အမေးများသောမေးခွန်းများ
Data Carry Plus
၁။ Regular Data Carry Plus Package ဆိုတာ ဘာလဲ?
Regular Data Carry Plus Package ဆိုတာကတော့ မည်သည့်ပက်ကေချ့်ကိုမဆို ရက် (၃၀) သက်တမ်းဖြင့်အသုံးပြုနိုင်ပြီး ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်တဲ့ 1000GB အထိ အပိုလက်ဆောင်ဒေတာများလည်း ရယူနိုင်မယ့် ပက်ကေချ့်တွေဖြစ်ပါတယ်။ ဝယ်ယူတိုင်းမှာ ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို ပေါင်းစည်းသယ်ဆောင်ခွင့် လည်းရှိပါတယ်။
Sr.No | လက်ရှိနှုန်းထား (ကုန်သွယ်ခွန်ပါပြီး) |
လက်ရှိ ဒေတာပမာဏ | ပြောင်းလဲမည့်နှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | ပြောင်းလဲမည့် ဒေတာပမာဏ | All Data Volume Validity | Lucky Data/Cash Back Offer | Subscription Method | လက်ကျန်ငွေစစ်ဆေးရန် | ||
---|---|---|---|---|---|---|---|---|---|---|
Direct USSD | SMS | Common USSD | ||||||||
1 | 799Ks | 350MB | 799Ks | 215MB | (30) Days | - အခြားရက်တွေမှာ ဝယ်ယူပါက 1000 GB အထိ Lucky Data (၇ ရက်)
- သောကြာနေ့တွင် ၉၉၇ ကျပ် နဲ့အထက် ပက်ကေ့ချ် ဝယ်ယူပါက Friday 555 Ks Cash Back - ပြန်အမ်းငွေသက်တမ်းမှာ (၅) ရက်ဖြစ်ပြီး Data၊ MPT အချင်းချင်းဖုန်းပြောမိနစ်/SMS |
*777*2# | Send DC10 to 1332 | *777# | *224# |
2 | 999Ks | 470MB | 999Ks | 303 MB | *777*3# | Send DC2 to 1332 | ||||
3 | 1299Ks | 615MB | 1,649Ks | 500MB | *777*4# | Send DC3 to 1332 | ||||
4 | 2699Ks | 1290MB | 3,379Ks | 1024MB | *777*6# | Send DC5 to 1332 | ||||
5 | 4499Ks | 2160MB | 6,759Ks | 2048MB | *777*7# | Send DC6 to 1332 | ||||
6 | 8999Ks | 4330MB | 16,899Ks | 5120MB | *777*8# | Send DC7 to 1332 | ||||
7 | 26999Ks | 13030MB | 33,799Ks | 10240MB | *777*0# | Send DC9 to 1332 |
ရပ်ဆိုင်းမည့် ပက်ကေ့ချ်များ
ရပ်ဆိုင်းမည့် ပက်ကေ့ချ်များကို ပုံမှန်ဝယ်နေကျ Direct USSD codes (သို့) 1332 သို့ စာတိုပေးပို့ခြင်း မှတဆင့် ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်အား ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ပါသည်။
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။
၃။ Regular Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၄။ Regular Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
ဟုတ်ကဲ့ ရပါတယ်။ Regular Data Carry Plus ပက်ကေ့ချ်များကို မည်သည့် channel မှ မဆို ဝယ်ယူခြင်းအတွက် MPT4U တွင် အပိုလက်ဆောင်ဒေတာများ ထပ်မံကံစမ်းရရှိနိုင်သော ထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိမည်ဖြစ်သည်။ Plus One Hti Pauk ပရိုမိုးရှင်းကာလအတွင်းမှာ MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိမည်ဖြစ်သည်။
၅။ သောကြာနေ့တွင် Regular Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?
သောကြာနေ့မှာ ၉၉၇ကျပ်နဲ့အထက် Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပါက up to 1000GB lucky data အစား အလန်းစား Friday Cash Back 555ကျပ် ကို ရရှိမှာဖြစ်ပါတယ်။
၆။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?
ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။
၇။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်း ကို စစ်ဆေးနိုင်ပါတယ်။
၈။ Regular Data Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၉။ Regular Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
Package တစ်ခု၏ သက်တမ်းက (၃၀) ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇) ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာ ပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇) ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၀။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?
ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို လည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၁။ 699Ks @250 MB Pack ဝယ်လို့မရဘဲ 799Ks@215MB ကိုဝယ်ယူသွားပါတယ်။ ဘာကြောင့်လဲ
ဟုတ်ပါတယ်။ ၆၉၉ကျပ် နှင့် အခြား Data Carry Plus ပက်ကေ့ချ်တို့အားရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ဝယ်ယူနေကျအတိုင်း Direct USSD codes (သို့) SMS channel မှတဆင့် ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်အား ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ပါသည်။
၁၂။ Regular Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
ရပါတယ်။ Data Carry Plus များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင် ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင် ပေးနိုင် ပါတယ်။
အလိုအလျောက် သက်တမ်းတိုး Data Carry Plus Package
၁။ Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ?
Auto Renewal Data Carry Plus ပက်ကေ့ခ်ျဆိုတာ 1000 GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးရယူနိုင်မည့်အပြင် သုံးရန်ကျန်ရှိနေသည့် လက်ကျန်ဒေတာများကို သယ်ဆောင်သွားနိုင်မည့် Carry Over Function ပါဝင်တဲ့ ရက်(၃၀)သုံးပက်ကေ့ချ်များဖြစ်ပါတယ်။ ပက်ကေ့ချ်ဝယ်ယူရာတွင် အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် Auto Renewal Data Carry Plus ပက်ကေ့ခ်ျ ကို အဆိုပြုဝယ်ယူထားသည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက် ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
အသစ်ပြင်ဆင်ပြောင်းလဲမည့် ဒေတာ(MB) နှင့် ပက်ကေ့ချ်ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Sr.No | လက်ရှိနှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | လက်ရှိ ဒေတာပမာဏ | ပြောင်းလဲမည့်နှုန်းထား (ကုန်သွယ်ခွန်ပါပြီး) | ပြောင်းလဲမည့် ဒေတာပမာဏ | Main Data သက်တမ်း | Lucky Data/ Cash Back Offer | Subscription Method | UN_Subscription Direct USSD | Subscription on Channel | Remarks | |||
---|---|---|---|---|---|---|---|---|---|---|---|---|---|
(MB) | (MB) | Direct USSD | SMS | Common USSD | |||||||||
1 | 979Ks | 470 | 997Ks | 303 | (30) Days | အခြားရက်တွေမှာ ဝယ်ယူပါက 1000GB အထိ Lucky Data (၇ ရက်)
သောကြာနေ့တွင် ၉၉၇ ကျပ် နဲ့အထက်ပက်ကေ့ချ် ဝယ်ယူပါက Friday 555Ks Cash Back ပြန်အမ်းငွေသက်တမ်းမှာ (၅) ရက်ဖြစ်ပြီး Data၊ MPT အချင်းချင်းဖုန်းပြောမိနစ်/SMS တို့အတွက် သုံးသလောက်ပေးနှုန်းထားဖြင့်အသုံးပြုနိုင်ပါသည်။ |
*777*3*3# | AR DC1 | *777# or *106# | *777*3*4# | DMS (*501#) (or) Alternative Channel (or) Chatbot (or) MPT4U App (or) MPT Pay (or) CRM Portal (or) DMS App |
Auto-renew when data balance reaches less than 50MB (or) 30 days pack validity expiry |
|
2 | 1279Ks | 615 | 1,647Ks | 500 | *777*4*3# | AR DC2 | *777*4*4# | ||||||
3 | 2,669Ks | 1290 | 3,377Ks | 1024 | *777*6*3# | AR DC4 | *777*6*4# | ||||||
4 | 4,469Ks | 2160 | 6,747Ks | 2048 | *777*7*3# | AR DC5 | *777*7*4# | ||||||
5 | 8,959Ks | 4330 | 16,867Ks | 5120 | *777*8*3# | AR DC6 | *777*8*4# |
ရပ်ဆိုင်းမည့် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်
ရပ်ဆိုင်းမည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်၏ ပုံမှန်ဝယ်နေကျ Direct USSD codes (သို့) SMS channel မှတဆင့် ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်အား ပြောင်းရွှေ့ဝယ်ယူပေးမည်ဖြစ်ပါသည်။
ရပ်ဆိုင်းမည့် အလိုအလျောက်သက်တမ်းတိုး Data Carry Plus 860 MB သုံးစွဲသူများအတွက်အထူးခံစားခွင့်များ
အလိုအလျောက်သက်တမ်းတိုး Data Carry Plus 1779 Ks = 860MB ပက်ကေ့ချ်ကိုသုံးစွဲပြီး လက်ကျန်ဒေတာ ကျန်ရှိနေသော သုံးစွဲသူများအား အလိုအလျောက်သက်တမ်းတိုး Data Carry Plus 1647Ks =500MB ပက်ကေ့ချ်ကို အခမဲ့(တစ်ကြိမ်) ထည့်သွင်း ပေးပါမည်။
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အင်တာနက်ဒေတာအတွက် အခွန် ၁၅%ပါဝင်ပြီးဖြစ်ပါတယ်။
၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?
MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။
၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။
၅။ Auto renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး Lucky Data ပါဝင်ကံစမ်း နိုင်ပါသလား?
ဟုတ်ကဲ့ ရပါတယ်။ မည်သည့် Auto renewal Data Carry Plus ပက်ကေ့ချ်များကိုမဆို ဝယ်ယူပြီး Lucky Data 1000GB အထိ အပိုလက်ဆောင်ဒေတာကို ကံစမ်းရရှိနိုင်ပါတယ်။
၆။ သောကြာနေ့တွင် Auto Renewal Data Carry Plus Pack ဝယ်ယူပါက ဘယ်လိုခံစားခွင့်တွေရှိမှာပါလဲ?
သောကြာနေ့မှာ ၉၇၉ ကျပ်နဲ့အထက် Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပါက up to 1000 GB lucky data အစား အလန်းစား Friday Cash Back 555 ကျပ် ကို ရရှိမှာဖြစ်ပါတယ်။
၇။ ကံထူးထားတဲ့ဒေတာကို ဘာတွေသုံးလို့ရမှာလဲ?
ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။
၈။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာ၊ ကံထူးထားသောဒေတာလက်ကျန်ပမာဏနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါတယ်။
၉။ အလိုအလျောက်သက်တမ်းတိုးData Carry Plus Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့်သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် ဒေတာပမာဏ 50 MB အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
Regular Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal Data Carry Plus ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal Data Carry Plus ပက်ကေ့ချ် ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၀။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၆၄၇ကျပ်တန် Regular Data Carry ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ Auto renewal Data Carry Plus ပက်ကေ့ချ်ဝယ်ယူပြီး Regular Data Carry Plus ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောဒေတာပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၁။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၉၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ဒေတာပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ကျန် ဒေတာပမာဏ 50MB အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
၁၂။ ၉၉၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၆၄၇ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
မရပါ။ ဒေတာပမာဏချင်းမတူသော Auto renewal packs များ အကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဒေတာပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။
၁၃။ အလိုအလျောက်သက်တမ်းတိုး Data Carry Plus Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
Package တစ်ခု၏ သက်တမ်းက (၃၀)ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ (၇)ရက် ဖြစ်ပါတယ်။ ဒေတာသယ်ယူနိုင်သောကာလအတွင်း Pack အသစ်ဝယ်ယူပါက ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာကို (၇)ရက် အသုံးပြုနိုင်မှာဖြစ်ပြီး သက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၄။ လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် Data 50MB ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
၁၅။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?
ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်)အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာပါ။
၁၆။ Auto Renewal Data Carry Plus ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို ကြိုက်နှစ်သက်ရာ channels များမှ ဝယ်ယူခြင်းအတွက်ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပါတယ်။
- အလိုအလျောက်သက်တမ်းတိုး Data Carry ပက်ကေ့ချ်များကို မည်သည့် channel မှမဆို ဝယ်ယူပါက ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပြီး “ပက်ကေ့ချ်ထိပေါက်” ဂိမ်းသွားရောက်ကစားကာ 200GB အထိ ကံစမ်းရယူနိုင်ပါသည်။
- Plus One Hti Pauk ပရိုမိုးရှင်းကာလအတွင်းမှာ MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ်ရရှိမှာဖြစ်ပြီး (သို့) အလိုအလျောက်သက်တမ်းတိုးသည့် အချိန်တိုင်း ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိနိုင်ပြီး 200 GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
၁၇။ Auto Renewal Data Carry Plus ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
၁၈။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်ပါမည်။
၁၉။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး ဒေတာသယ်ဆောင်နေသောကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
၂၀။လက်ကျန် Data 50MBအောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် data ကျန်ရှိနေလျှင် ကျန်ရှိနေသော data ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
၂၁။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?
အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။
AR Packs | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် Common USSD code | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် Direct USSD code | ဝန်ဆောင်မှုကို ပယ်ဖျက်ရန် |
997Ks@ 303MB | *7171# | *777*3*4# | MPT4U App |
1,647Ks@ 500MB | *777*4*4# | ||
3,377Ks@ 1024MB | *777*6*4# | ||
6,747Ks@ 2048MB | *777*7*4# | ||
16,867Ks@5120MB | *777*8*4# |
MPT4U App မှ တစ်ဆင့် ပယ်ဖျက်ခြင်း
၂၂။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?
လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် “Auto Renew xxx ကျပ်” ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
ပုံမှန်ထောဘီ ၅ ဆ
1. Htaw B ဆိုတာဘာပါလဲ?
Htaw B သည် MPT က အသစ်ပြင်ဆင်မိတ်ဆက်ပေးလိုက်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ MPT သုံးစွဲသူများသည် လက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်) ကို ထောဘီဖုန်းဘေလ်(ပုံမှန်ဖုန်းဘေလ်၏ ငါးဆ)အဖြစ် ပြောင်းလဲရုံသာမက Htaw B ဖုန်းဘေလ်ကို သတ်မှတ်နှုန်းထားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
အောက်ဖော်ပြပါ လက်ကျန်ငွေ ပမာဏများကို Htaw B ဖုန်းဘေလ်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
အသေးစိတ် | Htaw B ဖုန်းဘေလ်
အသုံးပြုနိုင်သည့်ကာလ
|
---|---|
လက်ကျန်ငွေ ၁၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
လက်ကျန်ငွေ ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
လက်ကျန်ငွေ ၅၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ရက် |
2. Htaw B ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ?
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ်အသုံးပြုသူများအားလုံး ထောဘီဖုန်းဘေလ်များ ကို အသုံးပြုနိုင်ပါမည်။
3.Htaw B ဖုန်းဘေလ်ကို ဘယ်လိုရယူ အသုံးပြုနိုင်မှာပါလဲ?
- ထောဘီဖုန်းဘေလ်ရယူအသုံးပြုနိုင်သည့်နည်းလမ်းများစွာရှိပါသည်။ USSD(သို့) SMS(သို့) MPT4U App တို့အနက် ကြိုက်နှစ်သက်ရာနည်းလမ်းကိုသုံးပြီးရယူအသုံးပြုနိုင်ပါသည်။
- USSD ဖြင့် – *500#ကိုခေါ်ဆိုပြီး မိမိလဲလှယ်လိုသည့် ပမာဏကိုရွေးချယ်ကာ Htaw B ဖုန်းဘေလ် (ပုံမှန်ဖုန်းဘေလ်၏ ၅ဆ)အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
- ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၁၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5001# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၂၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5002# ကိုခေါ်ဆိုပါ။ ပုံမှန်ဖုန်းဘေလ်(လက်ကျန်ငွေ) ၅၀၀၀ကျပ်ကို Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်အဖြစ်ပြောင်းလဲရန် *5005# ကိုခေါ်ဆိုပါ။
SMS ပေးပို့၍လည်း လဲလှယ်ရယူနိုင်ပါသည်။ (အထက်ပါဇယားတွင်ကြည့်ရှုပါ။)
MPT4U Application တွင်လည်း ပက်ကေ့ချ်ဝယ်ယူခြင်းနေရာသို့ဝင်ရောက်ကာ Htaw B ဖုန်းဘေလ်များလဲလှယ် ရယူနိုင်ပါသည်။
4. Htaw B ဖုန်းဘေလ်ကို ဘယ်လောက်ကြာကြာအသုံးပြုနိုင်မှာပါလဲ။
- Htaw B ဖုန်းဘေလ် ၅၀၀၀ကျပ်ကို (၁၅)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် ၁၀၀၀၀ကျပ်ကို (၃၀)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် ၂၅၀၀၀ကျပ်ကို (၆၀)ရက် အသုံးပြုနိုင်သည်။
- Htaw B ဖုန်းဘေလ် သက်တမ်းမကုန်မီ နောက်ထပ်ထောဘီဖုန်းဘေလ်အသစ်လဲလှယ်ရယူခြင်းဖြင့် သက်တမ်းကုန်ခါနီး ထောဘီများကို သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ထောဘီကို စဉ်ဆက်မပြတ်အသုံးပြုပါ။
5. Htaw B ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် SMS ပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက်တို့အတွက် သုံးနိုင်ပါသည်။
6. Htaw B ဖုန်းဘေလ်ကို အသုံးပြုပါက ဘယ်လိုနှုန်းထားနဲ့ ကျသင့်စေမှာပါလဲ။
- ထောဘီဖုန်းဘေလ်အတွက် သုံးသလောက်ပေးအင်တာနက် – 1MB=၁၈ကျပ်နှုန်း (အင်တာနက်အသုံးပြုမှုကို 200KB နှုန်းဖြင့်ကောက်ခံပါမည်)
- ထောဘီဖုန်းဘေလ်အတွက် MPT-MPT ဖုန်းခေါ်ဆိုခ – ၁မိနစ်=၆၉ကျပ်နှုန်း(ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- ထောဘီဖုန်းဘေလ်အတွက် MPT-MPT SMS ပို့ခ – ၁စောင်=၂၀ကျပ်နှုန်း
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
7) Htaw B ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့်် တကယ်လဲလိုက်ချိန်မှာတော့ Main Balance ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
- Main Balance သည် Htaw B ဖုန်းဘေလ်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ *224# ကိုခေါ်ဆိုပြီး
- Main Balance ကို စစ်ဆေးကြည့်နိုင်ပါသည်။ MPT-MPT ဖုန်းခေါ်ခြင်းနှင့် SMSပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက် သုံးခြင်းတို့ပြုလုပ်ပါက Htaw B ဖုန်းဘေလ်အတွင်းမှ ဦးစွာဖြတ်တောက်ပါမည်။
8) Htaw B ဖုန်းဘေလ်ရှိနေချိန်တွင် အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုပါက(သို့) အခြားအော်ပရေတာ နံပါတ်များသို့SMS ပို့ပါက(သို့) ပက်ကေ့ချ်များနှင့် VAS ဝန်ဆောင်မှုများဝယ်ယူအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
သုံးစွဲသူ အသုံးပြုနေသော အစီအစဉ် (ဆွေသဟာ) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်ပြီး Main Balance အတွင်းမှ ဖြတ်တောက်မည် ဖြစ်ပါသည်။
9) Htaw B ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
- သုံးစွဲသူအသုံးပြုနေသော အစီအစဉ် (ဆွေသဟာ) နှုန်းထားအတိုင်း ကျသင့်စေမည် ဖြစ်ပါသည်။ လက်ကျန်ငွေအတွင်းမှ(သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ဖြတ်တောက်မည်ဖြစ်ပါသည်။
- Htaw B ဖုန်းဘေလ်များကို စဉ်ဆက်မပြတ် လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက်အသုံးပြုပါ။
10) Htaw B ဖုန်းဘေလ်က ဘယ်လောက်အထိ သုံးနိုင်တာပါလဲ။ (Htaw B ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ SMS ပို့နိုင်ပါသလဲ။ အင်တာနက်သုံးနိုင်ပါသလဲ။)
- Htaw B ဖုန်းဘေလ်၅၀၀၀ကျပ်သည်
- MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက ၇၂ မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။(သို့မဟုတ်)
- အင်တာနက်တစ်မျိုးတည်းအသုံးပြုပါက 277 MB အသုံးပြုနိုင်သည်။(သို့မဟုတ်)
- MPT ဖုန်းများသို့SMSပို့ရန်တစ်မျိုးတည်းအသုံးပြုပါက SMS ၂၅၀စောင် ပေးပို့နိုင်ပါသည်။
Htaw B ဖုန်းဘေလ်(ပိုက်ဆံ)ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် လူကြီးမင်းစိတ်တိုင်းကျ အသုံးပြုနိုင်သည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၅ မိနစ် + ဒေတာ 176 MB + စာတို ၅ စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။
11) Data Carry Plus Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ အင်တာနက်သုံးတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။
- အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။
o Htaw B ဖုန်းဘေလ်
o Data Carry Plus
12) အကြိုက်ပြော +Voice Pack/ Daily Voice Pack/ 3Days Voice Pack နဲ့ Htaw B ဖုန်းဘေလ်တွေ ရှိနေပါတယ်။ ဖုန်းပြောတဲ့အခါ ဘယ်ကအရင်ဖြတ်တောက်မှာပါလဲ။
- အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြတ်တောက်မည်သွားမည်ဖြစ်ပါသည်။
o Daily Voice Pack
o 3 Days Voice Pack
o Htaw B ဖုန်းဘေလ်
o အကြိုက်ပြော+ Voice Pack
13) ထောဘီပက်ကေ့ချ်ဝယ်ရင် ထောဘီထိပေါက် (ထိတိုင်းထော) ကံစမ်းခွင့်ရမှာပါလား။
ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထောဘီထိပေါက် (ထိတိုင်းထော) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး 200GB Data Bonus အထိ ကံစမ်းရယူနိုင်မည်ဖြစ်ပါသည်။
MPT4U app မှ ဝယ်ယူပါက ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိမှာဖြစ်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
14) Htaw B ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲလို့ရနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။
ပရိုမိုးရှင်းကာလအတွင်း အကြိမ်အရေအတွက်အကန့်အသတ်မရှိပြောင်းလဲနိုင်ပါသည်။
15) Htaw B ဖုန်းဘေလ်ကိုသုံးပြီး data packs/ voice packs တွေဝယ်ယူနိုင်မှာပါလား။
Htaw B ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီဖုန်းဘေလ်သည် အလွန်သက်သာသောနှုန်းထား ဖြင့်ကျသင့်စေသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ Htaw B ဖုန်းဘေလ်ဖြင့် မည်သည့်ဝန်ဆောင်မှုကို မည်သည့်ပမာဏသာ အသုံးပြုနိုင်သည်ဟု ပုံသေသတ်မှတ်ထားခြင်းလုံးဝမရှိပါ။ သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
16) Htaw B ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
Htaw B ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
17) Htaw B ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
*106*4# (သို့) *500# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။
အလိုအလျောက် သက်တမ်းတိုး ထောဘီ ၅ ဆ
1) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၅ ဆ ဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၅ ဆ ပွားကာ ထောဘီ ၅ ဆဖုန်းဘေလ်အဖြစ်ပြောင်းလဲ၍ MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက်သတ်မှတ် ထောဘီ ၅ဆ နှုန်းထားများဖြင့် စိတ်တိုင်းကျအသုံးပြုနိုင်ပြီး ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 500Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:45 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်း ထိပေါက် Lucky Draw မှ ဆုလက်ဆောင်များ ကံစမ်းရယူနိုင်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါသည်။
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၅ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | Htaw B ဖုန်းဘေလ်
ထောဘီ ၅ ဆ ဖုန်းဘေလ် သက်တမ်း
|
---|---|
ပုံမှန်ဖုန်းဘေလ် ၉၈၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၅၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၁၉၆၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၁၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၄၉၀၀ ကျပ်ကို ထောဘီ ၅ဆ ဖုန်းဘေလ် ၂၅၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၆၀ရက် |
2) ထောဘီ ၅ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ် အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3) ထောဘီ ၅ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်ကို အောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူ အသုံးပြုနိုင်ပါသည်။
4) အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတစ်ဆင့် ဝယ်ယူလို့ရပါသလား။
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင် ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်” page မှတစ်ဆင့် ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတစ်ဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန် လိုအပ်ပါသည်။
5) အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၅ ဆ ဖုန်းဘေလ်ကို MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၅ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။
6) အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 18Ks/MB
- MPT ဖုန်းများသို့ခေါ်ဆိုခြင်း – 69Ks/min
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – 20Ks/SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
7) ထောဘီ ၅ ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေ ဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၅ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူ အသုံးပြုခြင်း ဖြစ်ပါသည်။ MPTဖုန်းများသို့ခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် အသုံးပြုပါကထောဘီ ၅ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။
8) ထောဘီ ၅ ဆ ဖုန်းဘေလ်ဝယ်ယူထားပြီး အခြားအော်ပရေတာနံပါတ်များသို့ခေါ်ဆိုခြင်း (သို့) အခြားအော်ပရေတာ နံပါတ်များသို့စာတိုပေးပို့ခြင်း (သို့) ပက်ကေ့ချ်နှင့် VAS ဝန်ဆောင်မှုများဝယ်ယူခြင်းတို့ပြုလုပ်လျှင် ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ] အတိုင်း ကျသင့်စေမည်ဖြစ်ပါသည်။
9) ထောဘီ ၅ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ] (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၅ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
10) ထောဘီ ဖုန်းဘေလ် (၅ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၂ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက်ထောဘီ၁၀ဆမှကျသင့်မည်ဖြစ်ပါသည်။
11) ထောဘီ ၅ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ် ၅၀၀၀ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 277 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့ဖုန်းခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 72 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- MPT ဖုန်းများသို့စာတိုပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 250 စောင် အထိ ပေးပို့နိုင်ပါသည်။
ထောဘီ ၅ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၅၀၀၀ကျပ်ဖြင့် MPT-MPTဖုန်းခေါ်ရန် ၂၅ မိနစ် + ဒေတာ 176 MB + စာတို ၅ စောင် အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။
12) အလိုအလျောက်သက်တမ်းတိုး Auto renewal 5X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
- အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
- Regular ထောဘီ ၅ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 5X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 5X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 5X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
13) 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ပုံမှန်ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး ပုံမှန်ထောဘီ ၅ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
14) 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 500Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
15) 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 1960 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော Auto renewal packs များအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်) လုပ်ပေးရန်လိုအပ်ပါသည်။ ဥပမာ- 1960 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 980 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။
16) လက်ကျန် balance 500Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် balance 500Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
17) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
18) ဘယ်အချိန်မှာ Auto Renew (အလိုအလျောက်သက်တမ်းတိုး) Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
19) လက်ကျန် balance 500Ks အောက် မရောက်ရှိခင် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်) လိုက်ပါက လက်ကျန် 5X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal (အလိုအလျောက်သက်တမ်းတိုး) function ကို အသုံးမပြုနိုင်တော့ပါ။
21) ထောဘီ ၅ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၅ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
22) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၅ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။
• ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး Htaw B 5X ပက်ကေ့ချ်များကို မည်သည့် Channels မှမဆို ဝယ်ယူခြင်းအတွက်ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ်စီ ရရှိမှာဖြစ်ပြီး 200GB အထိ ဒေတာ ဆုလက်ဆောင် ကံစမ်းရယူနိုင်ပါသည်။
• MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ်ရရှိမှာဖြစ်ပြီး (သို့) အလိုအလျောက်သက်တမ်းတိုးသည့် အချိန်တိုင်း ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိနိုင်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
23) ၅ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
24) အလိုအလျောက် သက်တမ်းတိုးထောဘီ ၅ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။
25) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Htaw B 5X နှင့် Data Carry ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?
အလိုအလျောက် သက်တမ်းတိုး Htaw B 5X နှင့် Data Carry ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၅၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၉ ကျပ် တန်အလိုအလျောက် Data Carry ပက်ကေ့ချ် (သို့မဟုတ်) ၉၈၀ကျပ် တန် အလိုအလျောက်သက်တမ်းတိုးထောဘီ ၅ဆပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။
ထောဘီ ၁၀ ဆ
1) All in one ထောဘီ ၁၀ ဆ ဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၁၀ဆ ဖုန်းဘေလ်သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၉၀ ရက် |
2) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
ထောဘီ ၁၀ဆ ဖုန်းဘေလ် | ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း |
ရယူနိုင်သည့်နည်းလမ်းများ | လက်ကျန်စစ်ဆေးရန် | |||
---|---|---|---|---|---|---|
SMS | Direct USSD | Common USSD | အခြား | |||
ပုံမှန်ဖုန်းဘေလ် ၃၀၀၀ ကျပ် = ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ် | ၁၅ ရက် | Send 30,000 to 1332 | *5010*1*1# | *5010# |
USSD Menu (*106#), MPT4U App, MPT Pay App, Web SC, DMS, CRM, SDP channels |
*224# |
ပုံမှန်ဖုန်းဘေလ် ၅၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ် | ၃၀ ရက် | Send 50,000 to 1332 | *5010*2*1# | |||
ပုံမှန်ဖုန်းဘေလ် ၁၀၀၀၀ ကျပ်= ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ် | ၉၀ ရက် | Send 100,000 to 1332 | *5010*3*1# |
4) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။
5) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 35 Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 210 Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 90 Ks/SMS
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
6) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ]အတိုင်း ကျသင့်စေမည်ဖြစ်သည်။
7) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား [ဆွေသဟာ] အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
8) ထောဘီ ဖုန်းဘေလ် (၅ဆ) နှင့် ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၃ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၁၀ဆမှကျသင့်မှာဖြစ်ပါသည်။
9) ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 857 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 142 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 333 စောင် အထိ ပေးပို့နိုင်ပါသည်။
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း ကို အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 736 MB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် ၁၅ မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် ၁၂ စောင် + အကန့်သတ်မရှိ MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
10) ထောဘီ (၅ဆ) pack ဝယ်ယူရင် ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပါတယ်။ ထောဘီ ၁၀ဆ pack ဝယ်ယူပါကလည်း ကံစမ်းခွင့်ရရှိမှာပါလား။
ဟုတ်ကဲ့။ ကြိုက်နှစ်သက်ရာ Regular ထောဘီပက်ကေ့ချ်ကို မည်သည့်နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး 200GB ထိ ဒေတာ ဆုလက်ဆောင် ကံထူးနိုင်မည်ဖြစ်ပါသည်။
MPT4U app မှ ဝယ်ယူပါက ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိမှာဖြစ်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
11) ထောဘီ ၁၀ဆ ဖုန်းဘေလ် ဘယ်နှကြိမ်ပြောင်းလဲရယူနိုင်ပါသလဲ။ အကြိမ်ကြိမ်ပြောင်းလဲနိုင်မှာပါလား။
အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ထောဘီ ၁၀ဆဖုန်းဘေလ်များပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
12) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
13) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
14) ထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးချိန်တွင် လက်ကျန် ထောဘီ balance များကို သယ်ဆောင်လို့မရပါ။
15) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
ဟုတ်ကဲ့။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *5010# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်၍ လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါသည်။
အလိုအလျောက် သက်တမ်းတိုး ထောဘီ ၁၀ ဆ
1) အလိုအလျောက် သက်တမ်းတိုး All in one ထောဘီ ၁၀ ဆဆိုတာဘာပါလဲ။
ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၁၀ ဆ ပွားကာ ထောဘီ ၁၀ ဆဖုန်းဘေလ်အဖြစ် ပြောင်းလဲ၍ ဒေတာသုံးစွဲခြင်း၊ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းကိုအထူးနှုန်းထားဖြင့်စိတ်တိုင်းကျအသုံးပြုနိုင်သလို MPT အချင်းချင်းအကန့်အသတ်မရှိအခမဲ့ စာတိုပေးပို့ခြင်းကိုလည်း ပက်ကေ့ချ်၏သက်တမ်းအတွင်းအသုံးပြုနိုင်မှာဖြစ်ပါသည်။ အလိုအလျောက်ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ထောဘီ balance 1000Ks အောက်ရောက်ရှိသွားချိန် (or) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါအတိုင်း ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
အသေးစိတ် | ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း |
---|---|
ပုံမှန်ဖုန်းဘေလ် ၂၉၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၁၅ ရက် |
ပုံမှန်ဖုန်းဘေလ် ၄၈၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၅၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၃၀ ရက် |
ပုံမှန်ဖုန်းဘေလ် ၉၆၀၀ ကျပ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ် ၁၀၀၀၀၀ ကျပ်နှင့်လဲလှယ်နိုင်သည်။ | ၉၀ ရက် |
2) ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကို ဘယ်သူတွေ ရယူအသုံးပြုနိုင်ပါသလဲ။
MPT ဖုန်းများ၏ Prepaid စနစ် (ဆွေသဟာ) အစီအစဉ်အသုံးပြုသူများအားလုံး အသုံးပြုနိုင်ပါမည်။
3) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ ဆ ဖုန်းဘေလ်ကိုအောက်ပါနည်းလမ်းများဖြင့် လဲလှယ်ရယူအသုံးပြုနိုင်ပါသည်။
Pack Names | Autorenewal ထောဘီ ၁၀ဆ ဖုန်းဘေလ် | ထောဘီ ၁၀ဆ ဖုန်းဘေလ် သက်တမ်း |
ရယူနိုင်သည့်နည်းလမ်းများ | ပယ်ဖျက်နိုင်သည့်နည်းလမ်းများ | ||||
---|---|---|---|---|---|---|---|---|
Direct USSD | SMS to 1331 | Common USSD | Other Channels | Direct USSD | Common USSD | |||
Auto Renew 10X Htaw B | 2,900Ks Main Balance = 30,000Ks 10X Htaw B Balance | 15Days | *5010*1*3# | AR 10XHB1 | 106# (or) *5010# | DMS (*501#) (or) Alternative Channel (or) Chatbot (or) MPT4U App (or) MPT Pay (or) CRM Portal (or) DMS App |
*5010*1*4# | *5151# |
4,800Ks Main Balance = 50,000Ks 10X Htaw B Balance | 30Days | *5010*2*3# | *5010*2*4# | |||||
9,600Ks Main Balance = 100,000Ks 10X Htaw B Balance | 90Days | *5010*3*3# | *5010*3*4# |
4) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် သတ်မှတ် ထောဘီ ၁၀ဆ နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။ အကန့်သတ်မရှိ MPT အချင်းချင်း စာတိုပေးပို့ခြင်းကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါသည်။
5) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အသုံးပြုပါကဘယ်လိုနှုန်းထားနဲ့ကျသင့်စေမှာပါလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အောက်ပါနှုန်းထားများဖြင့် ကျသင့်ကောက်ခံသွားမည်ဖြစ်ပါသည်။
- ဒေတာ – 35 Ks/MB (အင်တာနက်အသုံးပြုမှုကို 1MB နှုန်းဖြင့်ကောက်ခံပါမည်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုခြင်း- 210 Ks/min (ဖုန်းခေါ်ဆိုမှုကို ၃၀ စက္ကန့်နှုန်းဖြင့်ကောက်ခံပါမည်)
- အခြား ဖုန်းများသို့စာတိုပေးပို့ခြင်း – 90 Ks/SMS
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်း – အခမဲ့ အကန့်သတ်မရှိ SMS
(နှုန်းထားအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးဖြစ်ပါသည်။)
6) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လဲလိုက်ပါတယ်။ ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
လူကြီးမင်း၏ ပုံမှန်ဖုန်းဘေလ်ကို ထောဘီ ၁၀ဆ ဖုန်းဘေလ်အဖြစ် လဲလှယ်ရယူအသုံးပြုခြင်းဖြစ်ပါသည်။ မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက် ထောဘီ ၁၀ဆ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား (ဆွေသဟာ) အတိုင်း ကျသင့်စေမည်ဖြစ်သည်။
7) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကုန်သွားချိန်မှာ ဝန်ဆောင်မှုတစ်ခုခုအသုံးပြုပါက ဘယ်လိုကျသင့်မှာပါလဲ။
ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထား (ဆွေသဟာ) (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။ ထောဘီ ၁၀ဆ ဖုန်းဘေလ်များကို စဉ်ဆက်မပြတ်လဲလှယ်ရယူအသုံးပြုပြီး အလွန်သက်သာသောနှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။
8) ထောဘီ ဖုန်းဘေလ် (၅ဆ)၊ ထောဘီ (၁၀ဆ) ဖုန်းဘေလ် ၂ခုလုံးရှိနေပါတယ်။ Data နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း အသုံးပြုမှုအတွက် မည်သည့် pack မှ အရင် ကျသင့်ပါမလဲ။
ထောဘီ ၅ဆ ဖုန်းဘေလ်မှ အရင်ကျသင့်မည်ဖြစ်ပါသည်။ ပြီးနောက် ထောဘီ၁၀ဆမှကျသင့်မည်ဖြစ်ပါသည်။
9) ထောဘီ ၁၀ဆ ဖုန်းဘေလ်နဲ့ ဘယ်လောက်များများ ဖုန်းပြောနိုင်ပါသလဲ။ စာတိုပေးပို့နိုင်ပါသလဲ။ ဒေတာသုံးနိုင်ပါသလဲ။
ထောဘီ ၁၀ဆ ဖုန်းဘေလ် ၃၀၀၀၀ကျပ်သည်
- ဒေတာတစ်မျိုးတည်းအသုံးပြုပါက 857 MB အထိ အသုံးပြုနိုင်ပါသည်။
(သို့မဟုတ်)
- မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန်တစ်မျိုးတည်းအသုံးပြုပါက 142 မိနစ် အထိ ဖုန်းပြောနိုင်ပါသည်။
(သို့မဟုတ်)
- အခြား ဖုန်းများသို့စာတိုပေးပို့ရန်တစ်မျိုးတည်းအသုံးပြုပါက 333 စောင် အထိ ပေးပို့နိုင်ပါသည်။
- MPT ဖုန်းများသို့စာတိုပေးပို့ခြင်းကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို သတ်မှတ်ဝန်ဆောင်မှုများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ ဥပမာ- ၃၀၀၀၀ကျပ်ဖြင့် ဒေတာ 736 MB + မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းကိုမဆိုခေါ်ဆိုရန် ၁၅ မိနစ် + မည်သည့်ဖုန်းကိုမဆိုစာတိုပို့ ရန် ၁၂ စောင် + အကန့်သတ်မရှိ MPT ဖုန်းများသို့စာတိုပေးပို့နိုင်ခြင်း အစရှိသဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပါသည်။
10) အလိုအလျောက်သက်တမ်းတိုး Auto renewal 10X Htaw B Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
- အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- ထောဘီ ဖုန်းဘေလ်ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
- Regular ထောဘီ ၁၀ဆ ပက်ကေ့ချ် ဝယ်ယူပြီး Auto renewal 10X Htaw B ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ Auto renewal 10X Htaw B ပက်ကေ့ချ် ဝယ်ယူပြီး Regular 10X Htaw B ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
12) 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ထောဘီ ဖုန်းဘေလ်ပမာဏ တူညီသော အလိုအလျောက်သက်တမ်းတိုးများကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ဖုန်းဘေလ်ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန် ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
11) 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 5000 ကျပ်တန် ပုံမှန်ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဝယ်ယူပြီး ပုံမှန်ထောဘီ ၁၀ဆ ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသောထောဘီ ဖုန်းဘေလ် ပမာဏများ ပေါင်းစည်း သွားမည့်အပြင်အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ထောဘီ လက်ကျန်ပမာဏ 1000Ks အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
13) 9600 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
မရပါ။ ထောဘီ ဖုန်းဘေလ်ပမာဏချင်းမတူသော အလိုအလျောက်သက်တမ်းတိုးများအကြိမ်အကန့်အသတ်မရှိ ဝယ်ယူခြင်းကို ခွင့်မပြုပါ။ ထောဘီ ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. 2900 ကျပ်တန် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 9600 ကျပ်တန် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို ပယ်ဖျက်ပေးရန်လိုအပ်ပါသည်။
14) လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် balance 1000Ks ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
15) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
16) ဘယ်အချိန်မှာ Auto Renewal Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renewal Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
17) လက်ကျန် balance 1000Ks အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက လက်ကျန် 10X Htaw B Balance ကျန်ရှိနေလျှင် ကျန်ရှိနေသော balance ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
18) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကိုသုံးပြီး packs တွေဝယ်ယူနိုင်မှာပါလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် ပက်ကေ့ချ်များမဝယ်ယူနိုင်ပါ။ ထောဘီ ၁၀ဆ ဖုန်းဘေလ်ဖြင့် သတ်မှတ်ဝန်ဆောင်မှုများကို သုံးစွဲသူစိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
19) ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို အခြားသုံးစွဲသူများထံလွှဲပြောင်းပေးလို့ရပါသလား။
ထောဘီ ၁၀ဆ ဖုန်းဘေလ်ကို လွှဲပြောင်းမှုမပြုလုပ်နိုင်ပါ။ ပုံမှန်ဖုန်းဘေလ်နှင့် ပြန်လည်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။
20) အလိုအလျောက် သက်တမ်းတိုး ထောဘီ ၁၀ဆ pack ဝယ်ယူပါက ထောဘီထိပေါက် ကံစမ်းခွင့်ရရှိမှာပါလား။
အလိုအလျောက်သက်တမ်းတိုး ထောဘီ ၁၀ဆ ပက်ကေ့ချ်များကို မည်သည့် channel မှမဆို ဝယ်ယူပါက ထိပေါက်ကစားဖို့ အခွင့်အရေး (၁)ကြိမ် ရရှိမှာဖြစ်ပြီး “ထိတိုင်းထော/ ထောဘီထိပေါက်” ဂိမ်းသွားရောက်ကစားကာ 200GB အထိ ကံစမ်းရယူနိုင်ပါသည်။
MPT4U app မှ ဝယ်ယူခြင်းဖြင့် ထပ်ဆောင်းထိပေါက်ကစားခွင့် (၁)ကြိမ်ရရှိမှာဖြစ်ပြီး (သို့) အလိုအလျောက်သက်တမ်းတိုးသည့် အချိန်တိုင်း ထိပေါက်ကစားခွင့် (၂)ကြိမ်ရရှိနိုင်ပြီး 200GB အထိ နှင့် MPT Club Points 1000 points အထိ ကံစမ်းရယူနိုင်ပါသည်။
21) ၁၀ဆ ဖုန်းဘေလ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။
Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။
22) အလိုအလျောက် သက်တမ်းတိုးထောဘီ ၁၀ဆ ပက်ကေ့ချ်တွင် Carry Over Function ပါဝင်သလား?
Carry Over Function မပါရှိပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး အလိုအလျောက်သက်တမ်းတိုးချိန်တွင် လက်ကျန်ထောဘီ balance များ ကျန်ရှိနေပါက လက်ကျန်ထောဘီ balance များသည် ပက်ကေ့ချ်အသစ်၏ထောဘီ balance နှင့် ပေါင်းစည်းသယ်ဆောင်အသုံးမပြုနိုင်ပါ။
23) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု Data Carry Plus နှင့် All in one Htaw B 10X ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?
အလိုအလျောက် သက်တမ်းတိုး Data Carry Plus နှင့် All in one Htaw B 10X ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၃၀၀၀ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၂၉၀၀ကျပ်တန် အလိုအလျောက်ထောဘီ ဆယ်ဆပက်ကေ့ချ် (သို့မဟုတ်) ၉၇၉ကျပ်တန် အလိုအလျောက်သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။
Night Safety Data Pack
၁။ Night Safety Data Packages ဆိုတာ ဘာလဲ။ ဘယ်လိုဝယ်ယူလို့ ရနိုင်ပါသလဲ။
Night Safety Data Packs ဆိုသည်မှာ ည ၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုများအတွက် ဒေတာ အသုံးပြုနိုင်သော Package များဖြစ်ပါတယ်။ Night Safety Data Packs ပုံမှန်အမြန်နှုန်း နှင့် Max 1.5Mbps ဟူ၍ အမျိုးအစား (၂) မျိုးရှိပါသည်။
Night Safety Data Package များကို အောက်ပါအတိုင်း ဝယ်ယူနိုင်ပါတယ်။
ဈေးနှုန်းများ (ကုန်သွယ်ခွန်ပါပြီး) |
ဒေတာပမာဏ (MB) | ကန့်သတ်မြန်နှုန်း | အသုံးပြုနိုင်သည့်ကာလ | တိုက်ရိုက်ဝယ်ယူရန် | |
---|---|---|---|---|---|
Direct USSD | SMS Code | ||||
၁၉၉ ကျပ် | 50 MB | ပုံမှန်အမြန်နှုန်း | ၁ ရက် | *233*1# | 1332 သို့ NS1N ဟုပေးပို့ရန် |
၄၉၉ ကျပ် | 100 MB | ၃ ရက် | *233*2# | 1332 သို့ NS2N ဟုပေးပို့ရန် | |
၁၉၉ ကျပ် | 50 MB | Max1.5Mbps | ၁ ရက် | *233*4# | 1332 သို့ NS4S ဟုပေးပို့ရန် |
၄၉၉ ကျပ် | 100 MB | ၃ ရက် | *233*5# | 1332 သို့ NS5S ဟုပေးပို့ရန် |
ရပ်ဆိုင်းလိုက်သောပက်ကေ့ချ် အချက်အလက်
7 Nights Safety Data Pack (အောက်ပါဇယား) အားရပ်ဆိုင်းမည်ဖြစ်ပြီး သုံးစွဲသူသည် ထိုပက်ကေ့ချ်များ၏ Direct USSD Code နှင့် SMS short code များဖြင့်ဝယ်ယူပါက 3 Nights Safety Data Pack (115 MB@499Ks) သို့တိုက်ရိုက်ပြောင်းလဲ ဝယ်ယူပေးသွားမည်ဖြစ်သည်။
ဥပမာ- သုံးစွဲသူသည် ရပ်ဆိုင်းလိုက်သော 7 Nights Safety Data Pack (360MB@799Ks) အား *233*3# ကိုရိုက်နှိပ်ပြီး (သို့) 1332 သို့ NS3N ဟုပေးပို့ပြီး ဝယ်ယူလိုက်ပါက 3 Nights Safety Data Pack (115 MB@499Ks) အားပြောင်းလဲဝယ်ယူပေးသွားမည်ဖြစ်သည်။
ဈေးနှုန်းများ (ကုန်သွယ်ခွန် ပါပြီး) |
ဒေတာပမာဏ(MB) | ကန့်သတ်မြန်နှုန်း | အသုံးပြုနိုင်သည့်ကာလ | Direct USSD | SMS Code | မှတ်ချက် | ပိတ်သိမ်း သည့်ရက်စွဲ |
ပြောင်းလဲဝယ်ယူပေးမည့်ပက်ကေ့ချ် |
---|---|---|---|---|---|---|---|---|
799 Ks | 360 MB | Normal Speed | 7 days | *233*3# | 1332 သို NS3N ဟုပေးပို့ရန် | Closed | 22 March 2024 | 3 Nights Safety Pack (100MB @499Ks) |
799 Ks | 360 MB | Max 1.5Mbps | 7 days | *233*6# | 1332 သို NS6S ဟုပေးပို့ရန် | Closed | 22 March 2024 | 3 Nights Safety Pack (Max 1.5Mbps) (100MB@499Ks) |
၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅% ပါဝင်ပြီး ဖြစ်ပါသလား။
ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၁၅% ပါဝင်ပြီးဖြစ်ပါတယ်။
၃။ Night Safety Data Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ။
ဆွေသဟာ အစီအစဉ် ရယူထားသော Prepaid/Postpaid GSM /WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။
၄။ Night Safety Data Pack ရဲ့ လက်ကျန်ပမာဏကို ဘယ်လို စစ်ဆေးနိုင်မှာလဲ?
*224# ကို ခေါ်ဆိုပြီး Night Safety Data Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။
၅။ Night Safety Data Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ၀ယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး Package အသုံးပြုနိုင်သည့် ကာလအတွင်း ဝယ်ယူပါက ဒေတာပမာဏမှာ ပေါင်းစည်း အသုံးပြုနိုင် ပြီး Package သက်တမ်းကို လည်း ပိုရှည်ကြာသော သက်တမ်းနှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၆။ Night Safety Data Pack ရဲ့သက်တမ်းက ဘယ်လောက်လဲ?
Package ၏ သက်တမ်းမှာ ဝယ်ယူထားသော Package များပေါ်တွင် မူတည်ပြီး (၁) ရက်၊ (၃) ရက် စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။
၇။ 7 Night Safety Data Pack(360MB@799Ks) အား *233*3# မှတစ်ဆင့်ဝယ်ယူလိုက်ပါတယ်။ 3 Nights Safety Data Pack(115 MB@499Ks) ကိုရရှိတာဘာကြောင့်ပါလဲ။
7 Nights Safety Data Pack (360MB@799Ks) အား ရပ်ဆိုင်းလိုက်ပြီဖြစ်သောကြောင့် သုံးစွဲသူသည် ရပ်ဆိုင်းလိုက်သော 7 Nights Safety Data Pack (360MB@799Ks) အား *233*3# ကိုရိုက်နှိပ်ပြီး ဝယ်ယူ ရာတွင် ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်ရန် 3 nights safety data pack (115 MB@499Ks) အားပြောင်းလဲဝယ်ယူပေးသွားခြင်းဖြစ်သည်။
၈။ အင်တာနက် မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ဝယ်ယူထားပြီး သုံးစွဲနိုင်သော ပမာဏနှင့် သက်တမ်း ကျန်ရှိနေချိန်မှာ အင်တာနက် မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်းမရှိသော Night Safety Data Pack ကို ထပ်မံ ဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာလဲ။
နောက်ဆုံး ဝယ်ယူထားသော Package ၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
(ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်း သုံးစွဲနိုင်မည်ဖြစ်ကာ မြန်နှုန်း သတ်မှတ်ချက်မှာ သုံးစွဲသူမှ နောက်ဆုံး ဝယ်ယူထား သည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack အတိုင်း ဖြစ်ပါသည်။)
၉။ Package တစ်ခုဝယ်ယူသုံးစွဲထားပြီး သက်တမ်းကာလနှင့်ဒေတာပမာဏ မကုန်ခင် နောက်ထပ် သက်တမ်းနှင့်ဒေတာပမာဏ မတူညီသည့် package များထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာပါလဲ။
လက်ကျန် ဒေတာပမာဏသည် ထပ်မံဝယ်ယူလိုက်သော ဒေတာပမာဏနှင့်
ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်း ပိုရှည်ကြာသော Package ၏ သက်တမ်းအတိုင်းသုံးစွဲနိုင်မည် ဖြစ်ကာ နောက်ဆုံး ဝယ်ယူထားသော Package ၏မြန်နှုန်းသတ်မှတ်ချက်အတိုင်း အင်တာနက် မြန်နှုန်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ- ၃ရက်သုံး Night Satety Data Pack ကို ဝယ်ယူထားပြီး သက်တမ်း ၁နာရီနှင့် ဒေတာပမာဏ 83MB ကျန်ရှိချိန်တွင် ထပ်မံ၍ 55 MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Pack ကို ဝယ်ယူပါက ဒေတာပမာဏသည် (83MB+55 MB) = 138 MB အဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပြီး သုံးစွဲနိုင်သော သက်တမ်းသည် သက်တမ်း ပိုရှည်ကြာသော ၁ရက်သုံး Night Safety Data Pack ၏ သက်တမ်းအတိုင်း သုံးစွဲနိုင်ပါမည်။
၁၀။ Night Safety Data Pack ရဲ့သက်တမ်း လည်ပတ်ပုံက ဘယ်လိုမျိုးရှိပါသလဲ။
Night Safety Data Pack သည် (၂၄) နာရီ သက်တမ်းဖြင့် အခြေခံ၍ လည်ပတ်ပါသည်။
ဥပမာ- ၁ ရက်သုံး Package ကို ယနေ့မနက် (၇) နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့ မနက် 6:59:59 အထိ သက်တမ်းရှိမည် ဖြစ်ပြီး ည (၁၁) နာရီမှ မနက် (၇) နာရီအတွင်း သုံးစွဲနိုင်ပါသည်။
ဥပမာ- ၁ ရက်သုံး Package ကို နေ့လည် (၁၁) နာရီတွင် ဝယ်ယူထားပါက Package သည် နောက်နေ့မနက် 10:59:59 ထိ သက်တမ်းရှိမည် ဖြစ်ပြီး ည (၁၁) နာရီမှ မနက် (၇) နာရီအတွင်း သုံးစွဲနိုင်ပါသည်။
၁၁။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာ ပမာဏ အားလုံး အသုံးပြုလိုက်ပါတယ်။ ဘယ်လိုဖြတ်တောက်မှာပါလဲ။
အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှ ဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်း ထိန်းညှိအသုံးပြုလိုပါက မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။
၁၂။ Night Safety Data Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?
*106# (သို့) *233# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.
လက်ဆောင်ပေးမည်”ကိုရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။
Causal Pack Promo
၁။ Causal pack promo ဆိုတာဘာလဲ။
Causal Pack Promo ဆိုတာ အင်တာနက် အသုံးပြုသူများအတွက် ဒေတာအသုံးပြုမှုအားလုံး အသုံးပြုနိုင်သော ပက်ကေ့ချ် ဖြစ်ပါတယ်။
၂။ Causal pack promo မှာ အမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
၁၉၉ ကျပ်တန် Casual Pack Promo ကို ဝယ်ယူ အသုံးပြုနိုင်ပါသည်။
နှုန်းထား (ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) | ဒေတာပမာဏ | သက်တမ်း | တိုက်ရိုက် ဝယ်ယူရန် | SMS မှဝယ်ယူရန် |
---|---|---|---|---|
၁၉၉ ကျပ် | 30 MB | 2 Days | *3001# | SP1 to 1332 |
ရပ်ဆိုင်းမည့် Casual Pack Promo ပက်ကေ့ချ်များ
နှုန်းထား (ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) | ဒေတာပမာဏ | သက်တမ်း | တိုက်ရိုက် ဝယ်ယူနိုင်သည့်ကုတ် | SMS မှဝယ်ယူနိုင်သည့်ကုတ် |
---|---|---|---|---|
949 Ks | 400 MB | (7) Days | *3002# | SP2 to 1332 |
2,699 Ks | 1200 MB | (30) Days | *3003# | SP2 to 1332 |
ရပ်ဆိုင်းမည့် Casual Pack Promo ၏ ပုံမှန်ဝယ်နေကျ တိုက်ရိုက်USSD Codes (သို့) SMS Channel မှတဆင့်ဝယ်ယူလျှင် အောက်ဖော်ပြပါ ပက်ကေ့ချ်များအား ပြောင်းရွှေ့ဝယ်ယူပေးမည် ဖြစ်ပါသည်။
ရပ်ဆိုင်းထားသည့်ပက်ကေ့ချ်များ၏ တိုက်ရိုက်ဝယ်ယူသည့် ကုဒ်များ (အဆိုပါ ကုဒ်များကိုခေါ်ဆိုပါက သတ်မှတ်ထားသော DC+ pack ကိုပြောင်းလဲဝယ်ယူပါမည်။) |
ရပ်ဆိုင်းပက်ကေ့ချ်အစား ပြောင်းလဲဝယ်ယူပေးမည့် DC+(Regular) ပက်ကေ့ချ် |
---|---|
Dial *3002# (or) send SP2 to 1332 for 949Ks@400MB Casual Pack Promo | 999Ks@303MB Data Carry Plus Pack |
Dial *3003# (or) send SP3 to 1332 for 2,699Ks@1200MB Casual Pack Promo | 3379Ks@1024MB Data Carry Plus Pack |
၃။ Causal pack promo ကို ဘယ်သူတွေဝယ်ယူနိုင်ပါသလဲ။
MPT ဆွေသဟာ အစီအစဉ် အသုံးပြုနေသော GSM/WCDMA (Prepaid) စနစ် အသုံးပြုသူများ အားလုံးသည် Causal Pack Promo ကို ဝယ်ယူ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၄။ Casual Pack Promo ကို အကြိမ်ရေ မည်မျှဝယ်ယူနိုင်သနည်း။
Causal Pack Promo ကို အကြိမ် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုက်သော Casual Pack Promo များ၏ သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သော သက်တမ်းသည် ပေါင်းစည်းသွားမည် မဟုတ်ပါ။ ပက်ကေ့ချ်တစ်ခုချင်းစီ၏ သတ်မှတ်သက်တမ်း ကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။
၅။ 7 Days Casual Pack Promo (400MB@949Ks) အား *3002# မှတစ်ဆင့်ဝယ်ယူလိုက်ပါတယ်။ Data Carry Plus Pack (333MB@999Ks) ကိုရရှိတာဘာကြောင့်ပါလဲ။
7 Days Casual Pack Promo (400MB@949Ks) အား ရပ်ဆိုင်းလိုက်ပြီဖြစ်သောကြောင့် သုံးစွဲသူသည် ရပ်ဆိုင်းလိုက်သော ပက်ကေ့ချ်ကို *3002# ကိုရိုက်နှိပ်ပြီး ဝယ်ယူမှုအတွက် Data Carry Plus Pack (333MB@999Ks) အားပြောင်းလဲဝယ်ယူပေးသွားခြင်းဖြစ်သည်။
‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်
1. ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုတာဘာလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုသည်မှာ ဝန်ဆောင်မှုအသစ်များကို ထည့်သွင်းမိတ်ဆက် ပေးလိုက်သည့် အထူးပေါင်းစုပက်ကေ့ချ်များဖြစ်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူထားသော သုံးစွဲသူသည် တခြား MPT သုံးစွဲသူများအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် မိမိပိုင်ဆိုင်သော ကြင်ကြင်နာနာပက်ကေ့ချ်၊ Data Carry Plusပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်များမှ ဒေတာများ၊ အသံမိနစ်များနှင့် စာတိုများအား ခွဲဝေပေးပို့နိုင်ပါသည်။
2. ကြင်ကြင်နာနာ ပက်ကေ့ချ်မှာ ဘာတွပါဝင်ပါလဲ?
အမည် | နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး) | ဒေတာသက်တမ်း | ကြင်ကြင်နာနာ အဖြစ်သတ်မှတ်နိုင်သောဦးရေ | စုစုပေါင်းဒေတာ (GB) | အဖွဲ့ဝင်ရနိုင်သောဒေတာ (MB) |
ပေးပို့နိုင်မှု | ပိုင်ရှင်ရရှိနိုင်သော အသံမိနစ်နှင့် စာတိုပမာဏ | ပိုင်ရှင်ရရှိနိုင်သာ MPT club point ပမာဏ |
---|---|---|---|---|---|---|---|---|
ကြင်ကြင်နာနာ 4998 Pack | ၄၉၉၈ ကျပ် | ၃၀ ရက် | ၂ (၁+၁) | 1 GB | 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို |
90 On-net min & 180 On-net SMS | MPT Club – 400 Points |
ကြင်ကြင်နာနာ 8998 Pack | ၈၉၉၈ ကျပ် | ၃၀ ရက် | ၄ (၁+၃) | 2 GB | အဖွဲ့ဝင်တိုင်းအတွက် 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် ပက်ကေ့ချ်အသံ ကြင်ကြင်နာနာ ပက်ကေ့ချ်စာတို |
120 On-net min & 240 On-net SMS | MPT Club – 600 Points |
ကြင်ကြင်နာနာ 14998 Pack | ၁၄၉၉၈ ကျပ် | ၃၀ ရက် | ၆ (၁+၅) | 4 GB | အဖွဲ့ဝင်တိုင်းအတွက် 500 MB | ကြင်ကြင်နာနာ/ Data Carry + ပက်ကေ့ချ်ဒေတာ ကြင်ကြင်နာနာ/ ကြိုက်ရာခေါ် |
150 On-net min & 300 On-net SMS | MPT Club – 1000 Points |
3. ဘယ်သူတွေက ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူနိုင်မှာလဲ?
MPT GSM/WCDMA prepaid ဆွေသဟာလက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မည်မဟုတ်ပါ။
4. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်မှာလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ Icon နှင့် ပက်ကေ့ချ်ဝယ်ယူခြင်း Icon အတွင်း ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။
5. ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။
6. ကြင်ကြင်နာနာ ပက်ကေ့ချ်၏ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါသည်။
7. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အကြိမ်ရေမည်မျှ ဝယ်ယူနိုင်မှာလဲ?
တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ မတူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကိုမူ ထပ်မံဝယ်ယူနိုင်မည် မဟုတ်ပါ။ ( ကြင်ကြင်နာနာ 5498 Pack ကို ဝယ်ယူထားပြီးသော သူံးစွဲသူသည် တူညီသော ကြင်ကြင်နာနာ 5498 Pack ကိုသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။) ပက်ကေ့ချ်ဒတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။
8. ပက်ကေ့ချ်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်၏ သက်တမ်းသည် (၃၀) ရက်ဖြစ်ပါသည်။ (၃၀) ရက်ပြည့်သော နေ့၏ ၂၃:၅၉:၅၉ တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
9. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။
10. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် သတ်မှတ်ထားသော ပိုင်ရှင် (Owner) နှင့် အဖွဲ့ဝင် (Member) ဆိုတာဘာလဲ?
ပိုင်ရှင်ဆိုသည်မှာ ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူပြီး ကြင်ကြင်နာနာပက်ကေ့ချ် ဒေတာများနှင့် အဖွဲ့ဝင်များကို စီမံပိုင်ခွင့်ရှိသူဖြစ်ပါသည်။ အဖွဲ့ဝင်ဆိုသည်မှာ ပိုင်ရှင်မှ ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ပိုင်ရှင်မှလွှဲပြောင်းပေးသော ဒေတာများကို လက်ခံရယူနိုင်သူဖြစ်ပါသည်။
11. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် အဖွဲ့ဝင်မည်မျှ ပါဝင်နိုင်ပါသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် ကြင်ကြင်နာနာ 2998 Pack အတွက် အဖွဲ့ဝင် (၁)ဦး၊ ကြင်ကြင်နာနာ 5498 Pack အတွက် အဖွဲ့ဝင် (၃)ဦး နှင့် ကြင်ကြင်နာနာ 9998 Pack အတွက် အဖွဲ့ဝင် (၅)ဦး ပါဝင်နိုင်ပါသည်။
12. အဖွဲ့ဝင်အနေဖြင့် မည်သည့်အရာကို ရရှိနိုင်ပါသလဲ?
အဖွဲ့ဝင်အဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးနောက်တွင် ကြင်ကြင်နာနာ ဒေတာ 500 MB အား လက်ခံရရှိနိုင်ပါသည်။
13. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသည်။
14. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ပေါင်းထည့်နိုင်ပါသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အား ဝယ်ယူသည့်အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ပြီး နောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။
15. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင်အသုံးပြုနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။
16. အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် သတ်မှတ်ချက်ရှိပါသလား?
အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်တွင် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ အနည်းဆုံး 500 MB ရှိရမည်ဖြစ်ပြီး ပေါင်းထည့်နိုင်သည့် အဖွဲ့ဝင် အရေအတွက် လက်ကျန်ရှိရမည်ဖြစ်ပါသည်။
17. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။
18. အဖွဲ့ဝင်များကိုပြောင်းလဲနိုင်ပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာပက်ကေ့ချ် ကို တစ်ကြိမ်သာဝယ်ယူပါက ထည့်သွင်းပြီးသော အဖွဲ့ဝင်များကို ပက်ကေ့ချ်သက်တမ်းကုန်ချိန်အထိ မပြောင်းလဲနိုင်ပါ။ တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အမျိုးအစားအား အကြိမ်ရေများစွာထပ်မံဝယ်ယူပါက ပက်ကေ့ချ်ဝယ်ယူချိန်တွင် အဖွဲ့ဝင်များအား ပြောင်းလဲထည့်သွင်းနိုင်ပါသည်။
19. အဖွဲ့ဝင်တစ်ဦးအနေဖြင့်မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းမည်သို့သိနိုင်သလဲ?
အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းကို စာတိုတစ်စောင်နှင့်တူ ကြင်ကြင်နာနာဒေတာ 500 MB ကိုရရှိခြင်းဖြင့်သိရှိနိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ လက်ခံရရှိခြင်းကို *224# သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U Application တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
20. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံပါသလား?
ဒေတာ၊ အသံမိနစ်များနှင့် စာတိုများပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။
21. ဒေတာ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအတွက် သတ်မှတ်ချက်ရှိပါသလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တစ်ကြိမ်လျှင် 500 MB အထိဒေတာ (သို့မဟုတ်) 75 မိနစ်အထိ အသံမိနစ်များ (သို့မဟုတ်) 75 စောင်အထိသော စာတိုများကို ပေးပို့နိုင်ပြီး တစ်ရက်အတွင်း အများဆုံး (၅) ကြိမ်ပေးပို့နိုင်ပါသည်။ တစ်လအတွင်း အများဆုံး အကြိမ် (၅၀) ပေးပို့နိုင်မည်ဖြစ်ပြီး လတစ်လ၏ပထမဆုံးရက်တွင် ပေးပို့နိုင်မှု အကြိမ် (၅၀) အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။
22. ဒေတာ၊အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုအောင်မြင်ကြောင်းမည်သို့သိရှိနိုင်ပါသလဲ?
ဒေတာ၊ အသံမိနစ်များ နှင့် စာတိုများပေးပို့မှုအောင်မြင်ကြောင်းကို လွှဲပြောင်းမှုအောင်မြင်ကြောင်း အသိပေးသော စာမျက်နှာ MPT4U တွင်ပေါ်လာမှုအားကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။
23. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရပါလား?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ မိမိလက်ဆောင် ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်မရှိပါက ကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ မိမိလက်ဆောင်ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်ရှိပါက တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ကာ မိမိလက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးပို့နိုင်ပါသည်။
24. ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ဘယ်လိုဖြစ်မှာလဲ။
ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ပက်ကေ့ချ်အားလက်ဆောင်ရရှိပြီးချိန်တွင် လက်ရှိအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုလက်ခံရရှိမည်ဖြစ်သည်။
25. အဖွဲ့ဝင်များကို မည်သို့စစ်ဆေးနိုင်ပါသလဲ?
MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ကာ Member Management Section အတွင်းဝင်ရောက်၍ အဖွဲ့ဝင်များအား စစ်ဆေးခြင်း/ပေါင်းထည့်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။
26. အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းကဘယ်လိုလဲ?
အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းသည် ပိုင်ရှင်တွင်ရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏ သက်တမ်းနှင့် အတူတူပင် ဖြစ်ပါသည်။ ပိုင်ရှင်သည် တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အား အကြိမ်ရေများစွာ ဝယ်ယူပြီးနောက် တူညီသောအဖွဲ့ဝင်များကိုဆက်လက်ထည့်သွင်းထားပါက အဖွဲ့ဝင်တွင် လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများသည် တစ်စုတည်းအဖြစ် ပေါင်းစည်းကာ အမြင့်ဆုံးသက်တမ်းကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ပိုင်ရှင်သည် တခြားအဖွဲ့ဝင်များကို ပြောင်းလဲထည့်သွင်းပါက ပယ်ဖျက်ခြင်းခံရသောအဖွဲ့ဝင်သည် ဒေတာထပ်မံရရှိမည်မဟုတ်ဘဲ နဂိုဒေတာအား၎င်း၏မူလသက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
27. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာအပြင် တခြား အသံမိနစ်နှင့် စာတို ပမာဏများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသလား?
ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ(သို့မဟုတ်)Data Carry Plus ပက်ကေ့ချ်ဒေတာ၊ ကြင်ကြင်နာနာပက်ကေ့ချ်အသံမိနစ် (သို့မဟုတ်) ကြိုက်ရာခေါ်ပက်ကေ့ချ်အသံမိနစ် နှင့် ကြင်ကြင်နာနာပက်ကေ့ချ်စာတိုများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။
28. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကံထူးထားသည့် ဒေတာများကို ပေးပို့နိုင်ပါသလား?
မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ နှင့် Data Carry Plus ပက်ကေ့ချ်ဒေတာများကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်၍ ကံထူးထားသည့်ဒေတာများကို အဖွဲ့ဝင်များထံသို့ ပေးပို့၍ မရနိုင်ပါ။
29. ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် တခြားပက်ကေ့ချ်များ၏ ဒေတာများ အသံမိနစ်များနှင့် စာတိုများ ကို အဖွဲ့ဝင်များထံသို့ ပေးပို့နိုင်ပါသလား?
ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာပက်ကေချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ် နှင့် ကြိုက်ရာခေါ်ပက်ကေ့ချ်၏ ဒေတာ/အသံမိနစ်များကို အဖွဲ့ဝင်များထံသို့ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် တစ်ကြိမ်လျှင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ ဒေတာ/အသံများကို သီးသန့်သာပေးပို့နိုင်ပါသည်။ (ဥပမာ- အဖွဲ့ဝင်ထံသို့ 500MB ဒေတာပမာဏပေးပို့လိုပါက ကြင်ကြင်နာနာပက်ကေ့ချ်မှ ဒေတာ 200MB နှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာ 300MB စသည်ဖြင့် ပေါင်းစပ် ပေးပို့နိုင်မည်မဟုတ်ဘဲ 200MB ကြင်ကြင်နာနာဒေတာ, 300MB Data Carry Plus ဒေတာ စသည်ဖြင့် နှစ်ကြိမ်ပေးပို့ရမည်ဖြစ်ပါသည်။) အသံမိနစ်များနှင့် စာတိုပေးပို့မှုများတွင်လည်း တစ်ကြိမ်ပေးပို့မှုအတွက် ပက်ကေ့ချ်တစ်ခုကိုသာ ရွေးချယ်ပေးပို့နိုင်မည်ဖြစ်ပါသည်။
30. အဖွဲ့ဝင်တစ်ဦးတည်းထံသို့ ဒေတာပမာဏအများကြီးဘယ်လိုပေးပို့နိုင်မလဲ?
ဒေတာပေးပို့လိုသောအဖွဲ့ဝင်အားပေါင်းထည့်ပြီးနောက်တွင် တစ်ကြိမ်လျှင်အများဆုံး 500 MB ဒေတာပမာဏဖြင့် တစ်ရက်အတွင်း (၅) ကြိမ်ပေးပို့နိုင်ပါသည်။ MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်းဝင်ရောက်ကာ Transfer Section ကိုရွေးချယ်၍ ပေးပို့လိုသည့် အဖွဲ့ဝင်နှင့်ဒေတာပမာဏတို့ကိုရွေးချယ်ကာ ပေးပို့နိုင်ပါသည်။
31. MPT Club points တွေကိုဘယ်လိုသုံးနိုင်ပါသလဲ?
MPT Club Point များကို MPT ၏ဝန်ဆောင်မှုများ (သို့မဟုတ်) MPT ၏ ပါတနာဆိုင်များတွင် အထူးကူပွန်များအနေဖြင့် လဲလှယ်အသုံးပြုနိုင်ပါသည်။
32. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို ဘယ်သူကရမလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို လက်ဆောင်အား လက်ခံသူက ရရှိမည်ဖြစ်ပါသည်။
33. ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာတွေကို ဘယ်လိုသုံးနိုင်မလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။
34. အဖွဲ့ဝင်မဟုတ်သူများထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာပေးပို့လို့ရနိုင်ပါသလား?
မရနိုင်ပါ။ အဖွဲ့ဝင်အဖြစ်စာရင်းသွင်းသတ်မှတ်ထားသူများထံသို့သာ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ ပေးပို့နိုင်ပါသည်။
35. အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသလား?
အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသည်။
36. ပိုင်ရှင်နှင့် အဖွဲ့ဝင်တွေမှာ ဘာကွာခြားချက်ရှိသလဲ?
ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT club point များရရှိနိုင်ပါသည်။
အဖွဲ့ဝင်အနေဖြင့် ပိုင်ရှင်မှအဖွဲ့ဝင်အဖြစ်ထည့်သွင်းပြီးနောက်တွင် ဒေတာ 500 MB ကိုလက်ခံရယူပြီးနောက် ပိုင်ရှင်မှလွှဲပြောင်းပေးပို့သောဒေတာ/အသံမိနစ်/စာတိုများကိုလက်ခံရယူနိုင်ပါသည်။
37. အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်မလဲ?
အဖွဲ့ဝင်များထံသို့ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်၍ Transfer Section အတွင်းသို့ဝင်ရောက်ကာ “ History Check” ကိုနှိပ်၍ ဒေတာ၊ အသံမိနစ်များနှင့် စာတိုများ ပေးပို့မှုမှတ်တမ်းကို နေရက်နှင့်အချိန်အလိုက် ကြည့်ရှုနိုင်ပါသည်။
38. ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် မည်သို့ ဆောင်ရွက်ရမည်နည်း?
ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် နောက်ဆုံးထွက်ရှိသော MPT4U Version အားအသုံးပြုရန်လိုအပ်ပါသည်။
39. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ?
ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။