MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထား+” ဝန်ဆောင်မှုကို အရေးပေါ်အခြေအနေများနှင့်ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *800# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။ ဇွန်လ ၁၀ ရက် နေ့မှစတင်၍ ချေးငွေအနည်းဆုံးပမာဏ ၈၀၀ကျပ်ကို တစ်လအတွင်း (၁)ကြိမ်သာချေးယူနိုင်ပြီး ၊ ယင်းလအတွင်း နောက်ထပ်ချေးငွေများများရယူရန်အတွက် ပိုမိုများပြားသောချေးငွေပမာဏ ၁၀၀၀ ကျပ်၊ ၁၅၀၀ကျပ်၊ ၂၅၀၀ကျပ် နှင့် ၄၅၀၀ ကျပ်အထိ သင်ရရှိနိုင်သောချေးငွေပမာဏပေါ်မူတည်ပြီး ပြောင်းလဲ ရယူနိုင်မည်ဖြစ်ပါသည်။
ယူထား+၀န်ဆောင်မှု ဆိုတာဘာလဲ?
ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?
ယူထား+ဝန်ဆောင်မှုအသုံးပြုဖို့ ဘာတွေလိုအပ်ပါသလဲ?
MPT သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ချေးငွေရယူသုံးစွဲနိုင်သော ယူထား+ဝန်ဆောင်မှုကိုရယူရန် *800# ကိုခေါ်ဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသူများသည် ယူထား+ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
၁။ ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။
၂။ MPT ဆင်းကတ်အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။
၃။ ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါဖြည့်ထားရပါမည်။
၄။ ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။
၅။ယခင်ချေးယူထားသောချေးငွေအား မပေးဆောင်သေးသော်လည်း သင်ရရှိနိုင်သော ချေးငွေအများဆုံးပမာအထိ အကြိမ်များစွာ ချေးယူနိုင်ပါသည်။
၆။ချေးငွေအနည်းဆုံးပမာဏ ၈၀၀ကျပ်ကိုတစ်လအတွင်း (၁)ကြိမ်သာချေးယူနိုင်ပြီး ၊ ယင်းလအတွင်း နောက်ထပ်ချေးငွေများများရယူရန်အတွက် ပိုမိုများပြားသောချေးငွေပမာဏ ၁၀၀၀ ကျပ်၊ ၁၅၀၀ကျပ်၊ ၂၅၀၀ကျပ် နှင့် ၄၅၀၀ ကျပ်အထိ ပြောင်းလဲ ရယူနိုင်မည်ဖြစ်ပါသည်။
ယူထား+ဝန်ဆောင်မှုမှ မည်သည့်ဝန်ဆောင်မှုများ အသုံးပြုနိုင်သနည်း?
ယူထား+ ဝန်ဆောင်မှုမှရရှိလာသော ချေးငွေကို MPTဝန်ဆောင်မှုများအတွက်အသုံးပြုနိုင်ပါသည်။ (Value Added Service ဝန်ဆောင်မှုများမှလွဲ၍)
Value Added Service ဝန်ဆောင်မှုများကို ယူထားဝန်ဆောင်မှုဖြင့်အသုံးပြုလိုပါက…
(၁) MPT SIM Card စတင်အသုံးပြုသည့်ရက်သည် ရက်(၃၀)နှင့်အထက် ရှိရမည်။
(၂) အနည်းဆုံးမိုဘိုင်းဖုန်းဘေလ်အသုံးပြုမှု ၃၀၀၀ ကျပ်

ဖုန်းလက်ကျန်ငွေ မလုံလောက်မှု မရှိစေရန်အတွက် MPT ကနေပြီး ငွေကြိုချေးလို့ရတဲ့ “ ယူထား+ ” ဝန်ဆောင်မှုဟာ ကျွန်တော့်အတွက် အလွန်အသုံးဝင်လှပါတယ်။ အရေးပေါ်ကြုံတွေ့နေရတဲ့အချိန်တွေမှာ ငွေဖြည့်ဖို့ လွယ်ကူစေတဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။
မေးလေ့မေးထရှိသော မေးခွန်းများ
၁။ ယူထား+ ၀န်ဆောင်မှု ဆိုတာဘာလဲ?
MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေနည်းနေသည့်အချိန်တိုင်းတွင် MPT ၏ “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေရယူ၍ အသုံးပြုနိုင်သည်။ “ယူထား+” ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဖုန်းဘေလ်ဖြည့်ရန်လွယ်ကူခြင်းမရှိသောအခြေအနေများတွင် *800# ကိုခေါ်၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
၂။ ယူထား+ ဝန်ဆောင်မှုကို ဘယ်လိုရယူမလဲ?
ယူထား+ ဝန်ဆောင်မှုကိုရယူရန်
USSD code အသုံးပြုပြီး ငွေချေးခြင်း အတွက် *800# ကိုခေါ်ဆိုပါ။
SMS အသုံးပြုပြီး ငွေချေးခြင်းအတွက် “8000” သို့ 800 ဟုရိုက်၍ SMS ပေးပို့နိုင်ပါသည်။
MPT4U application မှတဆင့်လည်းရယူနိုင်ပါသည်။
၃။ ယူထား+ ဝန်ဆောင်မှုအသုံးပြုဖို့ ဘာတွေလိုအပ်ပါသလဲ?
MPT သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ချေးငွေရယူသုံးစွဲနိုင်သော ယူထား+ ဝန်ဆောင်မှုကိုရယူရန် *800# ကိုခေါ်ဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသူများသည် ယူထား+ဝန်ဆောင်မှုမှ ချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
(၁) ဤဝန်ဆောင်မှုသည် Prepaid သုံးစွဲသူများအတွက်သာဖြစ်ပါသည်။
(၂) MPT ဆင်းကတ်အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။
(၃) ရက်(၉၀)အတွင်း ဖုန်းဘေလ် တစ်ခါဖြည့်ထားရပါမည်။
(၄) ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။
(၅) ယခင်ယူထားသော ချေးငွေကို ပြန်လည်မပေးချေရသေးသော်လည်း ရရှိနိုင်သောပမာဏအထိ ထပ်မံချေးယူနိုင်ပါသည်။
(၆) သင်ချေးယူနိုင်သောပမာဏကို MPT ဖုန်းဘေလ်ဖြည့်သွင်းသောပမာဏနှင့်ဖြည့်သွင်းသည့်အကြိမ်ပေါ်မူတည်၍ ကန့်သတ်တွက်ချက်ပါမည်။
၄။ ယူထား+ ဝန်ဆောင်မှုမှ ချေးငွေဘယ်လောက်ထိချေးယူနိုင်ပါသလဲ?
သတ်မှတ်ထားသောသင်၏ချေးငွေပေါ်မူတည်၍ အောက်ပါပမာဏများကို ချေးယူနိုင်ပါမည်။
ချေးငွေပမာဏ | ဝန်ဆောင်ခ | နောက်ထပ်ငွေဖြည့်မှုမှ ပြန်လည်ရယူခြင်း |
---|---|---|
၈၀၀ ကျပ် | ၈၀ ကျပ် | ၈၈၀ ကျပ် |
၁၀၀၀ ကျပ် | ၁၂၅ ကျပ် | ၁၁၂၅ ကျပ် |
၁၅၀၀ ကျပ် | ၂၂၅ ကျပ် | ၁၇၂၅ ကျပ် |
၂၅၀၀ ကျပ် | ၃၇၅ ကျပ် | ၂၈၇၅ ကျပ် |
၄၅၀၀ ကျပ် | ၆၇၅ ကျပ် | ၅၁၇၅ ကျပ် |
သင်၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်၀န်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အ၀(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။
ချေးငွေအနည်းဆုံးပမာဏ ၈၀၀ကျပ်ကိုတစ်လအတွင်း (၁)ကြိမ်သာချေးယူနိုင်ပြီး ၊ ယင်းလအတွင်း နောက်ထပ်ချေးငွေများများရယူရန်အတွက် ပိုမိုများပြားသောချေးငွေပမာဏသို့ပြောင်းလဲရယူနိုင်မည်ဖြစ်ပါသည်။
၅။ ယူထား+ ဝန်ဆောင်မှုအား ဘယ်ဝန်ဆောင်မှုကို အသုံးပြုပါသလဲ?
ယူထား+ ဝန်ဆောင်မှုမှရရှိလာသော ချေးငွေကို MPTဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသည်။ (Value Added Service ဝန်ဆောင်မှုများမှလွဲ၍)
Value Added Service ဝန်ဆောင်မှုများ အသုံးပြုလိုပါက အောက်ပါအခြေအနေ (၂)ခုလိုအပ်ပါသည်။
၁။ SIM Card အသုံးပြုသည့်ရက်မှာ ရက်(၃၀)အထက်ရှိရပါမည်။
၂။ အနည်းဆုံးမိုဘိုင်းဖုန်းဘေလ်အသုံးပြုမှု ၃၀၀၀ ကျပ်
၆။ ယူထား+ ဝန်ဆောင်မှုမှရရှိသော ချေးငွေအသုံးပြုနိုင်သောသက်တမ်းကဘယ်လောက်လဲ?
ယူထား+ ဝန်ဆောင်မှုမှ ရရှိသော ချေးငွေ၏သက်တမ်းသည် ရက်(၃၀)ဖြစ်သည်။ ယင်းကာလပြီးနောက် ချေးငွေအားသုံးစွဲနိုင်တော့မည်မဟုတ်ပါ။
၇။ ယူထား+ ဝန်ဆောင်မှု၏ ကြွေးကျန်ငွေကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါလဲ?
၁။ *800*7# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီးချေးယူထားသောပမာဏကိုစစ်ဆေးပါ။
၃။ 8000 သို့ Debt ဟု ပြန်လည်ပေးပို့၍ စစ်ဆေးပါ။
၄။ MPT4U Application မှတဆင့်လည်း စစ်ဆေးနိုင်ပါသည်။
၈။ ယူထား+ ဝန်ဆောင်မှုမှ မိမိချေးယူရရှိနိုင်သော ငွေပမာဏကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါသလဲ?
၁။ *800*0# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ရရှိနိုင်သောပမာဏကိုစစ်ဆေးပါ။
၉။ ယူထား+ ဝန်ဆောင်မှုမှ မိမိ၏ ချေးငွေစာရင်းကို မည်သည့်နည်းလမ်းဖြင့် ကြည့်နိုင်ပါသလဲ။
၁။ *800*5# ကိုခေါ်ဆိုနိုင်ပါ။
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီး ချေးငွေစာရင်းကို ရွေးချယ်ပြီးစစ်နိုင်ပါသည်။
၁၀။ MPT ဘက်မှချေးငွေကန့်သန့်ချက်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ ?
အမျိုးမျိုးသောလုပ်ဆောင်ချက်တွေနဲ့ သတ်မှတ်ထားပါတယ်။
ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
MPT ဆင်းကဒ်လက်ရှိအသုံးပြုသော ရက်အရေအတွက်
၁၁။မိမိမှာ ၈၀၀ ကျပ်ပဲချေးယူနိုင်ပြီး တခြား MPT အသုံးပြုသူမှာ ၄၅၀၀ ကျပ် အထိ ဘာကြောင့် ရရှိနေပါသလဲ?
ချေးငွေစနစ်မှ ရရှိနိုင်မှုပမာဏကို အောက်ပါအချက်အလက်နှင့်အညီ ကန့်သတ် သတ်မှတ်ထားပါတယ်။
ဖုန်းဘေလ်ဖြည့်သွင်းသောအရေအတွက်
ဖုန်းဘေလ်ဖြည့်သည့်ပမာဏ
MPT (အင်တာနက်သုံးစွဲမှုနှင့်ဖုန်းခေါ်ဆိုမှု) အသုံးပြုမှုပမာဏ
MPT ဆင်းကဒ်လက်ရှိအသုံးပြုသောရက် အရေအတွက် တို့ပဲဖြစ်ပါတယ်။
ချေးငွေပမာဏအများဆုံး ရရှိနိုင်ရန် MPT ဆင်းကဒ်ကို အသုံးပြုပြီး အခုပဲဖုန်းဘေလ်တွေ ပိုပြီး ဖြည့်လိုက်ပါ။
၁၂။ ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများဖြစ်သော နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။
ချေးငွေဝန်ဆောင်မှုမှ international roaming ဝန်ဆောင်မှုများ မရရှိနိုင်ပါ။
၁၃။ ချေးငွေဝန်ဆောင်မှုမှ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် အင်တာနက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသလား။
ချေးငွေဝန်ဆောင်မှုကို အသုံးပြုပြီး (IDD pack) နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ မရရှိနိုင်ပါ။