လေးစားရပါသော MPT အသုံးပြုသူများအတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပက်ကေ့ချ်လေးနဲ့ဆိုရင် ဝယ်ယူထားတဲ့ ပက်ကေ့ချ် ဒေတာပမာဏအပြင် ဖုန်းပြောမိနစ်နှင့် SMS တွေကိုပါ မိမိချစ်ခင်သူအဖွဲ့ဝင် များထံသို့ MPT4U application မှတစ်ဆင့်မျှဝေပေးလို့ရနိုင်ပါတယ်။
ကြင်ကြင်နာနာပက်ကေ့ချ်ကိုဝယ်ယူထားတဲ့ ပက်ကေ့ချ်ပိုင်ရှင်တွေအတွက် အောက်ပါခံစားခွင့်တွေရရှိနိုင်မှာပါ။
၁။ အလွန်အသုံးဝင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ သတ်မှတ်ထားသောဒေတာပမာဏ ၊ ဖုန်းပြောမိနစ်နှင့် SMS များကို ပက်ကေ့ချ်ပိုင်ရှင်မှ မိမိချစ်ခင်သူအဖွဲ့ဝင် များထံ အခမဲ့လွှဲပြောင်းပေးနိုင်ခြင်း
၂။ အထူးခံစားခွင့်များအဖြစ် ဒေတာအသုံးပြုနိုင်ခြင်းအပြင် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့နိုင်ခြင်း
၃။ MPT Club ပွိုင့် (၁၀၀၀ ပွိုင့် အထိ) ကို အပိုထပ်ဆောင်းခံစားခွင့်ရရှိနိုင်ခြင်း
ဒေတာ၊ ဖုန်းပြောမိနစ်နှင့် SMS များ မျှဝေပေးပို့ခြင်းအတွက် ပက်ကေ့ချ်ပိုင်ရှင်မှ မျှဝေပေးလိုသော ချစ်ခင်သူများအား MPT4U application မှတစ်ဆင့် ကြင်ကြင်နာနာပက်ကေ့ချ်အတွက် အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းထားရန်လိုအပ်ပါတယ်။
ဒီပက်ကေ့ချ်လေးက မိမိချစ်ခင်ရသူတွေ (အထူးသဖြင့် မိသားစုဝင်တွေ၊ ချစ်ခင်ရတဲ့သူငယ်ချင်းတွေ) အတွက် မိမိချစ်ခြင်းမေတ္တာကို ပြသဖို့ လက်ဆောင်ပေးရန် အသင့်တော်ဆုံးပါပဲ။ ပက်ကေ့ချ်ကို ဝယ်ယူတဲ့သူအတွက် အထူးအကျိုးကျေးဇူးတွေရနိုင်မယ့်အပြင်အဖွဲ့ဝင်တွေကိုပါ ဒေတာ၊ ဖုန်းပြောမိနစ်နှင့် SMS များ ပေးပို့နိုင်ခွင့်ရှိတာမို့ MPT ရဲ့ ကြင်ကြင်နာနာပက်ကေ့ချ်လေးကို ဝယ်ယူအသုံးပြုကြပါစို့။

‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များ
‘ကြင်ကြင်နာနာ’ပက်ကေ့ချ်ကို MPT4U application မှတစ်ဆင့်ဝယ်ယူပြီး ချစ်ခင်ရသူအဖွဲ့ဝင်များထံ ဒေတာ၊ ဖုန်းပြောမိနစ်နှင့် SMS များ ကို အခမဲ့မျှ ဝေနိုင်ပါပြီ။ ဒေတာများကို (အဖွဲ့ဝင် ၅ယောက်အထိ) အနည်းဆုံး 50MB မှစ၍ အခမဲ့မျှဝေပေးနိုင်မှာဖြစ်ပြီး ဖုန်းပြောမိနစ်များနဲ့ SMS စောင်ရေ အနေနဲ့ကတော့ အနည်းဆုံး 10mins နှင့် 10SMSမှစ၍ အခမဲ့မျှဝေပေးနိုင်မှာပါ။ အခုဆိုရင် ကြင်ကြင်နာနာ ပက်ကေ့ချ်နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ်များရဲ့ ဖုန်းပြောမိနစ်တွေ အပါအ၀င် ကြင်ကြင်နာနာ ပက်ကေ့ချ်ရဲ့ SMS စောင်ရေများကိုလည်း ကြင်ကြင်နာနာ ရဲ့ ထပ်တိုး မျှဝေခြင်း လုပ်ဆောင်ချက်အသစ်နဲ့ အခမဲ့မျှဝေနိုင်ပြီနော်။ ဒါ့အပြင် ပက်ကေ့ချ်ဝယ်ယူတဲ့ ပိုင်ရှင်အနေဖြင့် ဝယ်ယူထားသောဒေတာများကို နှစ်သက်ရာ အသုံးပြုနိုင်မှာဖြစ်သလို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းများအပြင် အပိုထပ်ဆောင်းခံစားခွင့်အနေဖြင့် MPT Club Points များလည်းရရှိခံစားနိုင်မှာပါ။ ကြင်ကြင်နာနာပက်ကေ့ချ်များဝယ်ယူကာ မိသားစု၊ သူငယ်ချင်းတွေဆီ ချစ်ခြင်းမေတ္တာတွေမျှဝေရင်း အတူပျော်ရွှင်ကြပါစို့။

ကြင်ကြင်နာနာပက်ကေ့ချ်ကို အသုံးပြုဖို့ ဘယ်သူတွေက အထူးသင့်တော်ပါသလဲ။
ဒီပက်ကေ့ချ်လေးကတော့ အောက်မှာဖော်ပြထားတဲ့အခြေအနေတွေပေါ်မူတည်ပြီး မိမိချစ်ခင်ရသူတွေနဲ့အတူ ဒေတာမျှဝေသုံးစွဲချင်သူများအတွက် MPT မှ အထူးစီစဉ်ပေးထားတဲ့ ပက်ကေ့ချ်ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူအများစုသည် မိုဘိုင်းလ်အင်တာနက် အသုံးပြုခြင်း နှင့် ရင်းနှီးမှု မရှိတဲ့အတွက် မိမိရဲ့လူကြီးမိဘ တွေ ကိုယ်စားဒေတာ ပက်ကေ့ချ် တွေဝယ်ယူပြီး ပြန်လည်ဝေမျှပေးချင်သူများ။

မိမိရင်သွေးများ၏ ငယ်ရွယ်စဉ် အင်တာနက် အသုံးပြုခြင်းကို ကြပ်မတ်လို သောကြောင့် သားသမီးများ ကိုယ်စားဒေတာပက်ကေ့ချ်တွေဝယ်ယူပြီး ပြန်လည် ဝေမျှပေးလိုသူ မိဘများ။

လူငယ်များသည် နေ့စဉ် ဒေတာပမာဏအများအပြားအသုံးပြုလေ့ရှိတတ်ကြတာ ကြောင့် ချစ်ခင်ရတဲ့သူငယ်ချင်း တွေဆီ မိမိရဲ့ဒေတာပမာဏ တွေ မျှဝေရင်း အတူပျော်ရွှင် ရင်းနှီးစွာ အချိန်ကုန်ဆုံး ကြလိုသူများ။

မိသားစုတွေ၊ သူငယ်ချင်း တွေရဲ့အဝေးတစ်နေရာမှာ နေနေရတဲ့အတွက် online မှတစ်ဆင့် ဒေတာ၊ ဖုန်းပြောမိနစ်နဲ့ SMS စောင်ရေများ လက်ဆောင်ပေးပို့ပြီး မိမိချစ်ခြင်းမေတ္တာတွေကို ဖော်ပြလိုသူများ။
ကြင်ကြင်နာနာပက်ကေ့ချ် ပထမအကြိမ်ဝယ်ယူနည်းနှင့် လက်ဆောင်ပေးပို့နည်းများကို video တွင်ကြည့်ရှုပါ။
Member Management Section တွင် အဖွဲ့ဝင်ပေါင်းထည့်နည်းနှင့် ဒေတာလွှဲပြောင်းနည်းများကို video တွင်ကြည့်ရှုပါ။
နောက်တစ်ကြိမ် ပက်ကေ့ချ် ဝယ်ယူချိန်တွင်အဖွဲ့ဝင်ပြောင်းလဲနည်းကိုvideo တွင်ကြည့်ရှုပါ။
Member Management Section တွင် အဖွဲ့ဝင်ပေါင်းထည့်နည်း

ဒေတာလွှဲပြောင်းနည်း (ကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်ဒေတာ)
ဖုန်းခေါ်ဆိုမှု မိနစ် လွှဲပြောင်းနည်း (ကြင်ကြင်နာနာ နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်)
SMS စောင်ရေ လွှဲပြောင်းနည်း (ကြင်ကြင်နာနာ ပက်ကေ့ချ်)
ကြင်ကြင်နာနာပက်ကေ့ချ်အား လက်ဆောင်ပေးပို့နည်း
နောက်တစ်ကြိမ် ပက်ကေ့ချ် ဝယ်ယူချိန်တွင် အဖွဲ့ဝင်ပြောင်းလဲနည်း
‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များ
- ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင် (၁) ဦးမှ (၅) ဦးအထိ ပေါင်းထည့်နိုင်ပြီး ထိုအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုရရှိနိုင်မည်ဖြစ်ပါသည်။
- ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT Club Point များရရှိနိုင်ပါသည်။
- ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အားဝယ်ယူသည့် အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ပီးနောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။
- ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။
- ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့၀င်များထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ် ဒေတာနှင့် Data Carry Plus ပက်ကေ့ချ်ဒေတာ ပမာဏအပြင် ကြင်ကြင်နာနာပက်ကေ့ချ် ဖုန်းပြောမိနစ်နှင့်ကြိုက်ရာခေါ်(Anyet)ပက်ကေ့ချ်မှဖုန်းပြောမိနစ်များ၊ ကြင်ကြင်နာနာ ပက်ကေ့ချ် SMS စောင်ရေများ ကိုပါ အခမဲ့ ပေးပို့နိုင်ပါသည်။
- ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာများ၊ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် SMS စောင်ရေများကိုလည်း ကြင်ကြင်နာနာဒေတာ လွှဲပြောင်း နည်းအတိုင်း Transfer Section မှတစ်ဆင့် အဖွဲ့ဝင်များထံသို့ ပေးပို့မျှဝေနိုင်ပါသည်။
- ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။
- သုံးစွဲသူများသည် ကြင်ကြင်နာနာပက်ကေ့ချ်ကို MPT4U တွင် အသုံးပြုရန် iOS Version 1.4.13 နှင့် Android Version 4.4.5 ရှိရန်လိုအပ် ပါသည်။
အမေးများသောမေးခွန်းများ
1. ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုတာဘာလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုသည်မှာ ဝန်ဆောင်မှုအသစ်များကို ထည့်သွင်းမိတ်ဆက် ပေးလိုက်သည့် အထူးပေါင်းစုပက်ကေ့ချ်များဖြစ်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူထားသော သုံးစွဲသူသည် တခြား MPT သုံးစွဲသူများအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် မိမိပိုင်ဆိုင်သော ကြင်ကြင်နာနာပက်ကေ့ချ်၊ Data Carry Plusပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်များမှ ဒေတာများ၊ အသံမိနစ်များနှင့် စာတိုများအား ခွဲဝေပေးပို့နိုင်ပါသည်။
2. ကြင်ကြင်နာနာ ပက်ကေ့ချ်မှာ ဘာတွပါဝင်ပါလဲ?
အမည် | နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး) | ဒေတာသက်တမ်း | ကြင်ကြင်နာနာ အဖြစ်သတ်မှတ်နိုင်သောဦးရေ | စုစုပေါင်းဒေတာ (GB) | အဖွဲ့ဝင်ရနိုင်သောဒေတာ (MB) |
ပေးပို့နိုင်မှု | ပိုင်ရှင်ရရှိနိုင်သော အသံမိနစ်နှင့် စာတိုပမာဏ | ပိုင်ရှင်ရရှိနိုင်သာ MPT club point ပမာဏ |
---|---|---|---|---|---|---|---|---|
ကြင်ကြင်နာနာ 4998 Pack | ၄၉၉၈ ကျပ် | ၃၀ ရက် | ၂ (၁+၁) | 1 GB | 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို |
90 On-net min & 180 On-net SMS | MPT Club – 400 Points |
ကြင်ကြင်နာနာ 8998 Pack | ၈၉၉၈ ကျပ် | ၃၀ ရက် | ၄ (၁+၃) | 2 GB | အဖွဲ့ဝင်တိုင်းအတွက် 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို |
120 On-net min & 240 On-net SMS | MPT Club – 600 Points |
ကြင်ကြင်နာနာ 14998 Pack | ၁၄၉၉၈ ကျပ် | ၃၀ ရက် | ၆ (၁+၅) | 4 GB | အဖွဲ့ဝင်တိုင်းအတွက် 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် |
150 On-net min & 300 On-net SMS | MPT Club – 1000 Points |
3. ဘယ်သူတွေက ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူနိုင်မှာလဲ?
MPT GSM/WCDMA prepaid ဆွေသဟာလက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မည်မဟုတ်ပါ။
4. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်မှာလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ Icon နှင့် ပက်ကေ့ချ်ဝယ်ယူခြင်း Icon အတွင်း ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။
5. ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။
6. ကြင်ကြင်နာနာ ပက်ကေ့ချ်၏ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကိုခေါ်ဆိုပြီး (သို့) MPT4U တွင် ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါသည်။
7. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အကြိမ်ရေမည်မျှ ဝယ်ယူနိုင်မှာလဲ?
တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ မတူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကိုမူ ထပ်မံဝယ်ယူနိုင်မည် မဟုတ်ပါ။ ( ကြင်ကြင်နာနာ 4998 Pack ကို ဝယ်ယူထားပြီးသော သူံးစွဲသူသည် တူညီသော ကြင်ကြင်နာနာ 4998 Pack ကိုသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။) ပက်ကေ့ချ် ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။
8. ပက်ကေ့ချ်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်၏ သက်တမ်းသည် (၃၀) ရက်ဖြစ်ပါသည်။ (၃၀) ရက်ပြည့်သော နေ့၏ ၂၃:၅၉:၅၉ တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
9. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။
10. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် သတ်မှတ်ထားသော ပိုင်ရှင် (Owner) နှင့် အဖွဲ့ဝင် (Member) ဆိုတာဘာလဲ?
ပိုင်ရှင်ဆိုသည်မှာ ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူပြီး ကြင်ကြင်နာနာပက်ကေ့ချ် ဒေတာများနှင့် အဖွဲ့ဝင်များကို စီမံပိုင်ခွင့်ရှိသူဖြစ်ပါသည်။ အဖွဲ့ဝင်ဆိုသည်မှာ ပိုင်ရှင်မှ ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ပိုင်ရှင်မှလွှဲပြောင်းပေးသော ဒေတာများကို လက်ခံရယူနိုင်သူဖြစ်ပါသည်။
11. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် အဖွဲ့ဝင်မည်မျှ ပါဝင်နိုင်ပါသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် ကြင်ကြင်နာနာ 4998 Pack အတွက် အဖွဲ့ဝင် (၁)ဦး၊ ကြင်ကြင်နာနာ 8998 Pack အတွက် အဖွဲ့ဝင် (၃)ဦး နှင့် ကြင်ကြင်နာနာ 14998 Pack အတွက် အဖွဲ့ဝင် (၅)ဦး ပါဝင်နိုင်ပါသည်။
12. အဖွဲ့ဝင်အနေဖြင့် မည်သည့်အရာကို ရရှိနိုင်ပါသလဲ?
အဖွဲ့ဝင်အဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးနောက်တွင် ကြင်ကြင်နာနာ ဒေတာ 500 MB အား လက်ခံရရှိနိုင်ပါသည်။
13. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသည်။
14. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ပေါင်းထည့်နိုင်ပါသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အား ဝယ်ယူသည့်အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ပြီး နောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။
15. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင်အသုံးပြုနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။
16. အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် သတ်မှတ်ချက်ရှိပါသလား?
အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်တွင် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ အနည်းဆုံး 500 MB ရှိရမည်ဖြစ်ပြီး ပေါင်းထည့်နိုင်သည့် အဖွဲ့ဝင် အရေအတွက် လက်ကျန်ရှိရမည်ဖြစ်ပါသည်။
17. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။
18. အဖွဲ့ဝင်များကိုပြောင်းလဲနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာပက်ကေ့ချ် ကို တစ်ကြိမ်သာဝယ်ယူပါက ထည့်သွင်းပြီးသော အဖွဲ့ဝင်များကို ပက်ကေ့ချ်သက်တမ်းကုန်ချိန်အထိ မပြောင်းလဲနိုင်ပါ။ တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အမျိုးအစားအား အကြိမ်ရေများစွာထပ်မံဝယ်ယူပါက ပက်ကေ့ချ်ဝယ်ယူချိန်တွင် အဖွဲ့ဝင်များအား ပြောင်းလဲထည့်သွင်းနိုင်ပါသည်။
19. အဖွဲ့ဝင်တစ်ဦးအနေဖြင့်မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းမည်သို့သိနိုင်သလဲ?
အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းကို စာတိုတစ်စောင်နှင့်တူ ကြင်ကြင်နာနာဒေတာ 500 MB ကိုရရှိခြင်းဖြင့်သိရှိနိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ လက်ခံရရှိခြင်းကို *224# သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U Application တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
20. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံပါသလား?
ဒေတာ၊ အသံမိနစ်များနှင့် စာတိုများပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။
21. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် သတ်မှတ်ချက်ရှိပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တစ်ကြိမ်လျှင် 500 MB အထိဒေတာ (သို့မဟုတ်) 75 မိနစ်အထိ အသံမိနစ်များ (သို့မဟုတ်) 75 စောင်အထိသော စာတိုများကို ပေးပို့နိုင်ပြီး တစ်ရက်အတွင်း အများဆုံး (၅) ကြိမ်ပေးပို့နိုင်ပါသည်။ တစ်လအတွင်း အများဆုံး အကြိမ် (၅၀) ပေးပို့နိုင်မည်ဖြစ်ပြီး လတစ်လ၏ပထမဆုံးရက်တွင် ပေးပို့နိုင်မှု အကြိမ် (၅၀) အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။
22. ဒေတာ၊အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအောင်မြင်ကြောင်းမည်သို့သိရှိနိုင်ပါသလဲ?
ဒေတာ၊ အသံမိနစ်များ နှင့် စာတိုများပေးပို့မှုအောင်မြင်ကြောင်းကို လွှဲပြောင်းမှုအောင်မြင်ကြောင်း အသိပေးသော စာမျက်နှာ MPT4U တွင်ပေါ်လာမှုအားကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။
23. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရပါလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ မိမိလက်ဆောင် ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်မရှိပါက ကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ မိမိလက်ဆောင်ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်ရှိပါက တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ကာ မိမိလက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးပို့နိုင်ပါသည်။
24. ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ဘယ်လိုဖြစ်မှာလဲ။
ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ပက်ကေ့ချ်အားလက်ဆောင်ရရှိပြီးချိန်တွင် လက်ရှိအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုလက်ခံရရှိမည်ဖြစ်သည်။
25. အဖွဲ့ဝင်များကို မည်သို့စစ်ဆေးနိုင်ပါသလဲ?
MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ကာ Member Management Section အတွင်းဝင်ရောက်၍ အဖွဲ့ဝင်များအား စစ်ဆေးခြင်း/ပေါင်းထည့်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။
26. အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းကဘယ်လိုလဲ?
အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းသည် ပိုင်ရှင်တွင်ရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏ သက်တမ်းနှင့် အတူတူပင် ဖြစ်ပါသည်။ ပိုင်ရှင်သည် တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အား အကြိမ်ရေများစွာ ဝယ်ယူပြီးနောက် တူညီသောအဖွဲ့ဝင်များကိုဆက်လက်ထည့်သွင်းထားပါက အဖွဲ့ဝင်တွင် လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများသည် တစ်စုတည်းအဖြစ် ပေါင်းစည်းကာ အမြင့်ဆုံးသက်တမ်းကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ပိုင်ရှင်သည် တခြားအဖွဲ့ဝင်များကို ပြောင်းလဲထည့်သွင်းပါက ပယ်ဖျက်ခြင်းခံရသောအဖွဲ့ဝင်သည် ဒေတာထပ်မံရရှိမည်မဟုတ်ဘဲ နဂိုဒေတာအား၎င်း၏မူလသက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
27. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာအပြင် တခြား အသံမိနစ်နှင့် စာတို ပမာဏများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသလား?
ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ(သို့မဟုတ်)Data Carry Plus ပက်ကေ့ချ်ဒေတာ၊ ကြင်ကြင်နာနာပက်ကေ့ချ်အသံမိနစ် (သို့မဟုတ်) ကြိုက်ရာခေါ်ပက်ကေ့ချ်အသံမိနစ် နှင့် ကြင်ကြင်နာနာပက်ကေ့ချ်စာတိုများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။
28. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကံထူးထားသည့် ဒေတာများကို ပေးပို့နိုင်ပါသလား?
မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ နှင့် Data Carry Plus ပက်ကေ့ချ်ဒေတာများကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်၍ ကံထူးထားသည့်ဒေတာများကို အဖွဲ့ဝင်များထံသို့ ပေးပို့၍ မရနိုင်ပါ။
29. ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် တခြားပက်ကေ့ချ်များ၏ ဒေတာများ အသံမိနစ်များနှင့် စာတိုများ ကို အဖွဲ့ဝင်များထံသို့ ပေးပို့နိုင်ပါသလား?
ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာပက်ကေချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်၏ ဒေတာ/အသံမိနစ်များကို အဖွဲ့ဝင်များထံသို့ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် တစ်ကြိမ်လျှင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ ဒေတာ/အသံများကို သီးသန့်သာပေးပို့နိုင်ပါသည်။ (ဥပမာ- အဖွဲ့ဝင်ထံသို့ 500MB ဒေတာပမာဏပေးပို့လိုပါက ကြင်ကြင်နာနာပက်ကေ့ချ်မှ ဒေတာ 200MB နှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာ 300MB စသည်ဖြင့် ပေါင်းစပ် ပေးပို့နိုင်မည်မဟုတ်ဘဲ 200MB ကြင်ကြင်နာနာဒေတာ, 300MB Data Carry Plus ဒေတာ စသည်ဖြင့် နှစ်ကြိမ်ပေးပို့ရမည်ဖြစ်ပါသည်။) အသံမိနစ်များနှင့် စာတိုပေးပို့မှုများတွင်လည်း တစ်ကြိမ်ပေးပို့မှုအတွက် ပက်ကေ့ချ်တစ်ခုကိုသာ ရွေးချယ်ပေးပို့နိုင်မည်ဖြစ်ပါသည်။
30. အဖွဲ့ဝင်တစ်ဦးတည်းထံသို့ ဒေတာပမာဏအများကြီးဘယ်လိုပေးပို့နိုင်မလဲ?
ဒေတာပေးပို့လိုသောအဖွဲ့ဝင်အားပေါင်းထည့်ပြီးနောက်တွင် တစ်ကြိမ်လျှင်အများဆုံး 500 MB ဒေတာပမာဏဖြင့် တစ်ရက်အတွင်း (၅) ကြိမ်ပေးပို့နိုင်ပါသည်။ MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်းဝင်ရောက်ကာ Transfer Section ကိုရွေးချယ်၍ ပေးပို့လိုသည့် အဖွဲ့ဝင်နှင့်ဒေတာပမာဏတို့ကိုရွေးချယ်ကာ ပေးပို့နိုင်ပါသည်။
31. MPT Club points တွေကိုဘယ်လိုသုံးနိုင်ပါသလဲ?
MPT Club Point များကို MPT ၏ဝန်ဆောင်မှုများ (သို့မဟုတ်) MPT ၏ ပါတနာဆိုင်များတွင် အထူးကူပွန်များအနေဖြင့် လဲလှယ်အသုံးပြုနိုင်ပါသည်။
32. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို ဘယ်သူကရမလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို လက်ဆောင်အား လက်ခံသူက ရရှိမည်ဖြစ်ပါသည်။
33. ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာတွေကို ဘယ်လိုသုံးနိုင်မလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။
34. အဖွဲ့ဝင်မဟုတ်သူများထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာပေးပို့လို့ရနိုင်ပါသလား?
မရနိုင်ပါ။ အဖွဲ့ဝင်အဖြစ်စာရင်းသွင်းသတ်မှတ်ထားသူများထံသို့သာ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ ပေးပို့နိုင်ပါသည်။
35. အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသလား?
အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသည်။
36. ပိုင်ရှင်နှင့် အဖွဲ့ဝင်တွေမှာ ဘာကွာခြားချက်ရှိသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT club point များရရှိနိုင်ပါသည်။
အဖွဲ့ဝင်အနေဖြင့် ပိုင်ရှင်မှအဖွဲ့ဝင်အဖြစ်ထည့်သွင်းပြီးနောက်တွင် ဒေတာ 500 MB ကိုလက်ခံရယူပြီးနောက် ပိုင်ရှင်မှလွှဲပြောင်းပေးပို့သောဒေတာ/အသံမိနစ်/စာတိုများကိုလက်ခံရယူနိုင်ပါသည်။
37. အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်မလဲ?
အဖွဲ့ဝင်များထံသို့ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်၍ Transfer Section အတွင်းသို့ဝင်ရောက်ကာ “ History Check” ကိုနှိပ်၍ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို နေရက်နှင့်အချိန်အလိုက် ကြည့်ရှုနိုင်ပါသည်။
38. ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် မည်သို့ ဆောင်ရွက်ရမည်နည်း?
ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် နောက်ဆုံးထွက်ရှိသော MPT4U Version အားအသုံးပြုရန်လိုအပ်ပါသည်။
39. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ?
ပရိုမိုးရှင်းကာလမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။