Special Flash ပရိုမိုးရှင်းနေ့!
ဩဂုတ်လရဲ့ Special Flash ဆိုတာကတော့ *5555# ကို စာရင်းသွင်းထားပြီးသော ကံထူးသူများအတွက် ဩဂုတ်လ(၅ရက်၊ ၁၅ရက် နှင့် ၂၅ ရက်)နေ့တွေမှာ (၃) ရက်တည်းသာ အကျိုးခံစားခွင့်တွေ ယူဆောင်လာပေးမယ့် ပရိုမိုးရှင်းဖြစ်ပါတယ်။
ကံထူးသူများအနေဖြင့် အနည်းဆုံး (၁,၀၀၀) ကျပ် မှ စတင်ပြီး ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့်
- ချက်ချင်းပြန်ရနိုင်မယ့် 1111% အထိ Cashback လက်ဆောင်
- စာရင်းသွင်းပါ၀င်ခြင်းအတွက် ထပ်ဆောင်းပွိုင့်(၂၀၀) အထိ လက်ဆောင်
- ထပ်ဆောင်း Cashback လက်ဆောင် “5,555ကျပ်” (ဖုန်းဘေလ်ဖြည့်သွင်းပြီးချိန်တွင်မိမိ၏လက်ကျန်ဖုန်းဘေလ်ပမာဏ ၅,၀၀၀ကျပ်နှင့်အထက်ရှိနေပါက (၅/၁၅/၂၅) ပရိုမိုးရှင်းကာလ (၃)ရက်အတွင်း (၁)ရက်လျှင် (၁)ကြိမ်သာ ရရှိနိုင်သော လက်ဆောင်အမျိုးအစားဖြစ်ပါသည်။)
ဖုန်းဘေလ်ဖြည့်သွင်းခြင်းမှ ရရှိနိုင်သော Cashback လက်ဆောင် အမျိုးအစားများ
-
- ၁,၀၀၀ ကျပ် မှ ၁,၉၉၉ ကျပ် အတွင်း ဖုန်းငွေဖြည့်ပါက 155%
- ၂,၀၀၀ ကျပ် မှ ၉,၉၉၉ ကျပ် အတွင်း ဖုန်းငွေဖြည့်ပါက 255%
- ၁၀,၀၀၀ ကျပ် မှ ၂၉,၉၉၉ ကျပ် အတွင်း ဖုန်းငွေဖြည့်ပါက 555%
- ၃၀,၀၀၀ ကျပ် နှင့်အထက် ဖုန်းငွေဖြည့်ပါက 1111%
မှတ်ချက်။ အခြားသူသို့ ဘေလ်လွှဲပြောင်း၍ ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့် “Cashback လက်ဆောင်ကံထူးခွင့် အကျိုးခံစားခွင့်များ”ကို ရရှိနိုင်မည် မဟုတ်ပါ။
စာရင်းသွင်းထားသူတွေအနေနဲ့ ကံထူးခွင့်လက်ဆောင်တွေကို ဩဂုတ်လ (၅ရက်၊ ၁၅ရက် နှင့် ၂၅ ရက်)နေ့တွေမှာ နေ့စဥ် ဖုန်းဘေလ်ဖြည့်တိုင်း ကံထူးခွင့်ရရှိမှာပါ။
ဒါ့အပြင် စာရင်းမသွင်းရသေးတဲ့ သုံးစွဲသူများလည်း ပရိုမိုးရှင်းကာလအတွင်းမှာ *5555# ကိုခေါ်ဆိုကာ ၀င်ရောက်စာရင်းသွင်းပြီး ဆုလက်ဆောင်များကို ကံထူးရယူနိုင်ပါသည်။
အထူးလက်ဆောင်အား ကန့်သတ်သတ်မှတ်ထားသည့် အရေအတွက်အတွင်းသာ ကံထူးရယူနိုင်ပါမည်။
ဩဂုတ်လ (၁) ရက်နေ့မှ (၂၅) ရက်အတွင်း (၁) ကြိမ်သာ အခမဲ့ စာရင်းပေးသွင်းပြီး (၅ရက်၊ ၁၅ရက် နှင့် ၂၅ ရက်) နေ့တွေမှာ Cashback လက်ဆောင်ကံထူးခွင့်တွေ ရယူလိုက်ပါ။
အောက်ပါအဆင့်တွေအတိုင်း ဒီအစီအစဉ်မှာ ပါဝင်ကာ ဆုလက်ဆောင်ကံထူးခွင့်ကို ရယူနိုင်ပါတယ်။

ဇူလိုင်လ ရဲ့ MPT Special Flash အစီအစဉ်မှ ပွိုင့်အရေအတွက် ဘယ်လောက်စုဆောင်းနိုင်မလဲဆိုတာ အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။
*5555# မှတစ်ဆင့် စာရင်းသွင်းပြီးနောက် (ဩဂုတ်လ ၁ ရက်မှ ၂၅ရက်) | SMS ညွှန်ကြားချက်အတိုင်း ဩဂုတ်လ ၅/၁၅/၂၅) ရက်မှာ ဝယ်ယူပြီးနောက် (ကံထူးရှင်ဖြစ်ခဲ့လျှင်) | စုစုပေါင်း | |
---|---|---|---|
ပထမအကြိမ်စာရင်းသွင်းခြင်း (Aug’25) | 10 Points | 30 Points | 40 Points |
ဒုတိယအကြိမ်စာရင်းသွင်းခြင်း (July & Aug’25) | 20 Points | 60 Points | 80 Points |
တတိယအကြိမ်စာရင်းသွင်းခြင်း (June,July & Aug’25) | 30 Points | 90 Points | 120 Points |
လေးကြိမ်မြောက်စာရင်းသွင်းခြင်း (May,June,July&Aug’25) | 40 Points | 120 Points | 160 Points |
ငါးကြိမ်နှင့်အထက်စာရင်းသွင်းခြင်း **MPT Special Flash ကို Nov’21 မှာစတင်ပါသည်။ | 50 Points | 150 Points | 200 Points |
မှတ်ချက်: MPT Special Flash ပရိုမိုးရှင်းနေ့မတိုင်ခင် စာရင်းသွင်းခြင်း နှင့် MPT Special Flash Promotion နေ့မှာ ကံထူးလက်ဆောင်ရယူခြင်း မှရရှိသော MPT Club Point လက်ဆောင် နှင့် ထပ်ဆောင်း Cashback လက်ဆောင် 5,555 ကျပ်ကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်းပေးအပ်သွားမှာဖြစ်ပါတယ်။
အမေးများသော မေးခွန်းများ
၁။ MPT Special Flash Event ဆိုတာဘာလဲ?
လတိုင်း၏ အထူးနေ့ရက်များဖြစ်သော ၅၊ ၁၅၊ ၂၅ ရက်များတွင် ကျင်းပသော MPT ရဲ့ လစဥ် အထူးကံစမ်းမဲ အစီအစဥ် ဖြစ်ပါသည်။
MPT မှ သြဂုတ်လအတွင်း Special Promotion အဖြစ် သြဂုတ်လ (၁ရက် မှ ၂၅ရက်) နေ့အတွင်း *5555# သို့ အခမဲ့ခေါ်ဆိုစာရင်းသွင်းကာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၅၊၁၅၊၂၅) ရက်များတွင် ကြိုက်နှစ်သက်ရာနည်းလမ်း မှတစ်ဆင့် အနည်းဆုံး ၁၀၀၀ကျပ် ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် “1111% အထိပြန်အမ်းငွေ” ကံစမ်းခွင့်အပြင် “ထပ်ဆောင်းပွိုင့် ၂၀၀အထိ” နှင့် လက်ကျန်ဖုန်းဘေလ်ပမာဏ ၅၀၀၀ကျပ်နှင့်အထက် ရှိပါက “၅၅၅၅ကျပ် ထပ်ဆောင်းပြန်အမ်းငွေ” ကိုပါ ရရှိနိုင်မည်ဖြစ်သည်။
၂။ ဘယ်သူတွေ ပါဝင်နိုင်မှာလဲ?
MPT GSM/WCDMA prepaid လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မှာမဟုတ်ပါ။
၃။ “ Special Flash အကျိုးခံစားခွင့်များ”ကို ဘာအတွက် ဘယ်နှရက်ကြာ အသုံးပြုနိုင်မှာလဲ?
Special Flash “ပြန်အမ်းငွေလက်ဆောင်”ကို ဒေတာ၊ MPT ဖုန်းများသို့ခေါ်ဆိုရန်/ စာတိုပို့ရန်အတွက် သုံးသလောက်ပေးနှုန်းထားဖြင့် (၅) ရက်ကြာ အသုံးပြုနိုင်မှာပါ (VIU နှင့် IPTV အသုံးပြုမှုများအတွက်မပါ၀င်ပါ)။
၄။ “ Special Flash အကျိုးခံစားခွင့်များ”ကို ဘယ်နှစ်ကြိမ်ရရှိနိုင်ပါမည်လဲ?
ကံထူးရှင်များသည် သြဂုတ်လ (၅၊၁၅၊၂၅) ရက်များတွင် ၁၀၀၀ကျပ်နှင့်အထက် အကြိမ်များစွာ ဖုန်းငွေဖြည့်သွင်းခြင်းအတွက် “Special Flash အကျိုးခံစားခွင့်များ” ကို အကြိမ်များစွာ ရရှိခံစားနိုင်ပြီး လက်ဆောင်ကို နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်သည်။
၅။ ရရှိထားသော MPT Club Points နှင့် ၅၅၅၅ကျပ် ထပ်ဆောင်းပြန်အမ်းငွေ ကိုဘယ်တော့ထည့်ပေးပါမည်နည်း။
ရရှိထားသော MPT Club Point များနှင့် ၅၅၅၅ကျပ် ထပ်ဆောင်းပြန်အမ်းငွေကို ၂၀၂၅ ခုနှစ် သြဂုတ်လ အတွင်းထည့်သွင်းပေးမည် ဖြစ်ပါသည်။
၆။ “ Special Flash အကျိုးခံစားခွင့်များ” ပမာဏ ဘယ်လောက်ရရှိပါမည်လဲ။
၁,၀၀၀ကျပ်မှ၁,၉၉၉ကျပ် အတွင်း ဖုန်းငွေဖြည့်ပါက 155%ပြန်အမ်းငွေ
၂,၀၀၀ကျပ်မှ၉,၉၉၉ကျပ် အတွင်း ဖုန်းငွေဖြည့်ပါက 255% ပြန်အမ်းငွေ
၁၀,၀၀၀ကျပ်မှ၂၉,၉၉၉ကျပ် အတွင်းဖုန်းငွေဖြည့်ပါက 555% ပြန်အမ်းငွေ
၃၀,၀၀၀ကျပ်နှင့်အထက်ဖုန်းငွေဖြည့်ပါက 1111% ပြန်အမ်းငွေရရှိမည်ဖြစ်ပါသည်။
၇။ MPT Club Point ပမာဏ ဘယ်လောက်ရရှိပါမည်လဲ။
Special Flash Promotion တွင်ပါဝင်ခြင်းအတွက် Club Points များကို အောက်ပါအတိုင်း ရရှိမည်ဖြစ်သည်။ စာရင်းပေးသွင်းခြင်း နှင့် ဖုန်းငွေဖြည့်ခြင်း ၂မျိုးလုံးအတွက် Club Points ကိုရရှိမည်ဖြစ်သည်။
Basis Continuous participation in previous MPT Special Flash promotion | Subscribing via *5555# (01 to 25 Aug) | For making Top Up on 5/15/25 Aug | Total |
---|---|---|---|
ပထမဆုံးအကြိမ် ပါဝင်ခြင်းအတွက် (Aug’25) | 10 Points | 30 Points | 40 Points |
နှစ်လဆက်တိုက် ပါဝင်ခြင်းအတွက် (Jul’25 & Aug’25) | 20 Points | 60 Points | 80 Points |
သုံးလဆက်တိုက် ပါဝင်ခြင်းအတွက် (Jun’25, Jul’25 & Aug’25) | 30 Points | 90 Points | 120 Points |
လေးလဆက်တိုက် ပါဝင်ခြင်းအတွက် (May’25, Jun’25 , Jul’25 & Aug’25) | 40 Points | 120 Points | 160 Points |
ငါးလနှင့်အထက် ဆက်တိုက် ပါဝင်ခြင်းအတွက် | 50 Points | 150 Points | 200 Points |
၈။ Club Point bonus ကိုဘယ်နှစ်ကြိမ် ရရှိနိုင်မည်နည်း?
အကျုံးဝင်သောသုံးစွဲသူသည် ခံစားခွင့်ရှိသော club point ကို သြဂုတ်လ အတွင်းတစ်ကြိမ်သာ (ပထမဆုံးအကြိမ် စာရင်းပေးသွင်းခြင်းနှင့် ပထမဆုံးအကြိမ်ဖုန်းငွေဖြည့်သွင်းခြင်းအတွလက်သာ) ရရှိပါမည်။
၉။ “၅၅၅၅ကျပ် ထပ်ဆောင်းပြန်အမ်းငွေ” ကို ရရှိရန် ဘာလုပ်ရမည်နည်း၊ ဘယ်နှစ်ကြိမ်ရရှိနိုင်မည်နည်း?
သြဂုတ်လ ၅၊၁၅၊၂၅ ရက်များတွင် စာရင်းသွင်းပါဝင် ဖုန်းငွေဖြည့်ပြီးချိန်တွင် လက်ကျန် ဖုန်းဘေလ်ပမာဏ ၅၀၀၀ကျပ်နှင့်အထက် ရှိပါက ၅၅၅၅ကျပ် ထပ်ဆောင်းပြန်အမ်းငွေ ကို ပရိုမိုးရှင်းနေ့ တစ်ရက်စီအတွက် တစ်ကြိမ်စီ ရရှိမည်ဖြစ်ပြီး သြဂုတ်လအတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
၁၀။ *5555# ကိုခေါ်ပြီး စာရင်းသွင်းခြင်းမှ ကံစမ်းခွင့်ရရှိပြီးပါပြီ။ ဒါပေမဲ့ “Special Flash အကျိုးခံစားခွင့်များ” မရရှိပါ။ ဘာလို့လဲ?
ကံထူးသူများသည် သြဂုတ်လ (၅၊၁၅၊၂၅) ရက်များတွင် ကြိုက်နှစ်သက်ရာနည်းလမ်းမှတစ်ဆင့် အနည်းဆုံး ၁၀၀၀ကျပ် ဖုန်းငွေဖြည့်သွင်းမှသာ “Special Flash အကျိုးခံစားခွင့်များ” ကို ကံထူးရရှိမည် ဖြစ်ပါသည်။
၁၁။ သြဂုတ်လ(၁) ရက်နေ့မှာ *5555# ကိုခေါ်ပြီး စာရင်းသွင်းခြင်းမှ ကံစမ်းခွင့်ရရှိပြီးပါပြီ။ ပရိုမိုးရှင်းနေ့တွေ ဖြစ်တဲ့ သြဂုတ်လ (၅) ရက်နေ့မှာ ဖုန်းငွေမဖြည့်ခင် ထပ်မံ စာရင်းသွင်းရန်လိုပါသလား?
သြဂုတ်လ (၁ရက် မှ ၂၅ရက်) အတွင်း (၁) ကြိမ်အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီးပါက ပရိုမိုးရှင်းနေ့တွေဖြစ်တဲ့ သြဂုတ်လ (၅၊ ၁၅၊၂၅) ရက်များတွင် ဖုန်းငွေမဖြည့်ခင် ထပ်မံ စာရင်းသွင်းရန်မလိုအပ်တော့ပါ။
၁၂။ သြဂုတ်လ (၂) ရက်နေ့မှာ *5555# ကိုခေါ်ပြီး စာရင်းသွင်းခြင်းမှ ကံစမ်းခွင့်ရရှိပြီးပါပြီ။ အဲဒီနေ့မှာ ၁၀၀၀ကျပ် ဖုန်းငွေဖြည့်သွင်းလိုက်ပါတယ်။ ဘာလို့ “Special Flash အကျိုးခံစားခွင့်များ” မရတာလဲ?
ကံထူးသူများသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၅၊ ၁၅၊ ၂၅) ရက်များတွင် ဖုန့်းငွေဖြည့်မှသာ “Special Flash အကျိုးခံစားခွင့်များ” ကိုကံထူးရရှိမည်ဖြစ်ပါသည်။
၁၃။ *5555# ကိုခေါ်ပြီး စာရင်းသွင်းခြင်းမှ ကံစမ်းခွင့်ရရှိပြီးပါပြီ။ သြဂုတ်လ (၅) ရက်နေ့မှာ ၅၀၀ကျပ် ဖုန်းငွေဖြည့်သွင်းလိုက်ပါတယ်။ ဘာလို့ “Special Flash အကျိုးခံစားခွင့်များ” မရတာလဲ?
ကံထူးသူများသည် “Special Flash အကျိုးခံစားခွင့်များ” ကိုရရှိရန် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၅၊ ၁၅၊ ၂၅) ရက်များတွင် အနည်းဆုံး ၁၀၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းရမည် ဖြစ်ပါသည်။ ၁၀၀၀ ကျပ်အောက် ဖုန်းငွေဖြည့်ခြင်းများမှ “Special Flash အကျိုးခံစားခွင့်များ” ကိုရရှိမည် မဟုတ်ပါ။
၁၄။ *5555# ကိုခေါ်ဆိုပြီး စာရင်းသွင်းခြင်းမှ ကံစမ်းခွင့်ရရှိပြီးပါပြီ။ သြဂုတ်လ (၁၅) ရက်နေ့မှာ MPT4U App မှတစ်ဆင့် ၁၀၀၀ကျပ် ငွေဖြည့်သွင်းလိုက်ပါတယ်။ ဘာလို့ “Special Flash အကျိုးခံစားခွင့်များ” မရတာလဲ?
Special Flash အကျိုးခံစားခွင့် အရေအတွက်ကို ကန့်သတ်ထားသောကြောင့် ကံထူးသူများသည် ကန့်သတ်ထားသော အရေအတွက် မပြည့်ခင် ငွေဖြည့်သွင်း၍ ကံစမ်းရန်လိုအပ်ပါသည်။
၁၅။ အစီအစဉ်နေ့တွေမှာ အနည်းဆုံး ၁၀၀၀ကျပ် ဖုန်းငွေဖြည့်သွင်းတိုင်း “ Special Flash အကျိုးခံစားခွင့်များ” ကံစမ်းနိုင်မှာလား?
ကံထူးသူသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၅၊ ၁၅၊ ၂၅) ရက်များတွင် အနည်းဆုံး ၁၀၀၀ကျပ် ဖုန်းငွေဖြည့်သွင်းတိုင်း “Special Flash အကျိုးခံစားခွင့်များ” ကိုကံထူးရရှိမည်ဖြစ်သည်။ Special Flash အကျိုးခံစားခွင့် အရေအတွက်ကို ကန့်သတ်ထားသောကြောင့် ကံထူးသူများသည် ကန့်သတ်ထားသော အရေအတွက် မပြည့်ခင် ငွေဖြည့်သွင်း၍ ကံစမ်းရန်လိုအပ်ပါသည်။
၁၆။ အခြားသူသို့ ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်း (Balance Transfer) ဖြင့် “Special Flash အကျိုးခံစားခွင့်များ” ကံစမ်းနိုင်မှာလား?
အခြားသူသို့ ငွေလွှဲပြောင်း၍ ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် “Special Flash အကျိုးခံစားခွင့်များ” ကံထူး နိုင်မည်မဟုတ်ပါ။
၁၇။ အခြားသူသို့ ဖုန်းငွေဖြည့်ပေးခြင်းဖြင့် “Special Flash အကျိုးခံစားခွင့်များ” ကံစမ်းနိုင်မှာလား?
အခြားဖုန်းနံပါတ်သို့ ဖုန်းငွေဖြည့်သွင်းပါက ဖုန်းဘေလ်လက်ခံရရှိသော ဖုန်းနံပါတ်သာ “Special Flash အကျိုးခံစားခွင့်များ” ကို သြဂုတ်လ (၅၊၁၅၊၂၅)ရက်များတွင် ကံစမ်းနိုင်မှာပါ။ (ဖုန်းဘေလ် လက်ခံ ရရှိသော ဖုန်းနံပါတ်သည် သတ်မှတ်ကာလအတွင်း *၅၅၅၅# ကိုခေါ်ဆို၍ စာရင်းသွင်းခြင်း ဆောင်ရွက် ထားသည့် ကံထူးသူဖြစ်ရပါမည်။)
၁၈။ ကံစမ်းမဲကာလက ဘယ်အထိလဲ?
၂၀၂၅ခုနှစ်၊ သြဂုတ်လ (၅၊၁၅၊၂၅) ရက်အထိ ဖြစ်သည်။