MPT Club
MPT Club သည် လစဉ် ငွေဖြည့်ပမာဏအပေါ် အခြေခံ၍ Points & Discount အခွင့်ထူးများ ရရှိနိုင်သည့် Points ဆုပေးသည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club သည် (Silver, Gold, Platinum, Diamond & Crown) Tier အလိုက် သတ်မှတ်ချက် ရှိပါသည်။ လစဉ်အသုံးပြုမှုအပေါ် အခြေခံ၍ အဆင့် နှင့် Points ရရှိမှု သတ်မှတ်ချက် ကိုထားရှိပါသည်။
ရရှိထားသော Points များကို DATA၊ Voice၊ SMS၊ Cashback Rewards မျာလဲလှယ်ရန် အသုံးပြုနိုင်ပါသည်။ အဆင့် သတ်မှတ်ချက် ပေါ် မူတည်ပြီး လျှော့စျေးပရိုမိုးရှင်းအမျိုးအစားအမျိုးမျိုးကို ခံစားနိုင်သည်။
အခုပဲ MPT Club မှာ အဖွဲ့ဝင်ပြီး ဆုလက်ဆောင်များ ရယူလိုက်ကြပါစို့ ..
MPT Club သို့ ဘယ်လိုအသုံးပြုရမလဲ
- MPT Club သို့ ဘယ်လိုအဖွဲ့ဝင်ရမလဲ
- အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်၊ MPT Club ပွိုင့် နှင့် ပွိုင့်ကုန်ဆုံးရက်တွေကို ဘယ်လိုစစ်ဆေးရမလဲ?
- MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
- မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်များဖြင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
- Lucky5 အစီအစဉ်ကိုဘယ်လိုရယူနိုင်မလဲ
- မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်းများကို ဘယ်လိုရယူနိုင်မလဲ
MPT Club သို့ ဘယ်လိုအဖွဲ့ဝင်ရမလဲ
MPT4U အက်ပလီကေးရှင်းကိုဒေါင်းလုတ်ရယူပြီး စတင်သုံးစွဲခြင်းဖြင့် MPT Club အဖွဲ့ဝင်အလိုအလျောက်ဖြစ်နိုင်ပါသည်။ USSD ကို အသုံးပြုခြင်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုပြီးလည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်၊ MPT Club ပွိုင့် နှင့် ပွိုင့်ကုန်ဆုံးရက်တွေကို ဘယ်လိုစစ်ဆေးရမလဲ?
အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်နှင့် ပွိုင့်လက်ကျန်များကို MPT4U ၏ပထမစာမျက်နှာတွင် စစ်ဆေးနိုင်ပြီး ပွိုင့်ကုန်ဆုံးရက်ကို My Club ပထမစာမျက်နှာ တွင်ကြည့်ရှုနိုင်ပါသည်(သို့မဟုတ်) USSD ကို အသုံးပြုခြင်း – အဖွဲ့ဝင်အဆင့် သတ်မှတ်ချက်အတွက် *345*1# ၊ MPT ပွိုင့်အတွက် *345*2# ကိုခေါ်ဆိုစစ်ဆေး နိုင်ပါသည်။
ပွိုင့်ကုန်ဆုံးရက်စစ်ဆေးရန် MPT Club Page -> ကျွန်ုပ်ကလပ် – ပွိုင့်ကုန်ဆုံးရက်စစ်ဆေးပါ
MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ (ဒေတာ၊ဖုန်းခေါ်ဆိုခြင်း၊စာတိုပို့ခြင်း၊ဖုန်းဘေလ်ဝန်ဆောင်မှုများ)
MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် MPT4U မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍လဲလှယ်အသုံးပြုနိုင်ပါသည်။
မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်များဖြင့်
ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်နှင့်လဲလှယ်ရန် MPT4U မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍လဲလှယ်အသုံးပြုနိုင်ပါသည်။
Lucky5 အစီအစဉ်ကိုဘယ်လိုရယူနိုင်မလဲ
MPT Club အဖွဲ့၀င်များသည် Lucky5 မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်း နှင့် လျှော့စျေးများကို လစဥ်၅ရက်၊၁၅ရက်၊၂၅ရက်တိုင်းတွင် ရယူနိုင်ပါသည်။ MPT4U စာမျက်နှာမှတစ်ဆင့် “လက်ဆောင်” ကိုနှိပ်ကာ နှစ်သက်သောဆိုင်မှ Lucky5 ပရိုမိုးရှင်းကိုရယူနိုင်ပါသည်။အသေးစိတ်အချက်အလက်များကို အောက်ပါအတိုင်း ကြည့်ရှု၍ ဆောင်ရွက်နိုင်ပါသည်။
မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်းများကို ဘယ်လိုရယူနိုင်မလဲ
MPT Club အဖွဲ့ဝင်များသည် မိမိ၏ MPT Club အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်ကိုပြကာ မိတ်ဖက်ဆိုင်များမှ အဖွဲ့ဝင်အဆင့်အလိုက်ပရိုမိုးရှင်း (Tier promotion) ကို ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို အောက်ပါအတိုင်း ကြည့်ရှု၍ ဆောင်ရွက်နိုင်ပါသည်။

Voice Call Rewards
Redeem Now
Data Rewards
လဲလှယ်ရန်MPT Club Membership Level
MPT Club အဖွဲ့ဝင်များ၏ အဆင့်သတ်မှတ်ချက်ကို ပြီးခဲ့သော (၃) လ အတွင်း မိုဘိုင်း အသုံးပြုမှုအပေါ် မူတည်ပြီး သတ်မှတ်မည်ဖြစ်ပါသည်။ အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်အပေါ်မူတည်ပြီး ဆုလက်ဆောင် အမျိုးမျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အောက်ဖော်ပြပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

မိတ်ဖက်ဆိုင်များ
MPT တွင် သင့်အတွက် မိတ်ဖက်ဆိုင်များစွာ ရှိပါသည်။ MPT ဖြင့် အကောင်းဆုံး အတွေ့အကြုံကို ခံစားလိုက်ပါ။
MPT Club အဖွဲ့ဝင်များအနေဖြင့် ကျွန်ုပ်တို့၏ မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် MPT ပွိုင့်များရရှိနိုင်သလို၊ ကျွန်ုပ်တို့၏ မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် MPT ပွိုင့်များဖြင့် လဲလှယ်နိုင်ပါသည်။
ဝယ်ယူအားပေးတိုင်း ပွိုင့် (၀.၈) ရာခိုင်နှုန်း ရယူလိုက်ပါ။
MPT Club အဖွဲ့ဝင်များအနေဖြင့် လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက် သို့မဟုတ် သတ်မှတ်ထားသောရက်များတွင် ကျွန်ုပ်တို့၏ Lucky5 မိတ်ဖက်ဆိုင်များထံမှ လျှော့စျေး သို့မဟုတ် ပရိုမိုးရှင်းများကို ရယူနိုင်ပါသည်။
MPT Club အဖွဲ့ဝင်များအနေဖြင့် ကျွန်ုပ်တို့၏မိတ်ဖက်ဆိုင်များထံမှ လျှော့စျေး သို့မဟုတ် ပရိုမိုးရှင်းများကို နေ့စဉ်ရရှိနိုင်ပါသည်။
အမေးများသောမေးခွန်းများ
၁။ MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာကြောင့် ပါဝင်သင့်ပါသလဲ။
MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်းအသုံးပြုမှုပေါ်တွင် အခြေခံ၍ သော်လည်းကောင်း၊ MPT၏ မိတ်ဖက်(Partner) ဆိုင်များတွင် ဈေးဝယ်ယူမှုအပေါ်တွင် လည်းကောင်း MPT Club Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။
အဆိုပါ ရရှိထားသော MPT Club Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုမျာ: နှင့် MPT မိတ်ဖက် (Partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။
၂။ MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။
MPT Club သည် MPT SIM Card အား မှတ်ပုံတင်၍ အသုံးပြုနေသူ (active customer) များ အနေဖြင့် Prepaid စနစ်(သို့) Postpaid စနစ်ဖြင့်အသုံးပြုသော GSM/WCDMA/CDMA ဖုန်းများတွင် ရယူထားသော ဖုန်းဝန်ဆောင်မှု အမျိုးအစားအလိုက် ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
Voice သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန် ဖြစ်သည်။
SMS သည် MPT အချင်းချင်း စာတိုပေးပို့ရန် ဖြစ်သည်။
Balance သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်၊ အင်တာနက်အသုံးပြုရန် တို့အတွက်ဖြစ်သည်။
ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး ဖြစ်ပါသည်။
Service package အလိုက် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဇယား အတိုင်း ဖြစ်သည်။
Pack type | GSM/WCDMA | CDMA | GSM/WCDMA “Base” tariff |
---|---|---|---|
Voice | Y | X | Y |
Data | Y | X | X |
SMS | Y | X | Y |
Airtime | Y | Y | Y |
၃။ MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။
အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
(၁) USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။
(၂) SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။
(၃) MPT4U app link
(၄) Andriod : https://bit.ly/2z4ZhrJ
(၅) IOS: http://apple.co/2yNZJWY
၄။ MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား။
အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစရိတ်လည်း ရှိမည်မဟုတ်ပါ။
၅။ MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။
ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။
၆။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။
( အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် )။ https://mpt.com.mm/mm/mpt-club-mm တွင် ကြည့်ရှူနိုင်ပါသည်။
၇။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။
နည်းလမ်း လေးမျိုးဖြင့် ရရှိနိုင်ပါသည်။
(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းအသုံးပြုမှု ပမာဏပေါ်မူတည်၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ (မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူပြီး အသုံးပြုမှု အားလုံးအပေါ်တွင် ဆိုလိုပါသည်။)
(၂) နေ့စဉ် ထိပေါက်ကစားခြင်း
(၃) MPT မှပြုလုပ်သော ပရိုမိုးရှင်းကမ်ပိန်းများမှ MPT Club Point အား ဆုလက်ဆောင်အဖြစ် ရရှိနိုင်ပါသည်။
(၄) MPT Club ပွိုင့်မိတ်ဖက်ဆိုင်များမှ ကုန်ပစ္စည်းများ(သို့) ဝန်ဆောင်မှုများကိုဝယ်ယူတိုင်း MPT Club Point များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။
၈။ ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်း (Balance Transfer) ဖြင့် “MPT Club Point” များ ဆုလက်ဆောင်အဖြစ် ရနိုင်ပါသလား?
ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် “MPT Club ပွိုင့် ဆုလက်ဆောင်များ” ရရှိ နိုင်မည်မဟုတ်ပါ။
၉။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။
MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။
(၁) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် မိတ်ဖက်(partner) ဆိုင် မှ MPT Club Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။
၁၀။ MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။
*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။
မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။
၁၁။ MPT Club Point ကို MPT၏ မိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။
Product တစ်ခုကို ရွေးချယ်လိုက်ပါက Order Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT၏ မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Order Code ကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည် ( သို့ )
MPT4U app မှ MPT Club icon ကို နှိပ်ပြီး redemption မှတဆင့် ပစ္စည်း များကိုရွေးချယ်နိုင်ပါသည်။
မှတ်ချက် –
(၁) မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Club Point ရှိရန်လိုအပ်ပါ သည်။
(၂) မိတ်ဖက်ဆိုင်များတွင် ကနဦးအနေဖြင့် ပစ္စည်းတစ်ခုခုဝယ်ယူပြီး (သို့မဟုတ်) ဝန်ဆောင်မှုတစ်ခုခုအား ရယူပြီးမှသာ ခုနှိမ်လဲလှယ်သည့်ပွိုင့်ဖြင့် နှစ်သက်ရာပစ္စည်းတစ်ခုခု (သို့မဟုတ်) ဝန်ဆောင်မှုတစ်ခုခုကို လက်ခံရယူနိုင်မည် ဖြစ်ပါသည်။
(၃) ပွိုင့်လဲလှယ်ခုနှိမ်မှုတစ်ကြိမ်သည် မိတ်ဖက်ဆိုင်မှ ဝယ်ယူသော ဘောက်ချာတစ်ခုအတွက်သာဖြစ်ပါသည်။
(၄) မိမိ ရွေးချယ်လိုက်သော product ကို ပြန်၍ cancel လုပ်၍ ရမည် မဟုတ်ချေ။
၁၂။ ကျွန်တော်တို့မြို့မှာ MPT၏ မိတ်ဖက်(partner) ဆိုင်တွေမရှိပါဘူး။ ဘယ်လို လဲလှယ်ရမလဲ။
MPT Point များကို MPTဝန်ဆောင်မှုများနှင့်လည်း လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် MPT၏ မိတ်ဖက်(partner) ဆိုင်များရှိနေစေရန်လည်း MPT မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
၁၃။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ရရှိထားတဲ့ MPT Point တွေကိုရော MPT ဝန်ဆောင်မှုတွေနဲ့လဲလှယ်နိုင်ပါသလား။ အပြန်အလှန်အားဖြင့် MPTက ရရှိထားတဲ့ MPT Point တွေကိုရော MPTမိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်နိုင်ပါသလား။ ဘယ်လိုသတ်မှတ်ချက်တွေရှိပါသလဲ။
လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။
၁၄။ MPT Point တွေရဲ့ သက်တမ်းက ဘယ်လောက်လဲ။ ( MPT Point တွေကို မသုံးဘဲ ဘယ်လောက်ကြာကြာသိမ်းထားနိုင်ပါသလဲ။
လက်ခံရရှိသောနေ့မှစ၍ ၃၆၅ရက်အထိ သိမ်းထားနိုင်ပါသည်။ ၃၆၅ရက်ပြည့်ပါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး အဆိုပါ MPT Point ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ MPT Point များကို သက်တမ်းတိုးနိုင်ခြင်းမရှိပါ။
၁၅။ မိမိမှာ ယနေ့ ဖုန်းအသုံးပြုသော ငွေ ပမာဏ ရှိသော် လည်း အဘယ်ကြောင့် Point များကို နောက်နေ့ တွင် လက်ခံ မရရှိ သနည်း။
ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။