MPT4U App

MPT4U အက်ပလီကေးရှင်းသည် သုံးစွဲသူများအား MPT ၏ စုံလင်သည့် ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ထားသည့် တရားဝင် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။
အသွင်သစ်ဒီဇိုင်းဖြင့် MPT4U အက်ပလီကေးရှင်းထွက်ရှိလာပြီဖြစ်ပြီး ပိုမိုကောင်းမွန်သောအတွေ့အကြုံကို ခံစားနိုင်ရန်အတွက်-

၁။ ပိုမိုသပ်ရပ်လှပသည့် UI ဒီဇိုင်း၊ အသုံးဝင်သော features များပါဝင်လာြခင်း
၂။ ပက်ကေ့ချ်ဝယ်ယူမှု ပိုမိုလွယ်ကူမြန်ဆန်ခြင်း
၃။ ပိုမိုလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ခြင်း
၄။ MPT Club ပွိုင့်များကို ပင်မစာမျက်နှာမှတစ်ဆင့် တိုက်ရိုက်လဲလှယ်နိုင်ခြင်း
၅။ အိုင်ကွန်များနှင့် ကြော်ငြာများကို နှိပ်၍ ဂိမ်းပက်ကေ့ချ်များကို တိုက်ရိုက်ဝယ်ယူနိုင်ခြင်း အစရှိသောလုပ်ဆောင်ချက်များကို ရရှိမှာဖြစ်ပါတယ်

ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့ လုပ်ဆောင်ချက်အသစ်တွေကြောင့် MPT4U App က အသုံးအဝင်ဆုံး၊ သက်သောင့်သက်သာအရှိဆုံးနှင့် လုံခြုံမှုအရှိအဆုံး App တစ်ခုလည်း ဖြစ်ပါတယ်။

MPT4U new version(1057x1012)

Key Features of MPT4U APP

Play ‘MPT4U Touch and Win’ Lucky Draw to Win Exciting Prizes – ONLY on MPT4U. Also EXTRA SPECIAL OFFERS FOR EVERYONE – ONLY on MPT4U.

mpt

All in One Solution Service at your Mobile.

mpt

Extra Special ‘App Only’ Offers for EVERYONE.

IPTV Myanmar

Purchase Best Package for you and Gift to others.

MPT Myanmar

Check usage history, all balance deduction details.

MTP Devices

Easily Topup – Using MPT Money, Scan QR Code

MPT Myanmar

See Topup & Package Purchase history.

MPT4U တွင် MPTဆင်းမ်ကတ်မှတ်ပုံတင်ခြင်း (သို့မဟုတ်) မှတ်ပုံတင်အချက်အလက်များ စစ်ဆေးရန်

အမေးများသောမေးခွန်းများ

၁။ MPT4U App ဆိုတာဘာလဲ။ မည်သည့်ဝန်ဆောင်မှု များ ရယူနိုင်သလဲ။

MPT အသုံးပြုသူတို့အတွက် ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာထဲမှာအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါသည်။ MPT4U app ကို မြန်မာဘာသာဖြင့်အသုံးပြုလို့ရနိုင်ပါသည်။
MPT4U app မှတစ်ဆင့်
– လက်ကျန်ငွေစစ်ဆေးခြင်း၊
– ဖုန်းဘေလ်ချေးယူခြင်း၊လွှဲပြောင်းခြင်း၊ ဘေလ်ဖြည့်ခြင်း။
– နေ့စဉ်အသုံးပြုသည့် ဖုန်းဘေလ်နှင့်ထပ်ဆောင်းဝန်ဆောင်မှု၏ဝန်ဆောင်ခများစစ်ဆေးခြင်း ၊
– ပက်ကေ့ချ်ဝယ်ယူခြင်း၊
– ပက်ကေ့ချ်များအားအခြားသူများထံလက်ဆောင်ပေးပို့နိုင်ခြင်း။
– ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း၊
– ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို စစ်ဆေးနိုင်ခြင်း၊
– Call Service ဝန်ဆောင်မှုများ ရယူနိုင်ခြင်း၊
– တူတူChat ဝန်ဆောင်မှုများ ရယူနိုင်ခြင်း၊
– FAQ များ ဖတ်ရှုနိုင်ခြင်း၊
– MPT Ring Tune ရယူခြင်း၊
– MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း၊MPT Club ပွိုင့် များဖြင့် data, voice, sms, အစရှိသဖြင့် လဲလှယ်ယူနိူင်ခြင်း။
– MPT4U ဂိမ်း ဝန်ဆောင်မှု အစရှိတဲ့ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

၂။ MPT4U App ကိုဘယ်လို Download ရယူရမလဲ။

Android ဖုန်းများအတွက် *4040# ကိုခေါ်ဆို၍ အခမဲ့ ဒေါင်းလုတ်ဆွဲရယူနိုင်ပါသည် (သို့မဟုတ်) Play Store မှလည်းတိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။
iOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။ iOS အတွက် MPT4U App Download ကအခမဲ့မဟုတ်ပါ။ App Store မှအင်တာနက်ကုန်ကျမှုဖြင့်ရယူနိုင်ပါသည်။

၃။ MPT4U App ကိုဘယ်လိုအသုံးပြုရမလဲ။

MPT4U App ကို အသုံးပြုရန်အောက်ဖော်ပြပါအတိုင်းတစ်ဆင့်ချင်းလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။
(၁) ဖုန်း အင်တာနက်ဖွင့်ပါ။
(၂) ဖုန်းထဲရှိ MPT4U App ထဲသို့ဝင်ပါ။
(၃) App ၏ပင်မစာမျက်နှာသို့ရောက်ရှိပါမည်။
App ၏ပင်မစာမျက်နှာ တွင်မိမိအသုံးပြုလိုသောဝန်ဆောင်မှု့များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၄။ ဘာကြောင့်MPT4Uကို ဝင်မရပဲ Loading Page မှာရပ်တန့်နေတာလဲ။

VPN ကိုပိတ်ထားရန် နှင့် setting ထဲမှ cache များကိုရှင်းလင်းပေးရန်လိုအပ်ပါသည်။
အစဥ်မပြေပါက MPTU နောက်ဆုံးဗားရှင်းကို upgrade လုပ်ဖို့ အကြုံပြုလိုပါသည်။

၅။ မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

–Side bar menu အောက်ရှိ Setting page မှာဗားရှင်းကို သွားရောက်စစ်ဆေးနိုင်ပါတယ်။
– MPT4U Version အသစ် မှာ iOS : 1.4.24 နှင့် Android : 4.6.1 ဗားရှင်း ဖြစ်ပါတယ်။
– Android ဗားရှင်း “ 6” ထက်နိမ့်ပြီး iOS ဗားရှင်း “ 10” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၆။ ဘာကြောင့် MPT4Uကို play storeမှာ install လုပ်မရတာလဲ။

သင်သည်VPN ပိတ်ရန်လိုအပ်ပြီး MPT4U ကိုinstall လုပ်ရန် ဖုန်းဗားရှင်း Android version 6 အနည်းဆုံးရှိရန်လိုအပ်ပါသည်။ဒါ့အပြင် MPT4U ကို*4040# ခေါ်ဆိုပြီးlink မှအခမဲ့ဒေါင်းလုတ်လုပ်နိုင်ပါသည်။

၇။ ဘာကြောင့် MPT4Uကို App storeမှာ install လုပ်မရတာလဲ။

သင်သည်VPN ပိတ်ရန်လိုအပ်ပြီး MPT4U ကိုinstall လုပ်ရန် ဖုန်းဗားရှင်း IOS version 10 အနည်းဆုံးရှိရန်လိုအပ်ပါသည်။

၈။ MPT4Uမှာ ထိပေါက်ကစားခွင့်ရှိပြီး ဆော့မရလို့ ဘယ်လိုပြုလုပ်ရမလဲသိပါရစေ။

Setting ထဲမှ cache များကိုရှင်းပေးပါ။
Android အသုံးပြုသူများအတွက်*4040# ကိုခေါ်ဆိုပြီး ပေးပို့လာသောစာထဲမှ ဒုတိယ လင့်ကိုနှိပ်ပြီးတိုက်ရိုက်အသုံးပြုနိုင်ပါတယ် (သို့မဟုတ်) Play Store မှလည်းတိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။
iOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။
MPT4Uနောက်ဆုံးဗားရှင်းကိုအသုံးပြုပေးရန် အကြုံပြုလိုပါတယ်။

၉။ MPT4U log in ဝင်မရခြင်း၊ မည်သည့်စာသားမှမပေါ်ပဲအဖြူရောင်ဖြစ်နေခြင်း၊အသုံးပြုနေစဉ် ရုတ်တရက်“ဝန်ဆောင်မှုအချိန်ကုန်ဆုံးပါပြီ"ဟုစာသားပေါ်လာခြင်း၊ Hti Pauk ဆော့၍မရ ခြင်းတို့ကြုံတွေ့ပါကမည်သို့လုပ်ရမည်နည်း။

–ပထမဦးစွာ VPN တပ်ဆင်ထားခြင်းကိုဖြုတ်ပေးပါ။
– Log in ပြန်ဝင်ပေးပါ။
– ဖုန်း setting ထဲက ဒေတာကို Clear Cache လုပ် ပေးပါ။
– အဆင်မပြေသေးပါက Android အသုံးပြုသူများအတွက် MPT4U နောက်ဆုံး Version ကို *4040# မှတဆင့် Download ရယူ၍ပြန်လည်အသုံးပြုပါ (သို့မဟုတ်) Play Store မှလည်းတိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။
– iOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။

၁၀။ MPT4U ကိုအသုံးပြုရန်VPN လိုအပ်ပါသလား။

MPT4U APP ကို VPN ချိတ်ဆက်ထားပြီး အသုံးပြုလို့ရသလို မချိတ်ဆက်ထားရင်လည်း အသုံးပြုလို့ရပါတယ်။VPN ချိတ်ပြီးအသုံးပြုပါက OTP တောင်းပြီးနောက် ဝင်ရောက်အသုံးပြုနိုင်ပါသည်။

၁၁။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။

၁၂။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Now ဆိုသော ခလုတ်ကိုနှိပ်၍ အဆင့်မြှင့်တင်နိုင်ပါသည်။
Android အသုံးပြုသူများအတွက် *4040# ကိုခေါ်ဆို၍ အခမဲ့တိုက်ရိုက် ဒေါင်းလုတ်ရယူနိုင်ပါသည်။
iOSအသုံးပြုသူများအနေဖြင့်မူ App Store တစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၁၃။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများတွင် အက်ပလီကေးရှင်းကို ​ဒေါင်းလုတ် လုပ် နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို အသုံးမပြုနိုင်ဘဲ အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၁၄။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက -> Setting အောက်ရှိ Language ကိုရွေးပြီး ဘာသာစကားကိုပြောင်းနိုင်ပါတယ်။

၁၅။ Home screen မှာမြင်ရတဲ့ Icon လေးတွေကိုလိုသလိုပြောင်းလို့ရပါသလား။

– အပေါ်ဆုံးမှာတွေ့မြင်ရမည့် Default ထားထားသည့် icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့မရပါ။
– အခြားသော Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။

၁၆။ Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင် Balance ကို Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။
Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး Top Up History နှင့် Package Purchase History များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၁၇။ မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၈။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို MPT4U တွင်လုပ်ဆောင်လို့ရပါသလား။မည်သို့ပြုလုပ်ရမည်နည်း။

ဆင်းကဒ် “ အသစ်” မှတ်ပုံတင်ခြင်းကို MPT4U တွင်လုပ်ဆောင်လို့မရပါ။ MPT4U တွင်မှတ်ပုံတင်ခြင်း Update ကိုသာလျှင်လုပ်ဆောင်လို့ရပါသည်။
လက်ရှိမှတ်ပုံတင်ပြီးအသုံးပြုနေသော ဆင်းကဒ်များအား မှတ်ပုံတင်ပြန်လည်ပြင်ဆင်လိုပါက “ ကျွန်ုပ်” အောက်ရှိ “ ပြန်လည်မှတ်ပုံတင်ရန်” ကိုနှိပ်ပြီး လိုအပ်သောအချက်အလက်များကို ဖြည့်စွက်ပြီး “ သိမ်းပါ” ကိုနှိပ်ပါ။
ထို့နောက် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိပါက ဆင်းကဒ်မှတ်ပုံတင်ခြင်း Update ကို အတည်ပြုပေးမည်ဖြစ်ပါသည်။

၁၉။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၂၀။ ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် ရှိပါသလား။

ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် မရရှိပါ။

၂၁။ ထိပေါက်ကစားခွင့်များမှာ ကုန်ဆုံးချိန် ရှိပါသလား။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ရှိပါသည်။ ကစားခွင့်သက်တမ်းကုန်ဆုံးမည့်အချိန်မှာ (23:59:59) ဖြစ်သည်။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက် Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၂။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။ပက်ကေ့ချ်လက်ဆောင်ပေးသူ နဲ့ လက်ဆောင်ရရှိသူ အကြား ထိပေါက်ခံစားခွင့်ကို ဘယ်သူရမလဲ။

MPT သုံးစွဲသူ အချင်းချင်း လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။ပက်ကေ့ချ်လက်ဆောင်ရရှိသူက ထိပေါက်ခံစားခွင့်ကိုရရှိပါမည်။

best operator in Myanmar