ လိုက်ပြီဖြစ်သောကြောင့် ပရိုမိုးရှင်းရက် ၃ ရက် သာမကပဲ နေ့ရက်တိုင်း အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။

    4. တနင်္လာနေ့ အတွက် Daily Flash ပရိုမိုးရှင်းအကြောင်း ရှင်းပြပါလား?

    တနင်္လာနေ့သည် ဖုန်းငွေဖြည့်ပရိုမိုးရှင်း ဖြစ်ပါသည်။ နှစ်သက်ရာ နည်းလမ်းဖြင့် ၁,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းပြီး ၁၀၀% ပြန်အမ်းငွေ လက်ဆောင် ရရှိနိုင်ပါသည်။
    တနင်္လာနေ့ ဖုန်းငွေဖြည့်ပရိုမိုးရှင်းတွင် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်၍ ပါဝင်နိုင်ပါသည်။
    (၁) ဖုန်းငွေမဖြည့်မီ *5555# ကို အခမဲ့ခေါ်ဆိုစာရင်းသွင်းရန်
    • တနင်္လာနေ့တွင် ဖုန်းငွေမဖြည့်မီ မည်သည့်နေ့၊ မည်သည့်အချိန်တွင်မဆို ကြိုတင် စာရင်းသွင်းနိုင်ပါသည်။
    • တစ်လအတွင်း တစ်ကြိမ်သာ စာရင်းသွင်းရန် လိုအပ်ပါသည်။
    • နောက်လတွင် ထပ်မံ စာရင်းသွင်းရန် လိုအပ်ပါသည်။
    (၂) တနင်္လာနေ့တွင် မိမိနှစ်သက်ရာနည်းလမ်း မှတဆင့် ၁,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ရန်

    5. အင်္ဂါနေ့ အတွက် Daily Flash ပရိုမိုးရှင်းအကြောင်း ရှင်းပြပါလား?

    အင်္ဂါနေ့သည် ဒေတာပက်ကေ့ချ် ပရိုမိုးရှင်း ဖြစ်ပါသည်။ ၁၀၀၀ ကျပ် အထက် Data Carry Plus ပက်ကေ့ချ်များကို မိမိနှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူပြီး 100% ပြန်အမ်းငွေ လက်ဆောင် ရရှိနိုင်ပါသည်။ စာရင်းသွင်းခြင်း (Opt-in) ပြုလုပ်ရန်မလိုအပ်ပါ။

    ပက်ကေ့ချ်များအား အသေးစိတ်သိရှိရန်

    6. ဗုဒ္ဓဟူးနေ့ အတွက် Daily Flash ပရိုမိုးရှင်း အကြောင်း ရှင်းပြပါလား?

    ဗုဒ္ဓဟူးနေ့သည် ဖုန်းပြော နှင့် ထောဘီ ပက်ကေ့ချ် ပရိုမိုးရှင်း ဖြစ်ပါသည်။ ၁၀၀၀ ကျပ် အထက် ကြိုက်ရာခေါ်/အကြိုက်ပြော/ထောဘီ၅ဆ/ထောဘီ၁၀ဆ ပက်ကေ့ချ်များကို မိမိနှစ်သက်ရာ နည်းလမ်းဖြင့် ဝယ်ယူပြီး 100% ပြန်အမ်းငွေ လက်ဆောင် ရရှိနိုင်ပါသည်။ စာရင်းသွင်းခြင်း (Opt-in) ပြုလုပ်ရန်မလိုအပ်ပါ။

    ပက်ကေ့ချ်များအား အသေးစိတ်သိရှိရန်

    7. ကြာသပတေးနေ့ အတွက် Daily Flash ပရိုမိုးရှင်း အကြောင်း ရှင်းပြပါလား?

    ကြာသပတေးနေ့သည် Special Offer ပရိုမိုးရှင်း ဖြစ်ပါသည်။ *555# (သို့) MPT4U မှတစ်ဆင့် Special Offer ပက်ကေ့ချ်များကို ဝယ်ယူပြီး အထူးခံစားခွင့်များ ရရှိနိုင်ပါသည်။ စာရင်းသွင်းခြင်း (Opt-in) ပြုလုပ်ရန်မလိုအပ်ပါ။

    8. သောကြာနေ့ အတွက် Daily Flash ပရိုမိုးရှင်း အကြောင်း ရှင်းပြပါလား?

    သောကြာနေ့သည် ဖျော်ဖြေရေး နှင့် ဂိမ်းပက်ကေ့ချ် ပရိုမိုးရှင်း ဖြစ်ပါသည်။ ၉၉ ကျပ် အထက် ဖျော်ဖြေရေး နှင့် ဂိမ်းပက်ကေ့ချ်များကို မိမိနှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူပြီး 100% ပြန်အမ်းငွေ လက်ဆောင် ရရှိနိုင်ပါသည်။ စာရင်းသွင်းခြင်း (Opt-in) ပြုလုပ်ရန်မလိုအပ်ပါ။

    ပက်ကေ့ချ်များအား အသေးစိတ်သိရှိရန်

    9. စနေနေ့ အတွက် Daily Flash ပရိုမိုးရှင်း အကြောင်း ရှင်းပြပါလား?

    စနေနေ့သည် စိတ်ကြိုက်ဖန်တီးနိုင်သော DIY ပရိုမိုးရှင်း ဖြစ်ပါသည်။ ၁၀၀၀ ကျပ် အထက် သုံးစွဲသူများ လိုချင်သော ပမာဏအလိုက် စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်သော DIY ပက်ကေ့ချ်များကို MPT4U မှတစ်ဆင့် ဝယ်ယူပြီး 100% ပြန်အမ်းငွေ လက်ဆောင် ရရှိနိုင်ပါသည်။ စာရင်းသွင်းခြင်း (Opt-in) ပြုလုပ်ရန်မလိုအပ်ပါ။

    10. တနင်္ဂနွေနေ့ အတွက် Daily Flash ပရိုမိုးရှင်း အကြောင်း ရှင်းပြပါလား?

    တနင်္ဂနွေနေ့သည် ထိပေါက်နေ့ ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် MPT4U App သို့ဝင်ရောက်ခြင်းဖြင့် ထိပေါက် ကစားခွင့်အခမဲ့ တစ်ကြိမ် ရရှိမည် ဖြစ်သည်။ MPT4U တွင်ထိပေါက် ကစားခြင်းဖြင့် ဒေတာလက်ဆောင်များ ရရှိနိုင်ပါသည်။

    11. တနင်္ဂနွေနေ့ ထိပေါက်တွင် ထိပေါက်ကစားခွင့် ဘယ်နှစ်ကြိမ် ရရှိနိုင်ပါသလဲ?

    တနင်္ဂနွေနေ့ တစ်ရက်လျှင် ထိပေါက်ကစားခွင့် တစ်ကြိမ်သာ ရရှိနိုင်ပါသည်။ နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် ထပ်မံရရှိနိုင်ပါသည်။

    12. ထိပေါက်ကစားခွင့်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

    ထိပေါက်ကစားခွင့်သက်တမ်းသည် (၁) ရက် ဖြစ်သည်။ တနင်္ဂနွေနေ့ ည ၂၃း၅၉း၅၉ တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

    13. ထိပေါက်ဒေတာလက်ဆောင်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

    ထိပေါက်ဒေတာလက်ဆောင်ရဲ့ သက်တမ်းမှာ (၃) ရက်ဖြစ်သည်။ ဒေတာလက်ဆောင်များ ပေါင်းစည်းမည် မဟုတ်ဘဲ သီးခြားစီ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

    14. Daily Flash ပြန်အမ်းငွေရဲ့ သက်တမ်းက ဘယ်လောက်လဲ?

    Daily Flash ပြန်အမ်းငွေကို ဒေတာ၊ MPT ဖုန်းများသို့ခေါ်ဆိုရန်/ စာတိုပို့ရန်အတွက် သုံးသလောက်ပေးနှုန်းထားဖြင့် (၅) ရက်ကြာ အသုံးပြုနိုင်ပါသည်။ထိပေါက်ဒေတာလက်ဆောင်ရဲ့ သက်တမ်းမှာ (၃) ရက်ဖြစ်သည်။ ဒေတာလက်ဆောင်များ ပေါင်းစည်းမည် မဟုတ်ဘဲ သီးခြားစီ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

    15. ပြန်အမ်းငွေများကို ဘယ်နှစ်ကြိမ် ရရှိနိုင်ပါမည်လဲ?

    ပြန်အမ်းငွေများကို အကြိမ်များစွာ ဖုန်းငွေဖြည့်ခြင်း၊ ပက်ကေ့ချ်ဝယ်ယူခြင်းဖြင့် အကြိမ်များစွာ ရရှိခံစားနိုင်ပြီး လက်ဆောင်ကို နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်မည်ဖြစ်သည်။

    16. တနင်္လာနေ့ပရိုမိုးရှင်းတွင် မပါဝင်ဘဲ အင်္ဂါနေ့တွင် ပါဝင်လို့ရပါသလား?

    ပါဝင်နိုင်ပါသည်။ Daily Flash ပရိုမိုးရှင်းအား ကန့်သတ်ချက်မရှိဘဲ မိမိစိတ်ကြိုက်ရက်တွင် ပါဝင်နိုင်ပါသည်။

    17. *5555# မှတစ်ဆင့် စာရင်းသွင်းပြီး မတ်လ ၅ရက်နေ့တွင် ၁၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းပြီးပါပြီ။ အကျိုးခံစားခွင့်ဘာလို့ မရရှိတာပါလဲ?

    လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ရက် တို့တွင်လုပ်ဆောင်ခဲ့သည့် Special Flash ပရိုမိုးရှင်းအား တနင်္လာနေ့တိုင်းတွင် ဖုန်းငွေဖြည့်ခြင်းဖြင့် အကျိုးခံစားခွင့် ရရှိနိုင်သည့် ပိုမိုကောင်းမွန်သော နေ့စဉ်အစီအစဉ် Daily Flash အဖြစ်သို့ တိုးတက် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အကျိုးခံစားခွင့်ရရှိရန် တနင်္လာနေ့တွင် ဖုန်းငွေဖြည့်ရန်လိုအပ်ပါသည်။

    18. *5555# သို့ခေါ်ဆို စာရင်းပေးသွင်းခြင်းဖြင့် MPT Club ပွိုင့် ရရှိနိုင်ပါသလား?

    *5555# သို့ခေါ်ဆို စာရင်းပေးသွင်းခြင်းဖြင့် MPT Club ပွိုင့် မရရှိနိုင်ပါ။

    19. မတ်လ ၂ရက်နေ့တွင် *5555# မှတစ်ဆင့် စာရင်းပေးသွင်းပြီးပါပြီ။ တနင်္လာနေ့တိုင်းတွင် ဖုန်းငွေမဖြည့်သွင်းမီ ထပ်မံစာရင်းပေးသွင်းရန် လိုပါသလား?

    မလိုအပ်ပါ။ တစ်လအတွင်း တစ်ကြိမ်သာ စာရင်းသွင်းရန် လိုအပ်ပါသည်။
    နောက်လတွင် ပါဝင်ရန် ထပ်မံ စာရင်းသွင်းရန် လိုအပ်ပါသည်။

    20. တနင်္လာနေ့တွင် အခြားသူသို့ ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်း (Balance Transfer) ဖြင့် အကျိုးခံစားခွင့် ရရှိနိုင်ပါသလား?

    မရရှိနိုင်ပါ။ အခြားသူသို့ ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်း (Balance Transfer) ဖြင့် အကျိုးခံစားခွင့် မရရှိနိုင်ပါ။

    21. တနင်္လာနေ့တွင် အခြားသူသို့ ဖုန်းငွေဖြည့်ပေးခြင်းဖြင့် အကျိုးခံစားခွင့် ရရှိနိုင်ပါသလား?

    ဖုန်းဘေလ်လက်ခံရရှိသော ဖုန်းနံပါတ်သည် အကျိုးခံစားခွင့်ကို ရရှိနိုင်ပါသည်။ (ဖုန်းဘေလ် လက်ခံ ရရှိသော ဖုန်းနံပါတ်သည် *5555# ကိုခေါ်ဆို၍ စာရင်းသွင်းထားသူဖြစ်ရပါမည်။)

    22. ဝယ်ယူထားသော အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် သက်တမ်းတိုးချိန်တွင် အကျိုးခံစားခွင့် ရရှိနိုင်ပါသလား?

    အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်သည် Daily Flash ပရိုမိုးရှင်းမှ သတ်မှတ်ထားသည့်ရက်တွင် သက်တမ်းတိုးပါက အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။
    (ဥပမာ။ အလိုအလျောက်သက်တမ်းတိုး Data Carry Pack ကို အင်္ဂါနေ့တွင် သက်တမ်းတိုး (renew) ဖြစ်ပါက အင်္ဂါနေ့သည် Data Pack နေ့ဖြစ်သောကြောင့် အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။ ဗုဒ္ဓဟူးနေ့တွင် သက်တမ်းတိုး ဖြစ်ပါက အကျိုးခံစားခွင့်ကို မရရှိနိုင်ပါ။)

    23. ပရိုမိုးရှင်း ကာလက ဘယ်အထိလဲ?

    ၂၀၂၆ခုနှစ်၊ မတ်လ (၂) ရက်နေ့မှ နောက်ထပ် ထပ်မံမကြေငြာခင်အချိန်အထိ ဖြစ်သည်။

    best operator in Myanmar