အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

Kyite Yar Khaw Pack

၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ special / premium / call center / VAS related numbers မပါဝင်ပါ။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ ဘယ် ဖုန်းလိုင်းကိုမဆို ခေါ်ဆိုနိုင်မှာဖြစ်ပါသည်။ ပက်ကေ့ချ် ထပ်မံဝယ်ယူတိုင်းမှာလဲ ပက်ကေ့ချ် ၏ voice minutes နှင့် သက်တမ်း များကို ပေါင်းစည်းသယ်ဆောင်နိုင်ပါသည်။

အမည် စျေးနှုန်း
(ကုန်သွယ်ခွန် ပါဝင်ပြီး)
မိနစ်များ သက်တမ်း အကျိုးကျေးဇူး ဝယ်ယူရန်
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၄၉၇ ကျပ် ၂၅ မိနစ် ၇ ရက် Carry over function
[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
*997# (or) MPT4U App (or) MPT Pay
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၉၉၇ ကျပ် ၅၅ မိနစ် ၁၅ ရက်
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ် ၁၉၉၇ ကျပ် ၁၁၅ မိနစ် ၃၀ ရက်

၃။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / premium / call center / VAS related numbers မပါဝင်ပါ။

၄။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၆။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၇။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၈။ ကြိုက်ရာခေါ် ပက်ကေ့ချ်များ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ဘယ်လောက်ပါလဲ။

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

၉။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၁၁။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

Kyite Yar Khaw Pack

၁) အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။

အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ်   အစီအစဉ် ဆိုသည်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊ သူငယ်ချင်းများ နဲ့  ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် ပြည်တွင်းဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်ပြီး အလိုအလျောက် သက်တမ်းတိုး ရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

၂) ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

ဖုန်းပြောနိုင်မယ့်မိနစ်တွေအတွက်စိတ်ပူစရာမလိုဘဲအလိုအလျောက်သက်တမ်းတိုးကြိုက်ရာခေါ်ပက်ကေ့ချ်က လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလို အလျောက်သက်တမ်းတိုး ဝယ်ယူမှာဖြစ်လို့ စဥ်ဆက်မပြတ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်း ကိုမဆို (special / premium / call center / VAS related numbers မပါဝင်ပါ။) ခေါ်ဆိုနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ 200GB အထိ ကံထူးနိုင်သည့် ထိပေါက်ကံစမ်းခွင့်ကိုရရှိမှာဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက မသုံးစွဲဘဲကျန်ရှိနေသော လက်ကျန် Voice minutes များကို အသစ်ဝယ်ယူထားသော ပက်ကေ့ချ်၏ မိနစ်ပမာဏများ နှင့်ပေါင်းပြီးသက်တမ်းတိုးအသုံးပြုနိုင်ပါသည်။

စျေးနှုန်း

(ကုန်သွယ်ခွန် ပါဝင်ပြီး)

မိနစ်များ သက်တမ်း ရယူနိုင်သည့်နည်းလမ်းများ Auto Renew ပယ်ဖျက်ရန်

နည်းလမ်းများ

လက်ကျန် စစ်ဆေးရန်
Direct USSD SMS to 1331 Common USSD အခြားနည်းလမ်းများ Direct USSD Common USSD
၄၈၇ ကျပ် ၂၅ မိနစ် ၇ ရက် *997*3*3# AR KYK1 *997# DMS (*501#)

(or)

Alternative Channel

(or)

Chatbot

(or)

MPT4U App

(or)

MPT Pay

(or)

CRM Portal

(or)

DMS App

*997*3*4# *2122# *224#
၉၇၇ ကျပ် ၅၅ မိနစ် ၁၅ ရက် *997*1*3# AR KYK2 *997*1*4#
၁၉၆၇ ကျပ် ၁၁၅ မိနစ် ၃၀ ရက် *997*2*3# AR KYK3 *997*2*4#

၃) အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ် အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။

၄) အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို *997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ MPT CRM Portal မှတဆင့် ဝယ်ယူနိုင်ပါသည်။ MPT4U Application မှ ဝယ်ယူမယ်ဆိုရင် “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို  MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

၅) ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၆) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၇) ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200 GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ 

၈) မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Carry Over Function ပါရှိပါတယ်။ Voice Minutes သယ်ဆောင်နိုင်သောကာလ (ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ်  ပက်ကေ့ချ်အသစ် ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ် အသစ်၏ သက်တမ်းအတိုင်း ပေါင်းစည်း အသုံးပြုနိုင် ပါသည်။

၉) အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

  • အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ဖုန်းပြောမိနစ် ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ် ပြီး ဒေတာပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံး ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလို အလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
  • ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၀) ၄၈၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၉၇ ကျပ်တန် Regular ကြိုက်ရာခေါ် ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး Regular ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသော ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၁) ၄၈၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၄၈၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဖုန်းပြောမိနစ် ပမာဏ တူညီသော Auto Renewal Packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

၁၂) ၄၈၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၇၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ဖုန်းပြောမိနစ် ပမာဏချင်းမတူသော Auto renewal packs များဝယ်ယူခြင်းကို ခွင့်မပြုပါ။ ဖုန်းပြောမိနစ်ပမာဏ မတူညီသော ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိပက်ကေ့ချ်ကို UNSUBSCRIBE (ပယ်ဖျက်ပေးရန်) လုပ်ပေးရန်လိုအပ်ပါသည်။ E.g. ၉၇၇ ကျပ်တန် Auto renewal ပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုပါက လက်ရှိ 487 ကျပ်တန် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBEလုပ်ပေးရန်လိုအပ်ပါသည်။

၁၃) လက်ကျန် Balance (၅) မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် Balance (၅) မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အဆိုပြုထားသည့်အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၄) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်) အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

၁၅) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ Auto Renew service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၁၆) လက်ကျန် ၅မိနစ် အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်ဒေတာများကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော ဖုန်းပြောမိနစ်များ ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၁၇) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု- Data Carry နှင့် ကြိုက်ရာခေါ် ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၇ ကျပ် တန်အလိုအလျောက် ကြိုက်ရာခေါ် ပက်ကေ့ချ် (သို့မဟုတ်) ၉၉၇ကျပ် တန် Data Carry ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

၁၈) ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

အကြိုက်ပြော+ Voice Pack

၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?

အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည် နှုန်းထား မိနစ် အသုံးပြုနိုင်ပုံ သက်တမ်း ဝယ်ယူရန် တိုက်ရိုက်
ဝယ်ယူရန်
၇ရက်သုံး အကြိုက်ပြော
Voice Pack
၉၈၇ ကျပ် ၈၅ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း
(ကြိုးဖုန်းအပါအဝင်)
၇ ရက် *600#

*600*3#
၃၀ရက်သုံး အကြိုက်ပြော
Voice Pack
၁၉၅၇ ကျပ် ၁၇၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း
(ကြိုးဖုန်းအပါအဝင်)
၃၀ ရက် *600# *600*2#
၉၀ ရက်သုံး အကြိုက်ပြော
Voice Pack
၃၉၉၇ ကျပ် ၃၅၅ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း
(ကြိုးဖုန်းအပါအဝင်)
၉၀ ရက် *600# *600*1#

၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ အကြိုက်ပြော + Voice Pack အပြင် ၃၉၇ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၇ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၇ ကျပ် Voice Pack ထဲက အရင်ဖြတ်ပါမယ်။ ထို့နောက်တွင် အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါတယ်။

၆။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။

၇။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

မိနစ်နဲ့သက်တမ်းသည် ပေါင်းစည်းသွားမှာမဟုတ်ပါ။ ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ကုန်ဆုံးပါမည်။

အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော+ Voice Pack

အကြိုက်ပို့ ပက်ကေ့ချ်

၁။ အကြိုက်ပို့ အစီအစဉ်ဆိုတာဘာလဲ။

အကြိုက်ပို့ ဆိုသည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေးဖြစ်ပါသည်။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

အမည် ဈေးနှုန်း (ကုန်သွယ်ခွန် ပါဝင်ပြီး) သက်တမ်း SMS အရေအတွက်
(On-net)
ဝယ်ယူရန်
အကြိုက်ပို့
၂၄ နာရီ ပက်ကေ့ချ်
၁၉၈ ကျပ် ၂၄ နာရီ ၁,၀၀၀ *2427*1#
အကြိုက်ပို့
၇ ရက်
ပက်ကေ့ချ်
၈၉၈ ကျပ် ၇ ရက် ၅,၀၀၀ *2427*2#

၃။ အစီအစဉ်ကို မည်သူတွေဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid [ဆွေသဟာ] အသုံးပြုနေသူများအားလုံး ဝယ်ယူအသုံးပြုနိုင်ပါသည်။ CDMA, Postpaid, Base Tariff နှင့် လက်ရှိအသုံးပြုခြင်း မရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အစီအစဉ်ကိုရယူရန်မည်သို့လုပ်ဆောင်ရမည်နည်း?

*2427# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT4U App (သို့မဟုတ်) MPT Pay မှလည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါသည်။

၆။ လက်ကျန်ပမာဏကိုဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း(သို့မဟုတ်) MPT4U App မှတဆင့်လည်းကောင်း စစ်ဆေး ကြည့်နိုင်ပါသည်။

၇။ အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်ရေ ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိုက်ပို့ ပက်ကေ့ချ်ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။အကြိုက်ပို့ ၇ ရက် ပက်ကေ့ချ်၏ သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူပါက ပက်ကေ့ချ်များ၏ SMS များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။

အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ်သည် သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူခြင်းဖြင့် ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ သက်တမ်းတိုးမည်မဟုတ်ဘဲ သီးခြား အကြိုက်ပို့  ၂၄ နာရီ ပက်ကေ့ချ် များအနေဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့သော် ပက်ကေ့ချ် တစ်ခုချင်းစီ၏ သက်တမ်းကို ၂၄ နာရီအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အကြိုက်ပို့ ရက် ၃၀ ပက်ကေ့ချ်၏ သက်တမ်းမကုန်ခင် တူညီသော ပက်ကေ့ချ်ထပ်မံဝယ်ယူပါက ပက်ကေ့ချ်များ၏ SMS များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၈။ ပက်ကေ့ချ် ရဲ့ expire date ကို ဘယ်လိုသတ်မှတ်မှာလဲ?

၂၄နာရီ ပက်ကေ့ချ် ရဲ့ သက်တမ်း ကို real time date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ပက်ကေ့ချ် သက်တမ်းကို ၂၄ နာရီ အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ဥပမာ-ဇွန်လ (၁)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ဇွန်လ (၂)ရက်နေ့ မနက် ၁၀နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။

ရက် ပက်ကေ့ချ် ရဲ့ သက်တမ်း ကို calendar date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ဥပမာ- ဇွန်လ  (၁)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ဇွန်လ (၇)ရက်နေ့ ည ၁၂ နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။

ရက် ၃၀ ပက်ကေ့ချ် ရဲ့ သက်တမ်း ကို calendar date ဖြင့် သတ်မှတ်မှာ ဖြစ်ပါသည်။ ဥပမာ- ဇွန်လ  (၁)ရက်နေ့ရဲ့ မနက်၁၀နာရီမှာ ဝယ်ရင် ဇွန်လ (၃၀)ရက်နေ့ ည ၁၂ နာရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါသည်။

၉။ အကြိုက်ပို့ ပက်ကေ့ချ်များကို ဝယ်ယူပြီး ထိပေါက် အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ အကြိုက်ပို့  ပက်ကေ့ချ် များကို  မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် 200GB အထိ ဒေတာ Bonus ကို ကံထူးရယူနိုင်ပါသည်။

၁၀။ အကြိုက်ပို့ ပက်ကေ့ချ်ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား။

ဟုတ်ကဲ့ ရပါတယ်။ အကြိုက်ပို့ ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *2427# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၁။ ပရိုမိုးရှင်းကာလ ဘယ်အချိန်အထိလဲ။

ပရိုမိုးရှင်းကာလမှာ  ၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ထပ်မံမကြေညာခင်အထိ  ဖြစ်ပါတယ်။

အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ ပက်ကေ့ချ်

၁။ Auto Renewal A Kyite Poh Package ဆိုတာ ဘာလဲ?

Auto Renewal A Kyite Poh ပက်ကေ့ခ်ျဆိုတာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် MPT အချင်းချင်း SMS များ စိတ်ကြိုက်ပေးပို့နိုင်အောင် စီစဉ်ပေးထားတဲ့ အစီအစဉ်လေးဖြစ်ပါသည်။ ပက်ကေ့ချ်ဝယ်ယူရာတွင် အလိုအလျောက်သက်တမ်းတိုးစနစ် ပါဝင်သည့် Auto Renewal A Kyite Poh ပက်ကေ့ခ်ျ ကို အဆိုပြုဝယ်ယူထားသည့် အတွက် ခဏခဏ ပက်ကေ့ချ်ကို ဝယ်ယူနေစရာမလိုဘဲ ပက်ကေ့ချ်၏ လက်ကျန် SMSပမာဏ 25 စောင် အောက်ရောက်ရှိသွားချိန်တိုင်း (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း (၇-ရက်/ရက်-၃၀) ကုန်ဆုံးချိန်တိုင်းတွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

Product Name Price

(Inclusive Tax)

SMS Amount Validity (days) USSD
A Kyite Poh AR 7 Days Pack ၄၈၈ကျပ် 5,000 ၇ ရက် *2427*2*3#
A Kyite Poh AR 30 Days Pack ၉၇၈ကျပ် အကန့်အသတ်မရှိ

(Unlimited)

ရက် ၃၀ *2427*3*3#

၂။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅%ပါဝင်ပြီးဖြစ်ပါတယ်။

၃။ အလိုအလျောက်သက်တမ်းတိုး A Kyite Poh Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Postpaid, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၄။ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်ကို MPT4U ကတဆင့် ဝယ်ယူလို့ရပါသလား။

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို  MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

၅။ Auto renewal A Kyite Poh SMS ပက်ကေ့ချ် များကို ကြိုက်နှစ်သက်ရာမှ ဝယ်ယူပါက ဘယ်လို ခံစားခွင့်မျိုးကို ကံထူးနိုင်ပါသလဲ?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် A Kyite Poh SMS ပက်ကေ့ချ်များကိုမဆို ကြိုက်နှစ်သက်ရာမှ ဝယ်ယူပြီး MPT4U မှာ 200GB အထိ ကံစမ်းနိုင်သော ထိပေါက် ကံစမ်းခွင့်ကိုရရှိနိုင်ပါတယ်။

၆။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း(သို့မဟုတ်) MPT4U App မှတဆင့်လည်းကောင်း စစ်ဆေး ကြည့်နိုင်ပါသည်။

၇။ အလိုအလျောက်သက်တမ်းတိုး Auto Renewal A Kyite Poh SMS pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး SMS ပမာဏများ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့်သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

 

  1. ဒေတာပမာဏတူညီသော Auto renewal packs များ အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး SMS ပမာဏများ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏လက်ကျန် SMS ပမာဏ 25 SMS အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (7-Days/30Days) တွင် အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
Auto Renewal A Kyite Poh 7 Days Auto Renewal A Kyite Poh 30 Days
A Kyite Poh Autorenewal 7 Days Pack အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။ Auto Renewal 7 Day Pack ဝယ်ယူထားပြီး ဖြစ်သောကြောင့် သက်တမ်းမတူသော Auto Renewal 30 days Pack ကို ထပ်မံမဝယ်ယူနိုင်ပါ
A Kyite Poh Autorenewal 30 Days Pack Auto Renewal 30 Day Pack ဝယ်ယူထားပြီး ဖြစ်သောကြောင့် သက်တမ်းမတူသော Auto Renewal 7 days Pack ကို ထပ်မံမဝယ်ယူနိုင်ပါ အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

 

 

  1. Auto Renewal Packs နှင့် Regular Packs များ ထပ်မံ ၀ယ်ယူခြင်းနှင့် ဆိုင်သော ရှင်းလင်းချက်
Regular A Kyite Poh 24 Hours Regular A Kyite Poh 7 Days Regular A Kyite Poh 30 Days
A Kyite Poh Autorenewal 7 Days Pack အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါသည်။ သို့သော် SMS ပမာဏများပေါင်းစည်းမည်မဟုတ်ပါ။ အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။ ဝယ်ယူလို့မရပါ
A Kyite Poh Autorenewal 30 Days Pack ဝယ်ယူလို့မရပါ ဝယ်ယူလို့မရပါ အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

 

  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (7-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (30-Days) ပက်ကေ့ချ်ကို မ၀ယ်ယူနိုင်ပါ။
  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (7-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (24-Hrs) ပက်ကေ့ချ်ကို ၀ယ်ယူနိုင်ပါတယ်။ ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်းသွားမည် မဟုတ်ပဲ ပက်ကေ့ချ်(၁) ခုချင်းဆီ၏ သက်တမ်း အတိုင်း သီးခြားအသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (7-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (7-Days) ပက်ကေ့ချ်ကို ၀ယ်ယူနိုင်ပါတယ်။ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ SMS စုစုပေါင်း၏ သက်တမ်းအား နောက်ဆုံးဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (30-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (30-Days) ပက်ကေ့ချ်ကို ၀ယ်ယူနိုင်ပါတယ်။ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ SMS စုစုပေါင်း၏ သက်တမ်းအား နောက်ဆုံးဝယ်ယူသည့်ပက်ကေ့ချ်၏သက်တမ်းအတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (30-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (24-Hrs) ပက်ကေ့ချ်ကို မ၀ယ်ယူနိုင်ပါ။
  • အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ (30-Days) ပက်ကေ့ချ်ကို အဆိုပြု၀ယ်ယူထားပြီးပါက ပုံမှန် အကြိုက်ပို့ (7-days) ပက်ကေ့ချ်ကို မ၀ယ်ယူနိုင်ပါ။

 

c)ပမာဏအမျိုးအစားမတူညီသော အလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ ပက်ကေ့ချ်များကို မ၀ယ်ယူနိုင်ပါ။

Auto Renewal A Kyite Poh 7 Days Auto Renewal A Kyite Poh 30 Days
A Kyite Poh Autorenewal 7 Days Pack အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။ Auto Renewal 7 Day Pack ဝယ်ယူထားပြီး ဖြစ်သောကြောင့် သက်တမ်းမတူသော Auto Renewal 30 days Pack ကို ထပ်မံမဝယ်ယူနိုင်ပါ
A Kyite Poh Autorenewal 30 Days Pack Auto Renewal 30 Day Pack ဝယ်ယူထားပြီး ဖြစ်သောကြောင့် သက်တမ်းမတူသော Auto Renewal 7 days Pack ကို ထပ်မံမဝယ်ယူနိုင်ပါ အကန့်အသတ်မရှိထပ်မံ ဝယ်ယူနိုင်ပြီး SMS ပမာဏများ ပေါင်းစည်းသွားပြီး အရှည်ဆုံးပက်ကေ့ချ် သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၈။ ၄၈၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၉၈ ကျပ်တန် A Kyite Poh ပက်ကေ့ချ် ကို ပထမ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းမကုန်ဆုံးခင်မှာ ထပ်မံဝယ်ယူလို့ရပါသလား?

  မရပါ။ ၄၈၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ဦးစွာ ပယ်ဖျက်ပြီးမှသာလျင် ၀ယ်ယူနိုင်ပါသည်။

၉။ ၄၈၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၉၇၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

မရပါ။ ၄၈၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ဦးစွာ ပယ်ဖျက်ပြီးမှသာလျင်၉၇၈ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံ၀ယ်ယူနိုင်ပါသည်။

၁၀။ အလိုအလျောက်သက်တမ်းတိုး Auto Renewal Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက (၇-ရက်/ရက်-၃၀)ဖြစ်ပါတယ်။

၁၁။ လက်ကျန် SMS 25 စောင် အထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် SMS 25 စောင် အထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

၁၂။ အသုံးမပြုရသေးတဲ့ SMS တွေက ပက်ကေ့ချ်သက်တမ်းကုန်သွားရင် ဘယ်လိုဖြစ်သွားမှာလဲ?

Carry Over Function မပါဝင်ပါ။ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီးပါက အသုံးပြုရန်ကျန်ရှိနေသည့် လက်ကျန် SMS များကို သယ်ဆောင်အသုံးမပြုနိုင်ပါ။

၁၃။ Auto Renewal A Kyite Poh Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ

၁၄။ အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး စောင့်ဆိုင်းကာလ(၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်ပါမည်။

၁၅။ ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး စောင့်ဆိုင်းကာလ(၇ရက်အတွင်း) တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ service ကို ပြန်လည်အသုံးပြုလိုပါက ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

၁၆။ ပက်ကေ့ချ်သက်တမ်း မကုန်ဆုံးခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိပါက လက်ကျန် Unlimited SMS များကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော Unlimited SMS ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံး သည်အထိအသုံးပြုနိုင် ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

၁၇။ စာရင်းသွင်းခြင်းကိုဘယ်လိုပယ်ဖျက်လို့ရပါသလဲ?

အသုံးပြုသူများသည် အောက်ဖော်ပြပါ USSD Codes များကိုခေါ်ဆို၍လည်းကောင်း (သို့) MPT4U App မှ တစ်ဆင့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်အတွက် စာရင်းသွင်းမှုကိုပယ်ဖျက်နိုင်သည်။

AR Packs ဝန်ဆောင်မှုကို ပယ်ဖျက်ရန် Common USSD code ဝန်ဆောင်မှုကို ပယ်ဖျက်ရန်
Auto Renewal A Kyite Poh 7 Days Pack *2124# *2427*2*4#
Auto Renewal A Kyite Poh 30 Days Pack

 

*2427*3*4#

MPT4U App မှ တစ်ဆင့် ပယ်ဖျက်ခြင်း

MPT4U App >> ၀န်ဆောင်မှုများ >> Manage Account  >> ရယူထားသော ၀န်ဆောင်မှုများ >>ပယ်ဖျက်မည်

၁၈။ USSD မှ ဝယ်ယူသည့်အခါ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

လူကြီးမင်းဝယ်ယူလိုသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို အောက်ဖော်ပြပါ USSD code များမှတစ်ဆင့် “Auto Renew xxx ကျပ်” ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။

best operator in Myanmar