“ဇိမ်ဇိမ်” ပရိုမိုးရှင်း အထူးအစီအစဉ်ကြီး

အထူးခံစားခွင့်တွေယူ “ဇိမ်ဇိမ်” နဲ့အတူ…

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်နိုင်ငံတစ်ဝန်းမှသုံးစွဲသူများအတွက်  ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နေ့စဉ်/အပတ်စဉ်/လစဉ် ဆုလက်ဆောင်တွေများစွာကို ယူဆောင်လာပေးမယ့် “ဇိမ်ဇိမ်”  အထူးအစီအစဉ်ကြီး ကို မိတ်ဆက်လိုက်ပါသည်။

ပရိုမိုးရှင်းကာလ

၂၀၂၆ခုနှစ် ဧပြီလ (၂)ရက်နေ့ မှ ဇွန်လ (၃၀) ရက်နေ့အထိ

“ဇိမ်ဇိမ်” ပရိုမိုးရှင်းမှာ အောက်ပါအတိုင်း ပါဝင်ဆင်နွှဲပြီး အကျိုးခံစားခွင့်တွေကို ကံထူးရယူနိုင်ပါသည်။

ပရိုမိုးရှင်းအမျိုးအစားဆုအမျိုးအစားပရိုမိုးရှင်းအသေးစိတ်ပရိုမိုးရှင်းခံစားခွင့်များပရိုမိုးရှင်းတွင်ပါဝင်ရန်
ဖုန်းဘေလ်ဖြည့်သွင်းပြီး “Kick & Win” ကစားခွင့်ရယူနိုင်ခြင်းနေ့စဉ်ကြိုက်နှစ်သက်ရာ နည်းလမ်းမှ တစ်ဆင့် ၁,၀၀၀ကျပ်နှင့်အထက်ဖုန်းဘေလ်ဖြည့်သွင်းချိန်တိုင်းမှာ MPT4U App ထဲရှိ “Kick & Win” ကစားခွင့်(၁)ကြိမ်စီရရှိနိုင်ပါသည်။ဒေတာလက်ဆောင်များဖုန်း‌ဘေလ်ဖြည့်သွင်းရန်
အခမဲ့ စာရင်းသွင်းပါဝင်ခြင်းအပတ်စဉ်*2026# ကို ခေါ်ဆိုစာရင်းသွင်းခြင်း (သို့)

MPT4U App ထဲတွင် စာရင်းသွင်းခြင်း (သို့)

1331 ကို “Zeim Zeim” ဟု စာတိုပေးပို့ပြီး စာရင်းသွင်းခြင်းဖြင့် ဒေတာလက်ဆောင်များ ရရှိနိုင်ပါသည်။

အပတ်စဉ် ဒေတာဆုကံထူးခွင့်ရယူရန် (၇)ရက်အတွင်း ၁ကြိမ်သာ ခေါ်ဆိုစာရင်းသွင်းရယူနိုင်ပါသည်။

ဒေတာဆုလက်ဆောင်အား ရယူပြီးသည့်နေ့မှစ၍ (၇) ရက်မြောက်နေ့တွင် ထပ်မံစာရင်းသွင်းပါဝင်နိုင်ပါသည်။
ဒေတာလက်ဆောင်များစာရင်းသွင်းရန်
ပက်ကေ့ချ်ဝယ်ယူပြီး ကံထူးခွင့်လက်မှတ်များ ရယူနိုင်ခြင်းလစဉ်ကြိုက်နှစ်သက်ရာ နည်းလမ်းမှ တစ်ဆင့်နှစ်သက်ရာ MPT ပက်ကေ့ချ်များ ဝယ်ယူချိန်တိုင်းမှာ ပက်ကေ့ချ်အမျိုးအစားအလိုက် ကံထူးခွင့်လက်မှတ်များ ရယူနိုင်ပါသည်။လစဉ် အထူး ငွေသားဆုကြီး ကျပ်သိန်း (၃၀) ဆု (၅)ဆု

လစဉ်အထူး iPhone 17 ဆုကြီး (၁)ဆု

ပရိုမိုးရှင်းကာလအပြီး အသစ်စက်စက် EV ကား အထူးဆုကြီး (၁) ဆု
ပက်ကေ့ချ်ဝယ်ယူရန်

အမေးများသော မေးခွန်းများ

1. ဇိမ်ဇိမ် ပရိုမိုးရှင်းဆိုတာဘာလဲ?

“အထူးခံစားခွင့်တွေယူ ဇိမ်ဇိမ် နဲ့အတူ” ပရိုမိုးရှင်းသည် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် MPT မှ ပေးအပ်သော အထူးပရိုမိုးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများ ပါဝင်နိုင်သော ပရိုမိုးရှင်း အစီအစဉ် (၃) မျိုးရှိပါသည်။
1) Join & Get (စာရင်းသွင်းကာ လက်ဆောင်ယူပါ)
2) Top Up & Play (ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ)
3) Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာ ကံစမ်းပါ)

2. ပရိုမိုးရှင်းတွင် ဘယ်သူတွေပါဝင်နိုင်သလဲ?

MPT GSM/WCDMA prepaid (ဆွေသဟာ) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မှာမဟုတ်ပါ။

3. ဇိမ်ဇိမ်ပရိုမိုးရှင်းရဲ့ အကျိုးခံစားခွင့် ကဘာတွေလဲ?

“Join & Get” နှင့် “Top Up & Play” ပရိုမိုးရှင်းမှ (၃) ရက်သုံး 26GB အထိ ဒေတာလက်ဆောင် ရရှိနိုင်ပါသည်။ ဒေတာလက်ဆောင်များ ပေါင်းစည်းသွားမည် မဟုတ်ဘဲ သီးခြားစီ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
“Buy Packs & Win” ကံစမ်းမဲ ပရိုမိုးရှင်း မှ လစဉ်ဆု နှင့် အထူးဆု လက်ဆောင်များ ကံစမ်းခွင့်လက်မှတ်များ ရရှိနိုင်ပါသည်။ ကံစမ်းခွင့်လက်မှတ်များပေါင်းစည်းသွားမည် ဖြစ်ပါသည်။

4. “Join & Get” ပရိုမိုးရှင်း အကြောင်းရှင်းပြပါလား?

*2026# သို့ခေါ်ဆိုခြင်း (သို့) 1331 သို့ ZeimZeim ဟုစာတိုပေးပို့ခြင်း (သို့) MPT4U App မှတစ်ဆင့် အခမဲ့ စာရင်းသွင်းပါဝင်ခြင်းဖြင့် ဒေတာဆုလက်ဆောင်များရရှိနိုင်ပါသည်။

5. “Join & Get” ပရိုမိုးရှင်းတွင် ဘယ်နှစ်ကြိမ်ပါဝင်နိုင်ပါသလဲ?

(၇) ရက်အတွင်း တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ ဆုလက်ဆောင်ရရှိပြီး နောက် (၇) ရက်တွင် ထပ်မံ စာရင်းသွင်းပါဝင်နိုင်ပါသည်။

6. “Top Up & Play” ပရိုမိုးရှင်း အကြောင်းရှင်းပြပါလား?

မိမိနှစ်သက်ရာ နည်းလမ်းဖြင့် ၁၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်းဖြင့် “Kick & Win” ဂိမ်းကစားခွင့် တစ်ကြိမ် ရရှိမည်ဖြစ်ပြီး MPT4U တွင်ဂိမ်းကစားခြင်းဖြင့် ဒေတာလက်ဆောင်များ ရရှိနိုင်ပါသည်။

7. “Top Up & Play” ပရိုမိုးရှင်းတွင် ဘယ်နှစ်ကြိမ်ပါဝင်နိုင်ပါသလဲ?

အကြိမ်များစွာပါဝင်နိုင်ပါသည်။ ၁၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်တိုင်း “Kick & Win” ဂိမ်းကစားခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေတာလက်ဆောင်များ ရရှိရန် MPT4U တွင် “Kick & Win” ဂိမ်းကစားရန်လိုအပ်ပါသည်။

8. “Top Up & Play” ပရိုမိုးရှင်းတွင် ရရှိသော “Kick & Win” ဂိမ်း ကစားခွင့်ရဲ့ သက်တမ်းက ဘယ်လောက်ပါလဲ?

ကစားခွင့်ရဲ့ သက်တမ်းသည် (၁) ရက်ဖြစ်သည်။ ရရှိသောနေ့၏ ည ၂၃း၅၉း၅၉ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

9. “Buy Pack & Win” ကံစမ်းမဲ ပရိုမိုးရှင်း အကြောင်းရှင်းပြပါလား??

ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် အကျုံးဝင်သော ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် လစဉ်ဆု နှင့် အထူးဆုများ ကံစမ်းခွင့်လက်မှတ်များကို ရရှိမည်ဖြစ်သည်။ ကံစမ်းခွင့်လက်မှတ်များကို ပက်ကေ့ချ် ဝယ်ယူတိုင်း ရရှိမည်ဖြစ်သည်။

10. “Buy Pack & Win” ကံစမ်းမဲ ပရိုမိုးရှင်းတွင် ဘယ်နှစ်ကြိမ်ပါဝင်နိုင်ပါသလဲ?

အကြိမ်များစွာပါဝင်နိုင်ပြီး ရရှိထားသော ကံစမ်းခွင့်လက်မှတ်များ ပေါင်းစည်းသွားမည် ဖြစ်သည်။

11. “Buy Pack & Win” ကံစမ်းမဲ ပရိုမိုးရှင်း ရဲ့ဆုလက်ဆောင်ကဘာတွေလဲ?

လစဉ်ဆု နှင့် အထူးဆုများ ပါဝင်ပါသည်။
– လစဉ်ဆုများမှာ တစ်လလျှင် သိန်း (၃၀) * (၅) ဆု နှင့် iphone 17 * (၁) ဆု တို့ဖြစ်ပြီး လစဉ် ရွေးချယ်မည်ဖြစ်သည်။
– အထူးဆုမှာ EV ကားအသစ် * (၁) ဆုဖြစ်ပြီး ပရိုမိုးရှင်းကာလ အပြီးတွင် ရွေးချယ်မည်ဖြစ်သည်။

12. ကံစမ်းခွင့်လက်မှတ်ဘယ်လောက်ရရှိနိုင်ပါသလဲ?

သုံးစွဲသူများသည် အကျုံး၀င်သော ပက်ကေ့ချ်များအား မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ဝယ်ယူခြင်းဖြင့် ဝယ်ယူလိုက်သော ပက်ကေ့ချ်နှုန်းထားများပေါ် မူတည်၍ ကံစမ်းခွင့်လက်မှတ်များကို အောက်ပါအတိုင်း ရရှိမည် ဖြစ်သည်။

ပက်ကေ့ချ်နှုန်းထား (ကျပ်) ကံစမ်းခွင့် လက်မှတ်အရေအတွက်
<=996 1
997~2,000 3
2,001~3,000 5
3,001~5,000 10
5,001~10,000 15
10,001~20,000 20
>=20,001 30

13. “Buy Pack & Win” ကံစမ်းမဲ ပရိုမိုးရှင်း တွင်ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များရှိပါသလား။

အောက်ပါပက်ကေ့ချ်များသည် ပရိုမိုးရှင်းတွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များ ဖြစ်သည်။
– Tourist SIM packs
– IDD packs
– Roaming packs
– B2B packs
– Data Loan packs
– Htaw B Loan packs

14. ကံထူးရှင်များကို ဘယ်လိုရွေးချယ်ကြေငြာပါမည်လဲ?

MPT မှ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်များမှ ရွေးချယ်မည်ဖြစ်ပါသည်။ MPT မှ ကံထူးရှင်တစ်ဦးစီအား (၃) ကြိမ် ဖုန်းခေါ်ဆိုမည်ဖြစ်ပါသည်။ ကံထူးရှင်သည် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်စလုံးအား ဖြေဆိုခြင်း မရှိပါက MPT မှ အခြားကံထူးရှင်ကို ရွေးချယ်မည်ဖြစ်သည်။ ကံထူးရှင်များကို ရွေးချယ်ပြီးနောက် လူမှုကွန်ရက် (Facebook၊ Telegram၊ Viber၊ Website) တွင်ကြေငြာပေးပါမည်။

17. ဧပြီလတွင် ပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းခွင့် လက်မှတ်များရရှိခဲ့ပါသည်။

မေလတွင် ပက်ကေ့ခ်ျများကို ထပ်မံမဝယ်ယူ၍ ကံစမ်းခွင့် လက်မှတ်များ မရရှိထားပါက မေလအတွက် လစဉ်ကံထူးရှင်ရွေးချယ်ရာတွင် ပါ၀င်ရန် အကျုံး၀င်ပါသေးသလား?
အကျုံးမ၀င်ပါ။ မေလအတွက် လစဉ်ကံထူးရှင် ရွေးချယ်ရာတွင် အကျုံး၀င်ရန် မေလတွင် ပက်ကေ့ခ်ျများ ဝယ်ယူပြီး ကံစမ်းခွင့်လက်မှတ်များကို ရယူရန်လိုအပ်ပါသည်။
သို့သော် ပရိုမိုးရှင်းကာလ ပြီးဆုံးချိန်တွင် ရွေးချယ်မည့် အထူးဆုကြီးကို ကံထူးရန် အကျုံး၀င်ပါသေးသည်။

16. လစဉ်ဆုများကိုကံထူးရရှိပြီးပါက ပရိုမိုးရှင်းကာလအပြီးတွင် အထူးဆုကြီးကို ကံထူးခွင့်ရှိပါသလား?

ရှိပါသည်။ သင်သည် လစဉ်ဆုကို ကံထူးရရှိပြီးသော်လည်း အထူးဆုကြီးကို ကံထူးရန် အခွင့်အရေးရှိပါသည်။

17. ဧပြီလတွင် ပက်ကေ့ချ်များ ဝယ်ယူပြီး ကံစမ်းခွင့် လက်မှတ်များရရှိခဲ့ပါသည်။

မေလတွင် ပက်ကေ့ခ်ျများကို ထပ်မံမဝယ်ယူ၍ ကံစမ်းခွင့် လက်မှတ်များ မရရှိထားပါက မေလအတွက် လစဉ်ကံထူးရှင်ရွေးချယ်ရာတွင် ပါ၀င်ရန် အကျုံး၀င်ပါသေးသလား?
အကျုံးမ၀င်ပါ။ မေလအတွက် လစဉ်ကံထူးရှင် ရွေးချယ်ရာတွင် အကျုံး၀င်ရန် မေလတွင် ပက်ကေ့ခ်ျများ ဝယ်ယူပြီး ကံစမ်းခွင့်လက်မှတ်များကို ရယူရန်လိုအပ်ပါသည်။
သို့သော် ပရိုမိုးရှင်းကာလ ပြီးဆုံးချိန်တွင် ရွေးချယ်မည့် အထူးဆုကြီးကို ကံထူးရန် အကျုံး၀င်ပါသေးသည်။

18. အခြားသူများကို ပက်ကေ့ချ်လက်ဆောင်ပေးလျှင် ကံစမ်းခွင့် လက်မှတ်များ ရနိုင်ပါသလား?

ပက်ကေ့ချ်ကို လက်ဆောင် ပေးပို့သူများသည် ကံစမ်းခွင့် လက်မှတ်များကို ရရှိမည် မဟုတ်ပါ။ ပက်ကေ့ချ်ကို လက်ခံရရှိသူသာ ကံစမ်းခွင့် လက်မှတ်များကို ရရှိမည်ဖြစ်သည်။

19. ဇိမ်ဇိမ် ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက် မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဖြစ်သည်။

best operator in Myanmar