“Sweet December မှာ MPT Club ရဲ့ Sweet Data ပရိုမိုးရှင်းမှာပါဝင်ပြီး
500 MB ဒေတာကို စိတ်ကြိုက်လဲလှယ်လိုက်ပါ! ”

MPT Club ရဲ့ Sweet Data ပရိုမိုးရှင်းမှာ 500 MB ဒေတာ ကို MPT Club ပွိုင့် (၁၂၀) ပွိုင့် တည်းနဲ့ စိတ်ကြိုက်လဲလှယ်ရယူနိုင်ပါတယ်။

လဲလှယ်ရယူထားသော ဒေတာ ကို ၅ရက်အတွင်း အသုံးပြုနိုင်ပါတယ်။

 အခု Sweet Data ပရိုမိုးရှင်းမှာ ပိုမိုသက်သာတဲ့ ပွိုင့်နှုန်းထား နဲ့ 500 MB ကို စိတ်ကြိုက်လဲလှယ်နိုင်မှာမို့ အခုပဲ လဲလှယ်ရယူလိုက်တော့နော်။

အောက်ဖော်ပြပါနည်းလမ်းတစ်ခုခုဖြင့်လည်း “Sweet Data ပရိုမိုးရှင်းအစီအစဉ်တွင် ဒေတာ 500 MB ကို  MPT Club ပွိုင့် (၁၂၀)ပွိုင့်ဖြင့် ပွိုင့်ရှိသလောက် လဲလှယ်ရယူနိုင်ပါသည်။

  1. MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း (သို့မဟုတ်)
  2. USSD နံပါတ် *345# အားခေါ်ဆို၍ဆောင်ရွက်ခြင်း။

MPT Club အဖွဲ့၀င် မဖြစ်သေးပါက အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပြီး အဖွဲ့၀င်အဖြစ်ပရိုမိုးရှင်းများ နှင့် Discount မျိုးစုံခံစားခွင့်တွေကို ရယူနိုင်ပါသည်။

MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ရယူခြင်း –

Andriod : https://bit.ly/2z4ZhrJ
IOS: http://apple.co/2yNZJWY

(သို့) *345# ကို ခေါ်ဆိုခြင်း

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

မေးခွန်း (၁) MPT Club Sweet Data ပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

အဖြေ။ MPT Club အဖွဲ့ဝင်များအနေဖြင့် 500 MB Data (“ အကျိုးခံစားခွင့်” ) အတွက် MPT Club (၁၂၀) ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ရယူနိုင်သည့် MPT Club ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပါသည်။

မေးခွန်း (၂) ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၅) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၀) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မေးခွန်း (၃) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

အဖြေ။ MPT Club (၁၂၀) ပွိုင့် အနည်းဆုံးရှိထားပြီး ဆွေသဟာအစီအစဉ်ကို ရယူထားသော MPT Club အဖွဲ့ဝင်များ အနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

မေးခွန်း (၄) ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အဖြေ။ အောက်ဖော်ပြပါနည်းလမ်းတစ်ခုခုကို အသုံးပြု၍ အကျိုးခံစားခွင့်အားရရှိနိုင်ရန်အတွက် ပရိုမိုးရှင်းရက် တစ်ရက်ရက်၌ MPT Club (၁၂၀) ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ကာ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၁။ MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း (သို့မဟုတ်)

၂။ USSD နံပါတ် *345*3# အားခေါ်ဆို၍ဆောင်ရွက်ခြင်း၊ ။

မေးခွန်း (၅) MPT Club ပွိုင့်များဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးနောက် အကျိုးခံစားခွင့်အား မည်သည့်အချိန်တွင် လက်ခံရရှိမလဲ။

အဖြေ။ MPT Club ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးသည်နှင့်တစ်ပြိုင်နက် အကျိုးခံစားခွင့်အား ချက်ခြင်း လက်ခံရရှိမည်ဖြစ်သည်။

မေးခွန်း (၆) ရရှိတဲ့အကျိုးခံစားခွင့်က ဘယ်အချိန်မှာ သက်တမ်းကုန်ဆုံးမှာလဲ။

အဖြေ။ အကျိုးခံစားခွင့်အား နုတ်ယူခုနှိမ်လဲလှယ်မှုပြုလုပ်ပြီးနောက် (၅) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး အသုံးမပြုပါက အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။

မေးခွန်း (၇) ပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့် ရရှိနိုင်ဖို့အတွက် ပါဝင်သူလူဦးရေကန့်သတ်ချက်ရှိပါသလား။

အဖြေ။ ကန့်သတ်ချက်ရှိပါသည်။ ပရိုမိုးရှင်းအစီအစဥ်တွင် ပထမဦးဆုံးပါဝင်လာသူ လူဦးရေ (၁,၀၀၀,၀၀၀) သာလျှင် အကျိုးခံစားခွင့်ကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

မေးခွန်း (၈) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

အဖြေ။ ပါဝင်ဆောင်ရွက်သူအနေဖြင့် အကြိမ်ကြိမ်လဲလှယ်၍ အကျိုးခံစားခွင့်များအား ရယူနိုင်မည်ဖြစ်ပါသည်။

မေးခွန်း (၉) MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူ၍ဖြစ်စေ၊ *345# အား ခေါ်ဆို၍ဖြစ်စေ MPT Club အဖွဲ့ဝင် အဖြစ် လွယ်ကူစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။

best operator in Myanmar