Radio4U ဝန်ဆောင်မှုဆိုတာဘာလဲ

အင်တာနက်အသုံးပြုရန်မလိုပဲ 7070 ကို ဖုန်းခေါ်ဆိုပြီး သီချင်းတွေ ဗေဒင်ဟောစာတမ်းတွေနားဆင်နိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

Radio4U ဝန်ဆောင်မှုကို အောက်ပါနည်းလမ်းများအတိုင်း ရယူနိုင်ပါသည်။

USSD channel : *7070#

SMS channel : နေ့စဉ်ဝန်ဆောင်မှုအတွက် 7070 သို့ MRD ဟု SMS ပေးပို့ပါ။
အပတ်စဉ်ဝန်ဆောင်မှုအတွက် 7070 သို့ MRW ဟု SMS ပေးပို့ပါ။

ဝန်ဆောင်မှုနှုန်းထားများ

  • နေ့စဉ်ပေး ဝန်ဆောင်မှု

    စျေးနှုန်း : ၅၀ ကျပ်

    သက်တမ်း : ၁ရက်

    Direct USSD : *7070#

    SMS : 7070 သို့ MRD ဟုပို့ပါ။

  • အပတ်စဉ်ပေး ဝန်ဆောင်မှု

    စျေးနှုန်း : ၃၅၀ ကျပ်

    သက်တမ်း : ၇ရက်

    Direct USSD : *7070#

    SMS : 7070 သို့ MRW ဟုပို့ပါ။

မေးလေ့ရှိသောမေးခွန်းများ

၁။ Radio4U ဝန်ဆောင်မှုဆိုတာဘာလဲ။

• အင်တာနက်အသုံးပြုရန်မလို၊ ဖုန်းခေါ်ဆိုခ ကုန်ကျရန်မလိုအပ်ပဲ MPT ဖုန်းနံပါတ်ဖြင့် 7070 သို့ ဖုန်းခေါ်ဆို၍ နောက်ဆုံးထွက်ရှိထားသော သီချင်းများအပြင် သီချင်းဟောင်းများ၊ ခေတ်အစားဆုံးသီချင်းအမျိုးအစားအစုံအလင်ကို ခံစားနားဆင်နိုင်မည်ဖြစ်ပြီး ၇ ရက်သားသမီးဗေဒင်ဟောစာတမ်းနှင့် ရသစုံလင်သော သရဲဝတ္ထု ဇာတ်လမ်းတို ၊ဟာသ ဇာတ်လမ်းတို များကိုပါ တစ်နေရာတည်းတွင်နားထောင်နိုင်မည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ Radio4U ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမလဲ။

MPT ဖုန်းနံပါတ်ဖြင့် 7070 သို့အခမဲ့ဖုန်းခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပြီး မိမိနှစ်သက်ရာ အမျိုးအစားအလိုက် သီချင်းဖြစ်စေ ဗေဒင်‌ဟောစာတမ်းဖြစ်စေ နားဆင်နိုင်ပါသည်။ တစ်နေ့လျှင် မိနစ် (၁၀၀) အထိ စိတ်ကြိုက် နားဆင်နိုင်ပါသည်။ ၂၄ နာရီအတွင်း မိနစ် (၁၀၀) နားဆင်ပြီးပါက နောက်တစ်နေ့မှ 7070 သို့အခမဲ့ဖုန်းခေါ်ဆို၍ ထပ်မံနားဆင်နိုင်မည်ဖြစ်သည်။

၃။ Radio4U ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါသလဲ။

• *7070# ကိုခေါ်ဆိုပါ။
(သို့မဟုတ်)
• SMS မှတဆင့်ဝယ်ယူလိုပါက
• နေ့စဉ် ဝန်ဆောင်မှုအတွက် 7070 သို့ MRD ဟု SMS ပေးပို့ပါ။
• အပတ်စဉ် ဝန်ဆောင်မှုအတွက် 7070 သို့ MRW ဟု SMS ပေးပို့ပါ။
(သို့မဟုတ်)
• 7070 သို့အခမဲ့ဖုန်းခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပြီး ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၄။ Radio4U ဝန်ဆောင်မှုအတွက် မည်မျှကျသင့်ပါသလဲ။

• နေ့စဉ် ဝန်ဆောင်မှုအတွက် (၁) ရက် စာ ၅၀ ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်ပါသည်။
• အပတ်စဉ်ဝန်ဆောင်မှုအတွက် (၇) ရက် စာ ၃၅၀ ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်ပါသည်။

၅။ Radio4U ဝန်ဆောင်မှုကို မည်သို့ဆက်လက်ရယူနိုင်ပါသလဲ။

• အလိုအလျောက် သက်တမ်းတိုးဝန်ဆောင်မှုဖြစ်ပါသည်။
• သက်တမ်းကုန်ဆုံးသည်နှင့်တပြိုင်နက် (၁) ရက်စာ ၅၀ ကျပ် (သို့) (၇) ရက်စာ ၃၅၀ ကျပ်ကို ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။

၆။ Radio4U ဝန်ဆောင်မှုကို မည်ကဲ့သို့ပယ်ဖျက်နိုင်ပါသလဲ။

• MPT ဖုန်းနံပါတ်ဖြင့် 7070 သို့ဖုန်းခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
(သို့မဟုတ်)
• 7070 သို့ OFF ဟု SMS ပေးပို့ပါ။

၇။ Radio4U ဝန်ဆောင်မှုကို မဝယ်ယူခင် စမ်းသပ်အသုံးပြုကြည့်လို့ရပါသလား။

• Radio4U ဝန်ဆောင်မှုကို ပထမဆုံးအကြိမ်စတင် အသုံးပြုမည့်သူများအတွက် 7070 သို့ ဖုန်းခေါ်ဆိုပြီး (၁၀) မိနစ်စာ အခမဲ့ နားဆင်နိုင်ပါသည်။ အခမဲ့ (၁၀) မိနစ် နားဆင်ခြင်းကို MPT အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ လုပ်ဆောင်ခွင့်ရှိသည်။

၈။ Radio4U ဝန်ဆောင်မှုကို မည်သူတွေအသုံးပြုလို့ရပါသလဲ။

• Radio4U ဝန်ဆောင်မှုကို GSM sim အသုံးပြုသူများသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
CDMA sim အသုံးပြုသူများ ဝန်ဆောင်မှုကိုရယူနိုင်မည်မဟုတ်ပါ။ (ဥပမာ – Yangon CDMA 450 MHz နှင့် 800 MHz, Mandalay CDMA 450 MHz).

best operator in Myanmar