MPT Tourist SIM

မင်္ဂလာပါ။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့အတွက် MPT မှ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း  ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့အတွက် ပြည်တွင်းSIM ကဒ်ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသွားများအတွက် အသင့်တော်ဆုံး၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး ဆက်သွယ်ရေးကွန်ယက် MPT မှ ၀န်ဆောင်မှုများ ပေးပါရစေ။

MPT Tourist SIM ကို ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ပြီးတာနဲ့ MPT ရဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုများဖြစ်တဲ့ ဒေတာအသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများကို All-in-one အနေနဲ့ အားလုံးအသုံးပြုနိုင်မှာပါ။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ကာလအတွင်း အမှတ်တရကောင်းလေးတွေကို MPT နဲ့အတူဖန်တီးလိုက်ကြစို့!

Tourist SIM (ဝန်ဆောင်မှုအစီအစဉ်နှင့် First Recharge Bonus)

  • MPT Tourist Sim

    Light

    ကျသင့်ငွေ : ၂၉,၉၉၉ ကျပ်

    စာရင်းသွင်းခွန် : ၂၀,၀၀၀ ကျပ်

    အသံ: ၃၀ မိနစ်

    ဒေတာ : 2 GB

    SMS : ၆၀ စောင်

    ဖုန်းငွေလက်ကျန် : ၁,၀၀၀ ကျပ်

    လက်ဆောင် : ၀ ကျပ်

    သက်တမ်:(၃၀)ရက်

  • MPT Tourist Sim

    Standard

    ကျသင့်ငွေ : ၄၉,၉၉၉ ကျပ်

    စာရင်းသွင်းခွန် : ၂၀,၀၀၀ ကျပ်

    အသံ : ၉၀ မိနစ်

    ဒေတာ : 7 GB

    SMS : ၁၈၀ စောင်

    ဖုန်းငွေလက်ကျန် : ၂,၀၀၀ ကျပ်

    လက်ဆောင် : ၁,၀၀၀ ကျပ်

    သက်တမ:(၃၀)ရက်

  • MPT Tourist Sim

    Premium

    ကျသင့်ငွေ : ၉၉,၉၉၉ ကျပ်

    စာရင်းသွင်းခွန် : ၂၀,၀၀၀ ကျပ်

    အသံ : ၂၀၀ မိနစ်

    ဒေတာ : 20 GB

    SMS : ၄၀၀ စောင်

    ဖုန်းငွေလက်ကျန် : ၁၀,၀၀၀ ကျပ်

    လက်ဆောင် : ၁,၀၀၀ ကျပ်

    သက်တမ်:: (၃၀) ရက်

  1. လေဆိပ်၊ Toursit နေရာများနှင့် Tourist အခြေချ တည်းခိုသည့် ဟိုတယ်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
  2. ဘောနပ်စ်ပမာဏကို ဖုန်းခေါ်ဆိုခြင်း (any-net), SMS ပေးပို့ခြင်း (any-net) နှင့် သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်းများအတွက် အသုံးပြုနိုင်ပါသည်။
  3. ဖုန်းခေါ်ဆိုခြင်း, SMS ပေးပို့ခြင်းနှင့်ဒေတာအသုံးပြုခြင်းများအတွက် သက်တမ်းရက်(၃၀)ရမည်ဖြစ်ပြီး Main Balance ကို ၃၆၅ရက်အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  4. Standard (သို့မဟုတ်) Premium အမျိုးအစားဖြင့် Tourist SIM အား ပထမဆုံး အကြိမ်ဖုန်းငွေဖြည့်ခြင်းအတွက် ရက်ပေါင်း (၃၀) အသုံးပြုနိုင်သော IDD ပရိုမိုးရှင်း Package သုံးစွဲခွင့် ကို အခမဲ့ (တစ်ကြိမ်တည်းသာ) အသုံးပြုနိုင်မည်ဖြစ်ပါသည်။ (IDD ပက်ကေ့ချ် > “Thai, Malaysia, China, Singapore, Bangladesh, India, South Korea, Japan, Australia, Hong Kong, US, Canada နိုင်ငံများသို့ တစ်မိနစ်လျှင် ၅၀ကျပ် ဖုန်းခေါ်ဆိုနှုန်းဖြင့် ရက်၃၀စာ ရယူရန် ၄၉၉ကျပ်ဖြင့် စာရင်းသွင်း၍ရယူနိုင်ပါသည်။)
  5. မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်လည်ပတ်ရင်း MPT ရဲ့ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုချင်ပါသလား? MPT SIMမှာ ငွေဖြည့်ပြီး MPT ရဲ့ပရိုမိုးရှင်းအစီအစဉ်တွေကို ရယူလိုက်ပါ! MPT4U Appကိုဒေါင်းလုတ််ရယူပြီးလည်း ပက်ကေ့ချ်ဝယ်ယူခြင်းကဲ့သို့သော MPT ရဲ့ဝန်ဆောင်မှုများနှင့် အခြားအကျိုးကျေးဇူးများကို ပိုမိုအဆင်ပြေစွာ ရယူနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာ ခေါ်ဆိုမှုနှုန်းထားများကို အသေးစိတ်သိလိုပါက: https://www.mpt.com.mm/mm/home-mm/mobile-services-mm/international-direct-dialing-mm/
  6. မေးမြန်းရန်မေးခွန်းများရှိပါက ဖုန်းခေါ်ဆိုလိုက်ပါ။
    •    MPT မိုဘိုင်းဖုန်းကို အသုံးပြုလျင် : ၁၀၆
    •    အခြားဖုန်းနှင့်ဆက်သွယ်မည်ဆိုလျှင် : (+၉၅) ၁ ၂၃၉၉၁၀၆

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

၁။ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ဆိုတာ ဘာလဲ။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားဧည့်သည်များ ဆက်သွယ်ချိတ်ဆက်မှု လွယ်ကူအဆင်ပြေစေရန် အတွက် MPT ၏ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်လက်ဆောင် အစီအစဉ် ဖြစ်ပါတယ်။ အစီအစဉ် အမျိုးအစား (၃)မျိုး ရှိပါတယ်။ Light, Standard နှင့် Premium တို့ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။

Name တန်ဖိုး
(ကျပ်)
Activation Tax (Kyat) ပထမဆုံးအကြိမ် ငွေဖြည့်လက်ဆောင်များ
Voice
On-net
Data (GB) SMS Count
Onnet
Main Balance (ကျပ်) အပိုဆောင်း ဖုန်းဘေလ် လက်ဆောင် (ကျပ်) သက်တမ်း IDD Pack
Unit ကျပ် ကျပ် Min GB SMS ကျပ် ကျပ် ရက် ပက်ကေခ်ျ့
Light 29,999 20,000 30 2 60 1,000 0 30 -
Standard 49,999 20,000 90 7 180 2,000 1,000 30
Premium 99,999 20,000 200 20 400 10,000 1,000 30

၂။ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းခြင်း ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိမှာပါလဲ။

MPT GSM/WCDMA Prepaid အသုံးပြုသူများအားလုံးသည် အစီအစဉ် (၃)မျိုးမှ တမျိုးဖြင့် ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ပြုလုပ်ပါက ငွေဖြည့်လက်ဆောင် ရရှိပါမည်။

၃။ ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင် ရရှိပါမည်လား။

ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင်များကို အောက်ပါအတိုင်း ရရှိပါမည်။

  • Light အမျိုးအစားအတွက် (၃၀) မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ (2GB) ဒေတာ၊ MPT အချင်းချင်း စာတိုပေးပို့ခြင်း (၆၀) နှင့် ဖုန်းဘေလ် (၁,၀၀၀) ကျပ် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
  • Standard အမျိုးအစားအတွက် (၉၀) မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ (7GB) ဒေတာ၊ MPT အချင်းချင်း စာတိုပေးပို့ခြင်း(၁၈၀) ၊ ဖုန်းဘေလ် (၂,၀၀၀) ကျပ်၊ အပိုဆောင်းဖုန်းဘေလ် (၁,၀၀၀) ကျပ် နှင့် ရက် (၃၀) သုံး IDD ပရိုမိုးရှင်း ပက်ကေချ့် သုံးစွဲခွင့် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
  • Premium အမျိုးအစားအတွက် (၂၀၀) မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ (20GB) ဒေတာ၊ MPT အချင်းချင်း စာတိုပေးပို့ခြင်း (၄၀၀) ၊ ဖုန်းဘေလ် (၁၀,၀၀၀) ကျပ်၊ အပိုဆောင်းဖုန်းဘေလ် (၁,၀၀၀) ကျပ် နှင့် ရက် (၃၀) သုံး IDD ပရိုမိုးရှင်း ပက်ကေချ့် သုံးစွဲခွင့် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
    (ရက်(၃၀) သုံး IDD ပက်ကေချ့်က ဖုန်းငွေဖြည့်လက်ဆောင်အနေဖြင့် (subscription fee) အခမဲ့ ဖြစ်ပါတယ်။ FOC ရက် (၃၀) ကုန်ဆုံးပြီးနောက်တွင် IDD ပက်ကေချ့်ကို subscription fee ၄၉၉ ကျပ်ဖြင့် ရက် (၃၀) ထပ်မံဝယ်ယူနိုင်ပါတယ်။ IDD ပက်ကေချ့်ဆိုတာ နိုင်ငံပေါင်း ၁၂ နိုင်ငံ (ထိုင်း/မလေးရှား/တရုတ်/စင်္ကာပူ/ဘင်္ဂလားဒေ့ရှ်/ အိန္ဒိယ/ တောငိကိုရီးယား/ဂျပန်/ သြစတြေးလျ/ ဟေ၊င်ကောင်/ အမေရိက/ ကနေဒါ) ကို ဖုန်းခေါ်ဆိုပါက ဝယ်ယူထားသည့် ရက်(၃၀)သက်တမ်းမကုန်ဆုံးမချင်း တစ်မိနစ်လျှင် ၅၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်)

၄။ အပိုဆောင်းဖုန်းဘေလ်လက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်မှာလဲ။

အပိုဆောင်းဖုန်းဘေလ်လက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးသလောက်ပေး နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါမည်။

၅။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်လက်ဆောင်ရရှိရန်အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။

ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်းကို ဖုန်းငွေဖြည့်အမျိုးအစား (၃)မျိုးမှ (၁)မျိုးဖြင့် ဖြည့်ရန်သာ လိုအပ်ပါတယ်။

၆။ ငွေဖြည့်လက်ဆောင်များရဲ့ သက်တမ်းမှာ ဘယ်လောက်ပါလဲ။

ငွေဖြည့်လက်ဆောင်များ (MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ ဒေတာ နှင့် အပိုဆောင်းဖုန်းဘေလ်) ၏ သက်တမ်းမှာ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းသည့် ရက်မှစတင်၍ ရက် ၃၀ ဖြစ်ပါတယ်။ Main Balance (ဖုန်းဘေလ်)သက်တမ်းမှာ ၃၆၅ ရက် ဖြစ်ပါတယ်။

၇။ Tourist SIM ကို ဘယ်နေရာမှာ ဝယ်ယူနိုင်ပါမလဲ။

MPT Branded Shops နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ MPT Franchise Shop တွင် ဝယ်ယူနိုင်ပါတယ်။၁၀၆ ကို MPT နံပတ်ဖြင့် ခေါ်ဆို၍လည်းကောင်း၊ ၀၁-၂၃၉၉၁၀၆ ကို မည်သည့်နံပတ်ဖြင့်မဆို ခေါ်ဆို၍လည်းကောင်း နီးစပ်ရာ အရောင်းဆိုင်ကို စုံစမ်းနိုင်ပါတယ်။

၈။ ငွေဖြည့်လက်ဆောင်များကို ဘယ်လိုစစ်ဆေးနိုင်မှာပါလဲ။

*224# ကို ရိုက်နှိပ်ခေါ်ဆို၍ (သို့မဟုတ်) 1331 သို့ BAL ဟု စာတိုပေးပို့၍ (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းကို ဒီနေရာ ( https://lotaya.mpt.com.mm/event/191?utm_source=MPT4U-MPT&utm_medium=T&utm_campaign=MPT4U-MPT ) တွင် ဒေါင်းလုတ်ပြုလုပ်၍ စစ်ဆေးနိုင်ပါသည်။

best operator in Myanmar