“ပွိုင့် ၁၀၀ ပွိုင့်သုံးပြီး 100 MB နဲ့ KFC Discount Bundle လဲလှယ် ရယူနိုင်တဲ့ Data x KFC ပရိုမိုးရှင်း”

Data x KFC  ပရိုမိုးရှင်း မှာဆိုရင် MPT Club ပွိုင့် ၁၀၀ ပွိုင့် အသုံးပြုရုံနဲ့ 100 MB ဒေတာ နဲ့ KFC Discount Bundle ကို ရရှိမှာနော်။

KFC Discount Bundle မှာဆိုရင် ကြက်ကြော် ၂ တုံးနဲ့ အအေး ၂ ခွက် ကို ၁၂၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

အခု ပရိုမိုးရှင်းမှာပါဝင်ဖို့အတွက်ဆိုရင်တော့ Pinlon Hill ဆိုင်ခွဲမှ အပ KFC ဆိုင်တိုင်းရှိ ငွေရှင်းကောင်တာရှေ့မှာ MPT4U App မှ တစ်ဆင့် MPT Club ကိုဝင်ရောက်ပြီး Data x KFC  ပရိုမိုးရှင်းကိုချက်ချင်းလဲလှယ်ပါ။

ထို့နောက် လဲလှယ် ရယူထားကြောင်း Order Details ကို ပြသပြီး KFC Discount Bundle နှင့် 100 MB ကို ရယူနိုင်ပါတယ်။

လဲလှယ်ထားတဲ့ အခါ ရရှိသည့် 100 MB ကိုတော့ ၅ ရက် အတွင်းအသုံးပြုနိုင်ပါတယ်။

ကဲ ဒေတာလေးသုံးရင်း KFC ကြက်ကြော်လေးစား၊ အအေးသောက်ဖို့  Data x KFC  ပရိုမိုးရှင်းကိုအခုပဲ လဲလှယ်ရယူလိုက်တော့နော်။

(Screenshot များပြသပြီး ပရိုမိုးရှင်း ထုတ်ယူလို့မရပါ။)

MPT Club အဖွဲ့၀င် မဖြစ်သေးပါက အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပြီး အဖွဲ့၀င်အဖြစ်ပရိုမိုးရှင်းများ နှင့် Discount မျိုးစုံခံစားခွင့်တွေကို ရယူနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ရယူခြင်း –

Andriod : https://bit.ly/2z4ZhrJ
IOS: http://apple.co/2yNZJWY

(သို့) *345# ကို ခေါ်ဆိုခြင်း

MPT-Club_KFC(user-guide)
MPT-Club_KFC(Step-1)
MPT-Club_KFC(Step-2)
MPT-Club_KFC(Step-3)

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

မေးခွန်း (၁) MPT Club Data x KFC Combo ပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

အဖြေ။ MPT Club အဖွဲ့ဝင်များအနေဖြင့် MPT ဒေတာ 100 MB နှင့် KFC Discount Bundle (ကြက်ကြော် (၂) တုံးနှင့် အချိုရည် ကိုလာ/စပရိုက်/လိမ္မော် (၂) မျိုးအား ပုံမှန်စျေး ၁၄,၀၀၀ ကျပ်ကို ၂,၀၀၀ ကျပ်လျှော့ကာ ၁၂,၀၀၀ ကျပ်တည်းဖြင့် ဝယ်ယူနိုင်ခွင့်) (“ အကျိုးခံစားခွင့်များ” ) အတွက် MPT Club (၁၀၀) ပွိုင့်ဖြင့် နုတ်ယူခုနှိမ် လဲလှယ်ရယူနိုင်သည့် MPT Club ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပါသည်။

မေးခွန်း (၂) ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မေးခွန်း (၃) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

အဖြေ။ MPT Club (၁၀၀) ပွိုင့် အနည်းဆုံးရှိသည့် MPT Club အဖွဲ့ဝင်များ အနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

မေးခွန်း (၄) ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား အသုံးပြု၍ အကျိုးခံစားခွင့်များအားရရှိနိုင်ရန်အတွက် ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလအတွင်း MPT Club (၁၀၀) ပွိုင့်ဖြင့် လဲလှယ်ခုနှိမ်ရယူကာ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင် ပါသည်။

မေးခွန်း (၅) MPT Club ပွိုင့်များဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးနောက် အကျိုးခံစားခွင့်အား မည်သည့်အချိန်တွင် လက်ခံရရှိမလဲ။

အဖြေ။ လဲလှယ်ခုနှိမ်ပြီးသည်နှင့်တစ်ပြိုင်နက် MPT ဒေတာ 100 MB အကျိုးခံစားခွင့်အား ချက်ခြင်းရရှိပြီး အသုံးပြုနိုင်မည်ဖြစ်ပြီး KFC Discount Bundle (ကြက်ကြော် (၂) တုံးနှင့် အချိုရည် ကိုလာ/စပရိုက်/လိမ္မော် (၂) မျိုးအား ပုံမှန်စျေး ၁၄,၀၀၀ ကျပ်ကို ၂,၀၀၀ ကျပ်လျှော့ကာ ၁၂,၀၀၀ ကျပ်တည်းဖြင့် ဝယ်ယူနိုင်ခွင့်ရှိသည့်) အကျိုးခံစာခွင့်ကို ရရှိနိုင်ရန်အတွက် KFC ဆိုင် (Pinlon Hills ဆိုင်ခွဲမှတပါး) အတွင်းရှိ ငွေရှင်းကောင်တာတွင် ချက်ခြင်းခုနှိမ်လဲလှယ်မှုပြုလုပ်ကာ ရရှိလာသည့် လဲလှယ်မှုပြုလုပ်ထားသည့် စခရင်မျက်နှာပြင်အား အဆိုပါကောင်တာ၌ပင် အချိန်နှင့်တစ်ပြေးညီ လဲလှယ်ထား ကြောင်းပြသကာ ထိုအကျိုးခံစားခွင့်အား ရယူခံစားနိုင်မည်ဖြစ်သည်။ လဲလှယ်ခုနှိမ်ထားသည့် စခရင်ဓာတ်ပုံဖြင့် KFC Discount Bundle အကျိုးခံစားခွင့်ကို ရယူခံစားခွင့်ရှိမည်မဟုတ်ပါ။

မေးခွန်း (၆) ရရှိတဲ့အကျိုးခံစားခွင့်က ဘယ်အချိန်မှာ သက်တမ်းကုန်ဆုံးမှာလဲ။

အဖြေ။ အကျိုးခံစားခွင့်အား လဲလှယ်ခုနှိမ်မှုပြုလုပ်ပြီးနောက် (၅)ရက် အတွင်း အသုံးပြုရမည်ဖြစ်ပြီး အသုံးမပြုပါက အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။ KFC Discount Bundle အကျိုးခံစားခွင့် အတွက် တစ်ကြိမ်လဲလှယ်ခုနှိမ်မှုအား အဆိုပါအကျိုးခံစားခွင့်အတွက် တစ်ကြိမ်သာလျှင် လျော့စျေးဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

မေးခွန်း (၇) ပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့် ရရှိနိုင်ဖို့အတွက် ပါဝင်သူလူဦးရေကန့်သတ်ချက်ရှိပါသလား။

အဖြေ။ ကန့်သတ်ချက်မရှိပါ။

မေးခွန်း (၈) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

အဖြေ။ ပါဝင်ဆောင်ရွက်သူအနေဖြင့် အကြိမ်ကြိမ်လဲလှယ်၍ အကျိုးခံစားခွင့်များအား ရယူနိုင်မည်ဖြစ်ပါသည်။

မေးခွန်း (၉) MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူ၍ဖြစ်စေ၊ *345# အား ခေါ်ဆို၍ဖြစ်စေ MPT Club အဖွဲ့ဝင် အဖြစ် လွယ်ကူစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။

best operator in Myanmar