MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထားထောဘီ” ဝန်ဆောင်မှုမှ ဆတိုးချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထားထောဘီ” ဝန်ဆောင်မှုကို အရေးပေါ်အခြေအနေများနှင့်ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *400# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။ MPT ၏ယူထားထောဘီ ဝန်ဆောင်မှုတွင် မိမိ ချေးယူထားသော ချေးငွေကို အပေါင်း ၅ဆ သို့မဟုတ် ၁၀ဆ ဖုန်းဘေလ် အဖြစ် ပြောင်းလဲချေးယူနိုင်ပြီး ဒေတာသုံးစွဲခြင်း၊ မည်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများတွင် အထူးနှုန်းထားဖြင့် သတ်မှတ် သက်တမ်းအတွင်းစိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါသည်။
ယူထား ထောဘီ ၀န်ဆောင်မှု
ယူထား ထောဘီ 5x
-
ယူထား ထောဘီ 5x
ဒေတာပက်ကျသင့်ငွေ: ၁,၀၀၀ ကျပ်
ထောဘီ ပမာဏ: ၅,၀၀၀ ကျပ်
၀န်ဆောင်ခ: ၁၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ: ၁,၁၀၀ ကျပ်
သက်တမ်း : ၁၅ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန် -
ယူထား ထောဘီ 5x
ဒေတာပက်ကျသင့်ငွေ : ၂,၀၀၀ ကျပ်
ထောဘီ ပမာဏ: ၁၀,၀၀၀ ကျပ်
၀န်ဆောင်ခ: ၂၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ : ၂,၂၀၀ ကျပ်
သက်တမ်း : ၃၀ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန် -
ယူထား ထောဘီ 5x
ဒေတာပက်ကျသင့်ငွေ : ၅,၀၀၀ ကျပ်
ထောဘီ ပမာဏ: ၂၅,၀၀၀ ကျပ်
၀န်ဆောင်ခ: ၅၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ : ၅,၅၀၀ ကျပ်
သက်တမ်း : ၆၀ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန်
ယူထား ထောဘီ 10x
-
ယူထား ထောဘီ 10x
ဒေတာပက်ကျသင့်ငွေ : ၃,၀၀၀ ကျပ်
ထောဘီ ပမာဏ: ၃၀,၀၀၀ ကျပ်
၀န်ဆောင်ခ: ၃၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ: ၃,၃၀၀ ကျပ်
သက်တမ်း : ၁၅ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန် -
ယူထား ထောဘီ 10x
ဒေတာပက်ကျသင့်ငွေ : ၅,၀၀၀ ကျပ်
ထောဘီ ပမာဏ : ၅၀,၀၀၀ ကျပ်
၀န်ဆောင်ခ: ၅၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ: ၅,၅၀၀ ကျပ်
သက်တမ်း : ၃၀ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန် -
ယူထား ထောဘီ 10x
ဒေတာပက်ကျသင့်ငွေ : ၁၀,၀၀၀ ကျပ်
ထောဘီ ပမာဏ : ၁၀၀,၀၀၀ ကျပ်
၀န်ဆောင်ခ: ၁၀၀၀ ကျပ်
စုစုပေါင်းကျသင့်ငွေ: ၁၁,၀၀၀ ကျပ်
သက်တမ်း : ၆၀ ရက်
Direct USSD : *400#
USSD ဖြင့် ဝယ်ယူရန်
ယူထား ထောဘီ ၀န်ဆောင်မှုကို ဘယ်လိုရယူမလဲ?
စည်းကမ်းသတ်မှတ်ချက်များ
အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသူများသည် “ယူထား ထောဘီ” ဝန်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ကို ချေးယူနိုင်ပါသည်။
၁။ ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။
၂။ သင်၏ဆင်းကတ်သည် MPT ၏ Blacklist တွင်ရှိမနေရပါ။
၃။ သင်၏ဆင်းကတ်သည် MPT ကွန်ရက်တွင် အသုံးပြုထားသည့်ရက်သက်တမ်းမှာ အနည်းဆုံး ရက်ပေါင်း (၃၀) ရက် အထက်ရှိရပါမည်။
၄။ သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံးတစ်ကြိမ်ဖြည့်ထားရပါမည်။
၅။ သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး (၃၀၀၀)ကျပ် ဖြည့်သွင်းထားရပါမည်။
၆။ သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့် ဖြည့်သွင်းသည့် အကြိမ်ပေါ် မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။
၇။ ချေးငွေပမာဏနှင့် ၀န်ဆောင်ခကို ဖုန်းဘေလ် ဖြည့်သွင်းသည့်အခါ သင်၏ ဖုန်းဘေလ် လက်ကျန်ငွေပေါ် မူတည်၍ အပြည့်အ၀(သို့) တစ်စိတ်တစ်ပိုင်း ကောက်ခံပါမည်။
၈။ သင်၏ပထမအကြိမ်ရယူထားသောချေးငွေမကုန်ဆုံးသေးပဲ နောက်တစ်ကြိမ်ရယူခဲ့ပါက လူကြီးမင်း ချေးယူခဲ့သည့် လက်ကျန်ချေးငွေပမာဏသည် နောက်တစ်ကြိမ်ချေးယူသည့် ပမာဏ နှင့် ပေါင်းသွားမည် ဖြစ်ပါသည်။
၉။ သင်၏ပထမအကြိမ် ရယူ/ ချေးယူ ထားသော ပက်ကေ့ချ် လက်ကျန်သက်တမ်း မကုန်ဆုံးသေးပဲ နောက်တစ်ကြိမ်ချေးယူခဲ့ပါက လူကြီးမင်းအသုံးပြုနိုင်သော ပက်ကေ့ချ် အတွက် လက်ကျန် သက်တမ်းကုန်ဆုံးရက်မှာ နောက်ဆုံး ချေးယူထားသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်း ရရှိမည် ဖြစ်ပါသည်။
မေးလေ့မေးထရှိသော မေးခွန်းများ
၁။ “ယူထား ထောဘီ” ၀န်ဆောင်မှု ဆိုတာဘာလဲ?
MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထားထောဘီ” ဝန်ဆောင်မှုမှ ဆတိုးချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထားထောဘီ” ဝန်ဆောင်မှုကို အရေးပေါ်အခြေအနေများနှင့်ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *400# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။ MPT ၏ယူထားထောဘီ ဝန်ဆောင်မှုတွင် မိမိ ချေးယူထားသော ချေးငွေကို အပေါင်း ၅ဆ သို့မဟုတ် ၁၀ဆ ဖုန်းဘေလ် အဖြစ် ပြောင်းလဲချေးယူနိုင်ပြီး ဒေတာသုံးစွဲခြင်း၊ မည်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများတွင် အထူးနှုန်းထားဖြင့် သတ်မှတ် သက်တမ်းအတွင်းစိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါသည်။
၂။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ဘယ်လိုချေးယူရမလဲ?
“ယူထား ထောဘီ” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ် ချေးယူရန် အောက်တွင်ဖော်ပြပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။
- *400# ကိုခေါ်ဆိုပြီး ဒေတာပက်ကေ့ချ်ချေးယူခြင်း
- 4000 သို့ သင်ချေးယူလိုသော ချေးငွေ၏ အပေါင်း ၅ဆ သို့မဟုတ် ၁၀ဆ ကို စာတို (SMS) ပေးပို့၍ ချေးယူခြင်း
၃။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှ “ယူထား ထောဘီ” ချေးယူရန် ဘယ်လိုအခြေအနေမျိုးတွေလိုအပ်ပါသလဲ?
“ယူထား ထောဘီ” ၀န်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ချေးယူရန် အောက်တွင်ဖော်ပြပါအခြေအနေများ လိုအပ်ပါသည်။
- သင်သည် Pre-Paid အသုံးပြုသူဖြစ်ရပါမည်။
- သင်၏ဆင်းကတ်သည် Blacklist တွင်ရှိမနေရပါ။
- သင်၏ဆင်းကတ်သည် MPT ကွန်ရက်တွင် အသုံးပြုသည့်ရက်သက်တမ်းမှာ ရက်(၃၀) အထက်ရှိရပါမည်။
- သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး တစ်ကြိမ်ဖြည့်ထားရပါမည်။
- သင်သည် လွန်ခဲ့သော ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး (၃၀၀၀)ကျပ် ဖြည့်သွင်းထားရပါမည်။
- သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့် ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။
၄။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှ ဘယ်လောက်ထိချေးယူနိုင်သလဲ?
သတ်မှတ်ထားသော သင်၏ ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေပမာဏပေါ်မူတည်၍ အောက်တွင်ဖော်ပြပါဇယားအတိုင်း ပမာဏများကို ချေးယူနိုင်ပါသည်။
ချေးယူနိုင်သော ယူထား ထောဘီ ပမာဏ | ချေးငွေပက် | သက်တမ်း | ယူထား ထောဘီ ပက်ကျသင့်ငွေ | ၀န်ဆောင်ခ | စုစုပေါင်းကျသင့်ငွေ |
---|---|---|---|---|---|
၅ဆ | ၁၀၀၀ ကျပ် = ၅၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်) | ၁၅ ရက် | ၁၀၀၀ ကျပ် | ၁၀၀ ကျပ် | ၁၁၀၀ ကျပ် |
၅ဆ | ၂၀၀၀ ကျပ် = ၁၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၃၀ ရက် | ၂၀၀၀ ကျပ် | ၂၀၀ ကျပ် | ၂၂၀၀ ကျပ် |
၅ဆ | ၅၀၀၀ ကျပ် = ၂၅၀၀၀ ကျပ် ယူထား ထောဘီ (၆၀ ရက်) | ၆၀ ရက် | ၅၀၀၀ ကျပ် | ၅၀၀ ကျပ် | ၅၅၀၀ ကျပ် |
၁၀ဆ | ၃၀၀၀ ကျပ် = ၃၀၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်) | ၁၅ ရက် | ၃၀၀၀ ကျပ် | ၃၀၀ ကျပ် | ၃၃၀၀ ကျပ် |
၁၀ဆ | ၅၀၀၀ ကျပ် = ၅၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၃၀ ရက် | ၅၀၀၀ ကျပ် | ၅၀၀ ကျပ် | ၅၅၀၀ ကျပ် |
၁၀ဆ | ၁၀၀၀၀ ကျပ် = ၁၀၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၉၀ ရက် | ၁၀၀၀၀ ကျပ် | ၁၀၀၀ ကျပ် | ၁၁၀၀၀ ကျပ် |
ယူထား ထောဘီ ပက်ကျသင့်ငွေ နှင့် ၀န်ဆောင်ခကို သင်၏ဖုန်းဘေလ်လက်ကျန်ပေါ်မူတည်၍ နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အ၀ဖြတ်တောက်သွားပါမည်။
၅။ ချေးယူထားသော ယူထား ထောဘီ ပက်ကေ့ချ်ကိုဘာတွေအသုံးပြုနိုင်သလဲ?
ချေးယူထားသော ယူထား ထောဘီ ပက်ကေ့ချ်သည် ဒေတာသုံးစွဲခြင်း၊ မည်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများတွင်အသုံးပြုနိုင်ပါသည်။
၆။ ချေးယူထားသော ယူထား ထောဘီ ပက်ကေ့ချ် အသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?
ချေးယူထားသော ယူထား ထောဘီ ပက်ကေ့ချ် အသုံးပြုနိုင်သောသက်တမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ချေးယူနိုင်သော ယူထား ထောဘီ ပမာဏ | ချေးငွေပက် | သက်တမ်း |
---|---|---|
၅ဆ | ၁၀၀၀ ကျပ် = ၅၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်) | ၁၅ ရက် |
၅ဆ | ၂၀၀၀ ကျပ် = ၁၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၃၀ ရက် |
၅ဆ | ၅၀၀၀ ကျပ် = ၂၅၀၀၀ ကျပ် ယူထား ထောဘီ (၆၀ ရက်) | ၆၀ ရက် |
၁၀ဆ | ၃၀၀၀ ကျပ် = ၃၀၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်) | ၁၅ ရက် |
၁၀ဆ | ၅၀၀၀ ကျပ် = ၅၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၃၀ ရက် |
၁၀ဆ | ၁၀၀၀၀ ကျပ် = ၁၀၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်) | ၉၀ ရက် |
၇။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှာ ကျန်ရှိနေတဲ့ ကြွေးကျန်ကိုဘယ်လိုစစ်ဆေးနိုင်ပါသလဲ?
- *400*7# ကိုခေါ်ဆိုပါ။
- Dial *400# ကိုခေါ်ဆိုပါ à အသေးစိတ် à ပေးရန်ကျန်ငွေ
၈။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှ သင်၏ပက်ကေ့ချ်ချေးငွေရယူနိုင်သောပမာဏကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?
- *400*9# ကိုခေါ်ဆိုပါ။
- Dial *400# ကိုခေါ်ဆိုပါ à အသေးစိတ် à ချေးငွေရယူရန်စစ်ဆေး
၉။ “ယူထား ထောဘီ” ၀န်ဆောင်မှုမှ သင်၏ဒေတာပက်ကေ့ချ်ချေးငွေမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ?
- *400*5# ကိုခေါ်ဆိုပါ။
- Dial *400# ကိုခေါ်ဆိုပါ à အသေးစိတ် à ချေးငွေမှတ်တမ်း
၁၀။ MPT မှ ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေပမာဏ ကန့်သတ်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ?
ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေပမာဏ ကန့်သတ်ချက်ကို အောက်တွင်ဖော်ပြပါအချက်များကိုအခြေခံ၍ သတ်မှတ်ထားပါသည်။
-
- ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
- ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏ
- MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်
၁၁။ မိမိမှာ ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေ 1000 Ks ဘဲချေးယူနိုင်ပြီး အခြား MPT အသုံးပြုသူမှာ 10,000 Ks အထိချေးယူနိုင်တာဘာကြောင့်ပါလဲ?
သင်၏ ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေပမာဏကို အောက်တွင်ဖော်ပြပါအချက်များကိုအခြေခံ၍ ကန့်သတ်ချက်များကို စနစ် (System) မှသတ်မှတ်ပါသည်။
- ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
- ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏ
- MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်
သင်၏ ယူထား ထောဘီ ပက်ကေ့ချ်ချေးငွေပမာဏကို တိုးမြှင့်ပြီး ပမာဏများများရရှိနိုင်ရန် MPT ကွန်ရက်ကို အမြဲအသုံးပြုနေပြီး ဖုန်းဘေလ်မကြာခဏဖြည့်သွင်းမှုပြုလုပ်သင့်ပါသည်။
၁၂။ လက်ရှိချေးငွေပမာဏကို ပြန်မဆပ်ဘဲ ချေးငွေဘယ်လောက်အထိချေးယူနိုင်ပါလဲ။
သင်ရယူနိုင်သည့်ချေးငွေပမာဏပေါ်မူတည်၍ အများဆုံးယူထားထောဘီချေးငွေပမာဏအထိ လက်ရှိချေးငွေကိုပြန်လည်မပေးဆပ်ပဲချေးယူနိုင်ပါသည်။ ဖုန်းငွေပြန်လည်ဖြည့်သွင်းခြင်းဖြင့်တစ်စိတ်တစ်ပိုင်း(သို့မဟုတ်)အပြည့်အဝပြန်လည်ပေးချေနိုင်ပါသည်။
ယူထားထောဘီချေးယူသူများသည် ၁၀,၀၀၀ကျပ် ထက်ပိုသော ချေးငွေပမာဏကိုချေးယူခွင့်မရှိပါ။
၎င်းတို့ရယူနိုင်သည့် ချေးငွေပမာဏသည် ချေးယူခွင့်ရမှတ်ပေါ်မူတည်၍ အများဆုံးချေးယူခွင့် ကန့်သတ်ချက်မှာအောက်ဖော်ပြပါအချက်များအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။
- ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်
- ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏ
- MPT ကွန်ရက်တွင် အသုံးပြုသော ရက် အရေအတွက်
၁၃။ချေးငွေလက်ကျန်မကုန်ဆုံးသေးပဲ နောက်တစ်ကြိမ်ထပ်မံချေးယူပါက လက်ကျန်ချေးငွေပမာဏသည် မည်သို့ဖြစ်မည်နည်း။
သင်၏ပထမအကြိမ်ရယူထားသောချေးငွေမကုန်ဆုံးသေးပဲ နောက်တစ်ကြိမ်ရယူခဲ့ပါက လူကြီးမင်းချေးယူခဲ့သည့် လက်ကျန်ချေးငွေပမာဏသည် နောက်တစ်ကြိမ်ချေးယူသည့် ပမာဏနှင့်ပေါင်းသွားမည်ဖြစ်ပါသည်။
၁၄။ပထမအကြိမ်ချေးငွေ၏လက်ကျန်သက်တမ်း မကုန်ဆုံးသေးပဲ နောက်တစ်ကြိမ်ထပ်မံချေးယူပါက စုစုပေါင်းလက်ကျန်သက်တမ်းကုန်ဆုံးရက်မှာ မည်သို့ဖြစ်မည်နည်း။
သင်၏ပထမအကြိမ်ရယူထားသော ယူထား ထောဘီ ပက်ကေ့ချ်လက်ကျန်သက်တမ်းမကုန်ဆုံးသေးပဲ
နောက်တစ်ကြိမ်ချေးယူခဲ့ပါက လူကြီးမင်းအသုံးပြုနိုင်သော လက်ကျန်သက်တမ်းကုန်ဆုံးရက်မှာ နောက်ဆုံးချေးယူထားသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်းရရှိမည်ဖြစ်ပါသည်။
ဥပမာ -၁
ပထမအကြိမ် ချေးယူထားသည့် ပက်ကေ့ချ် {၂၀၀၀ ကျပ် = ၁၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်)}
နောက်တစ်ကြိမ်ချေးယူမည့်ပက်ကေ့ချ် {၁၀၀၀ ကျပ် = ၅၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်)}
စုစုပေါင်းလက်ကျန်ချေးငွေနှင့် လက်ကျန်သက်တမ်း {၃၀၀၀ ကျပ် =၁၅၀၀၀ ကျပ် ယူထားထောဘီ (၁၅ ရက်)}
ဥပမာ -၂
ပထမအကြိမ် ချေးယူထားသည့် ပက်ကေ့ချ် {၁၀၀၀ ကျပ် = ၅၀၀၀ ကျပ် ယူထား ထောဘီ (၁၅ ရက်)}+
နောက်တစ်ကြိမ်ချေးယူမည့်ပက်ကေ့ချ် {၂၀၀၀ ကျပ် = ၁၀၀၀၀ ကျပ် ယူထား ထောဘီ (၃၀ ရက်)}
စုစုပေါင်း လက်ကျန်ချေးငွေနှင့် လက်ကျန်သက်တမ်း {၃၀၀၀ ကျပ် =၁၅၀၀၀ ကျပ်ယူထားထောဘီ(၃၀ ရက်)}