“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အထူးကံစမ်းမဲ အစီအစဥ်ကြီး နောက်ဆုံးလ!”
ကံစမ်းမဲအစီအစဥ်ကာလ ၂၀၂၅ခုနှစ် မတ်လ (၁၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့ အတွင်း MPT ပက်ကေ့ချ်တွေကို *106# (သို့) MPT4U (သို့) မိမိကြိုက်နှစ်သက်ရာနည်းလမ်းမှ တစ်ဆင့် ရွေးချယ်၀ယ်ယူပြီး ကံထူးခွင့်လက်မှတ်များ စုဆောင်းခြင်းဖြင့် အောက်ပါ ဆုကြီးတွေကို ကံထူးနိုင်ပါပြီ။
အထူးဆုကြီးများ
🏆 ငွေသားကျပ်သိန်း (၁,၀၀၀) ဆုကြီး (၁) ဆု
✨️ ငွေသားကျပ်သိန်း (၁၀၀) ဆု (၅) ဆု
အပတ်စဉ် Telecom ဆုများ
📱ရက် (၆၀) သုံး 100 GB ဒေတာ (၁၀) ဆု၊
💵 ရက် (၆၀) သုံး ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ(၁၀)ဆု
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်အရေအတွက်များ အားလုံးကို ပေါင်းစည်းသွားမှာဖြစ်လို့ ပက်ကေ့ချ်တွေများများ၀ယ်ယူပြီး ကံထူးခွင့်လက်မှတ်တွေ များများစုကာ ကံထူးခွင့်တွေ ပိုမိုရယူလိုက်ပါ။
ထို့အပြင် ကံစမ်းမဲအစီအစဉ်ကာလအတွင်း ၅၊ ၁၅၊ ၂၅ ရက် နေ့များမှာ MPT Special Flash အစီအစဉ်တွင် ပါ၀င်ခြင်းဖြင့်လည်း ကံစမ်းခွင့် လက်မှတ်(၅) စောင်ကို ထပ်မံ ရရှိနိုင်မည်ဖြစ်ပါသည်။
အထူးငွေသားဆုကံထူးရှင်များကို MPT မှ ပရိုးမိုးရှင်းကာလ အပြီးတွင်
“Live” အစီအစဉ်မှတဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။
နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ MPT အထူး ပရိုမိုးရှင်း
ပက်ကေ့ချ်နှုန်းထား | လက်မှတ် အရေအတွက် |
---|---|
<=996 | ၁ |
997~2000 | ၅ |
2001~3000 | ၁၀ |
3001~5000 | ၂၀ |
5001~10000 | ၃၀ |
10001~20000 | ၅၀ |
>20000 | ၁၀၀ |
၁။ MPT ရဲ့ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အထူးကံစမ်းမဲ အစီအစဥ်ဆိုတာဘာလဲ။
မြန်မာနှစ်သစ် အထိမ်းအမှတ်အဖြစ် MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် တတိယအကြိမ်မြောက် အထူးကံစမ်းမဲ အစီအစဉ် ဖြစ်ပါသည်။
၂။ အထူးကံစမ်းမဲ အစီအစဥ်တွင် မည်သူတွေပါဝင်နိုင်လဲ။
MPT GSM/WCDMA prepaid/postpaid (ဆွေသဟာ)လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။
၃။ အထူးကံစမ်းမဲ အစီအစဥ်တွင် ဘယ်လိုပါ၀င်နိုင်ပါသလဲ။
သုံးစွဲသူများသည် အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် အထူးကံစမ်းမဲ အစီအစဉ်တွင် ပါ၀င်နိုင်ပြီး Telecom ဆုများ၊ ငွေသားဆုကျပ်သိန်း (၁၀၀) နှင့် အထူးဆုကြီး ကျပ်သိန်း (၁,၀၀၀) ကံစမ်းခွင့် လက်မှတ်များကိုရရှိမည်ဖြစ်သည်။
ထို့အပြင် အထူးကံစမ်းမဲ အစီအစဥ်ကာလအတွင်း လစဉ် ၅၊၁၅၊၂၅ ရက်များမှာ MPT Special Flash တွင် ပါ၀င်ခြင်းဖြင့်လည်း ကံစမ်းခွင့် လက်မှတ်များကို ရရှိမည်ဖြစ်သည်။
၄။ အထူးကံစမ်းမဲ အစီအစဥ်၏ ဆုလက်ဆောင်ကဘာတွေလဲ။
ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အပတ်စဉ်ဆုများ
(1) 100 GB ဒေတာ (၆၀ရက်) x ၁၀ ဦး
(2) ၁၀၀,၀၀၀ ကျပ်ပြန်အမ်းငွေ (၆၀ရက်) x ၁၀ ဦး (ဒေတာ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် သုံးသလောက် ပေးနှုန်းထားဖြင့် အသုံးပြုနိုင်ပါသည်။)
အထူးကံစမ်းမဲ အစီအစဥ် ကာလအပြီးတွင်
(1) အထူးဆုကြီး ငွေသားကျပ် သိန်း ၁,၀၀၀ x ၁ ဦး
(2) ငွေသားကျပ် သိန်း ၁,၀၀ x ၅ ဦး ရွေးချယ်ပေးမည်ဖြစ်သည်။
၅။ ကံစမ်းခွင့်လက်မှတ်ဘယ်လောက်ရရှိနိုင်ပါသလဲ။
သုံးစွဲသူများသည် အထူးကံစမ်းမဲ အစီအစဥ်အတွက် အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် ဝယ်ယူလိုက်သော ပက်ကေ့ချ်နှုန်းထားများအပေါ် မူတည်၍ ကံစမ်းခွင့်လက်မှတ်များကိုအောက်ပါအတိုင်း ရရှိမည် ဖြစ်သည်။
ပက်ကေ့ချ်နှုန်းထား | လက်မှတ် အရေအတွက် |
---|---|
<=996 | ၁ |
997~2000 | ၅ |
2001~3000 | ၁၀ |
3001~5000 | ၂၀ |
5001~10000 | ၃၀ |
10001~20000 | ၅၀ |
>20000 | ၁၀၀ |
ထို့အပြင် သုံးစွဲသူများသည် လစဉ် (၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက်) များတွင် MPT Special Flash အစီအစဉ်တွင် ပါ၀င်ခြင်းဖြင့် ကံစမ်းခွင့်လက်မှတ် (၅) စောင်ကို အထူးကံစမ်းမဲ အစီအစဥ်ကာလအတွင်း ရရှိမည် ဖြစ်သည်။
၆။ အကျုံး၀င်သော ပက်ကေ့ချ်များကို ဘယ်လို၀ယ်ယူရရှိနိုင်ပါသလဲ။
သုံးစွဲသူများသည်အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာ မည်သည့် အရောင်း ချယ်နယ်မှမဆို ဝယ်ယူနိုင်ပါသည်။ (USSD, MPT4U, SMS, POS Agents, Call Center, Chatbot, Digital Channels, MPT Website)
၇။ အထူးကံစမ်းမဲ အစီအစဥ်တွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များရှိပါသလား။
အောက်ပါပက်ကေ့ချ်များသည် အထူးကံစမ်းမဲ အစီအစဥ်တွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များ ဖြစ်သည်။
– Tourist SIM packs
– IDD packs
– Roaming packs
– B2B packs
– Data Loan packs
– Htaw B Loan packs
၈။ အထူးကံစမ်းမဲ အစီအစဥ်တွင်ဘယ်နှစ်ကြိမ်ပါ၀င်နိုင်ပါသလဲ။
သုံးစွဲသူများသည် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်အရေအတွက်များ ပေါင်းစည်းသွားမည် ဖြစ်သည်။
၉။ ကံထူးရှင်များကို ဘယ်လိုရွေးချယ်ကြေငြာပါမည်လဲ။
MPT မှ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး MPT တရား၀င် လူမှုကွန်ရက်စာမျက်နှာများ (Facebook၊ Viber၊ Telegram၊ Website) တွင်ပွင့်လင်းမြင်သာစွာ ကြေညာသွားပါမည်။
- အပတ်စဉ် Telecom ဆုလက်ဆောင်ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရ္ဂေးချယ်ပြီး MPT၏ တရား၀င် လူမှုကွန်ရက်စာမျက်နှာများတွင်ပွင့်လင်းမြင်သာစွာ ကြေညာသွားပါမည်။
- အထူးဆုကြီးအပါအဝင် ငွေသားဆုကံထူးရှင်များကို တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်မှ တစ်ဆင့်ပွင့်လင်းမြင်သာစွာ ရွေးချယ်မည်ဖြစ်ပါသည်။ MPT မှ ကံထူးရှင်တစ်ဦးစီအား တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်အတွင်း (၃) ကြိမ် ဖုန်းခေါ်ဆိုမည်ဖြစ်ပါသည်။ ကံထူးရှင်သည် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်စလုံးအား ဖြေဆိုခြင်း မရှိပါက MPT မှ အခြားကံထူးရှင်ကို ရွေးချယ်မည်ဖြစ်သည်။
၁၀။ ကံထူးရှင်များသည် ဆုလက်ဆောင်ကို ဘယ်လို လက်ခံရရှိပါမည်လဲ။
- Telecom ဆုလက်ဆောင်များအတွက် စာတိုပေးပို့ခြင်းမှတစ်ဆင့် အသိပေးမည် ဖြစ်သည်။
- ငွေသားဆုလက်ခံရရှိရန် ကံထူးရှင်များအား အသိပေးကြေငြာပြီးနောက် MPT ၏ သက်ဆိုင်ရာ တာဝန်ရှိသူ မှတစ်ဆင့် ကံထူးရှင်တစ်ဦးချင်းစီအား ဆက်သွယ်ပြီး ငွေသားဆုလက်ဆောင်များ လက်ခံရယူရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
- ဆုရရှိသူများသည် MPT ၏ သက်ဆိုင်ရာ တာဝန်ရှိသူမှ ဆက်သွယ်ပြီး ရက် ၉၀ အတွင်း ဆုများကို လာရောက်ထုတ်ယူရမည်။
၁၁။ ဆုလက်ဆောင်ကို လက်ခံရရှိရန် သတ်မှတ်ချက်များရှိပါသလား။
ပေးအပ်ထားသော ဆင်းမ်ကတ်နံပါတ်သည် မှန်ကန်သော ဆင်းမ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဆုရရှိသူများသည် ၎င်းတို့၏ အမည်အပြည့်အစုံ၊ အမျိုးသားမှတ်ပုံတင်ကတ် (NRC) နံပါတ်နှင့် ၎င်းတို့ NRC ၏ ရှေ့နှင့်နောက် ရှင်းလင်းသော ဓာတ်ပုံများအပါအဝင် တိကျပြီး ပြည့်စုံသော မှတ်ပုံတင်အသေးစိတ်အချက်အလက်များကို ပေးအပ်ရမည်။
၁၂။ မတ်လတွင် ပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းခွင့် လက်မှတ်များရရှိခဲ့ပါသည်။ ဧပြီလ တွင် ပက်ကေ့ခ်ျများကို ထပ်မံမဝယ်ယူ၍ ကံစမ်းခွင့် လက်မှတ်များ မရရှိထားပါက ဧပြီလ အပတ်စဉ် telecom ဆုလက်ဆောင် ကံထူးရှင်ရွေးချယ်ရာတွင်ပါ၀င်ရန် အကျုံး၀င်ပါသေးသလား။
အကျုံးမ၀င်ပါ။ ဧပြီလ အပတ်စဉ် telecom ဆုလက်ဆောင်ကံထူးရှင် ရွေးချယ်ရာတွင် အကျုံး၀င်ရန် ဧပြီလတွင် ပက်ကေ့ခ်ျများကို ဝယ်ယူပြီး ကံစမ်းခွင့်လက်မှတ်များကို ရယူရန်လိုအပ်ပါသည်။
သို့သော် အထူးကံစမ်းမဲ အစီအစဉ်ကာလ ပြီးဆုံးချိန်တွင် ရွေးချယ်မည့် အထူးဆုကြီး အပါအဝင် ငွေသားဆုလက်ဆောင်များကို ကံထူးရန်အတွက် အကျုံး၀င်ပါသေးသည်။
၁၃။ အခြားသူများကို ပက်ကေ့ချ်လက်ဆောင်ပေးလျှင် ကံစမ်းခွင့် လက်မှတ်များ ရနိုင်ပါသလား။
ပက်ကေ့ချ်ကို လက်ဆောင် ပေးပို့သူများသည် ကံစမ်းခွင့် လက်မှတ်များကို ရရှိမည် မဟုတ်ပါ။ ပက်ကေ့ချ်ကို လက်ခံရရှိသူသာ ကံစမ်းခွင့် လက်မှတ်များကို ရရှိမည်ဖြစ်သည်။
၁၄။ Yu Htar 800 Ks ဝန်ဆောင်မှုကို ယူပြီး Yu Htar Balance မှ ပက်ကေ့ချ်ကို ဝယ်ခဲ့ပါသည်။ ကံစမ်းခွင့် လက်မှတ်များ ရနိုင်ပါသလား။
ဟုတ်ကဲ့၊ ကံစမ်းခွင့် လက်မှတ်များကို ရရှိနိုင်ပါသည်။
၁၅။ အထူးကံစမ်းမဲ အစီအစဥ် ကာလက ဘယ်အချိန်ထိလဲ?
အထူးကံစမ်းမဲ အစီအစဉ် ကာလမှာ ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက် မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ဖြစ်သည်။
မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်း ချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုး အတည်ဖြစ်စေရမည်။