ဒေတာ၀ယ်ယူပြီး ကျန်းမာရေးအာမခံ အခမဲ့ရရှိနိုင်သော ၁၅ ရက် တစ်ကြိမ် အလိုလျောက်သက်တမ်းတိုးသွားမည့် ဒေတာပက်ကေ့ချ် ဖြစ်ပါသည်။
ဒေတာအာမခံ၏ အားသာချက်များ

ဈေးနှုန်းသင့်လျော်ခြင်း

Covid-19 ကာကွယ်မှုပါရှိသော အခမဲ့ကျန်းမာရေးအာမခံချက်ရရှိခြင်း

အွန်လိုင်းမှ လွယ်ကူစွာဝယ်ယူနိုင်ခြင်း
၁၅ ရက်တစ်ကြိမ် အလိုအလျှောက် သက်တမ်းတိုးမည်ဖြစ်ပါသည်
စျေးနှုန်း (အခွန်ပါဝင်ပြီး) | ဒေတာပမာဏ (MB) | သေဆုံးခြင်းအတွက်ခံစားခွင့် | ဆေးရုံတက်ခြင်းအတွက်ခံစားခွင့် |
---|---|---|---|
၃၀၀ ကျပ် | ၉၀ | ၁၂၅,၀၀၀ ကျပ် | ၇၅,၀၀၀ ကျပ် |
၅၀၀ ကျပ် | ၁၅၀ | ၂၅၀,၀၀၀ ကျပ် | ၁၅၀,၀၀၀ ကျပ် |
၁၀၀၀ ကျပ် | ၃၀၀ | ၅၀၀,၀၀၀ ကျပ် | ၃၀၀,၀၀၀ ကျပ် |
သတိပြုရန်အချက်များ

အသက် ၁၈ နှစ် မှ ၆၀ နှစ် ကြား

ဆင်းမ်ကတ်ကို သင်၏ ကိုယ်ရေးအချက်အလက် အမှန်ဖြင့် မှတ်ပုံတင်ထားရပါမည်။ *601# ကိုခေါ်ဆိုပြီး လွယ်ကူစွာစစ်ဆေးနိုင်ပါသည်။

အခမဲ့ကျန်းမာရေးအာမခံအကျိုးခံစားခွင့်သည် ဆင်းမ်ကတ် မှတ်ပုံတင်ထားသူနှင့်သာ သက်ဆိုင်ပါသည်။

KBZMS Insurance နှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။

ပက်ကေ့ချ် အားလုံးအတွက် ၁၅ ရက်သက်တမ်း ဖြစ်ပါသည်။

ကျသင့်ငွေအား သင်၏ ဖုန်းဘေလ် လက်ကျန်ငွေမှ တိုက်ရိုက်ဖြတ်တောက်မည်ဖြစ်ပါသည်။
MPT ဝက်ဆိုဒ် မှတဆင့် ၀ယ်ယူရန်
-
1. လျှောက်ထားရန်အား နှိတ်ပါ
-
2.MPT4U သို့၀င်ရောက်ပါ
-
3. ဒေတာပက်ကေ့ချ် အား ရွေးချယ်ပါ
-
4.လျှောက်လွှာဖောင်အား ဖြည့်ပါ
-
5. ငွေပေးချေမှုလုပ်ဆောင်ပါ
MPT4U အက်ပလီကေးရှင်း မှ၀ယ်ယူရန်
-
1.MPT4U သို့၀င်ရောက်ပါ
-
2. Data ArMaKhan အားနှိတ်ပါ
-
3. ဒေတာပက်ကေ့ချ် အား ရွေးချယ်ပါ
-
4.လျှောက်လွှာဖောင်အား ဖြည့်ပါ
-
5. ငွေပေးချေမှုလုပ်ဆောင်ပါ
၀န်ဆောင်မှုအား " ရပ်ဆိုင်းရန် "
-
1.MPT4U သို့၀င်ရောက်ပါ
-
2. ရယူထားသော ၀န်ဆောင်မှုများသို့ သွားရောက်ပါ
-
3. " မရယူပါ " ပါအားနှိတ်ပါ
Coming Soon!

Contact for Data ArMaKhan
For more info, dial our hotlines:
မေးလေ့ရှိသောမေးခွန်းများ
1. ဒေတာအာမခံ၀န်ဆောင်မှုဆိုသည်မှာအဘယ်နည်း?
ဒေတာအာမခံ၀န်ဆောင်မူဆိုသည်မှာ ဒေတာ၀ယ်ယူရင်း KBZ MS မှလက်ခံဆောင်ရွက်ထားသော ကျန်းမာရေး အာမခံ ကိုပါအခမဲ့ရရှိနိုင်မည့် ၁၅ရက်တကြိမ် အလိုအလျှောက်သက်တမ်းတိုးပေးသော ဒေတာပက်ကေ့ချ်အမျိုးအစားဖြစ်ပါသည်။
2. ဒေတာအာမခံဒေတာပက်၏စျေးနှုန်းနှင့် အကျိုးခံစားခွင့်များမှာ အဘယ်နည်း?
ဒေတာအာမခံဒေတာပက်၏စျေးနှုန်းနှင့် အကျိုးခံစားခွင့်များမှာ:
- အခမဲ့ကျန်းမာရေးအာမခံအကျိုးခံစားခွင့် ၁၂၅,၀၀၀ ကျပ်အထိပါ၀င်သော ၉၀MB ဒေတာပက်အတွက် ၃၀၀ကျပ်
- အခမဲ့ကျန်းမာရေးအာမခံအကျိုးခံစားခွင့် ၂၅၀,၀၀၀ ကျပ်အထိပါ၀င်သော ၁၅၀MB ဒေတာပက်အတွက် ၅၀၀ကျပ်
- အခမဲ့ကျန်းမာရေးအာမခံအကျိုးခံစားခွင့် ၅၀၀,၀၀၀ ကျပ်အထိပါ၀င်သော ၃၀၀MB ဒေတာပက်အတွက် ၁,၀၀၀ကျပ်
3. ပက်ကေ့ချ်၏စျေးနှုန်းများမှာအခွန်ပါ၀င်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။
4. ဒေတာအာမခံဒေတာပက်ကေ့ချ်အားမည်သည့်နေရာတွင်စာရင်းပေးသွင်းအသုံးပြုနိုင်သနည်း?
ဒေတာအာမခံဒေတာပက်ကေ့ချ်အား MPT4U အက်ပလီကေးရှင်း၏ ဒေတာအာမခံ icon သို့မဟုတ် MPT website ၏ဒေတာအာမခံ၀န်ဆောင်မှုစာမျက်နှာ တို့မှတဆင့်၀င်ရောက်စာရင်းပေးသွင်းအသုံးပြုနိုင်ပါသည်။
5. ဒေတာအာမခံဒေတာပက်ကေ့ချ်အား တချိန်တွင် ပက်ကေ့ချ်ဘယ်နှခု စာရင်းပေးသွင်းသုံးစွဲနိုင်ပါသနည်း?
ဒေတာအာမခံဒေတာပက်ကေ့ချ်အား ဆင်းကဒ်တစ်ကဒ်မှ တချိန်လျှင် ပက်ကေ့ချ်တစ်ခုသာစာရင်းပေးသွင်းသုံးစွဲနိုင်ပါသည်။
6. ဒေတာအာမခံ ဒေတာပက်ကေ့ချ်အားမည်သူတွေစာရင်းပေးသွင်းသုံးစွဲနိုင်သနည်း?
မည်သည့် MPT prepaid sim card (Shwe/Shal/Swe) အသုံးပြုသူမဆို ဒေတာအာမခံဒေတာပက်ကေ့ချ်အား ၀င်ရောက်စာရင်းပေးသွင်းသုံးစွဲနိုင်ပါသည်။ (မှတ်ချက် : အခမဲ့ကျန်းမာရေးအာမခံ ခံစားခွင့်နှင့်စပ်လျှဥ်း၍ အသက် ၁၈နှစ် မှ အသက် ၆၀နှစ် အတွင်းသာလျှင် ခံစားခွင့်ရရှိနိုင်မှာဖြစ်ပီး အခြားသော စည်းကမ်းချက်မျာလည်းပါ၀င်ပါသောကြောင့် စည်းကမ်းချက်များနှင့်ပတ်သက်၍အသေးစိပ်သိရှိရန် ” လင့်အားနှိပ်၍ တွင်ဖတ်ရှုပါ )
7. ဒေတာအာမခံဒေတာပက်ကေ့ချ်အား မည်သူတွေ စာရင်းပေးစွဲအသုံးမပြုနိုင်သနည်း?
MPT CDMA၊ Base Tariff၊ Postpaid၊ Service Sim အသုံးပြုသူများနှင့် လက်ရှိသုံးစွဲလျက်မရှိသော အသုံးပြုသူများသည် ဤဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲရန် ပါဝင်နိုင်ခြင်းမရှိပါ။
8. ဒေတာအာမခံဒေတာပက်ကေ့ချ်အား စာရင်းပေးစွဲရန်အတွက် ကျွန်ုပ် အနေဖြင့် မည်သည့်ဒေတာများအား ပေးရန်လိုအပ်ပါသနည်း?
ဒေတာအာမခံဒေတာပက်ကေ့ချ်အား စာရင်းပေးစွဲရန်အတွက် သင့်အနေဖြင့် (1) နာမည်အပြည့်အစုံ (၂) မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်အမှတ် (၃)မွေးသက္ကရာဇ် အပြည့်အစုံ (ရက်/လ/နှစ်) တို့ကို MPT သို့ပေးအပ်ရန်လိုအပ်ပါသည်။
9. ဒေတာအာမခံဒေတာပက်ကေ့ချ်အား စာရင်းပေးသွင်သုံးးစွဲရာတွင် အခြားသော ဒေတာပက် subscription များနှင့်မတူပဲ အဘယ်ကြောင့် ကျွန်ုပ်၏ ကိုယ်ရေးအချက်အလက်များအား ဖြည့်သွင်းပေ:ရန်လိုအပ်ပါသနည်း?
အခမဲ့ ကျန်းမာရေအာမခံ ခံစားခွင့်အား ရရှိရန်နှင့်စပ်လျှဥ်း၍ သင်၏ကိုယ်ရေးအချက်အလက်များအား ဒေတာအာမခံဒေတာပက်ကေ့ချ် စာရင်းပေးသွင်းသုံးစွဲရာတွင် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
10. ကျွန်ုပ်အနေဖြင့် စာရင်းပေးသွင်းသုံးစွဲခြင်း သို့မဟုတ် စာရင်းပေးသုံးစွဲခြင်းအလိုအလျှောက်သက်တမ်းတိုးခြင်း အောင်အောင်မြင်မြင်ပီးဆုံးသွားကြောင်း မည်သို့သိရှိနိုင်မည်နည်း?
စာရင်းပေးသွင်းသုံးစွဲခြင်း သို့မဟုတ် စာရင်းပေးသုံးစွဲခြင်းအလိုအလျှောက်သက်တမ်းတိုးခြင်း အောင်အောင်မြင်မြင်ပီးဆုံးသွားကြောင်းအား MPT မှ သင့်အား SMS (စာတိုမက်ဆေ့) ပေးပို့ပေးမည်ဖြစ်ပါသည်။
11. ကျွန်ုပ်အနေဖြင့် ဝယ်ယူထားသော ဒေတာအာမခံဒေတာပက်ကေ့ချ်အား မည်သည့်နေရာတွင်ကြည့်ရှုနိုင် မည်နည်း?
ဝယ်ယူထားသော ဒေတာအာမခံဒေတာပက်ကေ့ချ်အား MPT4U App နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်၍ MPT4U App ၏ “My Subscriptions” ပေ့ချ်တွင် ကြည့်ရှုနိုင်ပါသည်။ ဤလင့်ခ် My Subscription တွင်လည်း ကြည့်ရှုနိုင်ပါသည်။
သုံးစွဲသူအနေဖြင့် MPT4U App နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ရန် Update Now ဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
12. အသုံးမပြုဖြစ်လိုက်ပဲ ကျန်ရှိနေသေးသော ဒေတာများအား နောက်ထပ်သက်တမ်းတိုးကာလအသစ်သို့ ယူဆောင်သွားနိုင်ပါသလား?
အသုံးမပြုဖြစ်လိုက်ပဲကျန်ရှိနေသေးသောဒေတာများအား နောက်ထပ်သက်အတမ်းတိုးကာလအသစ် သို့ ယူဆောင်သွား၍ မရပါ။
13. ဒေတာအာမခံဒေတာပက်အား မည်သို့ စာရင်းပေးသွင်းသုံးစွဲမှုအားရပ်တန့် နိုင်မည်နည်း?
MPT4U အက်ပလီကေးရှင်း၏ “ရယူထားသောဝန်ဆောင်မှုများ ” စာမျက်နှာရှိ သက်ဆိုင်ရာ Data Pack ဘေးရှိ “ပယ်ဖျက်ရန်” ခလုပ်ကို နှိပ်၍အတည်ပြုခြင်းဖြင့် ဒေတာအာမခံဒေတာပက်စာရင်းပေးသွင်းသုံးစွဲမှု အားရပ်တန့်နိုင်ပါသည်။
14. စာရင်းပေးသွင်းသုံးစွဲမှုရပ်တန့်လိုက်ပြီးနောက် မည်သည့်အရာများဖြစ်လာနိုင်သနည်း?
စာရင်းပေးသွင်းသုံးစွဲမှုရပ်တန့်လိုက်ပြီးနောက် သို့တည်းမဟုတ် ရပ်တန့်ခံလိုက်ရပြီးနောက်တွင် (၁) မိုဘိုင်းအကောင့်ထဲမှ Data Pack အတွက် ကျသင့်ငွေအား ထပ်မံ၍ နုတ်ယူသွားမည်မဟုတ်တော့ပါ။ (၂) Data Pack များ အလိုအလျောက်သက်တမ်းတိုးသည့် စနစ်လည်းချက်ချင်း ရပ်စဲသွားမည်ဖြစ်ပါသည်။
သို့ပေမယ့် ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်သည့်အခါ Data Pack အတွက် ပေးချေရန် အသုံးပြုထားသော Mobile Balance ကိုပြန်အမ်းသွားမည်မဟုတ်ပါ။ထိုအစား ထိုဒေတာပက်မှခံစားခွင့် (ဒေတာနှင့်အခမဲ့အာမခံ) များကိုတော့ ပက်ကေ့ချ်သက်တမ်းကုန်သုံးသည့် အချိန်အထိအသုံးပြု၍ရရှိနိုင်မည်ဖြစ်ပါသည်။
15. ကျွန်ုပ်အနေဖြင့် ဒေတာအာမခံဒေတာပက်ကေ့ချ်အား အခြားသူများသို့ လက်ဆောင်ပေးနိုင်ပါသလား?
ဒေတာအာမခံဒေတာပက်ကေ့ချ်စာရင်ပေးသုံးစွဲမှုတွင်
“စာရင်းပေးသုံးစွဲသူ” ကိုယ်တိုင်မှလက်ခံသဘောတူညီရမည့် စည်ကမ်းချက်များနှင့် အကြောင်းအရာများပါရှိနေသည့်အတွက် ဒေတာအာမခံဒေတာပက်ကေ့ချ်အား တခြားသူသို့ လက်ဆောင်ပေး၍မရနိုင်ပါ။(အသုံးပြုမည့်သူကိုယ်တိုင်သာလျှင် စာရင်းပေးသွင်းရပါမည်)
16. ဒေတာအာမခံဒေတာပက်အား၀ယ်ယူပြီး ထိပေါက်အစီအစဉ် နှင့် လက်ဆောင်ကံထူးခွင့်အစီအစဉ် များအားကံစမ်းနိုင်ပါသလား?
ဒေတာအာမခံဒေတာပက် ၀ယ်ယူခြင်းတွင် ထိပေါက်အစီအစဉ် နှင့် လက်ဆောင်ကံထူးခွင့်အစီအစဉ် တို့ပါ၀င်ခြင်းမရှိပါ။
17. ဒေတာအာမခံဒေတာပက်စတင်အသုံးပြုနိုင်မှုသက်တမ်း သည် မည်သည့်အချိန်တွင်စတင်၍ မည်သည့်အချိန်တွင် ကုန်ဆုံးမည်နည်း?
ဒေတာအာမခံဒေတာပက်စတင်အသုံးပြုနိုင်မှုသက်တမ်း သည် သင့်၏မိုဘိုင်းအကောင့်ထဲမှ ပက်ကေ့အတွက်ကျသင့် mobile balance ကို အောင်မြင်စွာဖြတ်ယူပြီးချိန်မှ စတင်ပီး ထိုနေ့မှစ၍နောက်ထပ်၁၆ရက်မြောက်နေ့ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်တွင် သက်တမ်းကုန်ဆုံးပါမည်။
18. မည်သည့်အချိန်တွင် MPT မှ ကျွန်ုပ်၀ယ်ယူထားသော သက်ဆိုင်ရာ Data Pack ၏ဈေးနှုန်းကို ကျွန်ုပ်၏မိုဘိုင်းအကောင့်ထဲမှ အလိုအလျောက်နုတ်ယူသွားပြီ: သက်တမ်းတိုး သွားမည်ဖြစ်သနည်း?
MPT မှ သင် ၀ယ်ယူထားသော သက်ဆိုင်ရာ Data Pack ၏ဈေးနှုန်းကို Data Packကို စတင်စာရင်းပေးသုံးစွဲသည့်နေ့ သို့မဟုတ် Data Pack အားစာရင်းပေး သုံးစွဲမှု သက်တမ်းတိုးပြီးနောက် ၁၆ ရက်မြောက်နေ့၏ နံနက် ၂ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်၌ သင့်၏ မိုဘိုင်းအကောင့်ထဲမှ အလိုအလျောက်နုတ်ယူသွားပြီး သက်တမ်းတိုး သွားမည်ဖြစ်ပါသည်။
19. မည်သည့်အချိန်တွင် အလိုအလျောက်သက်တမ်းတိုးခြင်း မအောင်မြင်မှုဖြစ်နိုင်သနည်း?
အလိုအလျောက်သက်တမ်းတိုးခြင်း မအောင်မြင်မှုသည် ယင်းအခြေအနေ ၂ရပ်တွင်ဖြစ်နိုင်ပါသည်။ (၁) မိုဘိုင်းအကောင့်၌ သင် ရွေးချယ်ထားသည့် Data Pack အတွက် လက်ကျန်ငွေ အလုံအလောက်မရှိပါက အလိုအလျောက် သက်တမ်းတိုး ခြင်း အောင်မြင်မည်မဟုတ်ဘဲ သင်၏ စာရင်းပေးသုံးစွဲမှုကို ရပ်စဲသွားမည်ဖြစ်သည်။ (၂) ပေါ်လစီအရ လူကြီးမင်း၏ သေဆုံးမှုအကျိုးခံစားခွင့်ကို တောင်းခံပြီးစီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့အား KBZ MS မှ အကြောင်းကြားလာပါက အလိုအလျောက်သက်တမ်းတိုးခြင်း အောင်မြင်မည်မဟုတ်ဘဲ လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု ရပ်စဲသွားမည်ဖြစ်သည်။
20. ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်သည့်အခါ Data Pack အတွက် ပေးချေရန် အသုံးပြုထားသော Mobile Balance ကို ပြန်လည်တောင်းခံ၍ရနိုင်မည်လား?
ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်သည့်အခါ Data Pack အတွက် ပေးချေရန် အသုံးပြုထားသော Mobile Balance ကို ပြန်အမ်းသွားမည်မဟုတ်ဘဲ ရွေးချယ်ထားသော Data Pack ၏ခံစားခွင့်များကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် စာရင်းပေးသုံးစွဲမှု ရပ်စဲသွားမည်ဖြစ်သည်။
21. ငွေပြန်မအမ်းသည့် ပေါ်လစီဆိုသည်မှာအဘယ်နည်း ဤ၀န်ဆောင်မှုပေါ်တွင် မည်သို့သက်ရောက်မှုရှိပါသနည်း?
ငွေပြန်မအမ်းသည့် ပေါ်လစီဆိုသည်မှာ ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲခြင်းမှ ရပ်တန့်သည့်အခါ Data Pack အတွက် ပေးချေရန် အသုံးပြုထားသော Mobile Balance ကို မည်သည့်အခြေအနေ မည်သည့်အကြောင်းအရာကြောင့်မှပြန်အမ်းပေးမည်မဟုတ်ပါ။
22. ပက်ကေ့ချ်အားစာရင်းပေးသွင်းနေစဉ် ကျွန်ုပ်၏ကိုယ်ရေးအချက်အလက်များအား ပြင်ဆင်လိုပါက မည်ကဲ့သို့ ပြုလုပ်ရမည်နည်း?
ပက်ကေ့ချ်အားစာရင်းပေးသွင်းနေစဉ် သင့်၏ကိုယ်ရေးအချက်အလက်များ(နာမည်/မှတ်ပုံတင်အမှတ်/မွေးနေ့)အား ပြင်ဆင်လိုပါက MPT4U အက်ပလီကေးရှင်းထဲရှိ “My Profile” စာမျက်နှာတွင်သွားရောက်ပြင်ဆင်နိုင်ပါသည်။ပြင်ဆင်ရန်အတွက် My Profile လင့်အားနှိပ်ပါ။
23. ဘယ်အချိန်တွင် နောက်ထပ် ဒေတာအာမခံဒေတာပက်အသစ်အား စာရင်းပေးသွင်းနိုင်မည်နည်း?
သင့်အနေဖြင့် လက်ရှိအသုံးပြုနေသော ဒေတာအာမခံဒေတာပက် အားအသုံးပြုမှုရပ်တန့်ပြီးမှသာလျှင် နောက်ထပ်ဒေတာအာမခံဒေတာပက်အသစ်အား စာရင်းပေးသွင်းနိုင်မည်ဖြစ်ပါသည်။
24. ဒေတာအာမခံ၀န်ဆောင်မှု၏အသေးစိတ်အချက်အလက်များ နှင့် စည်းကမ်းချက်များ အား မည်သည့်နေရာတွင်ကြည့်ရှုနိုင်သနည်း?
ဒေတာအာမခံ၀န်ဆောင်မှု၏အသေးစိတ်အချက်အလက်များ နှင့် စည်းကမ်းချက်များ အား ဒေတာအာမခံ၀န်ဆောင်မှုစာမျက်နှာတွင်ကြည့်ရှုနိုင်ပါသည်။ကြည့်ရှုရန်အတွက် ဤလင့် အားနှိပ်ပါ။
25. ဤ၀န်ဆောင်မှု မှ အပိုဆောင်းကျန်းမာရေးအာမခံဆိုသည်မှာအဘယ်နည်း?
ဤဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့်အခါ သင့်အနေဖြင့် KBZ MS ကပေးအပ်သည့် “အသေးစား ကျန်းမာရေးအာမခံပေါ်လစီ” စည်းကမ်းချက် အောက်တွင် အခမဲ့ အကာအကွယ်ရရှိရန် အခွင့်အရေးရှိမည်ကိုဆိုလိုခြင်းဖြစ်ပါသည်။အခမဲ့ကျန်းမာရေးအာမခံနှင့်စပ်လျှဥ်း၍ အသေးစိပ်သိရှိလိုသည်များအတွက် ဤလင့် တွင်သွားရောက်ဖတ်ရှူပါ
26. KBZ MS ၏ “အသေးစား ကျန်းမာရေးအာမခံပေါ်လစီ” စည်းကမ်းချက်အားမည်သည့်နေရာတွင် ကြည့်ရှုနိုင်မည်နည်း ?
KBZ MS ၏ “အသေးစား ကျန်းမာရေးအာမခံပေါ်လစီ” စည်းကမ်းချက်အား အားနှိပ်၍သွားရောက်ကြည့်ရှုနိုင်ပါသည်။
27. အာမခံနှင့်ပတ်သက်သော သိလိုသည့် အကြောင်းအရာများအား မည်သို့ စုံစမ်းမေးမြန်းနိုင်မည်နည်း?
KBZ MS ၏ 24/7 call center သို့ MPT 106 ဖုန်းလိုင်းမှတဆင့် သို့မဟုတ် 01-230700 ဖြင့်တိုက်ရိုက် ဖုန်းခေါ်ဆို၍ဆက်သွယ်ပြီး ကျန်းမာရေးအာမခံနှင့်ပတ်သက်သော သိရှိလိုသည့်အကြောင်းအရာများအား စုံစမ်းမေးမြန်းနိုင်ပါသည်။
28. ကျန်းမာရေးအာမခံ ခံစားခွင့် ရနိုင်ခြင်း မရနိုင်ခြင်းအား ကျွန်ုပ်အနေဖြင့် မည်သို့ အတည်ပြုသိရှိနိုင်မည်နည်း?
KBZ MS ၏ “အသေးစား ကျန်းမာရေးအာမခံပေါ်လစီ” စည်းကမ်းချက်အား လေ့လာဖတ်ရှု၍ သော်လည်းကောင်း သို့မဟုတ် 01-2307000, KBZ MS 24/7 call center သို့ ဖုန်းခေါ်ဆိုမေးမြန်းစုံစမ်း၍သော်လည်းကောင်း သင့်အနေဖြင့် ကျန်းမာရေးအာမခံ ခံစားခွင့် ရနိုင်ခြင်း မရနိုင်ခြင်းအား သိရှိနိုင်ပါသည်။