MPT Name Tune ဆိုတာဘာလဲ?

မိမိထံ ဖုန်းခေါ်ဆိုလာသူတွေကို မိမိနာမည်ပါဝင်သော နှုတ်ခွန်းဆက်စကားသံဖြင့် ဖုန်းမကိုင်မီအချိန်လေးအတွင်းမှာ
နားဆင်နေစေနိုင်မည့် MPT Ring Tune ဝန်ဆောင်မှုဖြစ်ပါသည်။

ဘယ်လို ရယူနိုင်မလဲ။

You can activate Name Tune through our Lotaya page, also you can call our call centre 106 to activate your Name

နေ့စဉ်ပေးစနစ်ရယူရန်

Name Tune Service

လစဉ်ပေးစနစ်

Name Tune Service

ဝန်ဆောင်မှုပယ်ဖျက်ရန်

Name Tune Service

ဝန်ဆောင်မှုနှုန်းထားများ

နေ့စဉ်ဝန်ဆောင်မှု : တစ်ရက် ၉၉ ကျပ်

လစဉ်ဝန်ဆောင်မှု : ရက် ၃၀ အတွက် ၁၃၉၉ ကျပ်

Name Tune တစ်ပုဒ် : ရက် ၃၀ အတွက် ၃၁၅ကျပ်

*အထက်ပါဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။*

စည်းကမ်းသတ်မှတ်ချက်များ

မေးလေ့ရှိသောမေးခွန်းများ

၁။ Name Tune အကြောင်းကိုရှင်းပြပါ။

မိမိထံ ဖုန်းခေါ်ဆိုလာသောအချိန် ခေါ်ဆိုသူမှကြားရသော calling ring အသံနေရာတွင် မိမိနာမည်ပါဝင်သော သာယာကြည်နူးဖွယ် နှုတ်ခွန်းဆက်စကားသံများဖြင့် အစားထိုးထည့်သွင်း အသုံးပြုနိုင်သော Name Tune ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။ CRBT ဝန်ဆောင်မှု၏ အောက်တွင်ရှိသော ဝန်ဆောင်မှုတစ်မျိုးဖြစ်ပါတယ်။

၂။ Name Tune ဝန်ဆောင်မှုကို ဘယ်ကရယူနိုင်မလဲ။

Name Tune ဝန်ဆောင်မှုကို https://ringtune.mpt.com.mm/crbt-web-portal/home
MPT Ringtune အင်တာနက်စာမျက်နှာမှာ အမည်ကို Search Bar တွင်ရှာဖွေဝယ်ယူနိုင်သလို MPT call center-106 သို့ဖုန်းခေါ်ဆိုပြီးလည်းရယူနိုင်ပါတယ်။

၃။ 7979 ဖုန်းခေါ်ဆိုပြီး အမည် ရွေးချယ်လို့ရပါသလား။

မရရှိသေးပါ။ နာမည်ရွေးချယ်ရန် MPT call center-106 သို့ဖုန်းခေါ်ဆိုပြီးရယူနိုင်ပါတယ်။

၄။ စာရင်းသွင်းခ ဘယ်လောက်ပေးရမလဲ။

Name Tune ဝန်ဆောင်မှု စာရင်းသွင်းခအတွက်တစ်ရက်လျှင် ၉၉ ကျပ်နှုန်း ဖြစ်ပြီး၊ တစ်လအသုံးပြုမှုအတွက် ၁၃၉၉ ကျပ်နှုန်း ဖြစ်ပါတယ်။ Name Tune တစ်ပုဒ်အတွက် တစ်လလျှင် ၃၁၅ကျပ်နှုန်း ဖြစ်ပါတယ်။

၅။ အခြားသီချင်းတွေ ဝယ်ထားပါက ဘယ်လို ဖြစ်မလဲ။

အခြားသီချင်းဝယ်ထားပြီး Name Tune ထပ်ဝယ်ပါက တစ်လှည့်စီ သီချင်းသံ ကြားရမှာဖြစ်ပါတယ်။

၆။ ဘယ်သူတွေ အသုံးပြုနိုင်မှာလဲ။

MPT Sim Card အသုံးပြုသည့် မည်သူမဆို အခြား Ring Tune ဝန်ဆောင်မှုများအား ရယူရသည့် အတိုင်း လွယ်ကူစွာရယူနိုင်ပါသည်။

၇။ Name Tune ကို ဖျက်ချင်ရင် ဘယ်လို လုပ်ရမလဲ။

အခြားသီချင်းများကဲ့သို့ဝယ်ယူထားသော Name Tune code ကို ၇၉၇၉ သို့ပေးပို့ပြီး ပယ်ဖျက်နိုင်ပါတယ်။
ဥပမာ-Del0000011111 or Del 0000011111

၈။စာရင်းသွင်းတဲ့အချိန်မှာ လက်ကျန်ငွေမလုံလောက်ရင် ဘယ်လိုလုပ်မလဲ။

ဒါဆိုရင်စာရင်းသွင်းလို့မရနိုင်ပါ။ ဝန်ဆောင်မှုကိုလည်း မရရှိနိုင်ပါ။ ဖုန်းငွေအလုံအလောက်ဖြည့်ပြီးမှသာ စာရင်းပြန်သွင်းကြည့်ပါ။Ringtune ဝန်ဆောင်မှု အတိုင်းဖြစ်ပါသည်။

၉။ အသုံးပြုသူသည် အမည် အပြည့်အစုံကို Name Tune အဖြစ် တောင်းဆိုနိုင်ပါသလား။

အသုံးပြုသူသည် အမည် အပြည့်အစုံကို Name Tune အဖြစ် တောင်းဆိုနိုင်ပါသည်။ MPT call center, MPT Facebook page နှင့် Content Provider call center သို့ အမည်နှင့် ဖုန်းနံပါတ် ပေးပို့ပြီး ဆက်သွယ် တောင်းဆိုနိုင်ပါတယ်။ ၁ လခန့်ကြာမြင့်မှာဖြစ်ပြီး Content Provider သို့မဟုတ် MPT call center မှ ပြန်လည် ဆက်သွယ်မှာဖြစ်ပါတယ်။

best operator in Myanmar