အမေးများသောမေးခွန်းများ

၁။ မဟော်သဓာ ဆိုတာ ဘာလဲ။

မဟော်သဓာ ဆိုသည်မှာ MML နှင့် MPT တို့ပူးပေါင်းစီစဉ် တင်ဆက်လိုက်သော ကဏ္ဍမျိုးစုံပါဝင်သည့် ဗဟုသုတရဖွယ် မေးခွန်းများစွာကို အမေးအဖြေပြုလုပ်ပြီး ဆုကြေးရယူနိုင်မည့် ဝန်ဆောင်မှုဖြစ်ပါသည်။ “မဟော်သဓာ” တွင် သုံးစွဲသူများအနေဖြင့် မေးခွန်းများဖြေဆိုရန် Spin Wheel လှည့်၍ ဖြေဆိုရမည့် မေးခွန်းကဏ္ဍကို ရွေးချယ်ရမည် ဖြစ်ပြီး အဖြေမှန်များကိုလည်း ပြန်လည်ကြည့်ရှုကာ မိမိ၏ရမှတ်များကိုလည်း သိနိုင်မည်ဖြစ်သည်။

၂။ “မဟော်သဓာ” ဝန်ဆောင်မှုကို မည်သို့ရယူအသုံးပြုနိုင်ပါသလဲ။

(၁) ဦးစွာ ပထမ MPT ဖုန်းနံပါတ်တစ်ခုဖြင့် 8379 သို့ ON ဟု SMS ပေးပို့ရပါမယ်။
(၂) MPT မှဝန်ဆောင်မှု လျောက်ထားရယူခြင်းကို မှန်ကန်မှု ရှိ မရှိ အတည်ပြုသည့် SMS ပေးပို့မည် ဖြစ်ပြီး သင့်အနေဖြင့် လက်ခံပါက “9” ဟုရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ပေးရန် လိုအပ်ပါသည်။
(၃) ဝန်ဆောင်မှု အောင်မြင်ကြောင်း အကြောင်းပြန်စာနှင့်တကွ “မဟော်သဓာ” application ဒေါင်းလုတ်ဆွဲရန် link ပါသော SMS တစ်စောင် သင့်ဖုန်းထဲသို့ ဝင်လာပါမည်။
(၄) Application မရှိသေးပါက Download link ကိုနှိပ်လိုက်ရုံဖြင့် အခမဲ့ဒေါင်းလုတ်ရယူပြီး ဖုန်းအတွင်း ထည့်သွင်းနိုင်ပါတယ်။
(၅) Application ကိုဖွင့်ပြီး ဝန်ဆောင်မှုကို ရယူထားသော ဖုန်းနံပါတ်ကို ထည့်သွင်းပြီး ဝင်ရပါမယ်။
(၆) ထည်သွင်းလိုက်သော ဖုန်းနံပါတ်သို့ ဂဏန်း ၄ လုံးပါသော OTP Code နံပါတ် ပါဝင်သည့် SMS တစ်ခု ဝင်လာမှာဖြစ်ပါတယ်။
(၇) ထို့နောက် SMS တွင်ပါဝင်သော OTP Code နံပါတ်ကို ပြန်လည်ထည့်သွင်းပြီး “မဟော်သဓာ” Application ကို အသုံးပြုနိုင်ပါပြီ။

၃။ “မဟော်သဓာ” ဝန်ဆောင်မှုကို ရပ်တန့်လိုပါက မည်သို့ပြုလုပ်ရမလဲ။

8379 သို့ UNSUB ဟု SMS ပေးပို့ရပါမယ်။

၄။ မေးခွန်း များအား မည်သည့်နေရာမှ ရယူထားပါသလဲ။

မဟော်သဓာဝန်ဆောင်မှုအား စီစဉ်တင်ဆက်သည့် MHTD Content Team မှ ဗဟုသုတရဖွယ် ကဏ္ဍမျိုးစုံရှိ စာအုပ်များကို ကိုးကား၍ ပြန်လည်ထုတ်ယူတင်ဆက်ပေးလျှက်ရှိပါသည်။

၅။ “မဟော်သဓာ” ဝန်ဆောင်မှုအတွက် မည်မျှ ကျသင့်ပါလဲ။

“မဟော်သဓာ” ဝန်ဆောင်မှုတစ်ရက်တာမေးခွန်းများအတွက် ၁၀၅ ကျပ် (အခွန်၅%ပါဝင်ပြီး) သာ ကျသင့်မှာဖြစ်ပါတယ်။

၆။ 8379 သို့ ON ဟု ပေးပို့ထားပါသော်လည်း “မဟော်သဓာ” တွင် ဝင်ရောက်ကြည့်ရှု၍မရပါ။ ဘာကြောင့်ပါလဲ။

(၁) ပထမဦးစွာ ဝန်ဆောင်မှုရရယူခြင်း အောင်မြင်မှုရှိမရှိ စိစစ်ရမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူခြင်းအောင်မြင်ပါက ရယူမှုအောင်မြင်ကြောင်း အကြောင်းကြားသည့် SMS ရရှိရမည် ဖြစ်ပါသည်။ ၎င်း SMS မရရှိပါက “8379” သို့ ထပ်မံ၍ “ON” ဟုပေးပို့ရပါမည်။
(၂) MPT မှဝန်ဆောင်မှု လျောက်ထားရယူခြင်းကို မှန်ကန်မှု ရှိ မရှိ အတည်ပြုသည့် SMS ပေးပို့မည် ဖြစ်ပြီး သင့်အနေဖြင့် လက်ခံပါက “9” ဟုရိုက်နှိပ်ပြီး ပြန်လည်ပေးပို့ပေးရန် လိုအပ်ပါသည်။
(၃) အကြောင်းပြန်သည့် SMS ရရှိသော်လည်း ဆက်လက်၍ အသုံးပြုမရဘဲ ဖြစ်နေပါက အောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်ပါတယ်
(က) “မဟော်သဓာ” ဝန်ဆောင်မှုကို အသုံးပြုရန် အင်တာနက်လိုင်း လိုအပ်ပါသည်။ သင့်ဖုန်းတွင် အင်တာနက်လိုင်း ဖွင့်ထားပြီး လုံလောက်သော လက်ကျန်ငွေ သို့မဟုတ် အင်တာနက် Package ရှိရန် လိုအပ်ပါတယ်။
(ခ) ဝန်ဆောင်မှုရယူရန် SMS ပေးပို့ရာတွင် အသုံးပြုသည့် MPT ဖုန်းနံပါတ်နှင့် Application အတွင်း ဝင်ရောက်သည့်အခါ ထည့်သွင်းသည့် ဖုန်းနံပါတ်မှာ အတူတူဖြစ်ရန် လိုအပ်ပါတယ်။

၇။ “မဟော်သဓာ” Facebook page ကနေ တင်ပေးမယ့် အကြောင်းအရာတွေနဲ့ application & web portal မှာ တင်ပေးမယ့် အကြောင်းအရာတွေ မတူဘူးလား။

Application & Web Portal မှာ အကြောင်းအရာ စုံလင်စွာတင်ပေးမှာဖြစ်ပြီး Facebook page မှာတော့ အနည်းငယ်မျှသာ တင်ပေးမှာ ဖြစ်ပါတယ်။

၈။ ဘယ်ဖုန်းနဲ့မဆို အသုံးပြုလို့ရလား။

Android Version 5.0 နှင့်အထက် မည်သည့် Android ဖုန်းမဆို အသုံးပြုနိုင်ပါတယ်။

၉။ တခြား ဆင်းမ်ကဒ်တွေနဲ့ရော သုံးလို့မရဘူးလား။

MPT ဆင်းမ်ကဒ်တစ်မျိုးထဲနဲ့သာ ဝန်ဆောင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။

၁၀။ “မဟော်သဓာ” application ကို ဖုန်းထဲမှာ uninstall လုပ်လိုက်ရင် ဝန်ဆောင်မှု ရပ်တန့်သွားမှာလား။

Application ကို uninstall လုပ်ရုံဖြင့် ဝန်ဆောင်မှုကို မရပ်တန့်နိုင်ပါ။ ဝန်ဆောင်မှုကို ရပ်တန့်ရန် “8379” သို့ UNSUB ဟု ပေးပို့ပါ။

၁၁။ “မဟော်သဓာ” ရှိမေးခွန်းများသည် ပြည်တွင်းဗဟုသုတအကြောင်းအရာများသာ တင်ဆက်ထားခြင်းဖြစ်ပါသလား။

“မဟော်သဓာ” ရှိမေးခွန်းများသည် ပြည်တွင်းအကြောင်းအရာများသာမက ပြည်ပရှိဗဟုသုတရဖွယ်ရာ အကြောင်းအရာများလည်းပါဝင်ပါတယ်။

၁၂။ “မဟော်သဓာ” ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမလဲ။

ဝန်ဆောင်မှုရယူခြင်းအောင်မြင်ပြီးနောက် မေးခွန်းများဖြေဆိုရန် ကဏ္ဍရွေးချယ်သည့် spin wheel အားဦးစွာလှည့်ပြီးရွေးချယ်ရမည်။ မဟော်သဓာတွင် မေးခွန်းကဏ္ဍပေါင်း ၆ ခုပါဝင်ပြီး အားကစား၊ ဖျော်ဖြေရေး၊ သမိုင်း၊ ပထဝီ၊ ကျန်းမာရေးနှင့် အထွေထွေဟူ၍ဖြစ်သည်။ ဥပမာအနေဖြင့် “သမိုင်း” ကဏ္ဍအားကျရောက်ပါက သမိုင်းနှင့်ပတ်သတ်သည့် မေးခွန်းစုစုပေါင်း ( ၁၀ ) ခုအား အချိန် ( ၃ ) မိနစ်အတွင်း ဖြေဆိုရမည်ဖြစ်ပြီး မိမိဖြေဆိုထားသော အဖြေမှန်နှင့်ရမှတ်များအား မေးခွန်းများဖြေဆိုပြီးနောက်တွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်ရက်လျှင်မေးခွန်း ( ၁၀ ) ခု ဖြေဆိုနိုင်မည်ဖြစ်ပြီး၊ အခြားမေးခွန်းများကို ( ၂၄ ) နာရီအတွင်း ထပ်မံဖြေဆိုလိုပါက မေးခွန်း ( ၁၀ ) ခုလျှင် MPT ဖုန်းဘေလ် ( ၁၀၅ ) ကျပ်ဖြင့် အကန့်အသတ်မရှိဝယ်ယူကာ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

၁၃။ “မဟော်သဓာ” တွင် တင်ဆက်ဖော်ပြပေးမည့် ကဏ္ဍမည်မျှပါဝင်သနည်း။

“မဟော်သဓာ” တွင် ဖျော်ဖြေရေး၊အားကစား၊သမိုင်း၊ပထဝီ၊ကျန်းမာရေးနှင့် အထွေထွေဗဟုသုတ ဟူ၍ ကဏ္ဍ (၆) ရပ် ဖြင့် စုံလင်စွာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

၁၄။ အကြောင်းအရာတွေက မြန်မာလိုလား၊ အင်္ဂလိပ်လို တင်ဆက်မှာလား။

အကြောင်းအရာတွေက မြန်မာလို တင်ဆက်ပေးမှာဖြစ်ပါတယ်။

၁၅။ “မဟော်သဓာ”တွင် ဆုရရှိသူများကို ဘယ်လိုရွေးချယ်မလဲ။

လတစ်လ၏ နောက်ဆုံးနေ့ ၂၃း၅၉း၅၉ အချိန်တွင် ဖြေဆိုသူအားလုံးထဲမှ အမှတ်အများဆုံး ( ၁၀ ) ဦးအား ဖော်ပြရွေးချယ်ကာ သတ်မှတ်ထားသောဆုမဲများကို ဆက်သွယ်ပေးပို့သွားမှာဖြစ်ပြီး အထူးဆုအနေဖြင့် ၎င်း ၁၀ ဦးအနက်မှ တစ်ဦးအားထပ်မံရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ နောက်တစ်လ၏ ၁ ရက်နေ့မှစ၍ အမှတ်များကို အစမှပြန်လည်ရေတွက်သွားမည်ဖြစ်ပြီး ရှေ့လမှရရှိထားသော အမှတ်များကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။

၁၆။ “မဟော်သဓာ” မှာ ဖြေဆိုသူတွေရဲ့ ရမှတ်တွေကို ဘယ်လိုရေတွက်မလဲ။

တစ်ရက်လျှင်မေးခွန်း ၁၀ ခုဖြေဆိုနိုင်မည်ဖြစ်ပြီး မေးခွန်း ၁ ခုမှန်ပါက ၁ မှတ်ရရှိပြီး၊ မေးခွန်း ၁၀ ခုလုံးမှန်ပါက ၁၀ မှတ်ရရှိမှာဖြစ်ပါတယ်၊ မေးခွန်းများကို ထပ်မံဖြေဆိုလိုပါကလည်း MPT ဖုန်းဘေလ်ဖြင့် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

၁၇။ “မဟော်သဓာ” မှာ ဆုရရှိသူများကို ဘာပေးမှာလဲ။

လတစ်လ၏ အမှတ်အများဆုံးသူ ၁၀ ယောက်လုံး ဆုရရှိမှာဖြစ်ပြီး၊ ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် –
1. ဆုကြေးငွေ ၃ သိန်း ( ၁ ) ဆု
2. ဆုကြေးငွေ ၂ သိန်း ( ၁ ) ဆု
3. ဆုကြေးငွေ ၁ သိန်း ( ၁ ) ဆု
4. ဆုကြေးငွေ ၃ သောင်း ( သို့ ) MPT ဖုန်းဘေလ် ၃ သောင်း ( ၇ ) ဆု အပြင် ဆုရရှိသူ ၁၀ ယောက်ထဲမှ တစ်ယောက်အား Google Randomized Generator အားအသုံးပြု၍ ကံစမ်းမဲနှိုက်ကာ I phone 15 pro max အား လစဉ်ထိုက်တန်စွာချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

၁။ Golden Dreams ဝန်ဆောင်မှုဆိုတာ ဘယ်လိုမျိုးပါလဲ။

ဗဟုသုတ တိုးပွားစေဖို့ နှင့် ဉာဏ်ရည်ဉာဏ်စွမ်းထက်မြတ်ပီး ထူးချွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ကဏ္ဍစုံ နယ်ပယ်စုံမှ ဗဟုသုတအကြောင်းအရာ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို မိမိတို့ မိုဘိုင်းလ်ဖုန်း SMS မှတစ်ဆင့် (သို့) www.quizmyanmar.com မှတစ်ဆင့် လွယ်လင့်တကူရယူနိုင်ပြီး ဗဟုသုတဉာဏ်စမ်းများစွာကို Web Access Protocol (WAP) ပေါ်တွင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအတွက် လေ့လာမှတ်သားဖွယ် အထွေထွေဗဟုသုတများကို သိရှိနိုင်ရုံသာမက တန်ဖိုးကြီး ဆုမဲပေါင်းများစွာကို ကြိမ်ဖန်များစွာ ဆွတ်ခူးကံထူးနိုင်ဖို့ ထည့်သွင်းပေးထားပါတယ်။

၂။ Golden Dreams ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။

Golden Dreams ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ဗဟုသုတများစွာ ရရှိနိုင်ရုံသာမက ပဟေဠိဂိမ်းများသည် ပျော်ရွှင်မှုကို ဖြစ်စေပါသည်။

၃။ Golden Dreams ဝန်ဆောင်မှု မှာ မည်သို့သော မေးခွန်းအမျိုးအစားတွေ ပါဝင်ပါသလဲ

Golden Dreams ဝန်ဆောင်မှုတွင် ပထဝီဝင်၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သမိုင်း၊ ကာတွန်း အစရှိသည်တို့ အပါအဝင် ပျော်စရာ၊ ဗဟုသုတနှင့် ဘာသာရပ်မျိုးစုံ ပါ၀င်ပါသည် ။

၄။ Golden Dreams မှ ဝန်ဆောင်မှုရယူချင်ပါတယ် ဘယ်လိုယူလို့ရမလဲ ?

Golden Dreams ဝန်ဆောင်မှု ရယူအသုံးပြုရန် (သို့) ဝန်ဆောင်မှုရယူရန် အတွက် ၀က်ဘ်ဆိုက်မှ တိုက်ရိုက် ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပီး တစ်ရက်လျှင် 149ks ကျသင့်မှာပဲဖြစ်ပါတယ်။
ထို့ပြင် လူကြီးမင်း၏ မိုလ်ဘိုင်းဖုန်း တွင် MPT ဖုန်းနံပါတ်ဖြင့် Message မှ တစ်ဆင့် ၁ ရက် စာအတွက် 8010 သို့ ON ဟု စာတို ပေးပို့ ကာ ဝန်ဆောင်မှု ရယူ ၍ အသုံးပြု နိုင်ပါသည်။ (သို့မဟုတ်) *2525*73#, *2626*73# ကို ခေါ်ဆိုပြီးလည်း ဝန်ဆောင်မှု ရယူနိုင်ပါတယ်

၅။ Golden Dreams ကို အသုံးပြု နိုင်ပါလဲ၊ ဘယ်လိုအသုံးပြုနိုင်မလဲ ?

Golden Dreams ကို www.quizmyanmar.com ကနေတစ်ဆင့်လဲ အသုံးပြု နိုင်ပါသည်။

၆။ Golden Dreams ကို www.quizmyanmar.com မှတစ်ဆင့် မေးခွန်းတွေဖြေလို့ရပြီလား၊ ဘာတွေလိုအပ်သေးလဲ?

Golden Dreams ကို www.quizmyanmar.com မှတစ်ဆင့် မေးခွန်းတွေဖြေဆိုရန် မိမိရဲ့ MPT ဖုန်းနံပါတ်နှင့် Register ပြုလုပ်ပီး မေးခွန်းများစတင်ဖြေဆိုနိုင်ပီပဲဖြစ်ပါတယ်။

၇။ တခြားဖုန်းနံပါတ်နဲ့ ဝန်ဆောင်မှုကို ရယူလို့ မရဘူးလား?

MPT ဖုန်းနံပါတ်တစ်မျိုးတည်းဖြင့်သာ ဝန်ဆောင်မှု ရယူနိုင်ပါသည်။

၈။ Golden Dreams မှ မေးခွန်းထပ်မံ ဝယ်ယူနိုင်ဖို့ ဝန်ဆောင်ခ ဘယ်လိုကောက်ခံပါသလဲ ?

တစ်ခါဝယ်ယူလျှင် မေးခွန်း ၅ခု ဖြေဆိုနိုင်မည်ဖြစ်ပီး ၁၄၉ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

၉။ Golden Dreams ကို အခမဲ့ အသုံးပြုလို့ရပါသလား?

အခမဲ့ အသုံးပြုလို့မရပါ။ ဝန်ဆောင်မှု ရယူပီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၁၀။ ဆက်ပြီး အသုံးမပြုချင်တော့ရင် (ဘယ်လိုရပ်လို့ရလဲ / ဘယ်လိုလုပ်ရမှာလဲ) ?

Golden Dreams မှ ဝန်ဆောင်မှုများ ရပ်တန့်လိုပါက မိမိအကောင့်မှ တစ်ဆင့် ပယ်ဖျက်မည်ကို နှိပ်ပြီး ဝန်ဆောင်မှုကို ပယ်ဖျက်နိုင်ပါသည်။ ထို့ပြင် နေ့စဉ် အသုံးပြုသူများအနေနဲ့ 8010 သို့ “OFF” ဟု စာတို ပေးပို့ ပြီးတော့လည်း ဝန်ဆောင်မှုကို ရပ်တန့်နိုင်ပါသည်။

၁၁။ Golden Dreams မှာ ဝန်ဆောင်မှုရပ်တန့်ပြီးမှ ဝန်ဆောင်မှု ပြန်လည်ရယူလိုလျှင် ဘယ်လို လုပ်ရမှာလဲ?

ဝန်ဆောင်မှု ပြန်လည်ရယူလိုပါက 8010 သို့ ON ဟုစာတို ပေးပို့ကာ ပြန်လည် ရယူ နိုင်ပါသည်။ (သို့မဟုတ်) *2525*73#, *2626*73# ကို ခေါ်ဆိုပြီးလည်း ဝန်ဆောင်မှု ရယူနိုင်ပါတယ်

၁၂။ Golden Dreams နဲ့ပါတ်သတ်လို့ သိချင်တာရှိရင် ဘယ်လိုစုံစမ်းရမလဲ။

09898876797 သို့ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းကာ အကူအညီ ရယူ နိုင်ပါသည်။ ၁၀၆ ကို ခေါ်ဆိုပြီးလည်း စုံစမ်းမေးမြန်းကာ အကူအညီနိုင်ပါတယ်

၁၃။ Golden Dreams မှာ ဘာအစီအစဥ်တွေပါဝင်မှာလဲ ?

Golden Dreams မှာ မေးခွန်းအမေး အဖြေအစီအစဥ်တွေအပြင် Golden box အစီအစဥ် ပါဝင်မှာ ဖြစ်ပါတယ်။

၁၄။ ဘယ်ဖုန်းမဆို အသုံးပြုလို့ ရလား?

ဘယ်ဖုန်းမဆို အသုံးပြုလို့ရနိုင်ပါတယ်။

၁၅။ iPhone မှာ အသုံးပြုလို့ ရလား ?

iPhone မှာလဲအသုံးပြုလို့ရနိုင်ပါတယ်။

၁၆။ မေးခွန်းတွေက English ဘာသာနဲ့လား မြန်မာဘာသာ နဲ့လား ?

English, မြန်မာနှစ်ဘာသာလုံးနဲ့ ကြည့်ရှု့လို့ရပါတယ်။

၁၇။ UniCode Font နဲ့မှရတာလား နှင့် ZawGyi font နဲ့မှရတာလား?

UniCode Font, ZawGyi font နှစ်မျိုးလုံးနဲ့ရနိုင်ပါတယ်။

၁၈။ Internet connection လိုအပ်ပါသလား ?

Internet Connection လိုအပ်ပါတယ်။

၁၉။ Golden Dreams ကို၀န်ဆောင်မှုရယူပြီး နေ့စဥ် အသုံးမပြုပါက ဖုန်းဘေလ်ထဲမှ နေ့စဉ် ဝန်ဆောင်ခ ဖြတ်တောက် သေးလား ?

MPT ဖုန်းနံပါတ်ဖြင့် ဝန်ဆောင်မှုယူထားသူများမှာ နေ့စဥ် အသုံးပြုသည်ဖြစ်စေ အသုံးမပြုသည် ဖြစ်စေ MPT ဖုန်းဘေလ်မှ ဝန်ဆောင်ခကို ဖြတ်တောက်သွား မှာဖြစ်ပါတယ်။

၂၀။ Golden Dreams ၏ ဝန်ဆောင်မှုကို အသုံးပြုဖို့ အခြား ဆင်းမ်ကတ် တွေနဲ့ရော မရဘူးလား ?

MPT ဖုန်းကဒ် ဖြင့်သာ ဝန်ဆောင်ခ ကိုပေးချေနိုင်မှာဖြစ်ပါတယ်။ အခြားမည်သည့် ဆင်းမ်ကတ်နှင့်မှ မရပါ။

၂၁။ အမှတ်ပိုရရှိနိုင်ဖို့ အခြားနည်းလမ်းတွေ ရှိပါသလား။

ဟုတ်ကဲ့ ရှိပါတယ်။ မေးခွန်းများများဝယ်ယူပြီးဖြေဆိုခြင်းဖြင့်သော်လည်းကောင်း၊ Golden box ဆော့ကစားခြင်းဖြင့်သော်လည်းကောင်း အမှတ်ပို ရရှိနိုင်ပါတယ်။

၂၂။ Golden Box ဆိုတာ ဘာလဲ? ဖြေ Golden Box ဆိုသည်မှာ ဝန်ဆောင်မှုရယူထားသည့် ဆော့ကစားသူများအနေနှင့် တနေ့လျှင် တစ်ကြိမ် အခမဲ့ Golden Box ကို ဖွင့်နိုင်မည်ဖြစ်ပီး ဆုများအနေနဲ့ကတော့ - . နောက်တစ်ကြိမ်ပြန်လည်ကစားခွင့် . သင် ၁၀ မှတ် ရရှိပါသည်။ . သင် ၂၀ မှတ် ရရှိပါသည်။ . သင် ၃၀ မှတ် ရရှိပါသည်။ . သင် ၄၀ မှတ် ရရှိပါသည်။ . သင် ၅၀ မှတ် ရရှိပါသည်။ . သင် ၁၀၀ မှတ် ရရှိပါသည်။

Golden Box ဆိုသည်မှာ ဝန်ဆောင်မှုရယူထားသည့် ဆော့ကစားသူများအနေနှင့် တနေ့လျှင် တစ်ကြိမ် အခမဲ့ Golden Box ကို ဖွင့်နိုင်မည်ဖြစ်ပီး
ဆုများအနေနဲ့ကတော့ –
. နောက်တစ်ကြိမ်ပြန်လည်ကစားခွင့်
. သင် ၁၀ မှတ် ရရှိပါသည်။
. သင် ၂၀ မှတ် ရရှိပါသည်။
. သင် ၃၀ မှတ် ရရှိပါသည်။
. သင် ၄၀ မှတ် ရရှိပါသည်။
. သင် ၅၀ မှတ် ရရှိပါသည်။
. သင် ၁၀၀ မှတ် ရရှိပါသည်။

၂၂။ Golden Box ဆိုတာ ဘာလဲ? ဖြေ Golden Box ဆိုသည်မှာ ဝန်ဆောင်မှုရယူထားသည့် ဆော့ကစားသူများအနေနှင့် တနေ့လျှင် တစ်ကြိမ် အခမဲ့ Golden Box ကို ဖွင့်နိုင်မည်ဖြစ်ပီး ဆုများအနေနဲ့ကတော့ - . နောက်တစ်ကြိမ်ပြန်လည်ကစားခွင့် . သင် ၁၀ မှတ် ရရှိပါသည်။ . သင် ၂၀ မှတ် ရရှိပါသည်။ . သင် ၃၀ မှတ် ရရှိပါသည်။ . သင် ၄၀ မှတ် ရရှိပါသည်။ . သင် ၅၀ မှတ် ရရှိပါသည်။ . သင် ၁၀၀ မှတ် ရရှိပါသည်။

Golden Box ဆိုသည်မှာ ဝန်ဆောင်မှုရယူထားသည့် ဆော့ကစားသူများအနေနှင့် တနေ့လျှင် တစ်ကြိမ် အခမဲ့ Golden Box ကို ဖွင့်နိုင်မည်ဖြစ်ပီး
ဆုများအနေနဲ့ကတော့ –
. နောက်တစ်ကြိမ်ပြန်လည်ကစားခွင့်
. သင် ၁၀ မှတ် ရရှိပါသည်။
. သင် ၂၀ မှတ် ရရှိပါသည်။
. သင် ၃၀ မှတ် ရရှိပါသည်။
. သင် ၄၀ မှတ် ရရှိပါသည်။
. သင် ၅၀ မှတ် ရရှိပါသည်။
. သင် ၁၀၀ မှတ် ရရှိပါသည်။

၂၃။ Golden Dreams ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ ဘာလို့ အထွေထွေဗဟုသုတ ဉာဏ်စမ်းတွေ ထည့်မေးတာလဲ။

MPT အသုံးပြုသူများကြားမှာ အထွေထွေဗဟုသုတ ကြွယ်ဝကာ ဉာဏ်စွမ်းထက်မြက်ပြီး အောင်မြင်ပျော်ရွှင်သော ဘဝကို ဖော်ဆောင်နိုင်ရန်
• ဝန်ဆောင်မှုကို စိတ်ဝင်တစား အသုံးပြုသူများအတွက် အလန်းစား ဆုလက်ဆောင်များ ပေးအပ်ရန်
• တန်ဖိုးကြီး ဆုလက်ဆောင်များဖြင့် ဆွဲဆောင်၍ မှတ်သားဖွယ်ရာ ဗဟုသုတများကို တက်တက်ကြွကြွ လေ့လာဖြစ်ရန်။

၂၄။ Golden Dreams ဝန်ဆောင်မှုကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။

ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့် MPT အသုံးပြုသူများ
• အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိထားပြီး စာရင်းပေးသုံးစွဲသူများ
• မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသည့် စာရင်းပေးသုံးစွဲသူများအားလုံး ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါတယ်။

၂၅။ Golden Dreams ဝန်ဆောင်မှုကို ဘယ်သူတွေ ရယူအသုံးပြုလို့ မရပါသလဲ။

MPT SIM Card အသုံးမပြုသူများ သို့မဟုတ် ဝန်ဆောင်မှုကို ရယူမထားသူများ
• (၁၈) နှစ်အောက်ဖြစ်ပြီး မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသူများ
• မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်မရသူများ
• ဤပြိုင်ပွဲကို စီစဉ်သည့် ကုမ္ပဏီများတွင် အလုပ်လုပ်သူများ၊ MPT နှင့် ဤဝန်ဆောင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများအားလုံး ဝန်ဆောင်မှုတွင် ပါဝင်ခွင့်မရှိပါ။

၂၆။ ဆုမဲကံထူးသူတွေကို ဘယ်လိုသိရမှာလဲ ဝန်ဆောင်မှုပေးသူဘက်မှ ဘယ်လိုကြေငြာပေးမှာလဲ။

ဆုမဲကံထူးသူများအား ဝန်ဆောင်မှုပေးသူဘက်မှ ဖုန်းဖြင့် ဆက်သွယ်ပြီး ဆုလက်ဆောင်ပစ္စည်းများကို ထုတ်ယူနိုင်ဖို့ စနစ်တကျ စီစဉ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

၂၇။ ဆုလက်ဆောင်ပစ္စည်းများကို ဘယ်လို ထုတ်ယူရရှိနိုင်ပါသလဲ။

  • လစဉ် ပေးအပ်မည့် ကျပ်(သိန်း ၅၀) ဆုကြီး ကို ကံထူးသူမှ ကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်/ လာရောက်ထုတ်ယူရန်အတွက်
    ကံထူးသူ၏ မှတ်ပုံတင် မူရင်း မိတ္တူ
  •  ကံထူးသည့်ဖုန်းနံပါတ် နှင့် ထိုဖုန်းနံပါတ်အား ဆုရရှိသူမှ မှတ်ပုံတင် စာရင်းသွင်းထားသူဖြစ်ရပါမည်/
  •  ရုံးချုပ်မှ စစဥ်သည့်နေရာသို့ ကံထူးသူ ကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်
  •  ၀န်ဆောင်မှုကိုစာရင်းသွင်းထားပြီး အသုံးပြုနေသူဖြစ်ရပါမည်
  • ကိုယ်စားထုတ်ယူချင်းလုံး၀ခွင့်ပြုမည်မဟုတ်ပါ

ကံထူးသူအား ဝန်ဆောင်မှုပေးသူဘက်မှ ဆုလက်ဆောင်ကို ထုတ်ယူနိုင်ဖို့ ဖုန်းဖြင့် ဆက်သွယ်ပြီး အသိပေးအ‌ကြောင်းကြားသွားမည်ဖြစ်ပါသည်။

၂၈။ ဆုလက်ဆောင်ပစ္စည်းများကို ကိုယ်စားထုတ်ယူလို့ ရလား ဘာတွေလိုအပ်ပါလဲ။

လစဉ် ပေးအပ်မည့် ကျပ်(သိန်း ၅၀) ဆုကြီး အား ကိုယ်စား ထုတ်ယူခွင့်မပြုပါ။ ဖုန်းဘေလ်ဆုလတ်ဆောင်ကံထူးသူများကို သက်ဆိုင်သူ၏ ဖုန်းနံပါတ်သို့ တိုက်ရိုက်ပေးပို့ပေးမှာြဖစ်ပါတယ်။

best operator in Myanmar